AIA Life Planner
Life Planning
02/10/2024
❓❓❓အလှည့်မရောက်ခင် လုပ်ချင်တာတွေ လုပ်သင့်တာတွေ လုပ်ခဲ့ ပီးပီလား
မိနစ်တိုင်းမှာ တစ်စုံတစ်ယောက်ဟာ
ဒီကမ္ဘာလောကကြီးကို ကျောခိုင်းပြီး
ထွက်ခွာသွားတယ်။
ကျွန်တော်တို့ အားလုံးဟာ အဲ့ဒါကိုမသိဘဲနဲ့
တန်းစီပြီး စောင့်ဆိုင်းနေကြတယ်။
ကျွန်တော်တို့ရှေ့မှာ လူဘယ်နှစ်ယောက်
တန်းစီစောင့်နေသလဲ ကျွန်တော်တို့
ဘယ်တော့မှ မသိဘူး။
ကျွန်တော်တို့ အနောက်ဘက်ကို
ပြန်သွားပြီး တန်းစီလို့လည်းမရဘူး။
ရှေ့ကိုကျော်ပြီး တန်းစီလို့လည်းမရဘူး။
မတန်းစီဘဲ ရှောင်ထွက်သွားလို့လည်းမရဘူး။
အဲဒီတော့ တန်းစီစောင့်နေရတုန်းမှာ
အခိုက်အတန့်တိုင်းကို တန်ဖိုးရှိအောင်နေပါ။
ဦးစားပေးတွေ သတ်မှတ်ပါ။
လုပ်သင့်တာတွေလုပ်ဖို့ အချိန်ပေးပါ။
ကိုယ့်ရရှိပိုင်ဆိုင်ထားတဲ့
လက်ဆောင်တွေကို သိအောင်လုပ်ပါ။
သေးသေးမွှားမွှားတွေကို
ကြီးကြီးမားမားဖြစ်အောင်လုပ်ပါ။
ကိုယ့်ကြောင့်တစ်စုံတစ်ယောက်
ပြုံးသွားပါစေ။
အပြောင်းအလဲလုပ်ပါ။ မေတ္တာထားပါ။
ချစ်ချစ်ခင်ခင်နေပါ။
သင့်နားကလူတွေကို သင်ချစ်ကြောင်းပြောပါ။
ဝမ်းနည်းပူဆွေးစရာတွေ မရှိအောင်လုပ်ပါ။
သင့်အလှည့်ရောက်ရင်
သင် အသင့်ဖြစ်နေပါစေ...။
crd:
Joe Becigneul
Translate by
ဖြိုးဝေ (မဟာဝိဇ္ဇာ)
: Paral Lel
လွတ်လပ်စွာ shareနိုင်ပါကြောင်း