Little Sunshine
Little Sunshine page လေးက ကြိုဆိုပါတယ်။ ကလေးများအတွက် UK Preloved Book နဲ့ စာအုပ်အသစ် အမျိုးအစားအစုံကိုတစ်နေရာတည်းရနိုင်တဲ့ နေရာလေးပါ။
11/06/2026
📚✨ စီးပွားရေးစီမံခန့်ခွဲမှုမှာ အောင်မြင်သူတွေ လက်မလွှတ်တမ်းဖတ်ကြတဲ့ စာအုပ်ကောင်းများ
စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်အောင် ဦးဆောင်ဖို့ဆိုတာ ဗဟုသုတနဲ့ စီမံခန့်ခွဲမှုဗျူဟာတွေကို အမြဲမပြတ် လေ့လာနေဖို့ လိုအပ်ပါတယ်။
Management နဲ့ စီးပွားရေး သဘောတရားတွေကို Theory ပုံစံမျိုးမဟုတ်ဘဲ၊ လက်တွေ့အသုံးချ အောင်မြင်နေတဲ့ စီမံခန့်ခွဲသူတွေရဲ့ Success Story ကနေတစ်ဆင့် လေ့လာချင်သူတွေအတွက် Little Sunshine မှာ In-stock ရှိတဲ့ စာအုပ်ကောင်းတချို့ကို မိတ်ဆက်ပေးချင်ပါတယ်ရှင်။
• The Personal MBA: လုပ်ငန်းစီမံခန့်ခွဲမှုရဲ့ သီအိုရီတွေကို လက်တွေ့ကျကျ လေ့လာချင်သူများအတွက်။
• The 4 Disciplines of Ex*****on: အလုပ်တစ်ခုကို အမှန်တကယ် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဖို့အတွက် အဓိကကျတဲ့ မဟာဗျူဟာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
• The 80/20 Principle: လုပ်ငန်းတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို အနည်းဆုံးအသုံးချပြီး အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို လေ့လာနိုင်မှာပါ။
• The Essays of Warren Buffett၊ The Diary of a CEO & The 5 Levels of Leadership: စီးပွားရေးလောကရဲ့ ရင်းနှီးမြှုပ်နှံမှု အတွေးအခေါ်တွေနဲ့ ခေါင်းဆောင်မှုပုံစံတွေကို လေ့လာနိုင်ဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံသစ်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
• Economics 101 & Freakonomics: မာကက်တင်း၊ ဘောဂဗေဒနဲ့ စားသုံးသူတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်ပုံ၊ တွေးခေါ်ပုံတွေကို ရှုထောင့်အသစ်တစ်မျိုးနဲ့ လေ့လာချင်သူတွေ ဖတ်ရှုဖို့ အသင့်တော်ဆုံး စာအုပ် (၂) အုပ် ဖြစ်ပါတယ်။
🛒✨ ကိုယ့်လုပ်ငန်းကို ပိုမိုစနစ်ကျပြီး အောင်မြင်တဲ့ စီမံခန့်ခွဲမှုအောက်မှာ လည်ပတ်နိုင်ဖို့ ဒီစာအုပ်ကောင်းတွေကို အခုပဲ မှာယူဖတ်ရှုလိုက်တော့နော်။
� �
10/06/2026
ကလေးတို့ရဲ့ စိတ်ခံစားချက်၊ လူမှုဆက်ဆံရေးနဲ့ အရည်အချင်းတွေကို အကောင်းဆုံး ပျိုးထောင်ပေးမယ့် Clever Manners နဲ့ Brave Tales series စာအုပ်လေးများ
အသက် (၁) နှစ်ခွဲမှ (၅) နှစ်အထိ ကလေးငယ်တွေအတွက် အကျိုးရှိစေမယ့် ပုံပြင်စာအုပ်လေးတွေ ရှာနေတဲ့ မေမေတွေအကြိုက်တွေ့အုံးမယ့် series လေးပါ။
🦉 I'm Not Afraid of the Dark: မှောင်မှောင်မည်းမည်းကို ကြောက်တတ်တဲ့ သားသားမီးမီးတို့အတွက် ရဲရင့်ခြင်း သတ္တိကို မွေးဖွားပေးမယ့် စာအုပ်လေး။
🐶 Puppy's Rainy Day: မိုးရွာတဲ့နေ့လေးမှာ ခွေးလိမ္မာလေးနဲ့အတူ စိတ်ခံစားချက်လေးတွေကို လေ့လာလို့ရတဲ့အပြင် မိဘစကားကို နားထောင်သင့်ကြောင်း ပြောပြလို့ရတဲ့ စာအုပ်လေးပါ
🐻 I Can Be Patient: ဆာလောင်တဲ့အခါ၊ ကစားချင်တဲ့အခါ ချက်ချင်းမရလို့ ဂျီကျတတ်တဲ့ ကလေးတို့ကို "စိတ်ရှည်ခြင်း" ရဲ့ အကျိုးကျေးဇူးကို သင်ပေးမယ့် ဇာတ်လမ်းလေး။
🐿️ I Can Be Friend: သူငယ်ချင်းတွေနဲ့ ကစားစရာ၊ မုန့်တွေကို ဘယ်လိုမျှဝေရမလဲ၊ မိတ်ဆွေကောင်း ဘယ်လိုလုပ်ရမလဲဆိုတာကို ချစ်စရာကောင်းအောင် လမ်းညွှန်ပေးထားပါတယ်။
✔️Board book အထူသား
10/06/2026
𝗨𝘀𝗯𝗼𝗿𝗻𝗲 𝗣𝗼𝗽-𝗨𝗽 𝗕𝗼𝗼𝗸𝘀
================
📖🤩စာမျက်နှာလေးတွေဖွင့်လိုက်တိုင်း ရောင်စုံရုပ်ကြွလှလေးတွေနဲ့ ချစ်စရာကောင်းလို့ သားသားမီးမီးတို့အတွက် မေမေတို့အကြိုက် Usborne စာအုပ်လေးတွေ In Stock ရနေပါပြီနော်။
😍ပုံပြင်လေးတွေလည်း ရှိသလို တိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင် အကြောင်းလေးတွေကိုရုပ်ကြွ cutting လေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောက်ဖန်တီးထားတာပါ။
✅အသက် ၃ နှစ်နဲ့ အထက် ကလေးတွေအတွက် သင့်လျော်ပါတယ်။
📚ရွေးချယ်စရာ Title လေးတွေ စုံတုန်းကြိုက်နှစ်သက်တာလေး ရွေးနိုင်ဖို့ အခုပဲ cb မှာ မေးလို့ရပါပြီနော်။
10/06/2026
🍄ကလေးငယ်များအတွက် အလေ့အကျင့်ကောင်းလေးတွေကို ပျိုးထောင်ပေးနိုင်တဲ့ စာအုပ်၂ အုပ်ကို ညွှန်းပေးချင်ပါတယ်…☘️
🪥Brush-brush scrub-a-dub ဆိုတဲ့စာအုပ်လေးက ကလေးငယ်လေးတွေကို သွားတိုက်နည်းကို စနစ်တကျ ပြောပြပေးလို့ရတဲ့ စာအုပ်မျိုးပါ။ အတွင်းထဲမှာ သွားတိုက်တံလေး ၃ ချောင်း ပါဝင်ပြီး pop up girl လေးရဲ့ သွားလေးတွေမှာ ကလေးတွေကိုယ်တိုင်သွားတိုက်နည်းနဲ့တွေကို အတူလိုက်လုပ်လို့ရလို့ ကလေးတွေကြိုက်နှစ်သက်မှာပါ။
🐾Stack-stack neat and tidy ဆိုတဲ့စာအုပ်လေးကတော့ ကစားစရာအရုပ်တွေ၊ အဝတ်အစားအသုံအဆောင်တွေကို ဘယ်လိုစနစ်တကျသိမ်းဆည်းရမလဲဆိုတာကို ပြောပြပေးလို့ရပါတယ်။ ပြန့်ကျဲနေတဲ့ကစားစရာလေးတွေ၊ အဝတ်အစားအသုံးအဆောင်လေးတွေကို ကပ်ခွါပုံစံလေးနဲ့ သူ့နေရာနဲ့သူစနစ်တကျပြန်စီပေးရတာမျိုးပါ။ကစားရင်းနဲ့ အလေ့အကျင့်ကောင်းလေးတွေကို သင်ယူရတာမျိုးဖြစ်လို့ ကလေးတွေအတွက် အကျိုးရှိစေပါတယ်။
🌱Original စာအုပ်ကိုမှ စာအုပ်ဆိုဒ်အကြီးကြီးဖြစ်တဲ့အပြင် Pop up ,Lift the Flap, push pull , ကပ်ခွါတွေပါလို့ ကလေးတွေရော မေမေရော အကြိုက်တွေ့မှာအသေအချာပါဘဲနော်
09/06/2026
📚Mind to Mind ကထုတ်တဲ့ I am a … series လေး အကောင်လေးတွေ အစုံ in stock ရနိုင်ပါပြီနော်။�📙တစ်အုပ်ချင်းမှာ တိရိစ္ဆာန်လေးတစ်ကောင်ချင်းစီရဲ့ ဗဟုသုတဖြစ်ဖွယ်ရာအကြောင်းလေးတွေကို ချစ်စရာ ရုပ်ပုံလေးတွေနဲ့ ဖန်တီးထားတဲ့စာအုပ်လေးတွေပါ။�▪️အသက် ၂နှစ်နဲ့ အထက် သားသားမီးမီးတို့အတွက် ဖတ်ပြဖို့သင့်လျော်ပြီး ရွေးချယ်စရာ အကောင်လေး (၁၅) မျိုးရှိပါတယ်။�📚Format: Paperback�📖16 Pages�📏Size: 7” x 7.7”�
07/06/2026
🌈Touch & Feel စာအုပ်လေးတွေ ရှာနေတဲ့မေမေတွေအတွက် Little Sunshine မှာ ရနိုင်တာလေးတွေကို တစ်စုတစည်းတည်း ဖော်ပြပေးလိုက်ပါတယ်🌈
&feel
07/06/2026
စာအုပ်တစ်အုပ်တည်းနဲ့တင် ကမ္ဘာကျော်
စာရေးဆရာကြီး ၅၀ ရဲ့ စာပေလက်ရာတွေကို ခံစားကြည့်လိုက်ပါ။ 📚✨
📚📙စာအုပ်အထူကြီးတွေ ဖတ်ဖို့ အချိန်မပေးနိုင်ပေမယ့် အရည်အသွေးမြင့် စာပေရသကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့"50 Great Short Stories" စာအုပ်က အသင့်တော်ဆုံးပါပဲ။
📖ဒီစာအုပ်ထဲမှာ...အချစ်၊ အလွမ်း၊ လူမှုဘဝ၊ လျှို့ဝှက်ဆန်းကြယ် စတဲ့ ရသစုံလင်လှတဲ့ short story လေးတွေကို တစ်နေ့ကို တစ်ပုဒ် ဖတ်သွားရုံနဲ့တင် သင့်ရဲ့တွေးခေါ်မြော်မြင်မှုနဲ့ စာပေ အနုပညာခံစားမှုကို တစ်ဆင့်မြှင့်တင်ပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။
📖❤️ ခရီးသွားပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာ ထိုင်ရင်း ဦးနှောက်နဲ့ဘနှလုံးသားကို အာဟာရ ဖြည့်ဖို့ပဲဖြစ်ဖြစ် နားနားနေနေနဲ့ ကမ္ဘာ့အဆင့်မီ စာပေတွေကို အရသာခံချင်သူများအတွက် လက်မလွှတ်သင့်တဲ့ ဖတ်ရှုဖို့ ညွှန်းဆိုပါရစေနော်။
📩မှာယူချင်တယ်ဆို Little Sunshine Bookstore မှာ In Stock ရနိုင်ပါပြီနော်။
▪️Paperback
▪️592 pages
07/06/2026
မင်္ဂလာပါ 🔆🔆🔆
📚Little Sunshine ရဲ့ Pop Up Store လေးကို
📍Junction Square ရဲ့Promotion Area မှာ
ဖွင့်လှစ်ထားပါတယ်။
📚English Book မျိုးစုံကို အပြင်မှာ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ် နိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။
🌦️ June 7 ကနေ 12 ရက်နေ့ထိ (6) ရက်တိုင်တိုင် ရှိနေပါမယ်နော်။
See You Book Lovers 😍📚
06/06/2026
🦴 ရှေးနှစ်ပေါင်းများစွာက ကျောက်ခေတ်လူသားတွေရဲ့ တစ်နေ့တာက ဘယ်လိုမျိုးဖြစ်မလဲ?
🚀 အာကာသထဲမှာ နေထိုင်တဲ့ Astronaut (အာကာသယာဉ်မှူး) တွေကကော တစ်နေ့တာကို ဘယ်လို ဖြတ်သန်းကြသလဲ?
🌳 တောနက်ထဲက တိရစ္ဆာန်တွေ ရှင်သန်နိုင်ဖို့ အပင်တွေက ဘယ်လိုတောင် ကူညီပေးနေလဲ?
🔆ဒီလို စိတ်ဝင်စားစရာ ကောင်းလှတဲ့ ကမ္ဘာဦးခေတ်၊ သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံပညာရပ်ဆိုင်ရာ မေးခွန်းတွေကို ကလေးတို့ စူးစမ်းနိုင်ဖို့အတွက် Usborne ရဲ့ "24 Hours Series" စာအုပ်လေးတွေကို ညွှန်းပေးပါရစေ။
✨ဒီစီးရီးဟာ Usborne ရဲ့ အကြိုက်အများဆုံးနဲ့ ရောင်းအကောင်းဆုံး စာအုပ်တွေထဲက တစ်ခုဖြစ်ပြီး အသက် (၇) နှစ်အရွယ်ကစလို့ သားသားမီးမီးတို့ ဖတ်ရှုနိုင်ပါတယ်။
✨ ဒီစာအုပ်လေးတွေရဲ့ အားသာချက်ကတော့ ပျင်းစရာကောင်းတဲ့ စာတွေချည်းပဲ မဟုတ်ဘဲ ကလေးတွေကို ဆွဲဆောင်နိုင်မယ့် ရုပ်ပုံလှလှလေးတွေ၊ ကာတွန်းပုံစံမျိုးနဲ့ တင်ပြထားပါတယ်။
ဗဟုသုတအချက်အလက် (Knowledge) တွေကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေရသလိုမျိုး စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားထားလို့ စာဖတ်ရတာကို နှစ်သက်သွားစေမှာပါ။
🌳သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံပညာရပ်တွေကို ကလေးတို့ အလွယ်တကူ သဘောပေါက် နားလည်စေမှာမို့ Bookshelf တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။
📚 ရရှိနိုင်မယ့် Title (၆) အုပ်ကတော့...
🔸24 Hours in the Jungle
🔸24 Hours in Antarctica
🔸24 Hours in the Stone Age
🔸24 Hours under the Ocean
🔸24 Hours in Space
🔸24 Hours in a Zoo
▪️Format- Hardcover
▪️Pages 64
▪️Size: 7.7 x 10.2 Inches
▪️Recommended Ages: 7- 9 Yr
🛒 မှာယူချင်တယ်ဆိုရင်တော့...
(၆) အုပ်တွဲလိုက်ဖြစ်စေ၊ မိမိနှစ်သက်ရာကို (၁) အုပ်ချင်းစီဖြစ်စေ Little Sunshine မှာ In-stock အဆင်သင့် မှာယူနိုင်ပါပြီနော်။
05/06/2026
🎉 အသက် ၂ နှစ်မှ ၄ နှစ် ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ပျော်ရွှင်စရာကစားနည်းလေးတွေနဲ့ မြှင့်တင်ပေးမယ့် Play Smart Series! 🎉
📚 Can You Find It?
🔍 ပုံတူရှာတာ၊ ကွဲလွဲချက်လေးတွေကို လိုက်ရှာရတဲ့ ကစားနည်း စတဲ့ Beginner level seek and find လေးတွေကို ကလေးနဲ့မေမေတူတူလုပ်လို့ရလို့ ကလေးတွေရဲ့ အာရုံစူးစိုက်မှု၊ အကဲခတ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving & Reasoning Skills) တွေကို သိသိသာသာ တိုးတက်စေပါတယ်။
📚 Can You Solve It?
🧩 ပျော်စရာကောင်းတဲ့ ဝင်္ကပါ (Mazes) လမ်းကြောင်းရှာ ကစားနည်းလေးတွေက ကလေးတွေရဲ့ လက်ချောင်းကြွက်သားလေးတွေ သန်စွမ်းစေတဲ့အပြင် Logic Thinking၊ Problem-Solving Skills များကို တိုးတက်စေမှာပါ။
✨ စာအုပ်တစ်အုပ်ချင်းစီတွင်
✔ ပျော်စရာ Activity များ level အလိုက်ပါရှိခြင်း
✔️၁ အုပ်ချင်းစီမှာ စာရွက်ရေ 47 ရွက်
✔ Reward Stickers 60 ခု
✔ Completion Certificate
✔ မေမေတို့အတွက်Real-World Play Ideas များ ပါဝင်ပါတယ်
💜 ကစားရင်း ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်တဲ့စာအုပ်အတွဲလေးမို့ ညွှန်းပေးချင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon