Celebrity Cooking Magazine

Celebrity Cooking Magazine

Share

Celebrity မ်ား၊ Professional မ်ား၏ ဟင္းခ်က္လက္ရာမ်

Celebrity များ၊ Professional များ၏ ဟင်းချက်လက်ရာများကို ဓာတ်ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားပါသည်။ Cooking နဲ့ ပတ်သတ်သည့်
အခြား စိတ်ဝင်စားဖွယ်ရာများကိုလည်း တင်ဆက်လျှက်ရှိပါသည်။

06/10/2024

တနင်္ဂနွေငါးကင်စားကြရအောင်

ပထမဆုံးပြုလုပ်ရမှာက
၁။ ငါးအကောင်ကြီး ၁ ကောင်
သန့်စင်ပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ
ကင်မှာဆိုတော့ အစိုဓာတ်မပါပဲခြောက်နေအောင် သုတ်ပေးပါနော်
ပြီးရင် ဆားနည်းနည်းသုတ်လိမ်းပါ
နှသ်ဖက်စလုံးသုတ်လိမ်းပြီးရင် ငါးပေါ် အမြှောင်းလေးတွေဖြစ်အောင် ဓါးနဲ့မွှမ်းပါ။
ငါးဝမ်းဗိုက်ထဲကို သံပုရာသီး အကွင်းလိုက်လှီးထည့် ကြက်သွန်မြိတ်ထုထောင်းပြီး ထည့် dill လို့ခေါ်တဲ့စမြိတ်ရွက် ရှာလို့ရရင်ထည့်နိုင်ပါတယ်
ပြီးမှ သံလွင်ဆီ ကိုငါးပေါ်စိမ့်ဝင်အောင်ပွတ်သုတ်ပေးပါနော်

၂။ တဖက်ကို ၁၀ မိနစ်လောက်ကင်ရအောင်
Oven သို့ မီးသွေးအကင်ဗန်း နဲ့လည်းရပါတယ်

၃။ အဆာပလာ ဆော့ပြုလုပ်ရအောင်နော်
ခရမ်းချဉ်သီးလှီး
ကြက်သွန်နီလှီး
ငရုတ်သီးအစိမ်းတောင့် သို့ အဝါတောင့် လှီးထည့်ပါ ( City Mart မှာရောင်းပါတယ်ရှင့် )
သံပုရာရည်ညှစ်ထည့်
ဆားနဲနဲဖြူး ပြီးရင်ရပါပြီ
ငါးကင်ကျက်ပြီဆိုရင် အသားလေးတွေဖဲ့ယူ ဆလပ်ရွပ်ခင်း ခုနကနယ်ထားတဲ့ အဆာပလာလေးတွေထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်

30/09/2024
30/09/2024

မိသားစုကို ချက်ကျွေးရအောင်ဒံပေါက်ချက်နည်းကို မျှဝေလိုက်ပါတယ်

28/09/2024

🥪မြန်မြန်လေးနဲ့ အာဟာရပြည့်မယ် Sandwich Breakfast 🥪

ဂေါ်ဖီ ပါးပါးလှီး ပန်းကန်လုံးထဲထည့်
မုန်လာဥနီ အချောင်းလေးတွေလှီး
ဆားနဲနဲ ဂေါ်ဖီပန်းကန်ထဲထည့်မွှေပါ
ပြီးရင် အရည်တွေစစ်ထုတ်ပေးပါ
သကြား မရောနိစ် အနဲငယ်ထည့်မွှေ

ကြက်ဥအကျက်ပြုတ် နှစ်လုံးလောက်ကို ချေလိုက်ပါ ကြက်ဥချေထားတဲ့အထဲကိုသကြား
ဂဏန်းသားချောင်း သို့မဟုတ် အသားပြား မရောနိစ်တို့ထည့်ပြီး သမအောင်မွှေပေးပါ ငရုတ်ကောင်းမှုန့်နဲနဲဖြူးပါ

ပြီးရင် Sandwich Bread နှစ်ခုကို မုန့်ပတ်စက္ကူပေါ်မှာခင်းပြီး
နယ်ထားတဲ့ ပန်းကန်လုံး နှစ်ခုထဲက အဆာပလာတွေ တဖက်စီထည့်ပြီး အပေါ်က ပေါင်မုန့် ၂ ချပ်ထပ်ခင်း Strawberry Jam သုတ်လိမ်းပေးပါဦး

အစစအရာရာစျေးကြီးနေကြတဲ့အချိန်မှာ အိမ်လုပ် recipes တွေက ချွေတာပြည့်ဝ စားကောင်းမှာပါနော်☕️🥪

27/09/2024

Morning အချစ်လေးတို့ 😍
ကလေးတွေအတွက် အဟာရ ပြည့်တဲ့ ခေါက်ဆွဲကြော်လေး ကြော်ကျွေးချင်တယ်ဆိုရင် ဒါလေးကိုကြော်ကျွေးလို့ရတယ်နော်🍝🍝🍝

PAD THAI ခေါက်ဆွဲကြော်
Sauce လုပ်ရန် Recipes

- ငါးငံပြာရည် ( Red Boat တံဆိပ် )
- မန်ကျည်းအနှစ်
- သံပုရာသီး
- ထိုင်းငရုတ်ဆော့ ( Thai Siriacha )
- Brown Sugar ( ထိုင်းမှာတော့ အခဲရှိတယ် )

Rice Stick ( ၂ နာရီကြာ ရေစိမ်ထားပါ )

- ပုစွန်အကောင်ကြီးကြီး
- ပဲပင်ပေါက်
- ပဲပြား ( အတုံးလေးတွေကြော်ထားလိုက် )
- ကြက်သွန်ဖြူ ( နုတ်နုတ်စင်း )
- ကြက်သွန်မြိတ် ( နုတ်နုတ်စင်း )
- ပုစွန်ဆိတ် ( ထောင်းထားပါ )
- ဘဲဥ
- ပုစွန်ခြောက်အနည်းငယ်
- ထိုင်းငရုတ်သီးမှုန့် ( Red Boat )

ပုစွန်တွေကို မီးပြင်းပြင်းမှာ လှော်ထားလိုက်
ဆော့ကို အရည်ပြစ်လာအောင် မွှေပြီးဖယ်ထား
PAD THAI မှာ ဆော့ကအသက်ပဲ

ကြက်သွန်ဖြူကိုဆီသပ်
ခေါက်ဆွဲကိုထည့်
ပုစွန်နဲ့တို့ဟူး အခြားအဆာပလာတွေထည့်
ငရုတ်သီးအမှုန့်လေးဖြူးလိုက်တော့ အစပ်အရသာလေးနဲ့ လျှာလည်အောင်ကောင်းတာပေါ့

26/09/2024

😋 ဗီယက်နမ် ကြက်သားစပါးလင်ဟင်း 😋

ထုံးစံအတိုင်း မပါမဖြစ်စပါးလင် ပါရမှာပေါ့နော်

👉စပါးလင် ၁ ချောင်း
👉ကြက်သွန်နီ
👉ကြက်သွန်ဖြူ
👉ငရုတ်သီးအနီ
👉ငါးငံပြာရည်
👉သကြား
👉ပြောင်းကော်မှုန့်
👉သခွါးသီး
👉နံနံပင်
👉ကြက်သား

စပါးလင်၁ ချောင်းကိုနုတ်နုတ်စင်းပြီး တဝက်ကိုဖယ်ထား ကျန်တဝက်ကိုငါးငံပြာရည် သကြား ပြောင်းကော်မှုန့် ထည့်ပြီးမွှေထားပါ
ပြီးရင် ကြက်သားတုံးလေးတွေနဲ့နယ်ပြီး မိနစ်အနည်းငယ် နှပ်ထားလိုက်ပေါ့နော်

ကြက်သွန်နီ ဖြူ ငရုတ်သီးအနီကိုလှီးဖြတ်ပေးပါ
ကြက်သွန်ဖြူကို ဓါးပြားနဲ့ဖိ ငရုတ်နီကို အလယ်ကနေအရှည်ပိုင်းပြီးပါးပါးလှီး
ဆီပူပူထဲကို ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးအနီထည့်မွှေ ခုနကဖယ်ထားတဲ့ စပါးလင်နုတ်
နုတ်စင်းထည့် ဒါလေးတွေနွမ်းလာရင် အိုးဘေးကပ်ထား ဆီလေးနဲနဲထပ်ထည့် ကြက်သားတုံးလေးတွေထည့်ပြီးမွှေပေး
နောက်ဆုံးမှာ အုန်းရည်လေးထည့်ပေးပါ
( Super Market တွေမှာဝယ်လို့ရ / Juice လည်းသုံးလို့ရ )
၁၀ မိနစ်နေရင် မီးပိတ်လို့ရပါပြီနော်
ပြီးရင် ထမင်းပူပူလေးပေါ်တင် သခွါးသီးနဲ့နံနံပင်လေးတွေကိုတွဲစပ်စားလို့လည်းစားကောင်းပါတယ်👌


cooking magazine

07/09/2023

🫕🍳🍚🫖

07/09/2023

လယ်ငါးဇရိုင်းဟင်း
ငါးသလောက်ဥကြော်
ဇရစ်ရိုးနဲ့ ကင်ပွန်းချဉ်ရည်ဟင်း
😋😋😋

07/09/2023

မိုးတွေရွာနေတယ် 🌧️
မိုးအေးအေးနဲ့ ထမင်းစားမြိန်ဖို့
😋😋😋

26/07/2023

Home Made ကတ်ကြေးကိုက်လေးအတွက် Like&Share လေးတွေဝေမျှပေးပါဦးနော် 😋😋😋

#ကတ်ကြေးကိုက်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

83/16(A), Pansodan Lower Block, Kyauktada Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00