Win In The Wild

Win In The Wild

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win In The Wild, Yangon.

26/04/2025

Simple Life 🌾🍂🍃

Photos from Win In The Wild's post 12/04/2025

Where the sky meets the fields 🌾🍂🍃

Photos from Win In The Wild's post 05/01/2025

ဒီနေ့တော့ ( Types of animals ) သတ္တဝါအမျိုးအစားတွေအကြောင်းကို လေ့လာကြပါမယ်။ သတ္တဝါအမျိုးအစား (၆) မျိုးရှိပါတယ်။ နို့တိုက်သတ္တဝါ၊ကုန်းနေရေနေသတ္တဝါ၊တွားသွားသတ္တဝါ၊အင်းစက်များ၊ငါးများ နှင့် ငှက်များပဲဖြစ်ပါတယ်။ပုံတစ်ပုံချင်းစီအောက်မှာ သူတို့ရဲ့characteristic တွေအကြောင်းကို ထက်ပြီးလေ့လာနိုင်ပါတယ်။
Photos Credit

#သတ္တဝါအမျိုးအစား

Photos from Win In The Wild's post 29/12/2024

ကျိုက်ထီးရိုးသွားရင်း Hotel တစ်ခုရှေ့မှာ စိုက်ထားတဲ့ ဒီပန်းဖြူဖြူကြီးတွေက မြင်တွေ့နေကျ ပန်းမျိုးမဟုတ်တော့ Google ခေါက်ကြည့်လိုက်သောအခါ ...
Brugmansia arborea (သို့) Angle's trumpet လို့ခေါ်တဲ့ ဒီပန်းပင်ဟာ Family Solanaceae မှာပါ၀င်ပါတယ်။The IUCN ( International Union for Conservation of Nature ) အဖွဲ့က ဒီပန်းပင်ကို EW ( Extinct in the Wild ) အဖြစ်သတ်မှတ်ထားပါတယ်။ EW လို့သတ်မှတ်ထားခံရတဲ့ သက်ရှိတိုင်းဟာ မျိုးတုန်းပျောက်ကွယ်တော့မယ့်အ‌‌‌ခြေအနေမျိုးထက် တချို့သက်ရှိတွေဟာ ပြုစုထိမ်းသိမ်းထားလို့ တွေ့မြင်နိုင်ပေမယ့် သဘာဝအတိုင်းရှင်သန်ပေါက်ရောက်မှုအင်မတန်နည်းသွားတဲ့အ‌ခြေအနေမျိုးဖြစ်ပါတယ်။Brugmansia arborea ကို အမြဲစိမ်းခြုံပင်ကြီးမျိုး သို့ အပင်ငယ်အနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ၇ မီတာ ( ၂၃ ပေ ) အမြင့်ထိရှိတတ်ကြပါတယ်။အပွင့်‌တွေဟာ အနံ့မွှေးပျံ့ပြီး ခရာပုံသဏ္ဍာန်ရှိကာ တွဲလောင်းကြနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။သူတို့ရဲ့မျိုးရင်းဒေသတွေကတော့ ကိုလံဘီယာတောင်ဘက်ပိုင်း အေးဒီ့တောင်တန်းတွေ၊အီကွေဒေါ၊ပီရူး၊ဘိုလီးဗီးယားအနောက်ပိုင်း နဲ့ ချီလီမြောင်ပိုင်းတို့ပဲဖြစ်ပါတယ်။အဖြူရောင်ပန်းပွင့်ကြီးတွေက အမြင်အာရုံကိုဆွဲဆောင်ထားနိုင်ပြီး ပိုးဖလံလေးတွေကတဆင့် ၀တ်မှုံကူးကြပါတယ်။ည‌နေပိုင်းတွေမှာ ပန်းရနံက ပိုပြီးသင်းပျံ့နေမှာပါ။ သတိထားစရာတစ်ခုကတော့ ပန်းပွင့်တွေဟာ အဆိပ်ရှိပြီး မျိုချမိရင် အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။အပင်ရဲ့အစေးကလည်း အရေပြားယားယံမှုကိုဖြစ်စေနိုင်ပါတယ်။

's Trumpet

Photos from Htwet Toe - ထြက္တိုး's post 13/12/2023
Photos from Win In The Wild's post 04/11/2023

Good Morning !
Mount Zwegabin ( Karen State; Myanmar)
2/11/2023

Photos from Win In The Wild's post 31/10/2023

ကောက်လှိုင်းတီပန်း (သိပ္ပံအမည်-Aeginetia Indica)ကို Indian Boomrape သို့မဟုတ် Forest Ghost Flower လို့လည်းခေါ်ကြပြီး ဒီပန်းလေးတွေဟာ ဇွန်လမှ စက်တင်ဘာလအထိပေါက်ရောက်ကြတယ်လို့ သိရပါတယ်။ကောက်လှိုင်းတီပန်းလေးတွေဟာ holoparasitic herb သို့ တခြားအပင်ရဲ့အမြစ်တွေမှာ ကပ်ပါးပေါက်ရောက်တဲ့ (root parasite)ကပ်ပါးပင်တစ်မျိုးဖြစ်ပါတယ်။ကောက်လှိုင်းတီပန်းပင်လေးတွေဟာ အရွက်မပါ အစာချက်ဖို့ ကလိုရိုဖီးလ်မရှိတဲ့အတွက် မြက်ပင်အမျိုးမျိုး ကြံပင်အစရှိတဲ့အပင်တွေရဲ့ အမြစ်တွေမှာကပ်ပါးပေါက်ရောက်ပြီး ထိုအမြစ်တွေကနေတဆင့် အစာအဟာရတွေကို စုပ်ယူကြတာဖြစ်ပါတယ်။ ပေါက်ရောက်ရာ ဒေသတွေကတော့ စိုစွတ်တဲ့ရွက်ပြက်တောတွေ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသတွေဖြစ်တဲ့ အာရှနဲ့ New Guinea ရှိ Semi-Evergeen သစ်တောတွေမှာပေါက်ရောက်ကြပါတယ်။ ဒီပန်းလေးတွေကို မုန့်လုပ်စားကြသလို ဆေးဖက်ဝင်ပန်းပင်လေးတွေလို့ သိရပါတယ်။
Source
Internet
Myammar Biodiversity Group

#ကောက်လှိုင်းတီပန်း

Photos from Win In The Wild's post 31/08/2023

ဒီနှစ် ကောက်လှိုင်းတီပန်းလေးတွေ ပိုပြီးပွင့်ကြတယ်တဲ့။
ကိုယ်တိုင်သွားပြီး ကြည့်ချင်ပေမယ့် မရောက်ခဲ့ပြန်ဘူး။
ပုံလေးတွေပို့ပေးလို့ကျေးဇူးပါ။ ကောက်လှိုင်းတီပန်းလေးတွေအကြောင်းကို ရှာဖွေပြီး sharing လုပ်ပေးသွားပါမယ်နော်။
Stay tuned !
#ကောက်လှိုင်းတီပန်း

Photos from Win In The Wild's post 25/08/2023

🌏 ဘယ်လိုဖြစ်လာတာလဲ ? 🧐
ဒီနေ့တော့ သက်ရှိတွေအားလုံးရဲ့ နေထိုင်ရာအိမ် 🌏🌍🌎Home Sweet Home ဖြစ်တဲ့ ကမ္ဘာကြီး ဘယ်လိုဖြစ်လာလဲဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့ အယူအဆတွေကို လေ့လာကြည့်ကြရအောင်~~~
ကမ္ဘာဦးအစဟာ အခုလို သက်ရှိတွေ အသက်ရှင်နေထိုင်ဖို့လိုအပ်တဲ့ လေ ရေ မြေ တွေနဲ့ နေချင်စဖွယ် စိမ်းလမ်းသာယာတဲ့ ဝန်းကျင်ကြီးတစ်ခုဖြစ်မနေခဲ့ပါဘူးနော်။
ကမ္ဘာဦးအစဟာဆိုရင် ကျောက်ရေပူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုလ်တစ်လုံးသာဖြစ်ပါတယ်။ကမ္ဘာကြီးဖြစ်ပေါ်လာပုံကို အဆင့်သုံးဆင့်နဲ့လေ့လာနိုင်ပါတယ်။
🌏🌍🌎🌞🌕🪐⭐💫🔥💥💦

အဆင့်တစ် တစ်စတစ်စကြီးမားလာခြင်း (Accretion)

အဆင့်နှစ် ဂြိုဟ်သိမ်တစ်ခုဖြင့်တိုက်မိခြင်း (The Collision of a Protoplanet)
တစ်နည်း လဖြစ်ပေါ်လာပုံ (The Formation of Earth's Moon)

အဆင့်သုံး ဂြိုဟ်သိမ်များဖြင့်အကြိမ်ရေများစွာတိုက်မိခြင်း ( The Bombardment of the Planet with Asteroids)

အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်း ထပ်ပြီးဖော်ပြပေးထားပါတယ်နော်။
Source
https://youtu.be/ye3LavIx9jg?feature=shared
NASA.Com
Chicago News
Wikipedia
Photos Credit

28/06/2023

အားလုံးမင်္ဂလာပါ ကျွန်တော့်နာမည်က “လန်ဂါ” ပါ။ နာမည်အပြည့်အစုံကတော့ Popa Langur လို့ခေါ်ပြီး မြန်မာနာမည်ကတော့ ပုပ္ပါးမျောက်မြီးရှည် ပေါ့ဗျာ။ 🐒

ပုပ္ပါးတောင်မှာ အများဆုံးတွေ့ရလို့ ပုပ္ပါးမျောက်မြီးရှည်လို့ခေါ်ကြပေမယ့် ဘားအံက ရသေ့ပျံဂူ မှာလည်း အကောင်ရေ (၃၀) ခန့် နေထိုင် ကျက်စားကြပါတယ်။ 🐵

ကျွန်တော်တို့ဟာ မြန်မာ့မျိုးရင်းမျောက်လေးတွေဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အကောင်ရေ ၂၅၀ ဝန်းကျင်ပဲကျန်ရှိတာကြောင့် မျိုးသုဉ်းလုနီးပါး အန္တရာယ် (Critically Endangered) ကို ရင်ဆိုင်နေရပြီး လုံးဝကာကွယ်ထားရတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ 😞

ဒါကြောင့် ကျွန်တော်တို့ကိုချစ်ရင် #မစားကြ #မမွေးမြူကြ #မရောင်းကြ ပဲ သဘာဝထဲလွတ်လပ်စွာနေထိုင်ခွင့်ပေးခြင်းနဲ့ ကူညီပေးကြပါခင်ဗျာ။

22/04/2023

Happy Earth Day !!! 🌏

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon