Atlas Inks Literary
Authentic book sales
Can order from everywhere
09400774277(Viber and telegram) or page messenger
https://t.me/atlasink2026
21/02/2026
မနက်ဖြန်ကျမှ စိတ်ညစ်ရမှာကို မနက်ဖြန်ကျမှစိတ်ညစ်မယ်
သေခြင်းတရားကိုလည်း မနက်ဖြန်ကျမှစိတ်ညစ်မယ်
အောင်ချိမ့်
တန်ဖိုး ၃၀၀၀၀ကျပ်
မှာယူလိုပါက page messenger (သို့) Viber (နှင့်) telegram တို့မှတစ်ဆင့်ဈေးနှုန်းချိုသာစွာ မှာယူနိုင်ပါတယ်
Viber and Telegram Phone Number- 09400774277(ဤဖုန်းနံပါတ်ကိုသာအသုံးပြုပါတယ် )
မြန်မာနိုင်ငံရှိအမြို့မြို့အနယ်နယ်တိုင်းကို အိမ်ရောက်ငွေချေ သို့မဟုတ် ငွေကြိုရှင်း အမျိုးမျိုးဖြင့်မှာယူနိုင်ပါတယ်
ရန်ကုန်ကမှာယူမယ်ဆိုရင် စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်းdeliခ အခမဲ့ဖြင့်မှာယူနိုင်ပါတယ်
ပြည်ပနိုင်ငံရပ်ခြားမှလည်း(ငွေကြိုရှင်း)ဖြင့်မှာယူနိုင်ပါတယ်
20/02/2026
🟥တက္ကသိုလ်၊ကောလိပ်နဲ့
အဆောင်နဲ့ကျောင်း တွဲထားတဲ့ပုံစံ
🟨တက္ကသိုလ်
♦️၁၀၈၈ ခုနှစ်မှာ ဥရောပရဲ့ ပထမဆုံး တက္ကသိုလ်ကို ယခုခေတ် အီတလီမြောက်ပိုင်းမှာရှိတဲ့ ‘ဘိုလိုညာ’ (Bologna) မှာ စတင်တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းရာစုတွေရောက်တော့ အလားတူ အင်စတီကျူးရှင်းတွေ ပါရီ၊ အောက်စဖို့ဒ်(ဒ်)၊ ကိန်းဘရစ်ချ်နဲ့ ‘ပက်ဒူယာ’ (Padua) တို့မှာ အစို့အညှောင့်တွေ ထွက်ပေါ်လာပါတော့တယ်။ ဒီလိုနဲ့ ၁၃၀၀ ပြည့်နှစ်ရောက်လာတော့ ဥရောပဟာ တက္ကသိုလ်ပေါင်း ၁၅ ခုကနေ ၂၀ အထိရဲ့ "ဘူမိနက်သန်" ဖြစ်လာပါတယ်။ စတင်ပေါ်ထွက်ခါစကတော့ အဲဒီတက္ကသိုလ် ကျောင်းတိုက်ကြီးတွေဟာ ဥပဒေကြောင်းအရ အပြည့်အဝ လွတ်လပ်ခွင့်ရသေးတာတော့ မဟုတ်ပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သောတုဇနတွေဟာ" တဗူး"(Taboo) (အများက ‘ရှောင်ကြဉ်ရမယ့်အရာ’ လို့ သတ်မှတ်ထားတာတွေ) ကို လေ့လာဆန်းစစ်ပြီး ‘ဖြစ်နိုင်ခြေ’ အချို့ကို ပြန်လည် ဖော်ထုတ်လာကြတယ်။ ဒါတွေကို သက်ဆိုင်ရာ မိခင်ဘာသာနဲ့ ဘာသာပြန်ဆိုကြပြီး လိုက်နာနိုင်တဲ့ ဥပဒေတွေကို ပြန်လည်သတ်မှတ်လာကြတယ်။ တစ်ခုတော့ရှိလေရဲ့။ ဘာသာတရားနဲ့ ငြိနေတဲ့ သုတေသနအချို့ကိုတော့ တက္ကသိုလ်ပြင်ပမှာပဲ ပြုလုပ်ကြရတယ်။ (ဥပမာပြရရင် ဘာသာရေးက ‘မိစ္ဆာဒိဋ္ဌိ’ လို့ ယူဆထားတဲ့ ကြယ်တာရာတွေကြားက ကမ္ဘာကြီးရဲ့ တည်နေရာလို သိပ္ပံပညာနဲ့ ဆင်ခြင်ကြည့်တာမျိုးပေါ့) ဒီလိုနဲ့ ကာလတစ်ခုကြာလာတော့ မြို့ပြတော်တော်များများရှိတဲ့ တက္ကသိုလ်ကျောင်းတိုက်ကြီးတွေဟာ ခရစ်ယာန် တရားဟောဆရာတွေလိုပဲ ‘လွတ်လပ်ခွင့်’ နဲ့ ‘ကင်းလွတ်ခွင့်’ တွေ ရလာကြပါတယ်။ သူတို့သာ ဆန္ဒရှိရင် ပိုလွတ်လပ်တဲ့ သုတေသနလုပ်ခွင့်တွေပါ ရလာခဲ့တယ်။ ‘ပက်ဒူယာတက္ကသိုလ်’ ရဲ့ ဆောင်ပုဒ်ဆိုရင် "Universa Universis Patavina Libertas" ဆိုတာမျိုးအထိ ဖြစ်လာတယ်။ အဓိပ္ပာယ်ကတော့ “ပက်ဒူယာတက္ကသိုလ်ရဲ့ လွတ်လပ်မှုဟာ လောကလုံး သဘောဆောင်ပြီး အားလုံးအတွက် ဖြစ်တယ်” တဲ့။
♦️၁၄ ရာစုရောက်လာတော့ ‘လက်တွေ့အသိပညာ’ နဲ့ ‘ဒဿနဆိုင်ရာ အသိပညာ’ ကြား ချိန်ခွင်လျှာမျှမှုကို နောက်တစ်ကြိမ် ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားလာကြပြန်တယ်။ အီတလျံပညာရှင်များနဲ့ စာရေးဆရာအချို့က “တက္ကသိုလ်တွေဟာ အထူးပြု သင်ကြားရေးကို ဇောင်းပေးလွန်းလာတယ်” လို့ ထင်မြင်ယူဆလာကြတယ်။ သူတို့တစ်တွေကပဲ “ဥရောပရဲ့ပညာရေးကို ဂရိနဲ့ရောမ အနှစ်သာရများဆီ ပြန်သွားဖို့” စဉ်းစားလာကြတယ်။ တကယ်တော့ သူတို့တစ်တွေဟာ ပညာရေးမှာ ‘လူကို အဓိကထားလိုတဲ့ ပညာရှင်တွေ’ (Humanists) ဖြစ်ပါတယ်။ အဲဒီခေတ်၊ အဲဒီအခါ အလယ်ခေတ် တက္ကသိုလ်တိုင်းမှာ ပျံ့နှံ့နေတဲ့ ‘အသေးစိတ်ကျလွန်းတဲ့ သင်ယူရေး’ နဲ့ ‘သီအိုရီဂျီဆိုင်ရာ ပညာရေးချဉ်းကပ်မှု’ တွေကို သူတို့က ဘဝင်မကျ ဖြစ်လာကြတယ်။ အဲဒီပုံစံအစား ‘စာပေအနုပညာ’၊ ‘နှုတ်မှုပညာ’ နဲ့ ‘လေ့လာသင်ယူရေး’ ကို ပြန်လည်ဖော်ထုတ်ဖို့ သူတို့တစ်တွေကပဲ ဆော်ဩလာကြတယ်လို့ ကွယ်လွန်သူ ဂျာမန်ဒဿနပညာရှင် ‘ပေါ(လ)အော်စကာ ခရစ်စတယ်လာ’ က မှတ်ချက်ပြုပါတယ်။ “ဒီနည်းနဲ့ ‘ရှေးဟောင်းစာပေ’ နဲ့ ‘သမိုင်းလေ့လာရေး’ ကို အသစ်တစ်ဖန် အရှိန်မြှင့်လာနိုင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။ ဒီလိုနဲ့ ရှေ့လာမယ့် ရာစုနှစ်ခုအတွင်း ‘ရီနေးဆင့်ခေတ် လူ့အခြေပြုဝါဒ’ (Renaissance Humanism) ဟာ ဥရောပတစ်တိုက်လုံး ပျံ့နှံ့သွားပါတော့တယ်။
🟨ကောလိပ်
🔸ဒါပေမဲ့ ၁၄ ရာစု ‘လူ အဓိကဝါဒီ’တွေ ဖော်ထုတ်ခဲ့ကြတဲ့ ‘ပညာသင်ကြားရေးအစဉ်အလာ’ဟာ ကနေ့ ပြောဆိုနေကြတဲ့ ‘လစ်ဘရယ် ပညာရေး အတွေ့အကြုံ’ကို တိုက်ရိုက် ဖန်တီးပေးခဲ့တာတော့လည်း မဟုတ်သေးပါ။ တကယ်တော့ လစ်ဘရယ် ပညာရေး ခေတ်သစ်အစဉ်အလာဟာ တက္ကသိုလ်တွေထက် ‘ကောလိပ်’တွေနဲ့ ပိုနီးစပ်ပါတယ်။ ပြောရရင် ‘ကောလိပ်’ဆိုတာ ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ ‘အန်ဒရူး ဒဲ(လ)ဘန်ဂိုး ပြောသလို အခြေခံအရ အင်္ဂလိပ်အတွေးအမြင်သာ ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်လှန်ရရင် အစောဆုံး အင်္ဂလိပ်ကောလိပ်တွေကို ‘ခရစ်ယာန်ဘာသာရေးပညာ’ လေ့လာနေကြတဲ့ သောတုဇနတွေအတွက် ၁၃ ရာစုအတွင်းက စတင်တည်ထောင်ခဲ့တာပါ။ အဲဒီကောလိပ်တွေမှာ တက်ရောက် သင်ကြားကြတဲ့ သောတုဇနတွေရဲ့ အဓိက တာဝန်ကတော့ ကောလိပ်အတွက် ထောက်ပံ့လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့ စိတ်ဝိညာဉ်အတွက် ဂုဏ်ပြုပွဲများ ကျင်းပပေးဖို့နဲ့ သူတို့တစ်တွေ ကို အစောအပါးဘဝမှ လွတ်မြောက်စေရေးအတွက် ဆုတောင်းပေးဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကပြောချင်တာက ဘာသာရေးဩဇာဟာ ကောလိပ်ကျောင်းတွေအပေါ်မှာ ခိုင်ခိုင်မာမာကြီး အမြစ်တွယ်နေတယ်ဆိုတာကိုပါ။ ဥပမာနဲ့ပြောရရင် ကောလိပ်ကျောင်းတွေက လူသိရှင်ကြား ထုတ်ပြန်တဲ့ မိန့်ခွန်းတွေဆိုရင် တနင်္ဂနွေဘာသာရေး ဟောပြောချက်တွေသာ များပါတယ်။ လောကီရေးနဲ့ ဆိုင်တာဆိုလို့ မပါသလောက်ပါပဲ။ ဒါပေမဲ့ ကောလိပ်က ရွေးချယ်ထားတဲ့ သင်ရိုးညွှန်းတမ်းမှာတော့ ဘာသာရပ်မျိုးစုံ ပါဝင်ပါတယ်။ သီအိုလိုဂျီနဲ့ မဆိုင်တဲ့ ဘာသာရပ်တွေတောင် ပါဝင်တယ်။
🔸၁၉ ရာစုရောက်လာတော့မှ ခရစ်ယာန်ဘုန်းတော်ကြီးများအတွက် လေ့ကျင့်သင်ကြားပေးရာကျမ်း စာသင် ကျောင်းတွေလို ဖြစ်နေတဲ့ ကောလိပ်တွေဟာတဖြည်း ဖြည်း လောကီဆန်လာကြပါတယ်။ ဒီကာလလောက်မှာပဲ ဥရောပတက္ကသိုလ်တွေနဲ့ ကွဲပြားခြားနားတဲ့ စရိုက်လက္ခဏာတွေ စတင်ဖွံ့ဖြိုးလာခဲ့တယ်။ အဲဒီကာလ ဥရောပတက္ကသိုလ်အများစု (အထူးသဖြင့် ဂျာမနီ)ဟာ ‘သုတေသနလုပ်ငန်း’ကို ဦးစားပေးခဲ့ကြပါတယ်။ လောကီဆန်လာတဲ့ ကောလိပ်တွေကတော့ ‘သင်ကြားရေး’ကိုသာ အဓိကထားခဲ့ပြီး ရှင်းလင်းတိကျတဲ့ သုတေသနလုပ်ငန်းဆိုလို့ မရှိသလောက်ကို ရှားနေဆဲဖြစ်ပါတယ်။ ကောလိပ်တွေရဲ့ ထင်သာမြင်သာတဲ့ ‘ဥပဓိ’ ကိုတော့ သူတို့ရဲ့ ‘ဗိသုကာ’ နဲ့ သရုပ်ထင်ထားပါတယ်။ ခန့်ညားထည်ဝါတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦတွေရဲ့ အလယ်တည့်တည့်လောက်မှာ ဟင်းလင်းဖွင့်ထားတဲ့ ကွက်လပ်တစ်ခုရှိလေရဲ့။ ဒီကွက်လပ်ကြီးရဲ့ ပတ်ပတ်လည်မှာတော့ ကျောင်းသားတွေ နေထိုင်ရာ ‘အဆောင်’တွေကို စီစဉ်ခင်းကျင်းထားတယ်။ ကျောင်းသားအချင်းချင်း ရင်းရင်းနှီးနှီးတွေ့ဆုံနိုင်မယ့် အများသုံးအခန်းတွေရှိသလို ဝတ်ပြုဆုတောင်းဖို့ သီးသန့်ခန်းတွေလည်း ရှိတယ်။ ဒါတင်မက ကျောင်းသားတွေ အေးအေးလူလူ စာဖတ်နိုင်ဖို့အတွက် ‘စာကြည့်တိုက်’တွေလည်း ထားပေးထားတယ်။ အခုလို ‘စာသင်ဆောင်’ နဲ့ ‘ကျောင်းသားတွေ နေထိုင်ရာ အဆောင်’ကို တွဲထားတဲ့စနစ်ကို ‘Residential College Model’ လို့ ခေါ်ပါတယ်။ ဒီစနစ်ကို အင်္ဂလန်က စတင်ခဲ့ပြီး ‘အင်္ဂလို-အမေရိကန်’ လောကတစ်လုံး ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာ ‘ဘွဲ့ကြိုကျောင်းသား’တွေအတွက် သီးသန့်စီစဉ်ပေးခဲ့တာဟာ ကနေ့အထိပဲ ဖြစ်ပါတယ်။
🟨အဆောင်နဲ့ကျောင်းတွဲထားတဲ့ပုံစံ
🔹သည်လိုနဲ့ ၂၀ ရာစု အစောပိုင်းကို ရောက်လာခဲ့တယ်။ အမေရိကန် အဓိက တက္ကသိုလ်ကြီးတွေထဲက ‘ဟားဗတ်’ နဲ့ ‘ယေး(လ်)’ တို့ဟာ အမွေးအဆောင် စုံလင်တဲ့ ‘အဆောင်နဲ့ စာသင်ကျောင်း တွဲထားတဲ့ပုံစံ’ ကို မွေးစားလာကြတော့တယ်။ ဒီတက္ကသိုလ်ကြီးတွေမှာ တစ်စိတ်တစ်ပိုင်း သင်ကြားနေတဲ့ လစ်ဘရယ်ဘာသာရပ်တွေမှာ ကျောင်းသားတွေကြား ရင်းနှီးခင်မင်တဲ့ နောက်ခံဝန်းကျင်ကို ဖန်တီးနိုင်ဖို့ ‘အဆောင်နဲ့ ကျောင်းတွဲထားတဲ့ပုံစံ’ ကို ကျင့်သုံးလာကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းတွေဟာလည်း သူတို့ရဲ့ မူလရည်ရွယ်ချက်တွေကို ထိန်းသိမ်းရင်း ကြီးကျယ်တဲ့ ‘သုတေသနတက္ကသိုလ်’ တွေဖြစ်လာအောင် ကြိုးပမ်းလာကြတယ်။ ကောလိပ်တွေသာမက တက္ကသိုလ်တွေပါ လိုက်ပါလာကြတဲ့ ‘အဆောင်နဲ့ စာသင်ကျောင်း တွဲထားတဲ့ပုံစံ’ မှာ အခိုင်အမာအားကောင်းတဲ့ အရည်အချင်းအချို့ ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် ‘လစ်ဘရယ်ဘာသာရပ်တွေ’ သင်ကြားရာမှာ သင်ရိုးညွှန်းတမ်းထက် ကျော်လွန်တဲ့ အတွေ့အကြုံတွေကို ရရှိစေပါတယ်။ ဒီနေ့ခေတ်၊ ဒီနေ့အခါမှာတော့ ဒီပုံစံရဲ့ ကောင်းကျိုးတွေကို နည်းမျိုးစုံနဲ့ ဖော်ပြလာကြပါတယ်။ ‘အတူနေ၊ အတူလေ့လာကြတဲ့ အတွေ့အကြုံ’ (Living-Learning Experiences)၊ ‘သက်တူရွယ်တူ ကျောင်းနေဖက်ချင်း ပူးတွဲ သင်ယူကြတဲ့ ပညာရေး’ (Peer-to-peer Education)၊ ‘ဖြန့်ကြက်သင်ယူရေး’ (Lateral Learning) စတာတွေဖြစ်ပါတယ်။
✍️ ကောက်နုတ်ချက်
🟧 လစ်ဘရယ် ပညာရေးရဲ့သမိုင်းအကျဥ်း
📖 စာ ၅၉ ◾️ ၆၂
Crd # ပါရီစာအုပ်တိုက်
မှာယူလိုပါက page messenger (သို့) Viber (နှင့်) telegram တို့မှတစ်ဆင့်ဈေးနှုန်းချိုသာစွာ မှာယူနိုင်ပါတယ်
Viber and Telegram Phone Number- 09400774277(ဤဖုန်းနံပါတ်ကိုသာအသုံးပြုပါတယ် )
မြန်မာနိုင်ငံရှိအမြို့မြို့အနယ်နယ်တိုင်းကို အိမ်ရောက်ငွေချေ သို့မဟုတ် ငွေကြိုရှင်း အမျိုးမျိုးဖြင့်မှာယူနိုင်ပါတယ်
ရန်ကုန်ကမှာယူမယ်ဆိုရင် စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်းdeliခ အခမဲ့ဖြင့်မှာယူနိုင်ပါတယ်
ပြည်ပနိုင်ငံရပ်ခြားများမှလည်း(ငွေကြိုရှင်း)ဖြင့်မှာယူနိုင်ပါတယ်
17/02/2026
Happy lunar new year
Gong xi fa cai
🧧🧧🧧
အလုပ်အကိုင်: စာအုပ်ရောင်း
အားနည်းချက်: အရောင်းpostမတင်ချင်
15/02/2026
ငြိမ်းချမ်းစွာအနားယူပါတော့ဆရာ
Rest in peace
15/02/2026
ချမ်းသာဖေဖေ ဆင်းရဲဖေဖေနဲ့ ချမ်းသာလူငယ် စမတ်လူငယ်
လူ့ဘဝတွင် သင် ငွေတွေဘယ်လောက်ရသလဲဆိုတာအဓိကမဟုတ်ဘဲ သင့်လက်ထဲမှာ ငွေတွေဘယ်လောက်မြဲသလဲ ဆိုတာသာ အဓိကဖြစ်ကြောင်း လူငယ်တော်တော်များများ သဘောမပေါက်ကြပါ
မြတ်ငြိမ်းဘာသာပြန်ထားတဲ့ နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင် Robert Koyosakiရဲ့ Rich Dad Poor Dad Rich kid Smart Kid
မှာယူလိုပါက page messenger (သို့) Viber (နှင့်) telegram တို့မှတစ်ဆင့်ဈေးနှုန်းချိုသာစွာ မှာယူနိုင်ပါတယ်
Viber and Telegram Phone Number- 09400774277(ဤဖုန်းနံပါတ်ကိုသာအသုံးပြုပါတယ် )
မြန်မာနိုင်ငံရှိအမြို့မြို့အနယ်နယ်တိုင်းကို အိမ်ရောက်ငွေချေ သို့မဟုတ် ငွေကြိုရှင်း အမျိုးမျိုးဖြင့်မှာယူနိုင်ပါတယ်
ရန်ကုန်ကမှာယူမယ်ဆိုရင် စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်းdeliခ အခမဲ့ဖြင့်မှာယူနိုင်ပါတယ်
ပြည်ပနိုင်ငံရပ်ခြားမှလည်း(ငွေကြိုရှင်း)ဖြင့်မှာယူနိုင်ပါတယ်
အားပေးမှုကိုအထူးကျေးဇူးတင်ရှိပါတယ်
14/02/2026
🔴အမေရိကန်သမိုင်း
♦️(ကိုလန်ဘတ်မတိုင်မီမှ ဒေါ်နယ်ထရန့်ခေတ်အထိ)
✍️ကိုကိုလေး
✅တန်ဖိုး - ၄၀၀၀၀ ကျပ်
♦️စာမျက်နှာ - ၆၁၁
📖စာအုပ်အရွယ်အစား- ၈ ချိုး၊ မဂ္ဂဇင်းဆိုဒ်
📕ယဥ်မျိုး စာအုပ်တိုက်
♦️ဒီစာအုပ်ဟာ ပထမဆုံးဌာနေအမေရိကန်လူ့အဖွဲ့ အစည်းကစလို့ ယနေ့ခေတ်ပြိုင် အမေရိကန် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဥ်ကျေးမှုဆိုင်ရာ ရုန်းကန်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံရေးသားထားတဲ့ သမိုင်းစာအုပ်တစ်အုပ်ပါ။
♦️စာအုပ်ရဲ့ မူရင်းရေးသားသူ သောမတ်စ်ကစ်ဒ်ဟာ သမိုင်းသုတေသနပါမောက္ခတစ်ယောက်ဖြစ်ပြီး သူပြုစုတဲ့ အခုအမေရိကန်သမိုင်းစာအုပ်ဟာ အမေရိကန်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာ ရှုထောင့်တွေကို ထိရောက်စွာ ပေါင်းစပ်ရေးသားထားတဲ့ အရည်အသွေးမြင့်စာအုပ်တစ်အုပ်အဖြစ် စာဖတ်သူတွေက သတ်မှတ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
♦️ဒီစာအုပ်ထဲမှာ အမေရိကန်သမိုင်းအဖြစ်အပျက်တွေ၊ အမေရိကန်နိုင်ငံကို ပုံဖော်ခဲ့သူတွေ၊ အမေရိကန်သမိုင်းထဲက လူသိများသူတွေ၊ အမေရိကန်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အတွေးအခေါ်တွေကို
အသေအချာ သုတေသနပြု ရေးသားထားပါတယ်။ ဒါပေမဲ့ သုတေ သနစာတမ်းဆန်ဆန်မဟုတ်တဲ့ ဖတ်ရလွယ်ကူတဲ့ စကားပြေအရေးအသားတွေနဲ့ ရေး သားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
♦️ဒီစာအုပ်ထဲမှာ အမေရိကန်သမိုင်ထဲက အဓိက သမိုင်းစဥ်တွေဖြစ်တဲ့ ကိုလန်ဘတ်၊ အမေရိကန်တော်လှန်ရေး၊ အမေရိကန်ပြည်တွင်းစစ်၊ ပထမကမ္ဘာစစ်၊ မဟာစီးပွားပျက်ကပ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်၊ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုနဲ့ အကြမ်းဖက်ခေတ်တို့ကို
ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။
♦️ဒီလို ရှင်းလင်းပြည့်စုံစွာ ပြုစုထားတဲ့ သမိုင်းတစ်အုပ်ဖြစ်လို့ အမေရိကန်သမိုင်းတစ်ခုလုံးကို လေ့လာလိုတဲ့ လူငယ်ကျောင်းသားများကစလို့ ပိုင်းခြားသိမြင်နိုင်တဲ့ လူရွယ်လူကြီးပိုင်း စာဖတ်သူများအတွက်ပါ ဖတ်ရှုလေ့လာနိုင်တဲ့ စာအုပ်တစ်အုပ်ပါ။
♦️အထူးသဖြင့် GEDတက်နေတဲ့ကျောင်းသားများ social study ဘာသာရပ်ကိုပိုမိုလွယ်ကူစွာ နားလည်နိုင်ရင်ဖတ်သင့်ပါတယ်
13/02/2026
💛တစ်ပိုင်းတစ်စ ဒိုင်ယာရီ
✍️အောင်မင်း
🟨ဝတ္ထုတို ၁၃ ပုဒ်
♦️ပထမအကြိမ်
🎨မျက်နှာဖုံး - စန်းစန်းဦး ပန်းချီကို စိုးမင်းအောင်
✅တန်ဖိုး ၁၀၀၀၀ ကျပ်
---------
ရှုမဝ မဂ္ဂဇင်း မှ သည် ဟန်သစ် beauty စတိုင်သစ် မဂ္ဂဇင်းများအထိ နှစ်ကာလများတစ်လျောက် ကြိုကြား ကြိုကြား ရေးလာခဲ့တဲ့ ၀ တ္ထုများ စုစည်း ထုတ်ဝေမှု ဖြစ်ပါတယ်။
အမှာ မှ တစ်ပိုင်းတစ်စ. . . . .၈၈ မတိုင်ခင်က ခေတ်ကြီး ဖြတ်သန်းသွားပုံက အိပဲ့ အိပဲ့နဲ့ ငြီးငွေ့ ပျင်းရိဖွယ်။ သဲအိမ်မောင်နေဝါရဲ့ ဇာတ်ကောင်တွေလို နေထိုင်ခဲ့ကြတဲ့ ကာလ။ ဘာသာပြန် စာအုပ်တွေအနေနဲ့ ပြောရရင် 'ပုလိပ်' ကပ်ဆိုးကြီး မလာခင် အိုရန်မြို့ရဲ့ ပူပြင်းပြီး ငြီးငွေ့ဖွယ် မြင်ကွင်းမျိုး။ 'ပါရီကျဆုံးခန်း'ထဲ ဖက်ဆစ်တွေ ဝင်မလာခင် ရှာရှေမီဒီ လမ်းမကြီးကို ထိုင်ကြည့်ပြီး လေးလံနေတဲ့ ပန်းချီဆရာ အန်ဒရေ လိုမျိုး။ ကျွန်တော်ဟာ အိမ်ကနေ ထမင်းဘူးလေး ယူလာပြီး ဆေး ကျောင်း စာသင်ခန်းထဲကနေ သိသလိုလို၊ မသိသလိုလို စိတ်နဲ့ လျှောက်ရင်း ပန်းဆိုးတန်း စာအုပ်တန်းဆီ ရောက်မှန်းမသိ ရောက်သွားပါတယ်။ သင်ပုန်းကျောက် အမည်းပြားတွေ ခင်းထားတဲ့ ပလက်ဖောင်းပေါ် ဗာဒံရွက်ခြောက်တွေ ကြွေကျနေတဲ့ မြင်ကွင်းနဲ့ လမ်းဘေးဝဲယာ ဖြန့်ခင်းထားတဲ့ စာအုပ်အဟောင်းဆိုင်တွေရဲ့ မြင်ကွင်းဟာ အခု စဉ်းစားလိုက်ရင် အခုပဲ မျက်စိရှေ့ ရောက်နေသလို ထင်နေရဆဲ။ ဘီမန်း အဲယားလိုင်းရှေ့က ကိုတင်မြင့်နဲ့ ဦးခင်မောင်စိန် ဆိုင်တွေက ကျွန်တော် အမြဲ စတည်းချတဲ့ နေရာတွေပင်။ စာအုပ်တွေကို ထမင်းမစား၊ ဟင်းမစား မုဆိုးသားကောင် လိုက်သလို လိုက်နေချိန်။ မှတ်မှတ်ရရ အေးကျော် (ရဲဘုန်းခေါင်) နဲ့အတူ အလွန် ကြိုက်နှစ်သက်ခဲ့တဲ့ စာအုပ်နှစ်အုပ်ကို တစ်ယောက် တစ်အုပ် စီ ခွဲဝယ်ပြီး လဲဖတ်ကြတဲ့ ကာလ။ သူ ဝယ်တာက မိုးဝေမဂ္ဂဇင်း အခန်းဆက် ပါခဲ့တာတွေကို ပြန်ပေါင်းပြီး စုချုပ်ထားတဲ့ 'ပါရီ ကျဆုံးခန်း'။ ကျွန်တော် ဝယ်တာက 'ထင်းရှူးပင်ရိပ်'။ အဲဒီနှစ်က ၁၉၈၅ နွေရာသီ။ ဝတ္ထုတိုတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးပြီး မဂ္ဂဇင်း တိုက်တွေကို လိုက်ပို့ပေမဲ့ တစ်ပုဒ်မှ အရွေးမခံရသေးတဲ့အချိန်။ ကိုစိုးဝင်း (ကိုရွေး) ရဲ့ အလုံ ပရိဘောဂစက်ရုံ သက်သာဆိုင်မှာ သီးစုံဟင်းနဲ့ ထမင်း အလကား သွားစားပြီး ကိုယ် ရေးထားတဲ့ ဝတ္ထုတိုတွေနဲ့ သူတို့ရဲ့ ကဗျာတွေ လဲဖတ်ပြီး အပြန်အလှန် သဘော ကျနေကြတဲ့အချိန် . . .
စတဲ့ အမှတ်တရ အမှာစာ ရှည်ရှည် နဲ့
#နှစ်ကာလများ
#အောင်မင်း
🤎ကာဝါဘာတ ယာဆူနာရီ၏
သေလွန်ပြီးနောက် နှင့် အခြားဝတ္ထုတိုများ
✍️စန်းစန်းဦး (ဘာသာပြန်သည်)
✅တန်ဖိုး ၈၀၀၀ ကျပ်
🎨မျက်နှာဖုံး - မောင်ဒေး
♦️တတိယအကြိမ်
---------
ဒီဘာသာပြန်ထဲမှာတော့ ဝတ္ထု ၉ ပုဒ်ပါတယ်။
♦️ကာဝါဘာတ သူကိုယ်တိုင်က ထိုဝတ္ထုများကို စကားပြေသဘောထက် ကဗျာသဘော ပိုဆန်ကြောင်း ထင်ခဲ့သည်။ ၎င်းတို့မှာ ဖွင့်ဆိုရှင်းပြမှုထက် စာဖတ်သူတို့၏ အတွေးများ လွင့်ပျံ့သွားမှုကို ပိုအလေးထားခဲ့သည်။ ထိုဝတ္ထုတို ကဗျာများကဲ့သို့ပင် ဝတ္ထုတို အဆုံးသတ်များကို စာဖတ်သူတို့ ဆက်တွေးနိုင်ရန် “တံခါးဖွင့် အဆုံးသတ်ခြင်း” (Open Ending) မျိုးဖြင့် အဆုံးသတ်သည်။
♦️ကာဝါဘာတ ကို ၁၉၆၈ တွင် စာပေနိုဗယ်ဆု ပေးခဲ့သည်။ ဂျပန် အမျိုးသမီးတို့၏ အတွင်းစိတ်ကို မိမိရရ ဖော်ပြနိုင်၍ဟု ပြောကြသည်။
♦️ဒီဘာသာပြန်စာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတွေကတော့
- ကာဝါဘာတ ယာဆူနာရီ အကြောင်း
- ကာဝါဘာတ၊ စန်းစန်းဦး၊ အေဇက်နှင့် ကျွန်တော် - ပန်းချီမောင်ဒီ
၁။ နေရောင်ဖြာတဲ့ နေရာ
၂။ လက်တစ်ဖက်
၃။ သေသူရဲ့ မျက်နှာ
၄။ မှဲ့ကလေး
၅။ ခြေစွပ်များ
၆။ ဆောင်းဦးမိုး
၇။ သေလွန်ပြီးနောက်
၈။ အချစ်ဖြင့် သတ်သေခြင်းများ
၉။ မျက်နှာများ
မစန်းစန်းဦးရဲ့ ဘာသာပြန်လက်ရာများကို ခံစားဖတ်ရှုနိုင်ကြဖို့ နှစ်ကာလများက ပြန်လည် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
ချစ်ခင်စွာဖြင့်
Page messenger နှင့် 09400774277 Viberမှတစ်ဆင့် မှာယူနိုင်ပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11051