PPP Ticket Service
ကား၊လေယာဉ်၊လက်မှတ်ရောင်း၀ယ်ရေး။
01/11/2025
ပျင်းရိခြင်းကို ဖြတ်ဖို့ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာများ
ကျွန်တော်တို့ လူငယ်တိုင်းမှာ ရင်းနှီးတဲ့ ရန်သူတစ်ယောက်ရှိကြတာများပါတယ်။ အဲဒါကတော့ "နောက်မှလုပ်မယ်" ဆိုတဲ့ ပျင်းရိခြင်း (Procrastination) ပါပဲ။ အလုပ်တွေပုံနေပေမယ့် Netflix ကြည့်ချင်တာ၊ စာမေးပွဲနီးနေပေမယ့် ဂိမ်းဆော့ချင်တာ စတဲ့ ဒီခံစားချက်တွေကို ကျွန်တော်တို့အားလုံး ကောင်းကောင်းသိကြတယ်ဟုတ်။
အမှန်တော့ “ပျင်းရိခြင်းဆိုတာ ပျင်းလို့မဟုတ်ဘူး”။ ဒီစာကြောင်းလေးဖတ်ရတော့ “ဟမ်... ဘယ်လိုကြီးလဲ”🙄လို့ တွေးမိသွားတယ်မလား။ ဒီလိုပြောလို့ ခေါင်းမရှုပ်သွားပါနဲ့အုံး။ တကယ်တော့ ပျင်းရိခြင်းဆိုတာ “ကိုယ့်စိတ်နဲ့ ကိုယ် စစ်ဖြစ်နေတဲ့ အခြေအနေတစ်ခု” သာဖြစ်ပါတယ်။ ဒီလို စစ်ပွဲမှာ နိုင်ဖို့အတွက်တော့ ကျွန်တော်တို့က ခပ်မိုက်မိုက် "Mental Hacks" တွေနဲ့ တိုက်ခိုက်ဖို့လိုတယ်။
၁။ The 5-Minute Rule
(ပြဿနာကို “ပုရွက်ဆိတ်” အရွယ်အစားနဲ့ အရင်မြင်ပါ)
ကျွန်တော်တို့ အလုပ်တစ်ခုကို စတင်ဖို့ ကြောက်ရွံ့နေရတာဟာ အဲဒီအလုပ်က အရမ်းကြီးလွန်းတယ် လို့ ထင်နေလို့ပါပဲ။
🔥 Mental Hack နည်းလမ်းကတော့ ကိုယ့်လုပ်ရမယ့် အလုပ်တွေကို "ပုရွက်ဆိတ်အရွယ်အစား" ဖြစ်အောင် အရင်ခွဲလိုက်ပါ။
ဥပမာ: "စာအုပ်တစ်အုပ်လုံး ဖတ်ရမယ်" လို့ မတွေးဘဲ "၅ မိနစ်ပဲ ဖတ်ကြည့်မယ်" လို့ စိတ်ပိုင်းဖြတ်လိုက်ပါ။ ၅ မိနစ်ပြည့်လို့ ရပ်ချင်ရင် ရပ်လို့ရတယ်။ ဒါပေမဲ့ သုတေသနတွေကပြသတာက ၅ မိနစ်စပြီး လုပ်လိုက်ရင် ဆက်လုပ်ချင်စိတ်က ၈၀% အထိ မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပျင်းနေတယ်လို့ ခံစားရရင် ၅ မိနစ် ဥပဒေသကို သတိရလိုက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် စတင်ဖို့ ခက်ခဲတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားပြီး၊ အလုပ်ကို အရှိန်ရအောင် စတင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၂။ Implementation Intention
(အချိန်ဇယားဆွဲမယ့်အစား "ဘယ်အချိန်မှာ လုပ်မလဲ" ဆိုတာ ဆုံးဖြတ်ပါ)
ရိုးရိုး "အချိန်ဇယားဆွဲခြင်း" က ပျင်းရိခြင်းကို မနိုင်ပါဘူး။ တကယ်နိုင်ဖို့အတွက် တိကျတဲ့ အစီအစဉ် လိုပါတယ်။
🔥 Mental Hack နည်းကတော့ ဘာလုပ်မယ်ဆိုတာ အချိန်၊ နေရာ တိတိကျကျ သတ်မှတ်လုပ်ဆောင်ပါ။
ဥပမာ: "မနက်ဖြန် စာဖတ်မယ်" လို့ မပြောဘဲ၊ "မနက်ဖြန် ညနေ ၇:၀၀ နာရီတိတိမှာ စားပွဲမှာထိုင်ပြီး စာအုပ်ကို ဖတ်မယ်" လို့ တိတိကျကျ သတ်မှတ်လိုက်ပါ။ "ကော်ဖီဆိုင်က ပြန်ရောက်တာနဲ့ အီးမေးလ် ၅ စောင်ကို ချက်ချင်းပြန်ပို့မယ်။" စသည်ဖြင့် မှတ်သားပြီး လက်တွေ့လုပ်ဆောင်ပါ။
ဒီလိုလုပ်ခြင်းဖြင့် ဦးနှောက်ဟာ ဆုံးဖြတ်ချက်ချရတာ ပေါ့ပါးသွားမှာဖြစ်ပြီး၊ အခြေအနေနဲ့ လိုက်လျောညီထွေ လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူသွားမှာ ဖြစ်တယ်။
ပျင်းရိခြင်းဆိုတာ ကုသလို့မရတဲ့ ရောဂါမဟုတ်ဘူး။ မွေးမြူထားတဲ့ အကျင့်ဆိုး တစ်ခုသာပါ။ ကျွန်တော်တို့ဟာ ဒီ Mental Hacks (၂)ခုကိုသာ နေ့စဉ်ကျင့်သုံးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကို ပျင်းရိခြင်းကနေ ရည်မှန်းချက်ဆီကို Switch On/Off လုပ်နိုင်စွမ်းရှိတဲ့ ပျင်းရိခြင်းကို အနိုင်ပိုင်းနိုင်တဲ့ တက်ကြွတဲ့လူငယ်တွေ ဖြစ်လာမှာ ဧကန်မလွဲပါပဲ။
ကဲ... အခုဖတ်ပြီးတာနဲ့ ဘယ်အလုပ်ကို ၅ မိနစ်နဲ့ အရင်စလုပ်မလဲ? စိန်ခေါ်လိုက်တယ်နော်!
ချစ်ချင်းမေတ္တာဖြင့်......................မျှဝေခြင်းနှလုံးသားများ
ခွန်း(ကမ်းယံ)
15/06/2025
KVA (ကီလိုဗို့တ်အမ်ပီယာ) နှင့် KW (ကီလိုဝပ်) တို့သည် လျှပ်စစ်စွမ်းအား၏ အခြေခံယူနစ်များဖြစ်ပြီး ခွဲခြားသိရှိရန် အရေးကြီးပါတယ်။
1. KVA (kilo-Volt-Ampere) – အပြည့်စွမ်းအင် (Apparent Power)
- အဓိပ္ပာယ် : လျှပ်စစ်စနစ်တစ်ခုမှ ပေးပို့နိုင်သော စုစုပေါင်းစွမ်းအား (Voltage × Current) ကိုတိုင်းတာသည်။
- အသုံးပြုမှု : များသောအားဖြင့် Transformer, UPS, Generator စသည့် စွမ်းအားထောက်ပံ့ရေးစက်များ၏ ရမှတ်စွမ်းအား (Rating) ကိုဖော်ပြရာတွင် အသုံးပြုသည်။
- ဖော်မြူလာ :
{KVA} = \frac{\{Voltage (V)} × \{Current (A)}}{1000}
2. KW (kilo-Watt) – အသုံးပြုစွမ်းအင် (Real Power)
- အဓိပ္ပာယ် : စနစ်တစ်ခုမှ အမှန်တကယ်အသုံးပြုသော အလုပ်လုပ်နိုင်စွမ်း (ဥပမာ - မီးသီး၊ မော်တာ)။
- အသုံးပြုမှု : လျှပ်စစ်မီတာ တွင်ဖတ်ရှုသော (ဝပ်အား)၊ လျှပ်စစ်ပစ္စည်းများ၏ စွမ်းဆောင်ရည် ကိုဖော်ပြရာတွင် အသုံးပြုသည်။
- ဖော်မြူလာ :
{KW} = \{KVA} × \{Power Factor (PF)}
(Power Factor သည် စွမ်းအား၏ ထိရောက်မှုကိုဖော်ပြပြီး 0 မှ 1 အကြားရှိသည်။)
3. KVAr (kilo-Volt-Ampere Reactive) – ပြန်လည်ဖြည့်တင်းသောစွမ်းအင် (Reactive Power)
- အဓိပ္ပာယ် : လျှပ်စစ်စနစ်အတွင်း စွမ်းအင်သိုလှောင်မှုအတွက် အသုံးပြုသော စွမ်းအင် (ဥပမာ - Motor, Transformer အတွင်း သံလိုက်စွမ်းအားဖြစ်ပေါ်ရန်)။
- အရေးပါမှု : Power Factor ကိုမြှင့်တင်ရန် KVAr ကိုထိန်းညှိရသည်။
KVA vs KW အဓိကကွာခြားချက်။
KVA > Apparent Power (စုစုပေါင်းစွမ်းအား)
KVA > PF မလိုအပ်
KVA > Generator, Transformer Rating
KW > Real Power (အသုံးပြုစွမ်းအား)
KW > KW = KVA × PF
KW > လျှပ်စစ်ပစ္စည်းများ၏ စွမ်းဆောင်ရည်
#ဥပမာ
- 1 KVA Generator (PF = 0.8) ဆိုပါက အမှန်တကယ်ပေးနိုင်သော စွမ်းအား = 1 × 0.8 = 0.8 KW ဖြစ်သည်။
- 1 KW Motor (PF = 0.9) ဆိုပါက လိုအပ်သော KVA = 1 ÷ 0.9 ≈ 1.11 KVA ဖြစ်သည်။
Power Factor (PF) အရေးကြီးပုံ
- PF နိမ့်လျှင် စွမ်းအင်အလဟဿ ဖြစ်ပြီး လျှပ်စစ်ကုန်ကျစရိတ်မြင့်တက်နိုင်သည်။
- PF ကို Capacitor Bank များဖြင့် မြှင့်တင်လေ့ရှိသည်။
အနှစ်ချုပ် :
- KVA = စနစ်၏ စုစုပေါင်းစွမ်းအား(Voltage & Current အခြေခံ)
- KW = အမှန်တကယ် အသုံးချနိုင်သောစွမ်းအား
- KVAr = စွမ်းအင်အရည်အသွေးကောင်းမွန်ရန် လိုအပ်သော စွမ်းအင်
ဤအချက်များကို နားလည်ပါက Generator, UPS နှင့် လျှပ်စစ်စနစ်များ ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေပါတယ်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 နှင့် 𝑨𝑰 ပညာရပ်များကို ကျွမ်းကျင်စွာ
တတ်မြောက်ချင်တယ်ဆိုရင်တော့ ကျတော့်ရဲ့
𝑷𝑬𝑪 𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈 နှင့်
𝑨𝑰 𝑴𝒚𝒂𝒏𝒎𝒂𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔 ကို အခုပဲ တက်ရောက်လိုက်ပါ။
ဒီပိုစ့်က မိတ်ဆွေအတွက် အကျိုးရှိတဲ့ဆိုရင် Share & Follow လေး နှိပ်ပေးသွားပါဦး ခင်ဗျာ။
𝑷𝑬𝑪 𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
09/06/2025
04/06/2025
01/06/2025
အားတဲ့အချိန်လေ့လာထားဖို့ ပညာဒါန link ပေါင်းချုပ်
English free course များ
https://www.facebook.com/share/p/DoFn9QgxoDHHQLcM/?mibextid=oFDknk
IELTS course များ
https://www.facebook.com/share/p/ikBGS9XUpHr6GAtF/?mibextid=oFDknk
Korea သင်တန်း ပညာဒါန
https://www.facebook.com/groups/3431195616990991/?ref=share&mibextid=JOZb8W
https://www.facebook.com/share/p/6Cyamr2J26XvjmJg/?mibextid=oFDknk
Chinese ပညာဒါန သင်တန်း
https://youtube.com/-ee1xt8nn9y?si=mpzpFeUhN99kbI-q
Japanese ပညာဒါနသင်တန်း
https://www.facebook.com/share/p/nos3x151aT33SKvV/?mibextid=oFDknk
Thai ပညာဒါနသင်တန
https://www.facebook.com/share/p/NYp6bFd1RkzzfYWE/?mibextid=oFDknk
https://youtube.com/?si=aEvJMvSVkrhm5hfl
French ပညာဒါန သင်တန်းများ
https://m.youtube.com//playlists
https://m.youtube.com/playlist?list=PLcj3ozAnKTG4u6rYbvqnxVCUHrxiIjXvZ
https://m.youtube.com//playlists
Italy language
https://m.youtube.com/
https://m.youtube.com/
German language
https://m.youtube.com/?fbclid=IwZXh0bgNhZW0CMTEAAR38fsdcyUNu7u55-jxcTg2qvmrEauZQE7wYlj99bjnNBGMLqxdOwUAMm7U_aem_jgY9Z0WLT5ZJl83CfpNRZA
https://m.youtube.com//playlists
Russian language
https://m.youtube.com/?fbclid=IwZXh0bgNhZW0CMTEAAR19IFottQz7o_i4z25tlJLMdsNFCitFxRW6hOI1Flw0l1urE2XT_RLkhnU_aem_wxQxUJ_Uw1n1lZQ5G9PJ7w
https://m.youtube.com/?fbclid=IwZXh0bgNhZW0CMTEAAR23ufD6rKhA9vfXt6SFQOKQUavpozQTCtdWmOvfpTpR97N80bpvBt7t_Zg_aem_ttQTBUEv3CD6l4XXdAPEmQ
Hindi language
https://m.youtube.com/?fbclid=IwZXh0bgNhZW0CMTEAAR0Mrdh6VRSB9m9Xf4uJ9xGujrpJ2o-1ufJI2HdirpEz2-ew5dI2vEjP8pE_aem_YaDwMHRon-ql83K9B1qZfw
Spanish language
https://youtube.com/?si=P55JyQA4QuK7xbeb
https://youtube.com/?si=edCbP3toFP2VNEo6
https://youtube.com/?si=LYDkluc697vNZMzK
Finnish language
https://m.youtube.com//playlists
https://m.youtube.com/
Vietnam language
https://m.youtube.com/?fbclid=IwZXh0bgNhZW0CMTEAAR01P_S1waIslMpoDy8JZLsOc_EFkCZhIwWzDtikBUpi5Tnif1a3Vt7WK2I_aem_4R7mJja7BW1oCKxPy27WiA
https://m.youtube.com//playlists
Arabic language
https://m.youtube.com/
https://m.youtube.com/-zain6234
ချည်ထိုးနည်း ပညာဒါန
https://m.youtube.com/playlist?list=PLcj3ozAnKTG7R6UQC2-i8Fsjh3fbaxZP4
ဂစ်တာသင်တန်း
https://m.youtube.com/playlist?list=PLcj3ozAnKTG7ioS1zcOuKsL4TyPwg_AFp
အခြေခံစက်ချုပ်နည်း
https://m.youtube.com/playlist?list=PLcj3ozAnKTG6pxJwUJt3DIbZTZBzEsQaM
Digital skill များ
https://m.youtube.com/playlist?list=PLcj3ozAnKTG4uZqSlFPI8AaJZBeCDj9sf
Python programming
https://m.youtube.com/playlist?list=PLcj3ozAnKTG4vIcSXwQNVVCKKp0qUBHP5
AI အခြေခံသင်တန်း
https://m.youtube.com/playlist?list=PLcj3ozAnKTG7Qs1AvgyhTwV0Q-5R34JZX
Video editing
https://m.youtube.com/playlist?list=PLcj3ozAnKTG71UxEfEpxK-fDVIEdkmS0D
6 လတိတိ Speaking pattern ပေါင်း ၁၀၀ ကျော်ကို လေ့လာခွင့်ရမယ့် speaking pattern class 👇👇👇
https://www.facebook.com/share/p/sYe41V1nFiQAU6Vn/?mibextid=oFDknk
ကိုယ်ပြောချင်တဲ့ စာကြောင်းတွေအားလုံးကို လက်တန်း English လိုပြောနိုင်တဲ့အထိ အချိန်တိုအတွင်း ထိထိရောက်ရောက် လေ့လာချင်တယ့် သူတွေအတွက် 👇👇👇
https://m.facebook.com/story.php?story_fbid=324686443690154&id=100084464021108
10လအတွင်း basic to Intermediate ရောက်ချင်သူတွေအတွက် ( ၁၀၀% ပညာဒါန ) 👇👇👇
https://www.facebook.com/share/p/P4XrTA8HBBKWv49F/?mibextid=oFDknk
တစ်နှစ်လုံး စိတ်ကြိုက် လေ့လာပြီး Certificate အကြိုက်ထုတ်လို့ရတဲ့ Coursera Premium ကို ၈၀၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။
အောက်ကlinkမှာလည်း၀င်ရောက်လေ့လာလို့ရပါတယ်ခင်ဗျာ။
https://www.facebook.com/share/p/12LiWJvT4fM/
တစ်ခုခုတော့ ရသွားမယ်လို မျှော်လင့်မိပါတယ်။ ဖတ်ပါ။ လိုက်လုပ်ကြည့်ပါ ။ အကျိုးရှိတယ်ဆိုရင် မျှဝေပေးပါ ✨🩵
30/05/2025
Battery မှာ "Ah (Ampere-hour) နဲ့ kWh (Kilowatt-hour)" တို့ရဲ့ ကွာခြားမှု။
1. Ah (Ampere-hour) - အမ်ပီယာနာရီ
- 🤔ဘယ်လိုတိုင်းတာလဲ?
"Ah" ဟာ Battery ရဲ့ လျှပ်စစ်အား (Current) ကို အချိန်နဲ့ မြှောက်ပြီး တွက်ချက်တဲ့ ယူနစ် ဖြစ်ပါတယ်။
- ဥပမာ: 10Ah Battery ဆိုရင် 1A ဖြင့် 10 နာရီ အထိ စီးဆင်းနိုင်တယ်လို့ ဆိုလိုတာပါ။
- 🤔ဘာအတွက် အသုံးဝင်လဲ?
Battery ရဲ့ Charge Capacity (အားသွင်းနိုင်စွမ်း) ကို ဖော်ပြဖို့ အသုံးပြုပါတယ်။
- ဥပမာ: 100Ah Battery ဆိုရင် 5A ဖြင့် 20 နာရီ (100 ÷ 5 = 20) အလုပ်လုပ်နိုင်ပါတယ်။
2. kWh (Kilowatt-hour) - ကီလိုဝပ်နာရီ
- 🤔ဘယ်လိုတိုင်းတာလဲ?
"kWh" ဟာ ဝပ်နာရီ (Wh) ကို အခြေခံပြီး စွမ်းအင် (Energy) ကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။
- 1kWh = 1000Wh
- Wh = Voltage (V) × Ah
- ဥပမာ: 12V 100Ah Battery ရဲ့ kWh ကို တွက်မယ်ဆိုရင် →
[text{Wh} = 12V \times 100Ah = 1200Wh = 1.2kWh]
- 🤔ဘာအတွက် အသုံးဝင်လဲ?
Battery က ဘယ်လောက်စွမ်းအင် သိုလှောင်ထားနိုင်လဲ ဆိုတာ သိဖို့ အသုံးပြုပါတယ်။
- ဥပမာ: 5kWh Battery ဆိုရင် 1kW (1000W) သုံးတဲ့ ကိရိယာကို 5 နာရီ အထိ အလုပ်လုပ်စေနိုင်ပါတယ်။
*Ah vs kWh ကွာခြားချက်*
Ah (Ampere-hour)
kWh (Kilowatt-hour) ----------------------------------------------
Ah = Charge Capacity (အားသွင်းနိုင်စွမ်း) ကို တိုင်းတာတယ်။
kWh = Energy Storage (စွမ်းအင်သိုလှောင်နိုင်စွမ်း) ကို တိုင်းတာတယ်။
Ah = Current (A) × Time (h)
kWh = Power (kW) × Time (h) (သို့) V × Ah ÷ 1000
Ah = Voltage ပေါ်မူတည်မှု *မရှိ* (Ah ကိုပဲ ဖော်ပြတယ်)။
ဥပမာ: 100Ah Battery (Voltage မပါ)
kWh = Voltage ပေါ်မူတည်မှု *ရှိ* (V × Ah လိုအပ်တယ်)။
ဥပမာ: 12V 100Ah = 1.2kWh
🤔ဘယ်ဟာကို ဘယ်အချိန်မှာ သုံးမလဲ?
- "Ah ကို Battery ရဲ့ အားသွင်းနိုင်စွမ်း သိချင်တဲ့အခါ (ဥပမာ: Inverter Battery, Car Battery)
- kWh ကို Battery ရဲ့ စွမ်းအင်ပမာဏ တွက်ချက်တဲ့အခါ (ဥပမာ: Solar System, EV Battery)
🧮ဥပမာ တွက်ကြည့်ကြရအောင်
- 12V 200Ah Battery ရဲ့ kWh က ဘယ်လောက်လဲ? 🤔
[{kWh} = {12V \times 200Ah}/{1000} = 2.4kWh]
→ ဒီ Battery က 2.4kW (2400W) ကို 1 နာရီ အသုံးပြုနိုင်တယ် (သို့) 0.5kW (500W) ကို 4.8 နာရီ အသုံးပြုနိုင်တယ်။
- 48V 100Ah EV Battery ရဲ့ kWh က?
[{kWh} = {48V \times 100Ah}/{1000} = 4.8kWh]
→ ဒီ Battery က 4.8kW ကို 1 နာရီ (သို့) 1kW ကို 4.8 နာရီ မောင်းနှင်နိုင်တယ်။
⚠️အရေးကြီးသော သုံးသပ်ချက်
- "Ah ကို Battery Capacity အနေနဲ့ သုံးပြီး၊ kWh ကို Energy Consumption တွက်တဲ့အခါ သုံးပါတယ်။
- Voltage (V) ကို မသိရင် Ah ကနေ kWh ကို တွက်လို့ *မရပါ*။
- Solar System နဲ့ Electric Vehicles (EV) တွေမှာ kWh ကို အဓိက သုံးပါတယ်။
ဒီလောက်ဆို Ah vs kWh ကွာခြားပုံကို နားလည်မယ်လို့ မျှော်လင့်ပါတယ်! 🚀
Computer နှင့် AI ပညာရပ်များကို ကျွမ်းကျင်စွာ
တတ်မြောက်ချင်တယ်ဆိုရင်တော့ ကျတော့်ရဲ့
PEC Computer Online Training နှင့်
AI Myanmar Online Class ကို အခုပဲ တက်ရောက်လိုက်ပါ။
ဒီပိုစ့်က မိတ်ဆွေအတွက် အကျိုးရှိတဲ့ဆိုရင် Share & Follow လေး နှိပ်ပေးသွားပါဦး ခင်ဗျာ။
PEC computer online training
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
00000