Solar Engineering & Technical Advisor
စနစ်တကျ တွက်ချက်မှု၊ အလေအလွင့်မရှိတဲ့ ဆိုလာစွမ်းအင်
19/04/2026
"Inverter ဝယ်တော့မလား? ဒါဆိုရင်တော့ ဒီအမှား (၅) ချက်ကို မိတ်ဆွေတို့သိအောင် ဝေမျှပေးလိုက်ပါတယ်ဗျ"
ဆိုလာစနစ်မှာ အကုန်အကျအများဆုံးနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Inverter ကို ရွေးချယ်တဲ့အခါ စျေးနှုန်းသက်သာတာတစ်ခုတည်းကိုပဲ မကြည့်သင့်ပါဘူး။
၁။ Peak Load နှင့် Rated Load ကို မှားယွင်းတွက်ချက်ခြင်း
Inverter အများစုမှာ ဥပမာ - 5.5kW လို့ ရေးထားပေမယ့် တကယ်တမ်း စဉ်ဆက်မပြတ် (Continuous) မောင်းနှင်နိုင်တဲ့ ဝပ်အားကို သေချာကြည့်ရပါမယ်။ ရေမော်တာ၊ အဲကွန်းလို စမောင်းတဲ့အချိန်မှာ ဝပ်အား (Surge Power) အများကြီးဆွဲတဲ့ ပစ္စည်းတွေအတွက် Inverter ရဲ့ စွမ်းဆောင်ရည်ကို သေချာမတွက်ချက်မိရင် Inverter ခဏခဏ Error တက်တာမျိုး ကြုံရပါလိမ့်မယ်။
၂။ Off-grid, On-grid နှင့် Hybrid ကို မကွဲပြားခြင်း
ကိုယ့်ဒေသရဲ့ မီးရရှိမှုအပေါ် မူတည်ပြီး ရွေးချယ်ရပါမယ်။
Off-grid: မီးလုံးဝမလာတဲ့နေရာ (ဥပမာ - ခြံထဲ၊ တောထဲ)။
On-grid: မီးအမြဲလာပြီး မီးဖိုးလျှော့ချချင်တဲ့နေရာ (Net Metering သုံးမယ့်နေရာ)။
Hybrid: မီးလည်းလာတယ်၊ ပျက်ရင်လည်း အရန်မီးလိုချင်တဲ့နေရာ (လက်ရှိ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး)။
ဒီသုံးမျိုးကို မှားဝယ်မိရင် ငွေကုန်ရုံပဲ ရှိပါလိမ့်မယ်။
၃။ Efficiency နှင့် Brand Quality ကို လျစ်လျူရှုခြင်း
စျေးသက်သာတဲ့ Inverter တွေဟာ Energy Conversion (စွမ်းအင်ပြောင်းလဲမှု) လုပ်တဲ့နေရာမှာ အလေအလွင့် (Loss) များပါတယ်။ အရည်အသွေးညံ့တဲ့ Inverter တွေဟာ အပူထွက်လွန်ကဲပြီး အတွင်းပိုင်း Capacitor တွေ ပေါက်ကွဲတာမျိုး အဖြစ်များပါတယ်။ အာမခံ (Warranty) သေချာရှိတဲ့ Brand ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။
၄။ MPPT Range နှင့် ဆိုလာပြားအရေအတွက် မကိုက်ညီခြင်း
Inverter တိုင်းမှာ ဆိုလာပြားကလာတဲ့ ဗို့အား (Input Voltage Range) အနိမ့်ဆုံးနဲ့ အမြင့်ဆုံး သတ်မှတ်ချက် ရှိပါတယ်။ ဥပမာ - Inverter က အနိမ့်ဆုံး 120V ရှိမှ အလုပ်လုပ်မှာဖြစ်ပေမယ့် သင်က ဆိုလာပြား (၃) ပြားပဲ တပ်ထားရင် နေဘယ်လောက်သာသာ အားဝင်မှာမဟုတ်ပါဘူး။ ဒါဟာ အင်ဂျင်နီယာနည်းကျ တွက်ချက်မှု မရှိခြင်းရဲ့ ရလဒ်ပါပဲ။
၅။ အနာဂတ်အတွက် ချဲ့ထွင်နိုင်စွမ်း (Scalability)
ဒီနေ့ (၃) ကောင်အဲကွန်း တစ်လုံးပဲ မောင်းပေမယ့် နောက်နှစ်မှာ နောက်တစ်လုံး ထပ်တိုးချင်ရင်ကော? Parallel (အပြိုင်) ချိတ်လို့ရတဲ့ Inverter မျိုးကို ကြိုတင်ရွေးချယ်ထားခြင်းက နောက်ပိုင်းမှာ Inverter အသစ်ထပ်ဝယ်ရမယ့် ကုန်ကျစရိတ်ကို သက်သာစေပါတယ်။
"စျေးပေါတာကို မရှာပါနဲ့၊ သင့် Load နဲ့ ကိုက်ညီပြီး စိတ်ချရတာကိုပဲ ရှာပါ"
Inverter ဝယ်ဖို့ စဉ်းစားနေပေမယ့်...
ကိုယ့်အိမ်က Load နဲ့ ဘယ်နှကီလိုဝပ် (kW) က အကိုက်ညီဆုံးလဲ?
MPPT တွက်ချက်ပုံတွေ မှန်ကဲ့ရဲ့လား?
"Inverter ဝယ်တော့မယ်ဆိုရင် ဘာတွေကို အဓိကကြည့်ပြီး ဝယ်ကြလဲဗျ? မသိတာရှိရင် ကွန်မန့်မှာ မေးခဲ့နိုင်ပါတယ်"
05/04/2026
"နေပူလေ အားပိုဝင်လေလား? ဆိုလာပြားတွေနဲ့ အပူချိန်ရဲ့ လျှို့ဝှက်ချက်"
အခုရက်ပိုင်း အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ ရှိနေတော့ "နေပူတာပဲ... ငါ့ဆိုလာပြားတွေ အားအပြည့်ရမှာပဲ" လို့ ထင်နေပါသလား? တကယ်တော့ အဖြေက သင်ထင်ထားသလို မဟုတ်ပါဘူး။ ကျွန်တော်အနေ့နဲ့ ဒီနေ့မှာ ဆိုလာစနစ်ကို အပူဒဏ်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။
၁။ အပူချိန်တိုးရင် စွမ်းဆောင်ရည် (Efficiency) ကျဆင်းတတ်ပါတယ်
ဆိုလာပြားတွေဟာ "အလင်း" ကိုပဲ လိုချင်တာဖြစ်ပြီး "အပူ" ကို မကြိုက်ပါဘူး။ ဆိုလာပြားရဲ့ အပူချိန်ဟာ ၂၅ ဒီဂရီထက် ကျော်လွန်သွားတဲ့အခါ ၁ ဒီဂရီတိုးတိုင်း ထွက်ရှိမယ့် လျှပ်စစ်စွမ်းအား (Output Power) ဟာ ၀.၃% ကနေ ၀.၅% အထိ လျော့နည်းသွားတတ်ပါတယ်။ ဒါကို Temperature Coefficient လို့ ခေါ်ပါတယ်။
၂။ လေဝင်လေထွက် (Ventilation) က အသက်ပါပဲ
ဆိုလာပြားတွေကို အမိုးပေါ်မှာ ကပ်ပြီးတပ်ဆင်တဲ့အခါ အောက်ခြေမှာ လေဝင်လေထွက်ကောင်းဖို့ အနည်းဆုံး ၄ လက်မကနေ ၆ လက်မအထိ ခြားထားသင့်ပါတယ်။ အပူချိန်တက်လာရင် ဆိုလာပြားရဲ့ နောက်ကျောမှာ အပူတွေအောင်းပြီး Voltage ကျဆင်းကာ အားဝင်တာ နှေးသွားစေနိုင်ပါတယ်။
၃။ Inverter ကို အေးမြအောင်ထားပါ
Hybrid Inverter တွေဟာ အလုပ်လုပ်တဲ့အခါ အပူထွက်ပါတယ်။ အခန်းအပူချိန် အရမ်းများနေရင် Inverter ထဲက အစိတ်အပိုင်းတွေရဲ့ သက်တမ်းကို တိုစေရုံတင်မကဘဲ System က သူ့အလိုလို အားလျှော့ချ (Derating) လုပ်ပစ်တတ်ပါတယ်။ ဒါကြောင့် Inverter ရှိတဲ့နေရာဟာ လေဝင်လေထွက် အကောင်းဆုံးနေရာ ဖြစ်ရပါမယ်။
၄။ နွေရာသီအတွက် အကြံပြုချက် (Tips)
သန့်ရှင်းရေးလုပ်ပါ: ဖုန်တွေက အလင်းကို ကာထားရုံတင်မကဘဲ အပူကိုပါ စုပ်ယူထားနိုင်လို့ ဆိုလာပြားတွေကို မနက်စောစော ဒါမှမဟုတ် ညနေစောင်းမှာ ရေဆေးပေးပါ။ (နေပူကြဲကြဲမှာ ရေမလောင်းပါနဲ့၊ ဆိုလာပြား မှန်အက်တတ်ပါတယ်)။
စစ်ဆေးပါ: ဝါယာကြိုးတွေဟာ အပူဒဏ်ကြောင့် ပွလာတတ်လို့ ချိတ်ဆက်မှုတွေ ကျပ်နေရဲ့လားဆိုတာ (Tightness check) လုပ်ပေးပါ။
"နေရောင်ခြည်ကို အကောင်းဆုံး အသုံးချနိုင်ဖို့ နည်းပညာနဲ့ စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်"
#ဆိုလာ
31/03/2026
"ဆိုလာတပ်ဆင်ထားသူတိုင်း သိထားသင့်တဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး (၅) ချက်"
ဆိုလာစနစ်ဆိုတာ ငွေကုန်ကြေးကျသက်သာစေရုံတင်မဟုတ်ဘဲ ဘေးအန္တရာယ်ကင်းရှင်းဖို့ကလည်း ပထမဦးစားပေး (Safety First) ဖြစ်ရပါမယ်။ ကျွန်တော့်အနေနဲ့ လူကြီးမင်းအိမ်က ဆိုလာစနစ်မှာ အောက်ပါအချက်တွေ ပြည့်စုံရဲ့လားဆိုတာ စစ်ဆေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
၁။ စနစ်ကျတဲ့ Earthing (မြေစိုက်ကြိုး) စနစ်
ဆိုလာပြားတွေရဲ့ Frame တွေနဲ့ Inverter တွေကို Earthing စနစ်တကျ လုပ်ထားဖို့ လိုပါတယ်။ မိုးကြိုးပစ်တာ ဒါမှမဟုတ် လျှပ်စစ်ယိုစိမ့်မှု (Leakage) ဖြစ်တဲ့အခါ လူကို အန္တရာယ်မပြုဘဲ မြေကြီးထဲ စီးဝင်သွားဖို့အတွက် Earthing က အသက်ကယ်ပေးမှာပါ။
၂။ DC/AC Breaker နှင့် Surge Protection Device (SPD)
ဆိုလာပြားကလာတဲ့ (DC) လျှပ်စစ်နဲ့ အိမ်သုံး (AC) လျှပ်စစ်ကြားမှာ သင့်တော်တဲ့ Breaker တွေ တပ်ဆင်ထားရပါမယ်။ အထူးသဖြင့် မိုးကြိုးဒဏ်က ကာကွယ်ဖို့ SPD တပ်ဆင်ထားခြင်းက လူကြီးမင်းရဲ့ တန်ဖိုးကြီး Inverter ကို ပျက်စီးခြင်းက ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဝါယာကြိုးများ၏ အရည်အသွေးနှင့် အကာအကွယ်
ဆိုလာစနစ်မှာ သုံးတဲ့ကြိုးတွေဟာ အပြင်ဘက် နေပူဒဏ်၊ မိုးဒဏ်ခံနိုင်တဲ့ Solar Cable (TUV Certified) တွေ ဖြစ်ရပါမယ်။ ကြိုးတွေကို ဒီအတိုင်း ပစ်မထားဘဲ UV-resistant ဖြစ်တဲ့ ပိုက် (Conduit) တွေနဲ့ စနစ်တကျ အုပ်ထားခြင်းက ကြိုးများ ကြွပ်ဆတ်ပျက်စီးပြီး လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းကို တားဆီးပေးပါတယ်။
၄။ ဘက်ထရီ Terminal များကို ဖုံးအုပ်ထားခြင်း
ဘက်ထရီခေါင်း (Terminals) တွေကို အလွတ်မထားပါနဲ့။ အကာအကွယ် (Insulating Caps) တွေ တပ်ထားပါ။ မတော်တဆ သံပတ်ချာ (Spanner) ဒါမှမဟုတ် တခြားသတ္တုပစ္စည်းတစ်ခုခု ပြုတ်ကျပြီး Battery နှစ်ငုတ်ကို ထိမိရင် အလွန်ပြင်းထန်တဲ့ မီးပွားထွက်ပြီး ပေါက်ကွဲတတ်ပါတယ်။
၅။ စနစ်တကျ တံဆိပ်ကပ်ထားခြင်း (Labeling)
Inverter နားမှာ ဘယ်ခလုတ်က ဘာအတွက်လဲ၊ ဘယ်ကြိုးက အဝင်၊ ဘယ်ကြိုးက အထွက်ဆိုတာကို ရှင်းလင်းတဲ့ Label လေးတွေ ကပ်ထားပါ။ အရေးပေါ်အခြေအနေ (ဥပမာ- မီးလောင်ခြင်း၊ ရှော့ခ်ဖြစ်ခြင်း) ကြုံလာရင် ဘယ်ခလုတ်ကို အမြန်ပိတ်ရမလဲဆိုတာ ဘယ်သူမဆို သိနေဖို့ လိုပါတယ်။
"နည်းပညာအရ မှန်ကန်စွာ တပ်ဆင်ခြင်းသည် သင့်မိသားစု၏ လုံခြုံရေးကို အာမခံခြင်း ဖြစ်သည်"
လူကြီးမင်းရဲ့အိမ်က ဆိုလာစနစ်မှာ Earthing ပါရဲ့လား? Breaker တွေကရော Load နဲ့ အကိုက်ညီဆုံး ဖြစ်ရဲ့လား? သေချာစစ်ဆေးဖို့လို့ပါတယ်
#ဆိုလာ
26/03/2026
"နေသာပေမယ့် အားမဝင်ဘူး ဖြစ်နေပါသလား? လူကြီးမင်းရဲ့ ဆိုလာစနစ်ကို အင်ဂျင်နီယာနည်းလမ်းနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်"
နေရောင်ခြည် အားကောင်းတဲ့ နွေရာသီမှာ ဆိုလာစနစ်က အကောင်းဆုံး အားထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသုံးများလာတဲ့အခါမှာ Efficiency ကျဆင်းစေတဲ့ အချက်လေးတွေကို ကျွန်တော် SH Solar Engineering & Technical Advisor အနေနဲ့ သတိပေးလိုပါတယ်။
၁။ ဆိုလာပြားပေါ်က ဖုန်နဲ့ သစ်ရွက်ခြောက်များ (Dust & Shading)
ဖုန်အလွှာပါးပါးလေး တက်နေရုံနဲ့တင် ဆိုလာပြားရဲ့ စွမ်းဆောင်ရည်ဟာ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။ အထူးသဖြင့် မိုးနည်းတဲ့ အခုလိုအချိန်မှာ ဆိုလာပြားတွေကို အေးမြတဲ့အချိန် (မနက်စောစော သို့မဟုတ် ညနေစောင်း) မှာ ရေဆေးသန့်စင်ပေးဖို့ လိုပါတယ်။
၂။ ဝါယာကြိုး ချိတ်ဆက်မှုများ (Loose Connections)
အပူချိန်ကြောင့် ဝါယာကြိုးတွေဟာ ပွလာ၊ ကျုံ့လာတတ်ပါတယ်။ ဘက်ထရီခေါင်းတွေနဲ့ Breaker တွေမှာ ကြိုးချောင်နေရင် အပူထွက်ပြီး စွမ်းအင်လေလွင့်ရုံတင်မကဘဲ မီးဘေးအန္တရာယ်ပါ ရှိနိုင်ပါတယ်။
၃။ Inverter Ventilation (လေဝင်လေထွက်)
Inverter တွေဟာ အလုပ်လုပ်တဲ့အခါ အပူထွက်ပါတယ်။ အပူချိန်အရမ်းများရင် စနစ်က သူ့အလိုလို အားလျှော့ချလိုက်တတ်ပါတယ် (Derating)။ ဒါကြောင့် Inverter ရှိတဲ့နေရာဟာ လေဝင်လေထွက် ကောင်းမွန်ဖို့နဲ့ အပူချိန် အလွန်အကျွံ မရှိဖို့ စနစ်တကျ စီမံထားရပါမယ်။
#ဆိုလာ
20/03/2026
Solar PV နှင့် မြေရှားဓာတ်သတ္တုများ- သန့်ရှင်းသောစွမ်းအင်၏ နောက်ကွယ်မှ အဖိုးတန်ပစ္စည်းများ
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ဆိုလာစနစ်တွေဟာ နေရောင်ခြည်ကနေ လျှပ်စစ်ထုတ်ပေးရုံတင်မကဘဲ ကမ္ဘာ့အရှားပါးဆုံး ဓာတ်သတ္တုအချို့ကိုလည်း အသုံးချထားတာ ဖြစ်ပါတယ်။ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဒီပစ္စည်းတွေက ဆိုလာစနစ်ရဲ့ စွမ်းဆောင်ရည် (Efficiency) အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။
၁။ ဆိုလာပြား (PV Modules) ထဲမှာ ဘာတွေပါလဲ?
ဆိုလာပြားအများစုကို Silicon နဲ့ ပြုလုပ်ထားပေမယ့် စွမ်းဆောင်ရည်မြင့် Thin-film solar cells တွေမှာတော့ Indium (အင်ဒီယမ်)၊ Gallium (ဂယ်လီယမ်) နဲ့ Selenium (ဆီလီနီယမ်) လို မြေရှားဓာတ်သတ္တုတွေကို အသုံးပြုကြပါတယ်။ ဒါတွေက အလင်းကို လျှပ်စစ်ပြောင်းလဲတဲ့နေရာမှာ အလွန်ထိရောက်တဲ့အတွက် ဆိုလာပြားရဲ့ အရွယ်အစားကို သေးငယ်စေပြီး စွမ်းအင်ပိုထွက်စေပါတယ်။
၂။ Inverter နှင့် High-Efficiency Magnets
ဆိုလာစနစ်မှာ အရေးပါတဲ့ Inverter တွေနဲ့ အချို့သော လေအားလျှပ်စစ်စနစ်တွေမှာ Neodymium (နီယိုဒီယမ်) ကို အသုံးပြုထားတဲ့ အလွန်အားကောင်းတဲ့ သံလိုက် (Permanent Magnets) တွေ ပါဝင်ပါတယ်။ ဒါတွေက စွမ်းအင်ကူးပြောင်းမှု (Energy Conversion) လုပ်တဲ့နေရာမှာ အလေအလွင့်နည်းစေဖို့ အဓိက ကူညီပေးတာပါ။
၃။ အနာဂတ်စွမ်းအင်နှင့် စိန်ခေါ်မှု
မြေရှားဓာတ်သတ္တုတွေဟာ အကန့်အသတ်ရှိတဲ့အတွက် အင်ဂျင်နီယာလောကမှာ ဒီပစ္စည်းတွေကို အစားထိုးနိုင်မယ့် နည်းပညာတွေ (ဥပမာ- Perovskite solar cells) ကိုလည်း ဆက်တိုက်သုတေသနပြုနေကြပါတယ်။ ဒါကြောင့် ဆိုလာစနစ်တစ်ခုကို ရွေးချယ်တဲ့အခါ ခေတ်မီတဲ့ နည်းပညာ (Advanced Materials) သုံးထားတဲ့ Brand တွေကို ရွေးချယ်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် -
သန့်ရှင်းသောစွမ်းအင် (Green Energy) ဆိုတာ သာမန်နေရောင်ခြည်တင်မကဘဲ ကမ္ဘာမြေရဲ့ အဖိုးတန်ဓာတ်သတ္တုတွေကို နည်းပညာနဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။
ဒီလို အဆင့်မြင့်နည်းပညာတွေကို စနစ်တကျ အသုံးချပြီး သင့်အိမ်အတွက် အကောင်းဆုံး ဆိုလာစနစ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့...
ဘယ်လို Panel အမျိုးအစားက သင့်လုပ်ငန်းနဲ့ အကိုက်ညီဆုံးလဲ?
နည်းပညာမြင့် ပစ္စည်းတွေကို ရေရှည်ခံအောင် ဘယ်လိုတပ်ဆင်ရမလဲ?
ဒါတွေကို အသေးစိတ် တွက်ချက်လမ်းညွှန်ပေးဖို့ SH Solar Engineering and Technical Advisor က အမြဲအသင့်ရှိနေပါတယ်။
#ဆိုလာ
19/03/2026
Battery သိကောင်းစရာ- အသက်ရှည်ရှည်သုံးနိုင်ဖို့ အင်ဂျင်နီယာနည်းလမ်းများ
ဆိုလာတပ်ပြီးမှ ဘက်ထရီခဏခဏလဲနေရလို့ စိတ်ညစ်နေပါသလား? ဘက်ထရီဆိုတာ ဝယ်ပြီးတပ်ရုံနဲ့မပြီးပါဘူး။ စနစ်တကျ တွက်ချက်မှုနဲ့ ဂရုစိုက်မှုရှိမှသာ ရင်းနှီးရတဲ့ငွေနဲ့ ထိုက်တန်တဲ့ သက်တမ်းကို ရရှိမှာပါ။
၁။ စနစ်တကျ တွက်ချက်ခြင်း (Sizing Correctively)
လူအတော်များများ မှားတတ်တာက Load နဲ့ မမျှတဲ့ ဘက်ထရီကို သုံးမိတာပါ။
Depth of Discharge (DoD): ခဲဘက်ထရီ (Gel/Deep Cycle) ဆိုရင် ၅၀ ရာခိုင်နှုန်းထက် ပိုမသုံးသင့်ပါဘူး။ လစ်သီယမ် (Lithium) ဆိုရင်တော့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ စိတ်ချလက်ချ သုံးနိုင်ပါတယ်။
Calculation: ဥပမာ- ညဘက်မှာ 1000Wh (1kWh) သုံးမယ်ဆိုရင် ခဲဘက်ထရီဆိုရင် 200Ah (12V) လိုအပ်ပြီး၊ လစ်သီယမ်ဆိုရင်တော့ 100Ah (12V) နဲ့တင် လုံလောက်ပါတယ်။
၂။ စနစ်တကျ တပ်ဆင်ခြင်း (Professional Installation)
တပ်ဆင်တဲ့နေရာမှာ အသေးအဖွဲလေးတွေကအစ အရေးကြီးပါတယ်။
Wire Sizing: ဘက်ထရီကြိုးတွေဟာ တိုပြီး တုတ်ရပါမယ်။ ကြိုးသေးရင် ဗို့အားကျ (Voltage Drop) ပြီး အားမပြည့်တာ၊ အပူလွန်ကဲတာတွေ ဖြစ်တတ်ပါတယ်။
Ventilation: ဘက်ထရီတွေကို လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့နေရာမှာ ထားရပါမယ်။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ် တိုးလာတိုင်း ဘက်ထရီသက်တမ်းဟာ တစ်ဝက်ခန့် လျော့ကျသွားနိုင်ပါတယ်။
Tight Connection: ဘက်ထရီခေါင်း (Terminals) တွေကို ကျပ်နေအောင် ဖန်တီးပါ။ ချောင်နေရင် အပူထွက်ပြီး မီးလောင်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
၃။ စနစ်တကျ ထိန်းသိမ်းခြင်း (Maintenance Tips)
Charging Parameters: Inverter ထဲမှာ ဘက်ထရီအမျိုးအစားအလိုက် Bulk, Absorption နဲ့ Float Voltage တွေကို Manual ထဲကအတိုင်း တိတိကျကျ ချိန်ညှိရပါမယ်။ (ဒါဟာ Technical Advisor တစ်ယောက်ရဲ့ အဓိကအလုပ်ပါ)။
Equalization: ခဲဘက်ထရီသုံးရင် အနည်းဆုံး တစ်လတစ်ကြိမ် Equalize လုပ်ပေးဖို့ လိုပါတယ်။
Cleanliness: ဘက်ထရီခေါင်းတွေမှာ အညှိတက်တာ၊ ဖုန်တက်တာတွေကို အမြဲသန့်ရှင်းရေးလုပ်ပါ။
"ဘက်ထရီသက်တမ်းဟာ သင်ဘယ်လိုသုံးသလဲဆိုတာထက် သင်ဘယ်လိုတွက်ချက်တပ်ဆင်သလဲဆိုတာပေါ်မှာ ၇၀ ရာခိုင်နှုန်း မူတည်နေပါတယ်။"
မိမိတို့အိမ်က ဘက်ထရီတွေ အားမခံတော့တာ၊ ခဏခဏ ပူလာတာမျိုးတွေ ရှိနေရင်...
ဘယ်လို Setting ပြန်ချိန်ရမလဲ?
ကိုယ်သုံးမယ့် Load နဲ့ ဘယ်ဘက်ထရီက အကိုက်ညီဆုံးလဲ?
ဒါတွေကို သိရှိဖို့ SH Solar Engineering and Technical Advisor ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့က နည်းပညာအရ အသေးစိတ် တွက်ချက်အကြံပြုပေးနေပါတယ်ဗျာ
10/03/2026
စက်သုံးဆီစျေးနှုန်းနဲ့ လျှပ်စစ်မီး အကျပ်အတည်းအတွက် "Engineered Solution" ရှိပါသလား?
အခုတလော စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ မီးစက်မောင်းဖို့ ကုန်ကျစရိတ် (Running Cost) က အဆမတန် ကြီးမားလာပါတယ်။ လူအတော်များများက Solar တပ်ဖို့ စဉ်းစားကြပေမယ့် "ရင်းနှီးရတာနဲ့ တန်ပါ့မလား" ဆိုတာကို တွက်ချက်ရ ခက်နေတတ်ကြပါတယ်။
ကျွန်တော့်နေနဲ့ ဒီပြဿနာကို ROI (Return on Investment) အမြင်နဲ့ ရှင်းပြပေးချင်ပါတယ်။
၁။ မီးစက် vs ဆိုလာ (The Efficiency War)
မီးစက် (Generator) တစ်လုံးဟာ လောင်စာစွမ်းအင်ကို လျှပ်စစ်စွမ်းအင်ပြောင်းတဲ့နေရာမှာ အပူစွမ်းအင်အဖြစ် လေလွင့်မှု (Energy Loss) အရမ်းများပါတယ်။ ပြီးတော့ ဆီဖိုးက နေ့တိုင်းကုန်နေမယ့် "စာရင်းသေ" ကုန်ကျစရိတ်ပါ။ ဆိုလာစနစ်မှာတော့ အစပိုင်းမှာ တပ်ဆင်ခ (Initial Cost) ရှိပေမယ့် နောက်ပိုင်းမှာ Fuel Cost = 0 ဖြစ်သွားပါတယ်။
၂။ စနစ်ကျတဲ့ "Hybrid System" က သင့်ပိုက်ဆံကို ဘယ်လိုကာကွယ်ပေးသလဲ?
ကျွန်တော်တို့ အကြံပြုတဲ့ Deye သို့မဟုတ် Luxpower လို Hybrid စနစ်တွေဟာ နေရောင်ခြည်ရတဲ့အချိန်မှာ Load ကို အရင်မောင်းပေးပြီး ပိုတဲ့အားကို Battery ထဲ သိမ်းပါတယ်။ မီးလာတဲ့အချိန်မှာလည်း Battery ကို အားမသွင်းဘဲ ဆိုလာနဲ့ပဲ သွင်းအောင် Parameter Setting တွေ ချိန်ညှိပေးထားနိုင်တဲ့အတွက် လျှပ်စစ်ခကိုပါ ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။
၃။ ရေရှည်တည်တံ့မှု (Reliability & Longevity)
စက်သုံးဆီက အချိန်မရွေး ပြတ်လပ်နိုင်ပေမယ့် နေရောင်ခြည်ကတော့ အခမဲ့ ရနေမှာပါ။ အင်ဂျင်နီယာပီပီ Jinko သို့မဟုတ် JA Solar လို Tier 1 ပြားတွေနဲ့ Pylontech သို့မဟုတ် Felicity လို Lithium Battery တွေကို စနစ်တကျ တွက်ချက်တပ်ဆင်မယ်ဆိုရင် အနည်းဆုံး (၁၀) နှစ်ကနေ (၁၅) နှစ်အထိ စိတ်ချလက်ချ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ -
စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ Energy Independence (စွမ်းအင်ကိုယ်ပိုင်လွတ်လပ်ခွင့်) ကိုတော့ နည်းပညာနဲ့ တည်ဆောက်ယူလို့ ရပါတယ်။
သင်ဟာ လုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ဖြစ်၊ အိမ်ရှင်တစ်ယောက်ပဲဖြစ်ဖြစ်...
မီးစက်အစား ဆိုလာပြောင်းသုံးရင် ဘယ်လောက်သက်သာမလဲ?
သင့်အိမ်ရဲ့ Load အလိုက် အသင့်တော်ဆုံး စနစ်က ဘာလဲ?
ဆိုတာတွေကို စနစ်တကျတွက်ချက်ပြီး တတ်ကြွမ်းသူများနဲ့ဆွေးနွေးပြီးမှသာ တပ်ဆင်သင့်ပါတယ်
"စနစ်တကျတွက်ချက်ခြင်းဖြင့် အလေအလွင့်မရှိတဲ့ စွမ်းအင်ကို ရယူပါ"
#ဆိုလာ #ဆီဈေး
08/03/2026
ဆိုလာတပ်တော့မယ်ဆိုရင် လူတိုင်းအမှားအယွင်း အဖြစ်များဆုံး (၃) ချက်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စနစ် (Solar System) တစ်ခုဟာ စနစ်တကျ တွက်ချက်တပ်ဆင်ရင် ဆယ်စုနှစ်တစ်ခုမက အသုံးခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ "ဆိုလာတပ်တာ အလုပ်မဖြစ်ဘူး၊ ခဏခဏ ပျက်တယ်" လို့ ပြောနေကြတာတွေ ရှိပါတယ်။ ဘာကြောင့်လဲ?
Electrical Engineer တစ်ယောက်အနေနဲ့ လေ့လာမိသလောက် အဓိက အမှားအယွင်း (၃) ချက်ကို ဝေမျှပေးပါရစေ။
၁။ Load (အသုံးပြုမယ့်လျှပ်စစ်) ကို မတွက်ချက်ဘဲ တပ်ဆင်ခြင်း
အဖြစ်များဆုံးကတော့ "ဆိုလာပြား (၂) ချပ်၊ ဘက်ထရီ (၁) လုံးဆိုရင် ရပြီ" လို့ ယေဘုယျတွက်တာပါ။ တကယ်တော့ သင့်အိမ်မှာသုံးမယ့် မီးသီး၊ ဖန်ကာ၊ ရေခဲသေတ္တာတွေရဲ့ Watt (ဝပ်) အားကို တွက်ရပါမယ်။
အမှား: နေ့ခင်းဘက်တင်မက ညဘက်ပါ သုံးချင်တာကို ဘက်ထရီဆိုဒ် သေးနေခြင်း။
အကြံပြုချက်: မတပ်ခင်မှာ ကိုယ်သုံးမယ့် ပစ္စည်းစာရင်းကို အရင်ချရေးပါ။ Engineer တစ်ယောက်နဲ့ အသေအချာ တွက်ချက်ပါ။
၂။ ပစ္စည်းအမျိုးအစား မကိုက်ညီခြင်း (Mismatched Components)
ဆိုလာပြားက ထွက်တဲ့အားနဲ့ ဘက်ထရီရဲ့ ဝင်ဆံ့နိုင်စွမ်း၊ ပြီးတော့ အဲ့ဒါကို ထိန်းချုပ်မယ့် Controller (သို့မဟုတ်) Inverter တွေဟာ တစ်ခုနဲ့တစ်ခု Parameter ချိတ်ဆက်မှု မှန်ကန်ရပါမယ်။
အမှား: စျေးသက်သာတဲ့ Controller သုံးမိလို့ ဘက်ထရီကို အားအပြည့်မသွင်းနိုင်တာမျိုး (သို့မဟုတ်) Battery ပုပ်သွားတာမျိုး။
အကြံပြုချက်: အခုခေတ်မှာ MPPT Controller တွေ၊ Lithium (LiFePO4) Battery တွေကို စနစ်တကျ ရွေးချယ်တတ်ဖို့ လိုပါတယ်။
၃။ ဝါယာကြိုး ဆိုဒ်ရွေးချယ်မှု မှားယွင်းခြင်း (Undersized Wiring)
ဒါက လူသတိမထားမိဆုံး အချက်ပါ။ ဆိုလာပြားကနေ အားသွင်းကြိုးဟာ သေးနေရင် (သို့မဟုတ်) ရှည်လွန်းရင် Voltage Drop (ဗို့အားကျဆင်းမှု) ဖြစ်ပြီး အားမဝင်တော့ပါဘူး။
အမှား: အိမ်သုံးဝါယာကြိုး ရိုးရိုးကို ဆိုလာမှာ သုံးမိခြင်း။
အကြံပြုချက်: DC Current အတွက် သီးသန့်ထုတ်ထားတဲ့ Solar Cable တွေကို သုံးရပါမယ်။ ကြိုးဆိုဒ် (sq-mm) ကိုလည်း အကွာအဝေးအလိုက် တွက်ချက်ရွေးချယ်ရပါမယ်။
"ဆိုလာတပ်တယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ စနစ်တကျ မတွက်ချက်ဘဲ တပ်ဆင်ရင် ငွေကုန်လူပန်း ဖြစ်တတ်ပါတယ်။"
ဒါကြောင့် လူကြီးမင်းတို့ ရဲ့ solar Energy အပေါ် ရင်းနှီးမြုပ်နှံမူကို တစ်ကယ် တတ်ကြွမ်းသော သူများနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်
တောတောင်တွေကိုချစ်တဲ့သူမို့ mountain bike လေးပတ်စီး
ဒီကောင်မလေးနဲ့တော့ ခက်တော့တာဘဲ
E bike for you
ဆီဈေးတေကို ဂရုစိုက်စရာမလို
E bike လေးတစ်စီးရှိရင်ကိုအဆင်ပြေနေရော့
အရည်တွေးကောင်းမွန်သော E bike များမှာယူရရှိနိုင်ပါပီ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon