HTET
“Attitude is everything ❤️”
24/02/2026
"တံခါးမရှိတဲ့အိမ်လို... လူအထင်သေး မခံပါနဲ့"
စိတ်ကောင်းရှိခြင်းဟာ ကောင်းမွန်တဲ့အရာဖြစ်ပေမဲ့ "စည်း" မရှိတဲ့ စိတ်ကောင်းကတော့ ကိုယ့်ကိုပြန်သတ်မယ့် လက်နက် ဖြစ်လာတတ်ပါတယ်။ လူတိုင်းအပေါ် အားနာပြီး ခေါင်းငြိမ့်နေရင် ခင်ဗျားဟာ "လူကောင်း (Good Person)" ဖြစ်မလာဘဲ "လူပျော့ (Weak Person)" ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ လောကကြီးရဲ့ ခါးသီးတဲ့ အမှန်တရားပါပဲ။
တံခါးမရှိတဲ့အိမ် ဥပမာ -
ဘယ်သူမဆို ဝင်ချင်တိုင်းဝင်၊ ပစ္စည်းယူချင်တိုင်း ယူလို့ရတဲ့ တံခါးမရှိတဲ့ အိမ်ပိုင်ရှင်ကို ဘယ်သူမှ မလေးစားပါဘူး။ စည်း (Boundaries) ဆိုတာ အိမ်တံခါးနဲ့ တူပါတယ်။ တံခါးရှိမှ၊ သော့ခတ်ထားမှသာ ဧည့်သည်က တံခါးခေါက်ပြီး ဝင်လာမှာဖြစ်သလို ခင်ဗျားရဲ့ တန်ဖိုးကိုလည်း အသိအမှတ်ပြုကြမှာပါ။
တန်ဖိုးရှိသော လူကောင်းဖြစ်ဖို့ (၃) ချက် -
၁။ "No" လို့ ပြောရဲတဲ့ သတ္တိကို မွေးမြူပါ:
ကိုယ်မတတ်နိုင်တဲ့ကိစ္စ၊ ကိုယ့်အတွက် အဆင်မပြေတဲ့ကိစ္စတွေကို "No" လို့ ပြတ်ပြတ်သားသား ငြင်းရဲရပါမယ်။ ခင်ဗျားရဲ့ ငြင်းဆိုမှုကို လက်မခံနိုင်တဲ့သူဟာ ခင်ဗျားဆီက အမြတ်ထုတ်ချင်နေတဲ့သူသာ ဖြစ်ပါတယ်။ အဲဒီလိုလူမျိုး ကိုယ့်ဘဝထဲက ထွက်သွားတာကမှ ပိုကောင်းပါတယ်။
၂။ မေတ္တာကို "အခမဲ့" မဖြစ်စေနဲ့:
လူတိုင်းကို ကူညီပါ၊ စာနာပါ။ ဒါပေမဲ့ ခင်ဗျားရဲ့ ကြင်နာမှုကို ဈေးပေါတဲ့ ပစ္စည်းတစ်ခုလို အလကားအထင်မခံပါနဲ့။ တန်ဖိုးရှိတဲ့ ရတနာတစ်ခုလို သဘောထားပြီး ထိုက်တန်တဲ့သူကိုပဲ ပေးပါ။ ကိုယ့်ရဲ့ အချိန်၊ ငွေနဲ့ စိတ်ခွန်အားတွေကို စည်းမဲ့ကမ်းမဲ့ အဖြုန်းမခံပါနဲ့။
၃။ ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်ပါ:
ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်လုပ်တဲ့ စိတ်ကောင်းကတော့ "အန္တရာယ်" ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်တဲ့၊ စည်းရှိတဲ့ စိတ်ကောင်းမျိုးရှိမှသာ စစ်မှန်တဲ့ "သူတော်ကောင်း" လို့ ခေါ်ဆိုနိုင်မှာပါ။
"ကိုယ့်ရဲ့ ကြင်နာမှုဟာ ဈေးပေါတဲ့ ပစ္စည်းတစ်ခု မဖြစ်ပါစေနဲ့။ ထိုက်တန်တဲ့သူကိုပဲ ပေးရမယ့်... တန်ဖိုးရှိတဲ့ ရတနာတစ်ခု ဖြစ်ပါစေ။"
ဒီစာစုလေးက "အားနာတတ်လွန်းလို့ အမြဲအရှုံးပေးနေရသူတွေ" အတွက် လွတ်မြောက်ရာ လမ်းညွှန်ချက်ပါပဲ။ ဒီနေ့ကစပြီး ကိုယ့်စိတ်အိမ်ကို တံခါးတပ်လိုက်ပါ။ စည်းရှိတဲ့ လူကောင်းတစ်ယောက်အဖြစ် နေထိုင်ခြင်းကသာ ခင်ဗျားကို ပိုပြီး လေးစားစရာကောင်းတဲ့သူ ဖြစ်လာစေမှာပါ မိတ်ဆွေ။ ⚓✨
19/01/2026
အတိတ်ကို ပြန်တွေးကြည့်ရင် ဘာမှရှိမနေဘူး။
ကြုံတိုင်းရွာကို ကိုယ့်ရွာအစစ်ကြီးထင်နေပြီး ဘတွတ်နဲ့ အရီးသေးမျှင်ကို ကိုယ့်အမျိုးတွေလို သတိရတယ်။
သူကြီးဘစီတို့ ဆရာလေး ကိုကြည်နိုင်တို့ကိုလည်း
တခါတလေ သတိရမိ။
အရွယ်လွန်မှ မိန်းမအရမ်းလိုချင်တဲ့ လူပျိုကြီး ဦးပိုးဇာတို့ တူဝရီးတွေလည်း တကယ့်ဟာသတွေ ကိုယ့်ဘေးအိမ်က အိမ်နီးချင်းတွေ ဖြစ်ခဲ့သလိုပဲ။
သူတို့ပုံတွေကိုမြင်ရင် မိတ်ဆွေတစ်ယောက်ကို
ပြန်မြင်ရသကဲ့သို့ ပျော်ရွှင်လာသလို ဘယ်ရောက်နေကြလဲ ဆိုတဲ့စိတ်နဲ့ တမျိုးလေး လွမ်းလာပြန်ရော။
သူတို့ဘဝတွေနဲ့ ကိုယ့်ငယ်ဘဝဟာ အတူတူရှိခဲ့ရသလိုပဲ။
ခင်မင်ခဲ့ရဖူးသူ လူရင်းကြီးတွေထဲ သက်မဲ့ဇာတ်ကောင်တွေ ရှိခဲ့ဖူးတာကို ဒီဘက်ခေတ်ကလူတွေ ခံစားဖူးမယ်မထင်။ သူတို့ စိတ်ရင်းအစစ်ကြီးတွေကို သိနေတဲ့အထိကို ရင်းနှိီးခဲ့ရဖူးတယ်။
Credit Htoo Htet Htet Aung
29/12/2025
ကိုယ့်အခန်းကို control မလုပ်နိုင်တဲ့ကလေးက သူ့ဘဝကို control မလုပ်နိုင်ပါဘူး။
သူ့ရဲ့အခန်းကို အစီအစဉ်ကျအောင် သင်ပေးပါ၊ သူ့ရဲ့အချိန်ကို အစီအစဉ်ကျအောင် သင်ပေးပါ၊ သူ့ရဲ့ ဦးစားပေးရမဲ့အရာတွေကို အစီအစဉ်ကျအောင် သင်ပေးပါ။
အစီအစဉ်ကျမှုက အလုပ်ကနေစတာ မဟုတ်ပါဘူး၊ ကျောင်းကနေ စတာမဟုတ်ပါဘူး။ အိမ်ကနေစတာပါ။
သူ့ရဲ့အခန်းကနေစတာပါ၊ သူ့ရဲ့ အိပ်ယာကနေစတာပါ။
သင်က သူ့အတွက်မလုပ်ပေးပါနဲ့၊ သူလုပ်တတ်အောင် သင်ပေးပါ။
အဲ့ဒါက သူ့ရဲ့ ပထမဆုံး တာဝန်ယူမှုဖြစ်ပါတယ်။
ကလေးက သူ့အခန်းမှာ ပရမ်းပတာနေတတ်ရင် အဲ့ဒါက သူ့ဘဝရဲ့နေရာတိုင်းကို လိုက်ပါတယ်။
သူ့ရဲ့အလုပ်၊ သူ့ရဲ့ လူမှုရေး၊ အချစ်ရေး၊ ဆုံးဖြတ်ချက်တွေထိ အဲ့ဒါက လိုက်ပါတယ်။
ဒါက သန့်ရှင်းမှုအတွက်ပဲ မဟုတ်ပါဘူး၊ ဒါက တန်ဖိုးထားမှုပါ၊ ဒါက သူ့ရဲ့ ကိုယ်ကျင့်တရားပါ၊
ပရမ်းပတာနေတတ်တာက အကျင့်ဖြစ်လာပါတယ်၊ အကျင့်က ဘဝကို ပုံဖော်ပါတယ်။
ကလေးက သူ့အခန်းကို အစီအစဉ်တကျနေတတ်ရင် သူ့ဘဝကို အရှုပ်အထွေးမခံပါဘူး။
Dr. Yourmentalist ပြောတာကို ဘာသာပြန်ထားတာပါ။
မေတ္တာဖြင့်
မိုး
21/11/2025
လူတွေကြားထဲ နေတဲ့အခါ မင်းဘက်က စိတ်ရှင်းရှင်းနေပေမယ့် မင်းစိတ်ကို ရှုပ်ထွေးအောင်ပြုလုပ်နေချင်သူတွေက မင်းနဲ့အနီးဆုံးသူတွေပဲ ဖြစ်နိုင်ပါတယ် 🦋အဲ့ဒီ့တော့ တိတ်တိတ်လေး ငြိမ်သက်စွာနေထိုင်ခြင်းကသာ မင်းအတွက် အကောင်းဆုံး စိတ်ငြိမ်ချမ်းအောင်နေထိုင်ခြင်းပါပဲ…….
21/11/2025
လူတစ်ချို့ကို ပြောင်းလဲလာမလားလို့
ကြိုးစားကြည့်တယ် ဒါပေမယ့် မပြောင်းလဲကြဘူး
အဲ့ဒီတော့ လူတချို့ကို ပြောင်းလိုက်ဖို့ကြိုးစားတော့လည်း ပြောင်းလို့မရတဲ့ သူတွေဖြစ်နေပြန်ရော 🤨…..
တခါတရံမှာ တချို့အယူအဆ တွေက အသုံးဝင်မနေပြန်ဘူးလေ…..😔
17/11/2025
လောကမှာ စိတ်ဓါတ် မကောင်းတဲ့လူတွေက ဘယ်တုန်းကမှ သူတို့ကိုယ် သူတို့ ငါမှားသွားလားဆိုတဲ့ အတွေးမျိုး မတွေးကြပါဘူး။
တဖက်လူအပေါ် သူတို့ကပဲ နစ်နာအောင်လုပ်ပြီး သူတို့ကပဲ “ဒီလောက်လေးနဲ့ ဘာဖြစ်ရတာလဲ ... ခံစားလွယ်လိုက်တာ... အဖြစ်သည်းလိုက်တာ "ဆိုတဲ့ ပုံစံမျိုးနဲ့ တဖက်လူကပဲ မှားနေသလိုမျိုးဖြစ်အောင် လုပ်ပြတတ်ကြပါသေးတယ်။
တခါတလေ အဲ့ဒီလောက်နဲ့ ပြီးမသွားပဲ သူတို့ နစ်နာအောင်လုပ်လိုက်တဲ့သူရဲ့ ကိုယ်ကျင့်သိက္ခာကိုပါ ကျစေမယ့်အပြောမျိုးတွေ ပြောတတ်ကြပါသေးတယ်။
ဒါကြောင့် တစ်ယောက်ယောက်ဆီက ဆိုးဆိုးဝါးဝါးဆက်ဆံခံရရင် တစ်နေ့ အဲ့ဒီလူက နောင်တရလေမလား ဆိုပြီး မျှော်လင့်မနေပါနဲ့ ။
ဘာလို့လဲဆိုတော့ နောင်တရတယ်ဆိုတာ ကောင်းတဲ့လူတွေဆီမှာပဲ ရှိတာပါ။ စိတ်ဓါတ် မကောင်းတဲ့လူတွေဆီမှာ နောင်တဆိုတာ မရှိပါဘူး ။
သူသာ ကောင်းတဲ့လူ မှန်ရင် အစတည်းက တစ်ဖက်သားကို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးတောင်ရှိခဲ့မှာ မဟုတ်ဘူးလေ။
စိတ်ထားကောင်းတဲ့သူနဲ့သာ ဆုံတွေ့နိုင်ကြပါစေ.....။
Credit မူရင်း
25/09/2025
မေး။ ။မြန်မာနိုင်ငံကဗုဒ္ဓဘာသာအိမ်တွေမှာ၈၀%လောက်ကအိမ်တွင်းနတ်ကိုးကွယ်ကြပါတယ်ဘုရား။သရဏဂုံပျက်ပါသလားအရှင်ဘုရား။
ဖြေ။ ။ပူဇော်ခြင်းနှင့်ကိုးကွယ်ခြင်းဆိုတာကိုခွဲရမှာပေါ့နော်။ပူဇော်တာကကြိုက်တဲ့နတ်ကိုပူဇော်၊ပူဇော်လို့ရတယ်။ဒါပေမယ့်ကိုးကွယ်လို့မရဘူးနော်။ကိုးကွယ်ရာကတော့ဘုရား၊တရား၊သံဃာ၊ရတနာသုံးပါးပဲဖြစ်ရမယ်။ရတနာသုံးပါးမှတစ်ပါးဘယ်သူ့ကိုမှကိုးကွယ်လို့မရဘူး။နတ်ကိုးကွယ်မယ်ဆိုရင်သရဏဂုံပျက်သွားတာပေါ့၊ဗုဒ္ဓဘာသာမဟုတ်တော့ဘူး။ပူဇော်တာကတော့ရိုးရာနတ်တွေဘာတွေ၊လယ်စောင့်နတ်၊တောင်စောင့်နတ်တွေပူဇော်တာပူဇော်လို့ရတယ်။ဘဝတစ်ခုလုံးကိုပုံအပ်ပြီးကိုးကွယ်တာမျိုးမဟုတ်ပဲအကျိုးလိုလားလို့ပူဇော်တာမျိုးကရတယ်။လယ်ထွန်တဲ့ပုဂ္ဂိုလ်တွေကသူ့လယ်လေးအောင်ချင်လို့ဆိုပြီးလယ်စောင့်နတ်ကိုသွားပူဇော်ပသတယ်။အဲ့လိုပူဇော်တာကပြဿနာမရှိဘူး၊ရတယ်။ဒါပေမယ့်နတ်တွေကိုကိုးကွယ်ရာအဖြစ်အိမ်မှာပင့်ပြီးတော့ဘုရားနဲ့တစ်တန်းထဲထားပြီးကိုးကွယ်ရင်တော့သရဏဂုံပျက်ပါတယ်၊မလုပ်ကောင်းဘူးပေါ့နော်။
နတ်ပူဇော်တဲ့ဟာကတကယ်တော့မြတ်စွာဘုရားဟောထားတာစာထဲမှာလည်းရှိတယ်။ကာဠယက္ခိနီဝတ္ထုမှာဆိုရင်သံသရာတစ်လျှောက်လုံးရန်ငြိုးဖွဲ့လာကြတဲ့အမျိုးသမီးတစ်ယောက်နဲ့ဘီလူးမတစ်ယောက်မြတ်စွာဘုရားနဲ့တွေ့ပြီးနောက်ပိုင်းသူတို့ပြန်ချစ်ခင်သွားကြတယ်။အမျိုးသမီးအနေနဲ့ဘီလူးမကိုအိမ်ခေါ်သွားလိုက်ပါ၊အိမ်မှာသူ့ကိုစောင့်ရှောက်ပေးလိုက်ပါလို့ဘုရားကခိုင်းလိုက်တာ။အဲ့ဒီအမျိုးသမီးကဘီလူးမကိုအိမ်ခေါ်သွားတယ်။အိမ်မှာသူ့ကိုခေါင်မိုးပေါ်မှာထားထားတယ်။ဘီလူးမကိုအစားအစာတွေကျွေးမွေးတယ်ပေါ့။အဲဒါကိုပဲပူဇော်တယ်လို့ခေါ်ချင်ခေါ်ပေါ့။သူ့ကိုကျွေးမွေးကျေးဇူးပြုတဲ့အတွက်ဘီလူးမကလည်းပြန်စောင့်ရှောက်ပေးတယ်။ဒီနှစ်မိုးကောင်းမယ်၊မိုးမကောင်းဘူးဆိုတာပြောပြပေးတယ်ဘီလူးမက။သူ့ကိုကျွေးမွေးတဲ့အတွက်ကြောင့်သူကဒီနှစ်မိုးများမယ်၊စပါးကိုဘယ်လိုစိုက်ပါ။မိုးနည်းမယ်၊ရေကိုဘယ်လိုလှောင်ပါဆိုပြီးသူကအမြဲတမ်းသတိပေးတယ်။အဲတော့သူများအိမ်မှာလယ်တွေကမဖွံ့ဖြိုးဘူး၊အဲဒီအိမ်မှာအမြဲတမ်းဖွံ့ဖြိုးနေတယ်။မိုးခေါင်ခေါင် ရေရှားရှား ရေကြီးကြီး သူ့လယ်ကွင်းတွေကပိုကောင်းနေတယ်။အဲ့မှာလူတွေကငါတို့ဆီမှာစပါးတွေမဖြစ်ဘူး၊နင်ကဘယ်လိုဖြစ်တာလဲဆိုပြီးလာမေးတော့သူကငါ့မှာဘီလူးတစ်ကောင်ရှိတယ်၊သူ့ကိုပူဇော်လို့သူကပြန်ပြောပြတာလို့ပြောတော့အိမ်နီးနားချင်းတွေကလည်းဘီလူးမကိုလာပြီးပူဇော်ပသကြတယ်။အဲတော့ဘီလူးမကလည်းပြန်စောင့်ရှောက်ပေးတယ်။ဒါကတော့စာထဲမှာလာတဲ့အတိုင်းပြောပြတာ။အဲဒီ့ဘီလူးမယနေ့အချိန်မှာရှိချင်မှရှိတော့မှာပေါ့နော်။ကန်တော့တဲ့ကိစ္စကတော့ဘုရားကန်တော့သလိုကိုးကွယ်တဲ့သဘောမျိုးမဟုတ်ဘူး။လူအချင်းချင်းတောင်မှမိမိထက်ကြီးရင်ကန်တော့ကြသေးတာပဲဆိုတော့အဲဒီအတိုင်းပဲဖြစ်မှာပေါ့။ရှေးခေတ်တုန်းကဆိုရင်လည်းဘုရင်တွေကိုမှူးမတ်တွေကလက်အုပ်ချီရတာပဲ။အဲဒီအတိုင်းပဲနတ်ကိုလည်းလေးစားတဲ့သဘောနဲ့လက်အုပ်ချီတာမျိုးဖြစ်မှာပါ။
ပြီးတော့ဘုရား၊တရား၊သံဃာ၊ရတနာသုံးပါးကိုယုံကြည်ပုံနဲ့နတ်ကိုယုံကြည်ပုံကမတူရပါဘူး။နတ်ကိုယုံကြည်တယ်ဆိုတာကငါကဒီလိုပူဇော်လိုက်လို့ရှိရင်ငါ့ကိုတော့သူစောင့်ရှောက်မှာပဲဆိုတဲ့မျှော်လင့်ချက်တစ်စုံတစ်ရာကြောင့်လုပ်တာ၊ဘဝတစ်ခုလုံးအတွက်သံသရာတစ်ခုလုံးအတွက်အားကိုးယုံကြည်မှုနဲ့လုပ်တာမဟုတ်ဘူး။ဘုရားကိုယုံကြည်တာကျတော့ဘုရားဟာငါတို့အတွက်အတုမရှိ၊အနှိုင်းမရှိမြတ်စွာဘုရား၊ပစ္စုပ္ပန်အကျိုး၊တမလွန်အကျိုးအတွက်အားလုံးပေးစွမ်းနိုင်တဲ့မြတ်စွာဘုရားလို့ယုံကြည်တာ။ယုံကြည်မှုခြင်းလည်းတော်တော်ကွာပါတယ်နော်၊ကွာပါတယ်။
အရှင်အဘယာလင်္ကာရ (မဟာဝိဟာရလှည်းကူး)
ဓမ္မဝိနယစကားဝိုင်း (စာစဉ် - ၆)
ဓမ္မဒါန by KHH
28/08/2025
လူတစ်ယောက်ရဲ့ စကားပြောပုံဟာ သူ့အနားက လူတွေအပေါ် တန်ဖိုးကြီးမားတဲ့ သက်ရောက်မှုကို ပေးနိုင်ပါတယ်။
လေပြေအေးလေးနဲ့ နွေးထွေးသည့် စကားလုံးတွေကို ပြောတတ်သူမျိုးဆိုရင်၊ သူ့အနားမှာ နေချင်းက သဘာဝရဲ့ စမ်းချောင်းလေးနား ထိုင်နေရသလို တိကျတဲ့ စိတ်အေးချမ်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီလိုလူမျိုးကို လူတိုင်းက အမြဲ ခင်မင်ချစ်ခင်နေမိတတ်ပါတယ်။
အလားတူ၊ သူ့ရဲ့ မကျေနပ်မှုတွေ၊ အဆင်မပြေမှုတွေ၊ ဒေါသပြောစကားတွေကို တတွတ်တွတ် ထုတ်ပေးနေတဲ့လူနဲ့တွေ့ရရင်တော့ အခြေအနေက အပြောင်းအလဲဖြစ်သွားပါမယ်။ သူ့အနားမှာ နေတိုင်း ကိုယ့်ရဲ့ စွမ်းအင်တွေ စုပ်ယူခံရသလို ပူလောင်သွားတဲ့အတိုင်း ခံစားရမယ်။ အဲဒီအခါမှာ လူတိုင်းဟာ သူ့ဆီက ဝေးဝေးထွက်ပြေးချင်စိတ်ပေါက်မိတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ စွမ်းအင်တွေကို မဖြုန်းမိအောင် စည်းကလေးတစ်ခု တည်ဆောက်ထားဖို့ အရေးကြီးပါတယ်။ သူ့ရဲ့ပြဿနာထဲကို အပြည့်အဝ ဆွဲသွင်းခံနေရင် ခင်မင်မှုအနည်းဆုံး ထိန်းချုပ်ချင်တဲ့စိတ်ကြောင့် တစ်ချိန်လုံးနားထောင်နေရမယ်။ ဒါပေမယ့် အဲဒီလို မလိုအပ်ပါ။ ယဉ်ကျေးစွာနဲ့ စကားလမ်းကြောင်းကို ပြောင်းပေးခြင်း၊ သို့မဟုတ် အချိန်ကို ကန့်သတ်ထားခြင်းက ကိုယ့်စွမ်းအင်ကို ကာကွယ်ပေးမယ့် နည်းလမ်းဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ စာနာတတ်သူတွေ၊ နားလည်ပေးတတ်သူတွေဟာ တခြားသူတွေရဲ့ ပြဿနာတွေထဲမှာ သံမဏိအတိုင်လို ပိတ်မိနေရတတ်ပါတယ်။ ဒါကြောင့် တစ်ဖက်လူအနေနဲ့ “ဒီထိသာ နားပေးနိုင်မယ်” ဆိုတဲ့ စည်းလေးကို ထင်ရှားစွာ ပြသနိုင်ဖို့လိုပါတယ်။
မိမိရဲ့အချိန်နဲ့ စွမ်းအင်ကို ကာကွယ်ပေးတာဟာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ပါ။
ဒါဟာ မိမိရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ ဉာဏ်ပညာဖြစ်ပြီး၊ အနာဂတ်မှာ ပိုမို အေးချမ်းသန့်ရှင်းတဲ့ အပြန်အလှန်ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ့် အခြေခံအင်္ဂါရပ်ပါ။
မိမိရဲ့ စိတ်ကျန်းမာဖို စိတ်အစာ ကို အဆိပ်ကင်းသောအစာမျိုးပဲစားပါ ကိုယ့်ရဲ့ စွမ်းအင်နဲ့ စိတ်ကို ထိခိုက်စေမယ့်အရာမှန်သမျှကို Limited ထားပါ
လူသားတိုင်းပျော်ရွှင်နိုင်ကြပါစေ
ငြိမ်းချမ်းကြပါစေ
Kh,John(Hantharwaddy)
22/07/2025
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ
သေချာပေါက် အုပ်စုနဲ့ မရောဘူး 🦋
သင်သိထားရမှာက
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေဟာ
သူမတို့ဟာ ချေမိုးတာ အေးစက်တာ မဟုတ်ပါ
သူမတို့ဟာ
Vibration Frequency တုန်ခါမှု ကြိမ်နှုန်း မြင့်မားတာပါ
သူမတို့နဲ့ လိုက်ဖက်တဲ့ ပြောဆိုနိုင်တဲ့လူဟာ
လက်ချိုးရေတွက်လို့ ရပါတယ်
သင်က သူမတို့ကို အုပ်စုနဲ့ ဘယ်လိုသွားရောခိုင်းမလဲ ?
သူမတို့ဟာ ဆက်ဆံရ ခက်ခဲတာ မဟုတ်ပါဘူး
သူမတို့ရဲ့ Frequency ကြိမ်နှုန်း က
အရမ်းကို သန့်ရှင်းလွန်းနေတာပါ
ဆူညံတဲ့ ရှုပ်ထွေးတဲ့ Frequency ကြိမ်နှုန်းတူတွေနဲ့
အတူတကွ ကြိမ်နှုန်းတူ တုန်ခါလို့ မရပါဘူး
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေဟာ
သူမတို့ဟာ မွေးကတည်းက
ဆူညံနေတဲ့ လူအုပ်ထဲမှာ မရှိပါဘူး
သူမတို့ဟာ ထမင်းဝိုင်းမှာ ခွက်တိုက်ရတာတွေ
တွန်းတွန်းတိုက်တိုက်တွေကို မကြိုက်ပါဘူး
လုအုပ်ထဲမှာ အတင်းပြောဆိုရတာတွေကို မကြိုက်ပါဘူး
သူမတို့ဟာ တစ်ယောက်ထဲ တိမ်တွေ သွားကြည့်ရပါစေ
သစ်ပင် သွားကြည့်ရပါစေ
နေဝင်ဆည်းဆာ ခွက်ထဲ ကျလာတာကို ကြည့်ရပါစေ
စည်ကားတဲ့ လူအုပ်ထဲမှာ
ကိုယ့်စိတ်ကို လွန်ဆန်တဲ့လူတစ်ယောက် လုပ်ရမှာကို
မလိုလားပါဘူး
သူမတို့ဟာ အတင်းပြုလုပ်ထားတဲ့ စည်ကားမှုထဲမှာ
ပင်ပန်းမှုကို ခံစားရပါလိမ့်မယ်
မိမိကိုယ်တိုင်ရဲ့ တစ်ယောက်ထဲ နေထိုင်ခြင်းမှာတော့
အာဟာရ မွေးမြူမှုကို ရရှိပါတယ်
ဒါဟာ အုပ်စုနဲ့ မရောတာ မဟုတ်ပါဘူး
ဖြစ်သလို မရောနှောတာပါ
ဒါဟာ လူမှုဆက်ဆံရေး မရှိတာ မဟုတ်ပါဘူး
စိတ်ခွန်အားကို မဖြုန်းတီးတာပါ
သူမတို့ဟာ ပြင်ပလောကကနေ
ဖြစ်တည်မှုကို ရယူဖို့ မလိုအပ်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ သူမတို့ရဲ့ ဖြစ်တည်မှုဟာ
မိမိကိုယ်တိုင်ရဲ့ နိုးကြားခြင်း
သတိနဲ့ နေခြင်းကနေ လာပါတယ်
ဒီလိုအမျိုးသမီးတွေဟာ လ နဲ့ တူပါတယ်
သူမတို့ရဲ့ ကိုယ်ပေါ်မှာ
တိတ်ဆိတ်တဲ့ အလင်းရောင်တစ်မျိုး ရှိပါတယ်
မဆူညံဘူး မဖြေရှင်းဘူး မဖားဘူး
တစ်ယောက်ထဲနေတဲ့ အကြိမ်တိုင်းမှာ
သူမတို့ရဲ့ စိတ်ကို
ထပ်ပြီး လင်းလက်အောင် ပွတ်တိုက်ပါတယ်
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ
စိတ်စွမ်းအင်နိမ့်တဲ့ လူနဲ့ အတူ မကခုန်နိုင်ပါဘူး
ဒါပေမယ့် အကယ်၍ သင်ဟာ သူမရဲ့ ငြိမ်သက်ခြင်းကို
နားလည်နိုင်တယ်ဆိုရင်
သူမရဲ့ နက်ရှိူင်းမှုကို နားလည်ဖို့
သင့်မှာ အခွင့်အရေး ရှိလာပါတယ်
သူမရဲ့ လောကထဲကို သင်ဝင်ရောက်သွားတာနဲ့
သင်ဟာ သူမရဲ့ ရွေးချယ်ခြင်း ခံရတဲ့သူပါပဲ
ဒါကြောင့် သူမရဲ့ အုပ်စုနဲ့ မရောခြင်းဟာ
တကယ်တော့ စိတ်မှာ အလင်းရောင်ရှိတဲ့လူဟာ
မိမိကိုယ်ကိုပေးထားတဲ့
ကာကွယ်မှုအရောင်တစ်ခု ဖြစ်ပါတယ်
သူမဟာ တကယ်ကို အုပ်စုနဲ့ ရောလို့ မရပါဘူး
သင်ဟာ သူမကို ရှုပ်ထွေးဆူညံမှုထဲမှာ အမြဲနေခိုင်းရင်
သူမရဲ့ Energy စွမ်းအင်တွေကို ကုန်ခမ်းစေမှာ ဖြစ်ပါတယ်
ရှင်းအောင် ပြောရရင်
အဲဒါဟာ သူမရဲ့ မြေပြင် မဟုတ်ပါဘူး
ဒါပေမယ့် သင်ကလည်း သူမအတွက် စိတ်ပူစရာ မလိုပါဘူး
သင်က တွေးပါလိမ့်မယ် ဝါးး ဒီလို အမျိုးသမီးဟာ
အရမ်းကို အထီးကျန်ဆန်နေမှာပဲ လို့
သူမအတွက်ကတော့
တစ်ယောက်ထဲနေတာက အရူးအမူးပျော်တာထက်
ပိုသာပါတယ်
သူမရဲ့ ပျော်ရွှင်မှုကို
သာမန်လူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး
(တရုတ်စိတ်စွမ်းအင် ဘာသာပြန်)
အဖြူ(မန္တလေး)
07/07/2025
အချစ်ဆုံးသူအတွက် မွေးနေ့စကားလက်ဆောင်….
မင်းကို ချစ်တယ် လို့ဆိုတာထက်…💕💕💕
မင်းရဲ့ကောင်းခြင်း ဆိုးခြင်းတွေကိုလက်ခံပေးပြီး💕
မင်းနဲ့အတူတူ ဘဝခရီးဆုံးထိ ပျော်ရွှင်ချင်တာပါ💕
အဲ့လိုပါပဲ မင်းဟာ ငါ့ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကိုလက်ခံပေးနိုင်တဲ့တစ်ယောက်တည်းသောသူဆိုတာ
ငါ့အတွက်သေချာပါတယ် 💕💕💕💕
ငါတို့အတူတူ ပျော်ရွှင်မယ်💕💕💕
အရာရာကို အတူတူ ရင်ဆိုင်ဖြေရှင်းမယ်💕💕💕
ဘဝကို စိတ်လုံခြုံအေးချမ်းမှု့တွေနဲ့ ဖြတ်သန်းကြမယ်နော်💕💕💕💕
ရိုးရိုးလေးပါပဲ ဘဝက 💕💕💕💕
မင်းရဲ့ဖြစ်တည်မှု့တိုင်းက ငါဖြစ်နေရမယ်
အဲ့လိုပဲ ငါ့ရဲ့ဖြစ်တည်မှု့တိုင်းက မင်းပါပဲ💕💕💕
အဲ့ဒါဆိုတို့နှစ်ယောက်က ဘယ်လိုအခြေမှာမဆို
တစ်သားတည်းဖြစ်တည်နေမှာပါ💕💕💕💕💕
တို့နှစ်ယောက်တွေ့ဆုံခဲ့ခြင်းက ကောင်းမွန်တဲ့အကျိုးဆက်တွေဖြစ်လာဖို့ပါပဲ💕💕💕💕💕💕
06/06/2025
ကိုယ့်အတွက်ပဲ စိတ်ပူပါ
🙏🙏🙏🙏🙏🙏🙏🙏🙏
သင်မရှိလည်း ကမ္ဘာကြီးက လည်ပတ်နေမှာပဲ
ရာသီတွေလည်း သူ့နေသားတကျ ရွေ့လျားနေမှာပဲ
သင်မရှိလည်း လူတစ်ချို့က အဆင်ပြေနေကြမှာပဲ
မရှိခဏ တမ်းတကြတုန်း
သင်ထက်ပိုကောင်းပေ့ဆိုတဲ့ အရာတွေနဲ့တွေ့ရင်
သင်ဆိုတာ သတင်းစာ တစ်စောင်ရဲ့
နာရေးကြော်ငြာ တစ်ပိုဒ်စာပဲ
ပြီးနောက်နောက် အပတ်စဉ်မှာတော့
ဘယ်သူမှ သင်ကို အမှတ်ရ မနေကြဘူး
သင်ကို လိုအပ်ပါတယ်ဆိုတဲ့ သူတွေကလည်း
သင်မရှိရင် သူတို့ လိုအပ်ချက်တွေ
ရနိုင်မယ့်နေရာတစ်ခုဆီကို ရွေ့လျားသွားကြမှာပဲ
သင်ရှိတုန်းတော့ သူတို့ ရနိုင်သမျှကို
ကုန်စင်အောင် စုပ်ယူသောက်သုံးကြမှာပဲ
သစ်ပင်တစ်ပင်လိုပေါ့ အသီးချိုရင်
အသီးရာသီမှာ သင်ဆီရောက်လာမယ်
အပွင့်လှရင် အပွင့်ပွင့်ချိန်ကို စောင့်ကြမယ်
အမြစ်ပါချိုရင် သင့်ကိုအမြစ်ပါလှန်ဖို့
စောင့်နေကြမှာပဲ
သင်သေဆုံးသွားတဲ့တစ်နေ့
မသီးမပွင့်တော့တဲ့တစ်နေ့ နောက်တစ်ပင်ကို
ကူးပြောင်းသွားမယ့် ငှက်တွေပဲပေါ့
သင်ကို တန်ဖိုးထားပါတယ်ဆိုတဲ့ လူတွေလည်း
သင်နေရာမှာ တစ်ခြားတစ်ယောက် ရောက်လာရင်
သင်ဟာ သူတို့ရဲ့ တစ်ချိန်က တစ်နေရာစာလေးပဲ
ကျန်ခဲ့မယ့် ပါးစပ်သမိုင်းပဲ ဖြစ်သွားမှာပဲ
သင်ရှိတုန်းကသာ သင်ကို အတိုင်းအတာ
တစ်ခုလောက်ပဲ ပြုံးပြနှုတ်ဆက်ပြတာ
သင်မရှိတော့တဲ့တစ်နေ့ သင်ကောင်းခဲ့သမျှတွေ
ဆယ်ခုထဲမှာ မကောင်းတာ တစ်ခုရှိရင်
အဲဒီအရာကို ပုံကြီးချဲ့ပြီး ပြောကြအုံးမှာပဲ
ကြော်ငြာဆိုင်းဘုတ်တွေလိုပေါ့
နောက်ကြော်ငြာခေတ်ထရင်
ရှေ့ကြော်ငြာကို အလိုလိုဖြုတ်ချပြီး
ဟောင်းနွမ်းဇာတ် သွင်းပစ်လိုက်ကြတာပဲ
ဒီအတွက် သင်လည်း ဘာမှစိတ်ပူမနေနဲ့
သင်မရှိလည်း သူ့နေရာနဲ့သူ အဆင်ပြေ
နေကြတာပဲ ဒါတွေကို သင်သိဖို့လိုတယ်
ကိုယ့်အတွက်ပဲ ကိုယ် စိတ်ပူပါ...
ဒေါက်တာနန္ဒမာလာဘိ၀ံသ
( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး )
🌹🙏🌹 🌹🙏🌹
24/05/2025
ကလေးက ဘယ်သူနဲ့တူလို့
တော်တာလဲဆိုသူများဖတ်ဖို့ 🤭😄
မျိုးရိုးဗီဇပညာရှင်တွေကလေနောက်ဆုံးတွေ့ရှိချက်အရ
ကလေးငယ်တစ်ယောက်ရဲ့ ဥာဏ်ရည်သည်
မိခင်ဖြစ်သူပေါ်မှာ အဓိကမူတည်ပါတယ်တဲ့။
ပုံမှန်အားဖြင့်
မိခင်ဖြစ်သူမှာ X chromosomes 2 ခုပါပြီး၊
ဖခင်မှာ X chromosome နဲ့ Y chromosome
တခုစီပါပါတယ်၊
အဆိုပါ XX နဲ့ XY အထဲကမှ
ကလေးရဲ့ intelligence ဖွံ့ဖြိုးမှုဟာ
မိခင်ရဲ့ X chromosome ကနေဆင်းသက်တယ်လို့
အသစ်တွေ့ရှိတာပါ။
ဒါကြောင့် သင်ဟာ problem solving skill တို့
creative thinking တို့ကောင်းတယ်ဆိုရင်
သင့်မိခင်ကိုကျေးဇူးတင်လိုက်ပါ။
ဥပမာထပ်ပေးရရင်
ဥာဏ်ရည်မြင့်တဲ့ မျိုးရိုးဗီဇလိုချင်လို့
သိပ္ပံပညာရှင်ကြီးတွေထံ အလှုခံရင်အလကားပါပဲ၊
အဲဒီအစား သူတို့ အမေ သို့မဟုတ်
အဘွားရဲ့ မျိုးရိုးဗီဇကိုသာအလှုခံပါ။
စိတ်ဝင်စားစရာကောင်းလို့
ဖတ်မိတာကိုနားလည်သလောက်ဘာသာပြန်ထားတာပါ။
Reference: Facebook trending
Credit to Tin Tun Aung Acc
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |