SafeChem
Better do with us.....
Zinc Electroplating Service
Zinc Electroplating လုပ်ငန်းများအတွက်
Solution + Technical Support အပြည့်အစုံပံ့ပိုးပေးပါသည်။
✔️ Alkaline Zinc Bath
✔️ Acid Zinc Bath
✔️ Plating Method Support
✔️ Troubleshooting
✔️ Passivation (Clear / Yellow / Black)
👉 Bright finish, good adhesion, corrosion resistance ကောင်းမွန်အောင် ကူညီပေးပါသည်။
Zinc plating problem ရှိရင် technical consultation ရရှိနိုင်ပါသည်။
10/01/2026
Electroplating (လျှပ်စစ်ဖြင့် သတ္တုမျက်နှာပြင်အလွှာချခြင်း) အကြောင်း အသေးစိတ်
1. Electroplating ဆိုတာ ဘာလဲ
Electroplating ဆိုတာလျှပ်စစ်ဓာတ်အား (Direct Current – DC) ကို အသုံးပြုပြီးသတ္တုတစ်မျိုးရဲ့ မျက်နှာပြင်ပေါ်မှာအခြားသတ္တုတစ်မျိုးကို အလွှာအဖြစ် သတ်မှတ်အထူနဲ့ ကပ်တင်ခြင်း လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ဒါဟာ coating လုပ်ခြင်းတစ်မျိုးဖြစ်ပေမယ့်Paint / Spray မဟုတ်ဘဲElectrochemical reaction ကို အခြေခံထားတဲ့ နည်းပညာဖြစ်ပါတယ်။
2. Electroplating ကို ဘာကြောင့် လုပ်ကြသလဲ
Electroplating ကို လုပ်ရတဲ့ အဓိကရည်ရွယ်ချက်တွေက –
Corrosion Protection– သံချေး၊ oxidation မဖြစ်အောင် ကာကွယ်ရန်
Mechanical Property တိုးတက်စေရန်– Hardness– Wear resistance– Friction control
Electrical Property– Conductivity ကောင်းစေရန်– Contact resistance လျော့ချရန်
Surface Appearance– မျက်နှာပြင်ချောမွေ့– အရောင်ညီ– Decorative finish
3. Electroplating ရဲ့ အခြေခံသဘောတရား (Basic Principle)
Electroplating system မှာ အဓိကပါဝင်တဲ့ အချက်တွေက –
Cathode – Plating လုပ်မယ့် ပစ္စည်း
Anode – Plating သတ္တု (သို့) inert anode
Electrolyte – Metal ion ပါဝင်တဲ့ solution
DC Power Supply
DC current ဖြတ်သန်းတဲ့အခါElectrolyte ထဲက metal ion တွေကCathode ပေါ်ကို ဆွဲဆောင်ပြီးအလွှာအဖြစ် deposition ဖြစ်လာပါတယ်။
4. Electroplating Process ရဲ့ အရေးကြီးဆုံးအပိုင်း – Surface Preparation
Electroplating မှာ90% quality ကို Surface Preparation က ဆုံးဖြတ်ပါတယ်။
အများဆုံး ပါဝင်တဲ့ အဆင့်တွေက –
(1) Degreasing
ဆီ
လက်ဗွေ
Cutting oil
Polishing compound
တွေကို ဖယ်ရှားခြင်း
(2) Pickling / Activation
Oxide layer
Rust
Scale
တွေကို Acid နဲ့ ဖယ်ရှားပြီးSurface ကို active ဖြစ်အောင် လုပ်ခြင်း
(3) Rinsing
Chemical residue မကျန်အောင်
Water quality ကို ထိန်းချုပ်ရန် အရေးကြီး
👉 Surface မသန့်ရင်Plating peel, blister, rough ဖြစ်နိုင်ပါတယ်။
5. Process Control Parameters (အရမ်းအရေးကြီး)
Electroplating မှာ အောက်ပါ parameter တွေကို မထိန်းနိုင်ရင်Quality plating မရပါဘူး –
Current density
Voltage
Temperature
pH
Metal ion concentration
Agitation / filtration
Parameter တစ်ခုခု လွဲသွားရင်Burn, dull, brittle, peeling စတဲ့ defect တွေ ဖြစ်တတ်ပါတယ်။
6. Nickel Electroplating (အသေးစိတ်)
Nickel Plating ကို ဘာကြောင့် သုံးလဲ
Corrosion resistance ကောင်း
Hardness ကောင်း
Wear resistance ကောင်း
Decorative + Engineering application နှစ်မျိုးလုံးမှာ အသုံးများပါတယ်။
Nickel Plating ရဲ့ အခြေခံ process
Clean & activate surface
Nickel electrolyte bath
Controlled current deposition
Rinse & post-treatment
Nickel plating မှာStress control, brightness control က အရေးကြီးပါတယ်။
7. Zinc Electroplating (အသေးစိတ်)
Zinc Plating ရဲ့ အဓိက ရည်ရွယ်ချက်
👉 Steel / Iron ကို သံချေးမတက်အောင် ကာကွယ်ခြင်း
Zinc က steel ထက် electrochemically active ဖြစ်တဲ့အတွက်Steel ကို sacrifice လုပ်ပြီး ကာကွယ်ပေးပါတယ်။
Zinc Plating system
Acid Zinc
Alkaline Zinc
Zinc plating quality ကိုPlating ပြီးတဲ့နောက်Passivation / Chromate treatment က အများကြီး သက်ရောက်ပါတယ်။
8. Copper Electroplating (အသေးစိတ်)
Copper Plating ကို သုံးရတဲ့ အကြောင်းရင်း
Electrical conductivity အလွန်ကောင်း
Leveling property ကောင်း
Undercoat အဖြစ် အရေးကြီး
Copper plating ကိုNickel / Chrome plating မလုပ်ခင်အောက်ခံအဖြစ် အများဆုံး အသုံးပြုပါတယ်။
Copper plating ရဲ့ အရေးပါမှု
Surface defect ကို ဖုံးအုပ်ပေးနိုင်
Thickness control လွယ်
Electrical application တွေအတွက် မဖြစ်မနေလိုအပ်
9. Electroplating မှာ ဖြစ်တတ်တဲ့ ပြဿနာများ
Electroplating လုပ်ရာမှာ အများဆုံး ကြုံရတဲ့ defect တွေက –
Plating peel / blister
Burn mark
Rough deposit
Dull finish
Uneven thickness
ဒီ defect တွေရဲ့ အကြောင်းရင်းကProcess control မမှန်ခြင်းSurface preparation မကောင်းခြင်းBath condition မတည်ငြိမ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
စားသုံးဆီလုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများ နှင့် ဘေးအန္တရာယ်ကင်းရှင်းစေသော ဖြေရှင်းနည်းများ ဆောင်ရန်ရှောင်ရန်များ ဆီထုတ်လုပ်ပုံအဆင့်ဆင့်များ
Agent (ဆီမခံဆေး/တာရှည်ခံဆေး)
Antioxidant ဆိုတာ oxidationကြောင့် ဖြစ်ပေါလာသော အရာများကို ကာကွယ်ပေးသော ဂုဏ်သတ္တိရှိပြီး ကောင်းမွန်သော ဆီရဲ့ အရည်သွေးကို ရရှိစေပါသည်
Oxidationကြောင့် ဆီဂျီးများတတ်ခြင်း အရောင်များတတ်ခြင်း အနံ့သက်များဖြစ်ပေါစေခြင်း ဆီကိုခဲသွားစေ၍ အလွယ်တကူ ပျက်စီး ဆုံးရှုံးခြင်း များ ဖြစ်စေနိုင်သည့်အပြင် ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေပါသည်
စားသုံးဆီများတွင် Antioxidant Agent အဖြစ် အသုံးပြုလို့ရသော ပမာဏ -0.02% သာ ခွင့်ပြုထားပြီး ဆီမခဲခြင်း သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ခြင်း ဆီဂျီးများမတတ်အောင် ကာကွယ်ပေးပါသည်
မိမိဆီကိုမခဲစေလို၍ ပမာဏများများသုံးခြင်းသည် အန္တရာယ် ကို လက်ယက် ခေါခြင်းသာဖြစ်ပြီး အသည်း နှင့် ကျောက်ကပ် ရောဂါများအပြင် ကင်ဆာရောဂါများကို ဖြစ်စေနိုင်ပါသည်
တခြား petroleum products တွေဖြစ်ကြတဲ့ ဓာတ်ဆီ ဒီဇယ် အင်ဂျင်ဝိုင်များအပြင် ချောဆီများ ဖယောင်းဆီလုပ်ငန်းများတွင် လည်း အသုံးပြု၍ ရနိုင်ပါသည်
-0.02 % သာ သုံးခွင့်ရှိပါသည်
Bleaching Agent (အရောင်ချွတ်ဆေး)
ဆီအရောင်ချွတ်ရာတွင် အသုံးပြုသော chemicalဖြစ်ပြီး ဆီတွင်မပျော်ဝင်ပါ စုပ်ယူခြင်းအားဖြင့် colour pigment များကို ချွတ်စေနိုင်သည် ဇကာစစ်ထုတ်ခြင်းသည် ဆီထဲတွင် အနည်ထိုင်နေသော Impurities များကို ဖယ်ရှားပေးသောကြောင့် ဆီရဲ့အရည်သွေးကောင်းမွန်စေသည့်အပြင် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်
-3.0% သာ သုံးခွင့်ရှိပါသည်
Oil Flavor (အနံ့ကုထုံးဆေး)
အနံကုထုံးဆေးများသည် Food Gradeဖြစ်သော်လည်း လိုအပ်သည်ထက် များစွာအသုံးပြုခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေပါသည်
-0.5% သာ သုံးခွင့်ရှိပါသည်
Processing of Edible Oils(ဆီထုတ်လုပ်ရာတွင် လိုအပ်သော လုပ်ဆောင်ချက်များ)
ကောင်းမွန်တဲ့ဆီအရည်အသွေးရရှိဖို့ လုပ်ငန်းစဥ်တွေဟာ အဓိကနေအနေဖြင့် ၂ပိုင်းသာရှိပါတရ် ပထမအဆင့်အနေနဲ့ ကုန်ကြမ်းတွေဖြစ်ကြတဲ့ အစေ့အဆန် တွေ အသီးတွေ စသည်ကုန်ကြမ်းများမှတဆင့် ကုန်ချောရရှိဖို့ပဲ ဖြစ်ပြီး ဒုတိယအဆင့် အနေနဲ့က ကုန်ချောရဲ့အရည်သွေး သွင်ပြင်လက္ခဏာ အနံ့မရှိအောင် အစသဖြင့် ပြန်လည်သန့်စင်ခြင်းတို့ဖြစ်ပါတရ် ပထမအဆင့်အနေနဲ့ပဲ စျေးကွက် ထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ပါ
ပထမအဆင့်ကိုပြောရမရ်ဆိုရင် Solvent Extraction လို့ခေါတဲ့ Chemical Treatment(Hexane) ဖြစ်ပြီး ဆီကို ရရှိစေနိုင်ပါတရ်
Hexaneဆိုတာ Solventတမျိုးဖြစ်ပြီး အပူနဲ့ ထိတွေ့ခြင်းအားဖြင့် အလွယ်တကူ အငွေ့ပျံ စေနိုင်ပါသည် ကျန်ခဲ့တဲ့ အနဲနစ်တွေကို Filtration လုပ်ခြင်းအား ဖြင့် ဆီကို ရရှိစေနိုင်ပါပြီ ဒါပဲလားဆိုရင်တော့မဟုတ်ပါဘူး အနံ့ အရောင် အစသဖြင့် Refine ပြန်လုပ်ဖို့ လိုအပ်ပါတရ်
ဒုတိယ အဆင့်ဆိုတာက Refining Process လို့ခေါတဲ့
Distillation (ပေါင်းခံခြင်း)
-Distillation လုပ်ခြင်းအားဖြင့် Solvent Extraction ကနေ ရလာတဲ့ဆီမှာ Solvent Freeဖြစ်အောင် ပြုလုပ်ပေးပါတရ်
Degumming (အနဲ အနစ် ဖယ်ထုတ်ခြင်း)
-Degumming ပြုလုပ်ခြင်းအားဖြင့် Impurities compound တွေ ကို ဖယ်ထုတ် ပေးပါတရ်
Neutralization (ဓာတ် ပြယ်အောင် ပြုလုပ်ခြင်း)(Deacidification)
-Neutralization ပြုလုပ်ခြင်းအားဖြင့် Phospholipids/Free Fatty Acids/Pigments/Waxes တွေကို ဖယ်ထုတ်ပေးပါတရ်
Bleaching (အရောင်ချွတ်ခြင်း)
-Bleaching လုပ်ခြင်းအားဖြင့် Colour Components များကို လျော့ချနိုင်ပါသည်
Dewaxing (ဖယောင်းဖယ်ခြင်း)
-Dewaxing ပြုလုပ်ခြင်းသည် အအေးခံခြင်း အားဖြင့် ဖယောင်းများ ကို ဖယ်ထုတ် ပေးပါသည်
Deodorizing (အနံ့ချွတ်ခြင်း)
-Steam Distillation ပြုလုပ်ခြင်းအားဖြင့် ဖယ်ထုတ်နိုင်ပါသည်
Preservative Addition(Antioxidant)
Antioxidant ဆို တာ ဆီရဲ့ အရည်သွေးကို မြင့်တင် ပေးပြီး Shelf Lifeကို ကြာရှည်စွာအသုံးပြု နိုင်ပါသည်
ဒီလောက်ဆို ဆီဖြစ်ပေါလာပုံ ဆီရဲ့ ထုတ်လုပ်မူ အပိုင်းကို နားလည်မရ် လို့ မျော်လင့်ပါတရ်
Refining လုပ်တရ်ဆိုတာ Chemical Treatment ဖြစ်လို့ ကြောက်နေဖို့လည်း မလိုပါ ဘေးအန္တရာယ် ကင်းရှင်းအောင် ဘောင်အတွင်းက ထုတ်လုပ်ရင်း စျေးကွက်ထဲ အောင်မြင်ကြပါစေကြောင်း
All Chemicals Are Everywhere!
& John
Do With Me
13/02/2025
Polyacrylamide PAM (C3H5NO)n သည် ကောင်းမွန်သော အပူတည်ငြိမ်မူရှိပြီး ရေတွင် ကောင်းမွန်စွာ ပျော်ဝင်စေနိုင်သော ဂုဏ်သတ္တိရှိပြီး ရေနံတူးဖော်ခြင်း ရေသန့်စင်ခြင်း အထည်အလိပ် စက္ကူထုတ်လုပ်ခြင်း ဆေးပညာ အလှကုန် စိုက်ပျိုးရေး နှင့် အခြား သော စက်မူနယ်ပယ် များတွင် အသုံးချမူများ ကျယ်ပြန့်သော ပိုလီမာ ဖြစ်သည်...
Polyacrylamide PAM ရဲ့အသုံးပြုမူများ
Water Treatment
-Flocculation & Coagulation(အနယ်နှစ်များ ဖယ်ရှားခြင်း)
Soil Erosion Control & Agriculture
-Soil Stabilization
-Water Retention
Oil & Gas
-Enhanced oil recovery;drilling fluids
Mining
-Seperation of valuable of ores;tailings treatment
Paper
-Strengthening;retention in papermaking
Cosmetic & Personal Care
-Thickening Agent;Emulsifier in creams; lotions and shampoos
Click here to claim your Sponsored Listing.