Enhance

Enhance

Share

Enhance your way of living with us!

12/11/2025

“နေထိုင်တဲ့ နိုင်ငံတွေအလိုက် သက်ဆိုင်ရာ

နည်းဥပဒေသတွေနဲ့ စည်းကမ်းတွေရှိသလို လူ့ဘဝ

လူ့ပတ်ဝန်းကျင်မှာ နေထိုင်လိုက်နာသင့်တဲ့

နည်းဥပဒေသတွေရှိပါတယ် “

“ဘဝမှာ မိမိကရိုးသားပွင်းလင်းသဘောကောင်း

သလောက် လူအများ ကြားမှာ ကိုယ့်အနေအထားက

အရေးမပါ၊ အရာမရောက်၊ လူလေးစားမခံရဘူး

ဖြစ်နေတတ်ပါတယ်” လောကမှာ အရမ်းမှန်ပြီရိုးသား

ပွင့်လင်းနေရင်လဲလူမုန်းများခံရတတ်ပြီး ကိုယ့်

ကိုယ်သိမ်ငယ်ပြီး အသုံးမကျတဲ့လူလိုခံစားနေ

ရတတ်ပါတယ် အခုလိုမျိုးစိတ်ထဲမှာခံစားနေရ

တယ်ဆိုရင် လူတွေကိုရင်လိုက်ဖွင့်ပြီး ပြောပြမနေပါနဲ့

လူတိုင်းက ကိုယ့်အတွက်အကျိုးအမြတ်မရှိရင်

စိတ်မဝင်စားတတ်ကြပါဘူး ကိုယ့်အတွက်အကျိုး

မြတ်ရလို့၊ လိုချင်တာရှိလို့သာ ကိုယ့်ဘေးနားမှာရှိနေ

ကြတာပါ ကိုယ်နည်းနည်းပြိုလဲပြလိုက်တာနဲ့ ကိုယ့်

ဘေးနားကအသာလေးအလျှိုလျှိုပျောက်ကွယ်သွား

ကြမှာပါ။ စာပေတွေကသာကိုယ်အတွက်တန်ဖိုးရှိတဲ့

မိတ်ဆွေပါ စာများများသာဖတ်ပါ စာအုပ်တွေဆီက

သာ သင်ယူပါစာရေးဆရာကြီး “ROBERT GREENE”

နဲ့ 21 ရာစုမှာအောင်မြင်နေတဲ့ လူငယ် ရက်ပါ

အဆိုတော် “50 Cent” တို့ပူးတွဲပြုစုထားတာကို ဆရာ

“မောရိသျှ” မြန်မှု့ဘာသာပြန်ဆိုထုတ်ဝေထားတဲ့

နိုင်ငံတကာမှာရောင်းအားအကောင်းဆုံး တစ်ချို့နိုင်ငံ

တွေမှာဆို “Ban” ထားရလောက်ရတဲ့ထိပါဝါကြီးတဲ့

“အာဏာစက်” ဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်ပါ

တစ်ချို့အပိုင်းလေးတွေကတော့ ရန်သူနဲ့ ပြိုင်

ဖက်နဲ့အထက်လူတွေအပေါ်ကို ဘယ်လိုကိုင်တွယ်ရမ

လဲပြောထားတာတွေလဲပါပါတယ် ကိုယ်ကတော့

ရန်သူလဲမထားသလို ပြိုင်ဖက်လဲမထားတဲ့

အတွက်တော့ တစ်ချို့အပိုင်းလေးတွေကတော့

ကိုယ့်အတွက်မလိုအပ်ပေမယ့် ဘဝရဲ့နေထိုင

နည်းဥပဒေသတွေက လူတစ်ယောက် တွက်တစ်

ကယ်လိုအပ်ပြီး လိုက်နာသင့်တဲ့အချက်တွေအများ

ကြီးပါပါတယ် ။

“ဘဝမှာရိုးသားနေရုံနဲ့မပြီးတဲ့အရာတွေရှိပါတယ်😇”

“စကားနည်း တိတ်ဆိတ်ခြင်းဖြင့် မိမိတန်ဖိုးမြှင့်

တင်ပါ”

“အဏာစက် နည်းဥပဒေသ ၄၈” စာအုပ်မှ သဘောကျတဲ့အပိုင်းလေးတွေကို ထုတ်ယူကောက်နုတ်ဖော်ပြထားတာပါ

#မောရိသျှ

Photos from K II K Vlog's post 20/08/2024
29/12/2023
Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Address

Yangon
Yangon
11181