AREA 19 Design Studio

AREA 19 Design Studio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AREA 19 Design Studio, Architectural Designer, Tharkayta, Yangon.

17/02/2026

✨ Happy Chinese New Year!
🎊 ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်အခါသမယတွင်
💫 အောင်မြင်မှုများ၊ ကျန်းမာချမ်းသာခြင်းနှင့်
💖 ပျော်ရွှင်စရာ အနှစ်သာရအပြည့်ဖြင့်
📈 စီးပွားရေးတိုးတက်မှုများစွာ
ကောင်းစွာဖြစ်မြောက်ပါစေကြောင်း
AREA 19 Design Studio အနေဖြင့်
ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။ 🧧✨

✨ Happy Chinese New Year!
🎊 On the auspicious occasion of Chinese New Year 2026,
💫 may you be blessed with great success and good health,
💖 a year filled with happiness and meaningful moments,
📈 and abundant growth and prosperity in your business and endeavors.

AREA 19 Design Studio warmly sends our best wishes to you. 🧧✨

Photos from AREA 19 Design Studio's post 25/01/2026

ပြည်မြို့မှ Smoothie Shop Interior Design Project
ဆိုင်တစ်ဆိုင်ဖွင့်တဲ့အခါ အရေးကြီးဆုံးက ဘာလဲလို့ ထင်ပါသလဲ?
Customer တွေ လာချင်အောင် ဖိတ်ခေါ်ပေးနိုင်တဲ့ ဆိုင်ရဲ့ ဒီဇိုင်းက အရမ်းအရေးကြီးပါတယ် ☺️
ဒီဇိုင်းက ဆိုင်တစ်ဆိုင်ရဲ့ အသက် လို့တောင် ပြောလို့ရပါတယ်။

❇️ ပထမဆုံးအနေနဲ့
ကိုယ့်ဆိုင်ကို လာမဲ့ customer က
လူငယ်လား? လူကြီးလား?
ဘယ်လို lifestyle မျိုးရှိတဲ့သူတွေလဲ?
👉 Know your target customer ကို အရင်ဆုံးသိရပါမယ်။

❇️ နောက်တစ်ချက်က
ဆိုင်ထဲဝင်လိုက်တဲ့အချိန်
Customer တွေကို ဘယ်လို vibe ပေးချင်လဲဆိုတာပါ။
အေးချမ်းတဲ့ ခံစားချက်လား၊
Energetic ဖြစ်တဲ့ ခံစားချက်လား၊
ချစ်စရာလေး ဖြစ်ချင်တာလား…
ဒီလို ခံစားချက်ပေါ်မူတည်ပြီး ဆိုင်ဒီဇိုင်းကို အသက်သွင်းရပါတယ်။

Client အမက design ကို ပထမဆုံးမြင်တဲ့အချိန်မှာပဲ
“Wow… မိုက်တယ်” ဆိုပြီး ကြိုက်သွားခဲ့တဲ့
ဒီ Smoothie Shop Interior Design Project ကို မိတ်ဆက်ပေးချင်ပါတယ် 🍹

ဒီဆိုင်လေးက
Client ရဲ့ တောင်းဆိုချက်အရ
ကျန်းမာရေးကို ဂရုစိုက်တဲ့သူတွေ၊ Gym သမားတွေကို target ထားပြီး
ဆိုင်ထဲဝင်လိုက်တာနဲ့
Energetic vibe + Strong vibe ကို ခံစားရအောင်
Unique ဖြစ်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတာပါ။

🎨 Color & Material Concept

Energetic ဖြစ်စေတဲ့ အဝါရောင်

မျက်လုံးအေးစေတဲ့ Cool green/blue tone

Contrast ရဖို့ Black color (Black metal mesh) ကို ထည့်သုံးထားပါတယ်။

🧱 Feature Wall
ဆိုင်နာမည် Zest ရဲ့ “Z” ကို ယူပြီး
Z-shape feature wall ဖန်တီးထားတာကြောင့်
ဘယ်ဆိုင်နဲ့မှ မတူတဲ့
ထင်ရှားပြီး Unique ဖြစ်တဲ့ နံရံဒီဇိုင်းကို မြင်တွေ့ရမှာပါ။

🧾 Counter Design

Yellow box

Black metal mesh frame

Logo ကို colorful light box နဲ့ highlight လုပ်ထားလို့
ဆိုင်ထဲဝင်တာနဲ့ မျက်စိကျစေပါတယ်။

🌿 Ceiling Design
Natural plant တွေနဲ့
Plant တင်လို့ရမဲ့ white metal frame ကို အသုံးပြုထားပြီး
Energetic vibe နဲ့ Healthy vibe နှစ်မျိုးလုံး ရစေပါတယ်။

✅မျက်နှာစာဒီဇိုင်းအနေနဲ့ နဂိုရှိပြီးသား သွပ်အဟောင်း sunshade အနိမ့်တွေကို ဖယ်ရှားပြီး
Interior design နဲ့ လိုက်ဖက်ညီစွာ ပြန်လည်ပုံဖော်ထားပါတယ်။
အတွင်းပိုင်းနဲ့ အပြင်ပိုင်း ဒီဇိုင်းတွေက connection မိနေအောင် ဒီဇိုင်းဆွဲထားတာပါ။
❇️ယခု Smoothie ဆိုင်လေးက ဆရာဝန်ဇနီးမောင်နှံကိုယ်တိုင်ဦးစီးဖွင့်ထားတာဖြစ်ပြီးHealthy shop ဖြစ်ပါတယ်။
ဒီဇိုင်းကိုကြည့်ရင်း ဆိုင်ရဲ့ signature လက်ရာတွေကို သုံးဆောင်ဖို့မဖြစ်မနေ ဆိုင်လေးကို လာရောက်ဖို့လဲ ဖိတ်ခေါ်ပါတယ်။

❇️ ဆိုင်ဖွင့်ဖို့ စဉ်းစားနေလား?
❇️ Renovation / Decoration လုပ်ဖို့ စဉ်းစားနေလား?

နေရာကျဉ်းနေစေကာမူ
Budget အတွင်း ဒီဇိုင်းလှလှ ဖန်တီးပေးနိုင်ဖို့
AREA 19 Design Studio က လူကြီးမင်းတို့အတွက်
အမြဲ အသင့်ပါရှင် ✅

🟢ဆိုင်ဒီဇိုင်းကို စလုံးနဲ့ foreign / international project အတွေ့အကြုံရှိ designer ကိုယ်တိုင် ဖန်တီးပေးမှာဖြစ်တဲ့အတွက်
ယုံကြည်စိတ်ချစွာ လာရောက် အပ်နှံနိုင်ပါတယ်

📌 Page မှာ past projects တွေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
Office 1- Thaketa, Yangon.
Office 2- Sinsu, Pyay.
📞 Ph: 09988548764 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from AREA 19 Design Studio's post 10/12/2025

🔥Client တန်းကြိုက်သွားတဲ့ အိမ်လေး 🏡✨
ခုနောက်ပိုင်း ဒီဇိုင်းဆွဲပေးရင် တခါတဲ
တန်းကြိုက်နေကြတော့ ခက်ပီ revise ပြန်ဆွဲပေးရတာ မရှိ တော့ မနေတတ်တော့ဘူးရယ် 😁😂
🏡 20’ x 50’ အကျယ်ရှိတဲ့ နေပြည်တော်မှာ
ဆောက်မဲ့ Modern Architecture Design လေးဘဲ ဖြစ်ပါတယ်

🌤 Outdoor Concept
Light blue Frame design လုပ်ထားခြင်းက
sunshade ရတဲ့အပြင် modern clean look ပေါ်စေပါတယ်
ရှေ့အုတ်ခုံ မှာထိုင်ရင်း Evening time မှာလဲ Coffee သောက်ရင်းဘဲ ဖြစ်ဖြစ် chill လို့ရအောင်ပုံဖော်ထားပါတယ် 😌

ဒါအပြင်
နံရံ texture အလှကို နောက်ခံထားပီး
ဘေးက planter box တွေနဲ့ 🌿🌱 အတူ
အလှ ဓာတ်ပုံ ရိုက်လို့ ရတာမို့ 📸
Photo Spot Ready နေရာလေးလဲ ဖြစ်လာမှာပါ 😍

အပေါ်ထပ် verandah area မှာ roof slab တက်လို့ရမဲ့ spiral stair ကို အဖြူရောင်လေး 🤍 သုံးပေးထားပါတယ်
အပြင်ကကြည့်ရင် လိုက်ဖက်ညီနေမဲ့ verandah parapet wall ကို 🤎 မြင်ရပီး
အထဲမှာ အပင်လေးတွေ စိုက်လို့ ရမဲ့ plant box အုတ်ခုံရယ် 🌿
အပင်တွေကလာတဲ့ ရနံ့ လန်းဆန်းစေမဲ့ လေကို 🍃
ခံစားဖို့ ထိုင်ဖို့နေရာအုတ်ခုံလေးရယ် 🪑
မြက်ခင်းတု ရယ်ကို ဒီဇိုင်းလုပ်ပေးထားပါတယ် 🌱

🪵 Material texture
အလှ design ဖြစ်တဲ့ Wall Tile texture Focal point
နွေးထွေးမဲ့ vibe ရစေဖို့ Bio Wood Texture Finish
အေးချမ်းတဲ့ feeling ရဖို့ Light Blue Exterior Frame
အပြာနုနဲ့ လိုက်ဖက်မဲ့ tan Beige Color နဲ့
တွဲဖက်ထားပါတယ်

အရမ်း နေချင်စဖွယ်အိမ်လေး ဖြစ်နေပီနော် 🥰🏡💚

✨ AREA 19 Design Studio မှ ဖန်တီးပေးနေတဲ့ ဝန်ဆောင်မှုများကတော့ –
✅ Architectural Design
✅ Structure Design
✅ Interior Design(Residential, Commercial)
✅ Animation 🎞️
✅ Rendering Service 🖼️
📌 Client တစ်ဦးချင်းစီရဲ့ စိတ်ကူးများကို Designer ရဲ့ Vision နဲ့ ပေါင်းစပ်ပြီး ဖန်တီးပေးနေပါပီ ✨🎯
အကျိုးတူပူပေါင်းချင်တဲ့ Construction/ Decoration Contractor များလဲ ဖိတ်ခေါ်ပါတယ် ။
📱 ဆက်သွယ်ရန် – 09988548764
Office 1- သာကေတ၊ ရန်ကုန်မြို့ ။
Office 2- ဆင်စု ၊ ပြည်မြို့ ။

Photos from AREA 19 Design Studio's post 15/07/2025

🎵ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်🎵
🎵ရံရွှေလယ် ထည်ဝါစွာ ဆင်စွယ်နန်း အိမ်🎵
🎵ကျူထရံတွေ ကာရံကာ ဓနိမိုး အိမ်🎵
🎵နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်🎵

အေးမြတဲ့ တောင်ကြီးမြို့လေးမှာ နွေးထွေးမှုလေးတွေနဲ့ လုံခြုံတဲ့ အိမ်လေးတစ်လုံးကို အိမ်ရှင်စိတ်ကြိုက် ဖန်တီးပေးဖြစ်ခဲ့တာလေးပါ ရှင့်…

သီချင်းစာသားလေးတွေထဲကအတိုင်း…
ကမ္ဘာမြေမှာ လုံခြုံနွေးထွေးစေမယ့် အိမ်လှလှလေးတွေ ဖန်တီးဖို့အတွက်ဆိုရင် Area 19 Design Studio ကို ဆက်သွယ်လိုက်တော့နော်…။

Area 19 Design Studio ၏ ဝန်ဆောင်မှုများ

🏠 Architectural Design (ပုံကြမ်းဒီဇိုင်း) – လူကြီးမင်း၏ မြေအကျယ်အဝန်းနှင့် စိတ်ကူးလိုအပ်ချက်အတိုင်း ထူးခြားလှပသော အိမ်ဒီဇိုင်းများ
🏠 3D Perspective & Walkthrough – အိမ်၏ အပြင်အဆင်၊ အတွင်းပိုင်းပုံစံတို့ကို အကြိုမြင်တွေ့နိုင်သော 3D ပုံများ
🏠 Space Planning (နေရာခွဲခြားပုံ) – အသုံးအဆောင်များ၊ အခန်းများ၏ ပုံသဏ္ဌာန်နှင့် နေရာအထားအသိုများကို ဖွဲ့စည်းခြင်း
🏠 Interior & Exterior Design – အခန်းတွင်းနှင့် အပြင်ဘက်အလှဆင်မှုများကို စိတ်တိုင်းကျသည်အထိ ဖန်တီးပေးခြင်း
🏠 Drawings & Specifications – တည်ဆောက်မှုအတွက် လိုအပ်သော အပြည့်စုံဆုံး Design plan & Elevation Drawing များ
🏠 Decoration one stop service - Residential, Retail shop, Hotel, Restaurant, Cafe , Resort များအား design အတိုင်း decoration အား ထပ်တူကျစေရန် professional engineer များကိုယ်တိုင် ကြီးကြပ်၍ လူကြီးမင်းတို့စိတ်တိုင်းကျ
ဆောင်ရွက်ပေးနေပါပီရှင်
Area 19 Design Studio ကို ရွေးချယ်သင့်သော အကြောင်း

✅ International project များတွင်ဝင်ရောက် လုပ်ကိုင်နေသော Designer ကိုယ်တိုင်ဖန်တီးပေးခြင်း
✅ လူကြီးမင်းတို့ရဲ့ Living style နှင့်လိုက်ဖက်မည့် သေသပ်လှပသည့် ဒီဇိုင်းများဖန်တီးပေးခြင်း
✅ ဘတ်ဂျက်နှင့် ကိုက်ညီမည့် ဒီဇိုင်းဆွဲပေးခြင်း
✅ Customer စိတ်တိုင်းကျမှုဦးစားပေးခြင်း
✅ သက်သာသည့်စျေးနှုန်းနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုပေးခြင်း

❇️လူကြီးမင်းရဲ့ စိတ်ကူးထဲတွင် ရှိနေတဲ့ အိပ်မက်
အိမ်လေးကို လက်တွေ့မှာအလှပဆုံး ဖြစ်အောင် Area 19 Design Studio ကို ရွေးချယ်လိုက်ပါ။💯

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Tharkayta
Yangon
11231