TokeToke

TokeToke

Share

Good food and great vibes!

21/12/2024

Coconet jelly | made with love ♥️

15/12/2024

“အလွယ်ဆုံး Air Fryer Burnt Cheesecake | ၁၅ မိနစ်အတွင်း လုပ်နည်း “

လိုအပ်သော ပစ္စည်းများ:
• Cream Cheese - ၂၀၀ ဂရမ်
• သကြား - ၄၀ ဂရမ်
• ဂျုံမှုန့် - ၄၀ ဂရမ်
• ပြောင်းကော်မှုန့်- ၁၀ ဂရမ်
• နို့ - ၅၀ မီလီလီတာ
• ဥ - ၂ လုံး

ပြုလုပ်နည်း:
1. ပစ္စည်းအားလုံးကို ရော၍ နှံ့သွားအောင်မွှေပေးပါ
2. food pan ထဲထည့်ပြီး Air Fryer ထဲသို့ ထည့်ပါ။
3. 340°F (170°C) အပူနှင့် ၁၅ မိနစ် ခန့် ထားပေးပါ။

အရသာရှိတဲ့ Burnt Cheesecake လေးရပါပီရှင် ။

English Version

“Fast & Easy Burnt Cheesecake in an Air Fryer | 15-Min Recipe!”

Ingredients:
• 200g cream cheese
• 40g sugar
• 40g flour
• 10g cornstarch
• 50ml milk
• 2 eggs

Steps:
1. Whisk all ingredients together until smooth.
2. Pour the mixture into a lined air fryer-safe pan.
3. Air fry at 340°F (170°C) for 15 minutes.

Enjoy your delicious burnt cheesecake in no time!



Disclaimer:
I do not own the rights to this song. All credit belongs to the original artist(s), songwriter(s), and record label. This post is for entertainment purposes only and aims to celebrate the creativity of the creators.

14/12/2024

အချစ်တွေ 🫠

14/12/2024

အခုတော့ ခေါက်ဆွဲလည်းစားချင်တယ်
ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်ဆိုတော့

Spaghetti ကိုပဲ
ကိုယ်စားချင်တဲ့ ဒီဇိုင်းကာလာ အနေအထား ဖြစ်အောင်လုပ်ကြည့်လိုက်ပါတယ်

(Spaghetti ကတော့ durum wheat ကနေထုတ်ထားပြီး fiber ဓာတ်မြင့်မားပါတယ်၊ ဓာတုပစ္စည်းပါဝင်မှု အလွန်နည်းပါတယ်

Instant noodle တွေက sodium များပြီး၊ ဓာတုပစ္စည်းပါဝင်မှုမြင့်များပါတယ် ၊ အဆီများတော့
အဝလွန် သွေးတိုး နှလုံးရောဂါ ဖြစ်နိုင်ပါတယ်)

ပါဝင်သောပစ္စည်းများကရိုးရှင်းပါတယ်
——————————————————-
Olive oil
ကြက်သွန်နီဖြူ
ဂေါ်ဖီ မုန်လာဥ ကိုက်လန်
ဝက်သားလုံး ငါးဖယ်ပြား
ကွကျဥ

ခရုဆီ
ဆား
ပဲငံပြာရည် ပြစ်/ကျဲ

30/11/2024

Autumn is a second spring when every leaf is a flower 🍂📸

….





….




# losangeles

12/10/2024

သံသရာ လမ်း ဟာ
မချော မွေ့ တတ်တော့
ရင်ဆိုင်ရန် ခွန်အားဖြည့် မိငယ်ရေ ...
..
,,,..................

Khin Maung Toe | ခွန်အားဖြည့်မိငယ်

11/09/2024

Hellooooooo

15/09/2023

⭐Durain_Pillow လုပ်နည်းလေး ⭐😊

နွားနို့
ဂျုံမှုန့်
ကွကျဥ
အုန်းနို့
Whipping cream အသေးတဘူး
ဒူးရင်းသီး လိုသလောက်
သကြားအမှုန့်

ပြုလုပ်နည်း 👩🏻‍🍳

ဒူးရင်းသီး ကို အနှစ်ရအောင် ချေထားပါ
ဇလုံးတခုထဲသို့ အုန်းနို့ထမင်းစားဇွန်းသုံးဇွန်း ကြက်ဥသုံးလုံး
ဂျုံမှုန့် ထမင်းစားဇွန်း၁၀ဇွန်းထည့်ပါ
အုန်းနို့နှစ် ၂ ဇွန်းထည့်ပါ၊နွားနို့ ဆန်ချိန်ခွက် တဝက်
အရောင်လှတာလိုချင်ရင် အစားအစာဆိုးဆေး အဝါရောင်အနည်းငယ်ထည့်ပြီး မပျစ်မကျဲအနေအထားရအောင်မွှေပေးပါ ပြီးရင်ဇကာနဲ့စစ်ပေးပါ
ပီးရင် ဒယ်အိုး အပြားကို ဆီထည့်ပါ ဆီနည်းနည်းထည့် တစ်ရူးနဲ့နှံအောင်သုပ်ပေးပါ ဆီသုပ်တံရှိရင် ဆီသုပ်တံနဲ့သုပ်ပေးပါ မီးပျော့ပျော့လေးပေးပါ ဒယ်အိုးထဲမုန့်ရေထည့်ပြီး အိုးမျက်နှာပြင်ပြည့်အောင်လှည့်ပေးပါ
အနားသားတွေခြောက်ရင်လက်နဲ့အသာခွာချပါ နောက်တချပ်လုပ်ရင်ဆီတခါပြန်ထည့်ပါ ဆီမများရပါဘူးနော်

Whipping cream ပြုလုပ်နည်း👩🏻‍🍳

ဇလုံတခုထဲကို ရေခဲနဲ့ရေထည့်ပါ အဲ့ဇလုံအပေါ်ဇလုံတလုံးထပ်တင်ပီးcream ထည့်မွှေပါမွှေရင် သကြားမှုန့်ထမင်းစားဇွန်း၂ဇွန်းထည့်ပါ မွှေတံပေါ်က cream တွေ အောက်ပြန်မကျရင် cream ရပါပီ။Whipping creamက တော်တော်ကြာ မွှေပေးမှ creamဖြစ်တာပါ
Creamဖြစ်လာရင်တော့ ရပ်လိုက်ပါနော်
ဆက်မွှေရင် အရည်တေ ဖြစ်ကုန်ပါတယ်။
ခုနက မုန့်အချပ်ပေါ်ကို cream ထည့် ဒူးရင်းသီး ထည့်ပြီးရင် လိုသလိုခေါက်ပြီးရင် ရေခဲသေတ္တာထဲထည့် အေးလာရင်စားလို့ရပါပီ
ပါဝင်ပစ္စည်းအနေနဲ့ အချိုကြိုက်ရင် အချိုပိုထည့်နိုင်ပါတယ်
မိသားစုနဲ့အတူ သန့်ရှင်းလတ်ဆတ်တဲ့ home made အစားစာလေးတွေ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေရှင် 💚💚💚

Original Uploader

17/05/2023

Ice cream powder က အမြဲတမ်းရပါတယ်နော် 🤗

အိမ်မှာ ပူလို့ ပျော်ပျော်ပါးပါး ice-cream လုပ်စားပါ



(အက်မင် ကိုယ်တိုင်လုပ် ကိုယ်တိုင်ရိုက်လေးမို့ ပုံကို ကော်ပီ ကူးခွင့်မရှိပါနော် 😊)

Photos from TokeToke's post 29/04/2023

ဒူးရင်းသီးနဲ့ အရသာ

ယိုးဒယား သီးထက် ကိုင်ဆက်သီးပဲ ကြိုက်လို့ ကိုင်းဆက်သီး အကြောင်းပဲပြောပါမယ်

✅ No 1 အသီး
✅ No 2 အသီး
✅ မိကျောင်းခေါင်းသီး

✅ No 1 အသီး ရဲ့ ဆူးတွေက ကော့တက်နေပါတယ်
ထိတာနဲ့ဆူး အဆူးတွေက ချွန်ထက်နေတာပါ
အများအားဖြင့် အလုံးဝိုင်းဝိုင်းလေးတွေ လာတက်ပါတယ် ၊ အရောင်က အဝါကို ရွှေဝါရောင်သန်းပါတယ်
အဆူးအနည်းငယ်စိပ်ပါတယ်
အခွံပါး အသားထူ
အရသာက ချိုခါးပါ

(တကယ်ချိုခါးမခါးကတော့
တခါတလေ ခါးတဲ့အရာသာက နည်းနည်းပဲရတက်တယ်
ဘယ်သူမျှ တော့ ခါးရမယ် တအားချိုရမယ် အာမတော့ခံလို့မရဘူး
Customer ကိုမပေးခင် လျှာနဲ့တို့ကြည့်လို့အဆင်မပြေဘူးလေ 🤣)

✅ No 2 အသီးကတော့ အဆူးကြီးကြီး နဲ့ ဆူးကျဲပါတယ် ၊ နံပါတ် ၁ လောက် ဆူးတွေ မချွန်ပါဘူး
(နံပါတ် ၁ က ကျားလက်သည်းလိုပဲ 🥹)
သူလည်း ခပ်ဝိုင်းဝိုင်းလာတက်ပါတယ်
အခွံက No 1 လောက်မပါးပေမယ့်
အခွံပါး အသားထူ
အရသာက ချိုအီ လည်ပင်းကို သကာရည်လောင်းခံရသလို ပက်လက်လန်သွားပါမယ်
(သူက ပြောသလို ချိုအီ ပက်လက်လန်တက်ပါတယ်)

✅ မိကျောင်းကောင်းသီး
သူက ရှည်ရှည် အဆူးကျဲ ပြီး တုံးတုံး
အခွံဒုက အလေးချိန်စီးပါတယ်
ပယ်သီးဖြစ်ခဲပါတယ်
အဝေးကမှာလို့ စိတ်ချရချင်ရင် အဲ့အသီးစားပါ
အရသာလည်းအထူးကောင်းမွန်ပြီး အစေ့သေး အသားထူ အရသာ လည်း အရမ်းမပျင်းဘူး
တကယ်ကောင်းမွန်တဲ့အမျိုးအစားပါ
(ဒူးရင်းအရသာကို အငြိမ်လေးစားချင်သူအတွက်ပေါ့)
သူက အလေးချိန်နဲ့ဝယ်ရတော့ နည်းနည်းတော့စီးတာပေါ့နော်

😊ဒီလောက်ဆို ကိုင်းဆက်သီးအကြောင်း သိပြီလို့ထင်ပါတယ် 😊

စာသားများအား ခွင့်ပြုချက်မရှိပဲ ယူသုံးခွင့်မပြုပါ

ပုံပါအသီးတွေက Admin ဒီတပတ် ဝယ်စားထားတဲ့ နံပါတ် ၁ အသီးတွေပါ

လူလည်းငရဲပြည်ရောက်သလိုပူနေပါပီ 🥵

https://m.facebook.com/story.php?story_fbid=255833960144410&id=100071534221392

Photos from TokeToke's post 29/04/2023

ဒူးရင်းသီး Honest review

ဒူးရင်း ဝယ်ရင် ပြသနာ အတော်ရှိတာ

😑 အစေ့ကြီး အသားနဲ
😐 ရေဝင် ချဉ်
😬နုမှည့်
🤥 အိပြဲ အမှည့်လွန်
🙄 လုံးဝ မှည့်မလာ

အဲ့ဒါမို့ ကိုင်းဆက်သီးပဲစားဖြစ်ပါတယ်

💁🏻‍♀️ကိုင်းဆက်ဒူးရင်းသီး ဘယ်လိုကီလိုဆို ဘယ်လောက်ရလဲ ?💁🏻‍♀️

ဒီနေရာမှာ Admin က ဘယ်အလုံးဝယ် ဘာညာ လို့တိုက်တွန်းမှာမဟုတ်ပါဘူး 🙅🏻‍♀️

💁🏻‍♀️သူ့ဟာနဲ့ အဆိုးအကောင်းကတော့ ဒွန်တွဲနေတက်တယ်

✅၂ ကီ ၂ လုံးစာ ကို - အသား ၁ ကီလို ကျော်ရပါတယ်

✅၂.၄ကီ တလုံး ၂ ကီ တလုံးစာ ကို - အသား ၁.၃ကီလို ခန့်ရပါတယ်

✅၂.၆ ကီလို တလုံး က - အသား ၁.၃ ကီလို ထွက်ပါတယ်

✅၃ ကီလို တလုံးက - အသား ၁.၅၇ ကီလို ထွက်ပါတယ်

ဒါက Admin လျှောက် ဝယ်စားတဲ့ experience ကိုဝေငှတာပါ

အလုံးသေး အရင့်မှန်ရင် အသား အကုန် နပ်တက်ပါတယ်
အလုံးက ကြီးရင် တခါတလေ အသား တမွှာ နှစ်မွှာလောက်က မာဆကဆက်ကြီး နဲ့ စားလို့မရတက်ပါဘူး
နှမျောတော့ ဒူးရင်းမလိုင်ထပ်လုပ်စားပါတယ် 😆
ကိုင်းဆက်သီးကစျေးကြီးကကြီးနဲ့

🤔 ဒါဆို ဒူးရင်းသီးကို ဘယ်လိုဝယ်ရမလဲ ? 🤔

ကိုင်းဆက်သီးဆို ကိုယ်က အခုဝယ် အခုစားမယ်ဆိုင်ရင်

✅သူ့ရဲ့အညှာ လေး တဆစ် ကို လက်နဲ့အသာလေးချိုးလို့ ဂျွတ်” ဆိုပြီး ကျိုးသွားရင်
သူက အရင်မှန်တယ် အလွန်ဆုံး ၁ ရက် လောက်ဆို ကောင်းကောင်းမှည့်တက်ပါတယ်

✅နောက်တချက်က ဆူးလေးတွေကို ညှစ်ကြည့်ရင် ပျော့နေမယ် ညှစ်လို့ရမယ်

✅နောက်ဆုံးတချက်က အရင့်မှန်ပြီးမျိုးကောင်းမကောင်းသိချင်ရင် လှုပ်ကြည့်ပါ
အထဲမှာ အသံကြားရရင် မျိုးကောင်းတဲ့ ကိုင်းဆက်သီးပါပဲ

ကြုံဖူးမလားမသိဘူး ခွဲလိုက်ရင် အိပြဲနေတာ အဲ့ဒါလှုပ်ဝယ်နော်🥹

🤔ဒါဆို Online ကကျ ဘယ်လိုဝယ်မလဲ 🤔
- ဆုတောင်းပါ ၊ ကံကောင်းရင် အကောင်းစားရပါတယ် 🤣

🙅🏻‍♀️ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ထားတဲ့စာများ ခွင့်မပြုပဲ ယူသုံးခွင့်မပြုပါ 🙅🏻‍♀️

https://m.facebook.com/story.php?story_fbid=255823040145502&id=100071534221392

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon