Nature Ride Myanmar
Nature Ride Myanmar is holiday mountain bike cycling tour one stop service based in Yangon, Myanmar f
ဇူလိုင် (၂၆) ၂၀၂၅ - စနေနေ့ - ပဲခူးရိုးမ မျိုးမြင့်ဗိုလ် ရေတံခွန်သို့ နေ့ချင်းပြန် Trekking ခရီးစဉ်
ကိုမျိုးမြင့်ဗိုလ်နှင့် ကို၀ဏ္ဏကျော်တို့ပူးပေါင်းစီစဉ်သည်။
Package Price ( တစ်ဦးလျှင် တစ်သိန်းကျပ်)
- Transport က ၂၅ ယောက်စီး Aircon Bus နဲ့ပါ- မြို့ထဲဘုန်းကြီးလမ်းကနေ ပြည်လမ်းတစ်လျှောက် မိမိအိမ်နဲ့အနီးဆုံးနေရာကနေလာစီးရပါမယ်
- Lunch (ကျေးလက်ထမင်းဟင်း (ကြက်သားနှင့်အသီးအရွက်၊ ငါးမွှေကြော်)
- Snack + Purify Water 2 liters
- တောတွင်းလမ်းပြ Guide(၅) ဦးပါဝင်ပါမယ်
ခရီးအစီအစဉ်
- ဘုန်းကြီးလမ်းကနေ မနက်(၅း၃၀)နာရီစထွက်ပါမယ်
- ပြည်လမ်းတစ်လျှောက်ကြိုပါမယ် မိမိလိုက်မယ့်နေရာများကို တိကျစွာပြောပေးကြပါရန်
- နံနက်(၆)နာရီ ဝါယာလက် ရွှေပလ္လင်လဖက်ရည်ဆိုင်မှာ နံနက်စာစားကြပါမယ်
- နံနက် (၈)နာရီခွဲခန့်မှာ တိုက်ကြီးမြို့နယ်အတွင်းမှ Start Point မှ စလျှောက်ပါမယ်
- နေ့ခင်း (၁၂း၃၀)ခန့်မှာ နေ့ခင်းထမင်းစားရပ်နားကြပါမယ်
- ရေတံခွန်သို့ရောက်ရှိပြီးနောက် ရေတံခွန်မှာ (၄၅)မိနစ်ခန့်အပန်းဖြေအနားယူရေကစားကြပါမယ်
- နေ့ခင်း(၂)နာရီမှာပြန်လည်ထွက်ခွာပြီး ညနေ(၅)နာရီခန့်မှာ စုရပ်သို့ပြန်ရောက်ကြပါမယ်၊ ခြေလက်ဆေးကြော အဝတ်အစားလဲပြီး ရန်ကုန်သို့ပြန်ပါမယ်
- ည(၇)နာရီခန့်ရန်ကုန်ပြန်ရောက်မယ်လို့ခန့်မှန်းပါတယ်
လိုအပ်သည့်ပစ္စည်းများ
- အကျီလက်ရှည်၊ လမ်းလျှောက်ရန်အဆင်ပြေသည့် ဘောင်းဘီရှည်မထူမပါး
- မိုးကာအကျီ
- ကျောပိုးအိပ်
- Trekking, Hiking, Walking, Running Shoe ( စမ်းချောင်းထဲတွင် လမ်းလျှောက်သည့်အခါ ကျောက်တုံးများပေါ်တွင် မြဲမြံစေမည့်ကုတ်အားကောင်းသည့်ခွာရှိရမည်)
- နားရွက်ကာသည့်ဦးထုပ် (သစ်ကိုင်းများထိုးမိမည့်အန္တရာယ်မှကာကွယ်နိုင်ရန်)
- လက်ချောင်းပြည့်ကာကွယ်နိုင်သည့် လက်အိပ်
- ကျောပိုးအိပ်ဖြင့်ထည့်ယူလာရန် ဘောင်းဘီအပိုတစ်ထည်
- ရေကစားပြီးအဝတ်လဲလိုလျှင် လဲမည့်အဝတ်အစားအပိုတစ်စုံနှင့်မျက်နှာသုတ်ပဝါအသေး (ကားပေါ်တွင်ထားခဲ့ရန်)
- ကားပေါ်သို့ပြန်ရောက်ပြီးလျှင် လဲမည့်နွေးထွေးသောအဝတ်တစ်စုံ
- ရာဘာခြေညှပ်ဖိနပ်တစ်ရံ ( စီးလာသည့်ဖိနပ်ပျက်စီးသွားလျှင် (သို့) ခရီးစဉ်ပြီးဆုံးပြီးနောက်အိမ်အပြန်တွင်စီးရန်)
- Sunblock, Mosquito Repellent
အသက်နှင့် ကျန်းမာရေးလိုအပ်ချက်
- အသက်(၁၀)နှစ်အထက်ကျား/မ မရွေးလိုက်ပါနိုင်ပါသည်။
- အမောခံနိုင်ရမည်၊ ခြေလှမ်း (၁၅၀၀၀)ခန့်လျှောက်ရပါမည်။
- ခြေထောက်မြဲမြံပြီး မိမိခန္ဓာကိုယ်ကိုမိမိကိုယ်တိုင် ကောင်းစွာထိန်းသိမ်းနိုင်ရမည်။
- အအေးခံနိုင်ရမည်။
- ရွှံ့ရှိသောလမ်းများ၊ ဝါးတောများ၊ တောင်ကုန်းများ၊ စမ်းချောင်းများကိုဖြတ်သန်းပြီး ခန့်မှန်းအသွားအပြန် (၈) ကီလိုမီတာခန့် လမ်းလျှောက်ကြရပါမည်။
ယခုခရီးစဉ်အတွက် အယောက်(၂၀)သာကန့်သတ်ထားပါသဖြင့် Kpay- 09775105673 (Wunna Kyaw) ထံသို့ ခရီးစဉ်ကြေးတစ်သိန်းနှင့် လိုက်ပါမည့်သူနာမည်- ဖုန်းနံပါတ်ထည့်သွင်းကာ ငွေလွှဲရပါမည်။ သက်သက်လွတ်စားသူများ ငွေလွှဲစဉ်တွင် Vegan ဟုထည့်ရေးပေးပါရန်၊ အာလူးချက်နှင့် သက်သက်လွတ် ပဲပုတ်ဗာလချောင်ကြော်စီစဉ်ပေးပါမည်။
အကြောင်းကြောင်းကြောင့်ခရီးစဉ်ဖျက်သိမ်းပါက ငွေအပြည့်အ၀ပြန်အမ်းပေးပါမည်။
ထပ်မံသိရှိလိုပါက Viber: 0977510573 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
05/07/2025
“စက်ဘီးစီးကြမယ့်မိတ်ဆွေများအတွက်”
July 9, 2025
50 km Trail Cycling
Fees: At your own cost. Maintenance charges will apply if your bicycle breaks down.
Meeting Point: Shwe Palin @ Zero Mile
Time: 6:00 AM
Contact: 09775105673 (Ko Wunna Kyaw)
14/01/2025
Mae Hong Son Loop စက်ဘီးစီးခရီးစဉ်ပြီးဆုံးပါပြီ.. မြန်မာအမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၂) ဦး၊ ဂျာမန်အမျိုးသမီး(၁)ဦးပါဝင်ခဲ့ပါတယ်..
ချင်းမိုင်ကနေ Jan 3 မနက် (၆:၄၅) စထွက်ပြီး Jan 10 ညနေ (၅)နာရီပြန်ရောက်ပါတယ်.. မြို့(၉)မြို့ကိုဖြတ်သန်းပြီး စုစုပေါင်း (၄၇၇)ကီလိုမီတာစီးနင်းခဲ့ကြပါတယ်... မီတာ(၃၀၀၀)နီးပါးအမြင့်ကိုတက်ခဲ့ပြီး Mae Hong Son Chamber of Commerce ဌာနကနေ အကွေ့အကောက်ပေါင်း (၄၀၈၈)ခုဖြတ်သန်းစီးနင်းခဲ့ကြောင်း Certificate ရရှိခဲ့ကြပါတယ်.. (၂၀၂၅) ဒီဇင်ဘာမှာ ထပ်သွားပါဦးမယ်..
11/01/2025
Day(5) Khun Yuam- Mae Hong Son- 71km
11/01/2025
Day (4) Mae La Noi- Khun Yuam (71km)
08/01/2025
Day (3) Mae Ho - Mae Sariang- Mae La Noi (60)km
ဒီနေ့တော့စောစောနား
မနက်ဖန်ကြမ်းမှာမို့
မယ်လနွိုင်ကမိုးကုတ်ဘက်နဲ့တူတယ်
07/01/2025
Day (2) 81km
Hong D**g - Mae Ho, Mae Sariang Disctrict
04/01/2025
Day (1) 106km
Chiang Mai- Mae Klang Waterfall- Hong D**g, Hod District
28/09/2024
EU Mobility Week ဆိုတာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကျင်းပကြတဲ့ပွဲပါ..
AIT Student Union ရဲ့အကူအညီနဲ့ ကျွန်တော်နဲ့Nature Ride Myanmar နဲ့အတူ အခြားစက်ဘီးချစ်သူ(၃)ဦးတို့က “ Know Your Bicycle” ဆိုတဲ့ စက်ဘီးနဲ့သဘာဝပတ်ဝန်းကျင်ဆက်စပ်မှုဆိုင်ရာ ပွဲတစ်ခုကျင်းပခဲ့ပါတယ်..
ကျွန်တော်က Cycling Hobby အကြောင်းနဲ့ Basic Maintenance တွေရှင်းလင်းပြသခဲ့ပါတယ်
Nature Ride Myanmar
24/06/2024
June 23, 2024 ခရီးစဉ်ပုံရိပ်များ
23 Cyclists,
နှစ်ဘီးခြံ - မှော်ဘီ
19/06/2024
လာမယ့် တနင်္ဂနွေ (June 23, 2024)
မှော်ဘီနှစ်ဘီးခြံအခြေစိုက် ဗွက်လူးစက်ဘီးစီးခရီးစဉ်
ရှမ်းကုန်း- ကလီထော်- ငါးဆူတောင်- ညောင်နှစ်ပင် (40km ခန့်)
ရန်ကုန်မှ မိမိတို့ကားဖြင့် စက်ဘီး+လူလိုက်မည်ဆိုလျှင် ကားခ(၂၀၀၀၀)ကျပ်ကျသင့်ပါမည်၊ လှည်းတန်း- ၈ မိုင်- ချော်တွင်းကုန်းလမ်းဆုံ တွင်ကြိုပေးပါမည်
အပြန်ခြံမှာ Lunch စားကြပါမည် (တစ်ယောက် ၁၀၀၀၀) ကျပ်ကျသင့်ပါမည်
(မြန်မာကြက်သောက်ဆမ်း၊ ဆည်ငါးကလေးကြွပ်ကြော်၊ ကန်စွန်းရွက်ကြော်၊ ငပိထောင်း၊ တို့စရာ၊ သရက်သီးအချိုပွဲ)
ကြိုတင်စာရင်းပေးရန်/ လိုက်မည်ဆိုရင် ငွေကြိုလွှဲရပါမည်..
Cb or Viber( +66838386483)
ကြိုမည့်ကား(ကိုဘုတ်လေး- 095136277)
အသေးစိတ်ထပ်မံသိရှိလိုပါလျှင် Cb or Viber မှမေးမြန်းနိုင်ပါသည်။
နှစ်ဘီးခြံ Location
https://maps.app.goo.gl/rnLCiogxi7rmKRju8?g_st=com.google.maps.preview.copy
Click here to claim your Sponsored Listing.
Category
Telephone
Address
11041