ATH Engineering Group
လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲကအိမ်လေးကို အကောင်အထည်ဖော်ချင်လျှင် ATH ကိုသာဆက်သွယ်လိုက်ပါ�
20/01/2022
✅ Simple House Design တွေအပြင် ဒီလို Modern House Design လေးတွေအတွက်လည်း Archi Drawing , Structure Drawing နှင့် Estimate တို့ကို ကျွန်တော်တို့ ANC မှ လူကြီးမင်းတို့စိတ်တိုင်းကျဖြစ်အောင် ဆောင်ရွက်ပေးပါတယ်ခင်ဗျာ...👨💻👷👷
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်သိရှိလိုပါက Page Messenger (or) 095100450/09441135315 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ☺️
17/01/2022
& Structural Design for RCC Building
Project Name - (17'×41') Proposed Three storey RCC Building @ North Dagon
ဒီ သုံးထပ်တိုက်လေးကိုတော့ ရိုးရိုးရှင်းရှင်းလေးဆွဲပေးထားပီး Structureကိုလည်း safe ဖြစ်အောင် တွက်ပေးထားပါတယ် ခင်ဗျာ...
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်သိရှိလိုပါက Page Messenger (or) 095100450/09441135315 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ☺️
16/01/2022
📌 Vi****or ထိုးနည်း 👷
Concrete စတင်လောင်းလိုက်တဲ့ အချိန် Concrete ရဲ့ အတွင်းမှာAir Void လေးတွေ ရှိနေပါတယ်....
အဲ့ဒီ Air Void တွေက Concrete ရဲ့ strength
ကို ထိခိုက်အောင်ထိ သက်ရောက်မှုရှိနိုင်ပါတယ်...
တစ်နည်း Air Void များနေမယ်ဆိုရင်
Compactionကောင်းကောင်းမရနိုင်တော့ပါဘူး...
ဒါ့ကြောင့် Concrete ထဲမှာ ရှိတဲ့ Air Void တွေကို
Concrete ထဲကနေ ထုတ်ပေးဖို့လိုလာတဲ့ အခါခုလို
ခေတ်မှီလာတဲ့ အချိန်မှာ Vi****or ကိုသုံးတာပါ...
Vi****or ရဲ့ သူ့ရဲ့ အဓိက တာဝန်က Air void ကို
ဖယ်ရှားပေးဖို့ဆိုတာ သိထားဖို့လိုပါတယ်...
( ဒါပေမယ့် Site ထဲမှာတော့ ခုထိ တလွဲသုံးနေကြတာ
တွေရှိနေပြီးတော့ အတော်လေး ပြောရခက်
တဲကိစ္စတစ်ခုလည်း ဖြစ်နေပါသေးတယ်...)
Vi****or သုံးရခြင်းရဲ့ ရည်ရွယ်ချက်ကို မသိ
သေးတဲ့ Junior တွေအတွက်ပါ... )
ကျွန်တော်တို့ဟာ vi****or တွေ မပေါ်ခင်က column တွေ beam တွေ concrete workတွေကို ကွန်ကရစ် သိပ်သည်းမှု့ရအောင် ဝါးလုံးတွေ ၊ သံချောင်းတွေ ၊ သံလျှက်တွေနဲ့ထိုးး တူတွေနဲ့ ခေါက်ခဲ့ရပါတယ်။
အခုခေတ်မှီလာချိန်မှာတော့ ဝါးတွေ ၊ သံလျှက်တွေ အစား လွယ်ကူလျှင်မြန်အောင် vibration လုပ်ပေးဖို့ vi****or ကို ဖန်တီးပြီး ဗားရှင်း မြင့်ပေးခဲ့ပါတယ် ။
လေဘာ အချို့ဟာ vi****or ကို စိမ်ထိုးခြင်း ၊ သံများ formwork များကို ကန့်လန့်ကာ အလွန်အကြူး တုန်ခါစေခြင်း စတဲ့ လွဲမှားတဲ့ အယူအဆတွေကို လေဘာအချို့ သိစေဖို့ ထိုးနည်းအမှန် ရေးပေးလိုက်ပါတယ်။
vi****or ထိုးရာ၌ တိုတောင်းသော အကွာအဝေးများကို စိတ်ထဲမှာ အသေအချာ သက်မှတ်၍ တုန်ခါမှု့ အကျိုးသက်ရောက်မူ့ တစ်နေရာနှင့် တစ်နေရာ ထပ်မိစေရန် ၊ နေရာလွတ် မကျန်အောင် အသုံးပြုရပါ့မယ်။
vi****or ကို ကွန်ကရစ် နှံစပ်စွာ သိပ်သည်းမှု့ရသည့်အထိသာ သုံးသင့်ရမှာ ဖြစ်ပြီး လွန်ကျူးစွာ ထိုးစိမ် ၊ သံ ၊ formwork များကို ကန့်လန့်ကာ သုံးမိပါက ကွန်ကရစ်ရောစာများ သီးခြားဖြစ်စေပြီးး ရေနှင့် အနှစ်များ အပေါ်တက်လာကာ တွဲမြဲစွာ စွဲကပ်မူ့ (bond) ကို ပျက်စီးစေမှာ ဖြစ်ပါတယ်။ထိုသို့ ဖြစ်ပါ်လာသော အက်ကြာင်းမြောင်းငယ်များကြောင့် ကွန်ကရစ် ရေစိမ့်ခြင်းကို ဖြစ်ပေါ်စေတာပါ။ ( ပန်းရံဆရာ အချို့ဟာ မျက်နှာပြင် ညှိရလွယ်ရန် အနှစ်ရည်များ အပေါ်တက်လာအောင် vitrator ကို စိမ်ထိုးခိုင်းတက်ပါတယ် ၊ မလုပ်ရပါဘူး ဆရာတို့ရယ်)
vi****or ကို ၁၈ လက်မမှ ၃၀လက်မကြား စိတ်ဖြင့် ပိုင်းခြားထိုးရမှာ ဖြစ်ပြီး တစ်နေရာတွင် ၅ စက္ကန့်မှ ၁၅ စက္ကန့် အကြား ထိုးရမှာ ဖြစ်ပါတယ်။ နေရာ အကျယ်ကြီး ခြား၍ ကြာမြင့်စွာ မထိုးရပါ ။
ကွန်ကရစ် အတွင်းထဲသို့ အပေါ်အောက်
တည့်တည့်ထိုးရမှာဖြစ်ပြီး ကန့်လန့်ဖြတ်၍ မထိုးရပါ ။ ပြန်ဆွဲထုတ်သည့်အခါ vi****or ကို တုန်ခါမှု့ ပေး၍ ဖြည်းဖြည်းချင်း ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက အပေါက်ဖြစ် ကျန်ခဲ့ကာ အဆောက်အဦးအရည်အသွေးကို ထိခိုက်စေမှာ ဖြစ်ပါတယ် ။
vi****or ကို အသုံးပြုပြီး ကွန်ကရစ်များကို တစ်နေရာမှ အခြားတစ်နေရာသို့ တွန်းပို့ခြင်း လဲ မပြုလုပ်ရပါ။ ကွန်ကရစ် ရောစာများကို သီးခြားဖြစ်စေပါတယ်။
တုန်ခါစက် မရောက်သော အချို့နေရာများ၌ vibration ရအောင် formwork များကို တုန်ခါစေရမှာ ဖြစ်ပြီးး ( ဥပမာ။ ။ တူဖြင့်ခေါက်ကာ) မဝင်တာကို သံများ formwork များကို ဖြဲကာ မထိုးသင့်ပါ ။
ကျယ်ပြန့်စွာ သွန်းလောင်းထားပြီး မာခဲစ ပြုနေသော ကွန်ကရစ်ကို တုန်ခါစေသော အခါ ပျော့ပြောင်းလာသည့် အနေအထား ရှိပါက အသုံးပြုနိုင်ပြီး ထုံးစံမဟုတ်ပဲ စောစီးစွာ ခဲသွားခြင်းကို အတုအယောင်ခဲခြင်း ဟုတ် မဟုတ် ကိုတော့ ဆိုဒ်အင်ဂျင်နီယာ နှင့်
လုပ်ငန်းကြပ် ကန်ထရိုက်တာတို့က နားလည်ရန်
လိုပါလိမ့်မည် ။
Vi****or ကို နည်းစနစ်မှန်စွာ အသုံးပြုနိုင်ကြပါစေ။
04/01/2022
& Structural Design for RCC Building
Project Name - (55'×35') Proposed One storey Clinic @ Ayeyarwaddy
ဒီ Clinic Project လေးရဲ့ Archi design နဲ့ Structural design ကို ကျွန်တော်တို့ ANC မှ ရေးဆွဲတွက်ချက်ပေးထားပါတယ်ခင်ဗျာ...
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်သိရှိလိုပါက Page Messenger (or) 095100450/09441135315 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ☺️
21/12/2021
မင်္ဂလာပါခဗျ 🙏
ကျွန်တော်တို့ ANC မှ ရရှိနိုင်သော services များနဲ့ မိတ်ဆက်ပေးချင်ပါတယ်
(1) Architectural 3D Modeling & Visualization (Exterior & Interior)
(2) Structure Design Calculation
(3) Estimate Services
Archi 3D, Structure Design Calculation, Estimate တို့ကို တစ်နေရာတည်းမှာ One stop Service အပ်ချင်ပါသလား?
ဒါမှမဟုတ် Archi, Structure, Estimate တို့ထဲမှ တစ်ခုခုကိုဖြစ်စေ freelancing အပ်လိုပါသလား?
👉လူကြီးမင်းတို့ တည်ဆောက်လိုသော အဆောက်အဦးများအတွက် Design, Drawings & Estimate Services များကို ANC Engineering Group မှ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ ☺️
✅ အဆောက်အဦးတစ်ခု ဖြစ်လာဖို့ ပထမဆုံးလိုအပ်တာကတော့ 3D design ပါပဲ...လူကြီးမင်းတို့လိုချင်တဲ့ စိတ်ကူးထဲက အိမ်ပုံစံလေးကို မြေပြင်တွင်
မတည်ဆောက်ခင်မှာ လိုချင်တဲ့ ခန်းဖွဲ့ပုံစံတွေကို Plan အရင်ချပီးမှ Design ရေးဆွဲခြင်းအားဖြင့်အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ Design ပေါ်
မူတည်ပီး လူကြီးမင်းတို့ အသုံးပြုမယ့် ငွေပမာဏကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်နိုင်ခြင်း၊ တည်ဆောက်ဖန်တီးရာတွင် ထည့်သွင်းအသုံးပြုမယ့် Materials အသေးစိတ်ကိုလည်း ကြိုတင်ခံစားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ် ခင်ဗျာ...
(2) အိမ်တစ်အိမ်အတွက် Structural Design ကတော့ ဒုတ်ိယအရေးအကြီးဆုံးပါ... အဆောက်အဦးတစ်ခု ကြံ့ခိုင်မှု အပြည့်ရှိဖို့ မိသားစုများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့အပြင် ကုန်ကျစရိတ်များကိုလည်း မပိုသင့်တာမပိုရအောင် Structure Design တွက်ချက်ပီးမှ မြေပြင်မှာ တည်ဆောက်သင့်ပါတယ် ခဗျ...
(3) လူကြီးမင်းတို့ရဲ့ အဆောက်အဦးအတွက် ကုန်ကျစရိတ်တွက်ချက်ခြင်း၊ Quantity Surveying တို့ကိုလည်း တာဝန်ယူဆောင်ရွက်ပေးနေပါပြီခဗျ ✍️
❗️လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးမားလှသော အိမ်မက်များကို တာဝန်ယူ ဖန်တီးတည်ဆောက်ပေးဖို့အတွက် ကျွန်တော်တို့ ANC Engineering Group မှ တာဝန်ယူပေးပါရစေ 🙏
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Page Messenger (or)
📞095100450/09441135315 သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ☺️
21/12/2021
🧱Brick Wall Crack Repair
🍀Steel Structure အဆောက်အဦးမှာ ဆောက် ပြီး မကြာခင် အုတ်ရိုးတွေ အက်ကြောင်းလိုက်လာပါတယ်။ ဘာဖြစ်လို့လဲ? အဲဒီ wall ကွဲတာ ဘယ်လို ပြန်ပြင်ရမလဲ မေးထားတာ ဖြေပေးလိုက်ပါတယ်။
🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱
🧱Steel Structure မှာ အုတ်ရိုး ကွဲတာက အများအားဖြင့်တော့ structure member တွေ တွန်းအား တစ်ခုခု ကြောင့် ဖြစ်တက်ပါတယ်။ ဒါကိုတော့ structure ကစားတယ်လို့ အလွယ်ပြောကြပါတယ်။
🧱အဓိက ကတော့ Steel Structure ဆောက်တာ Structure save ဖြစ်ဖို့ က အရေးကြီးပါတယ်။ Brick Wall နဲ့ Steel Column join မှာ dowel တွေထဲ့ဖို့ နဲ့ သူ တို့နှစ်ခုကြား ဂျာလီ ညှပ်ဖို့ မမေ့ပါနဲ့။ stiffener တွေကတော့ ပုံမှန်အတိုင်း ထဲ့ခဲ့ရမှာပါ။
🧱Brick wall တွေ crack ဖြစ်တာက Plaster ပဲလား ?
🧱အုတ်ရိုး ပါ ပါလား?
🧱 အက်ကြောင်းကဘယ်လောက် နက်လဲ? ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ပြင်ရတာပါ ။
🍀များသောအားဖြင့်တော့ Door and Window ကျည်းဘောင် ထောင့်မှ 45 ဒီကရီ ကွဲတက်ပါတယ်။ အခြားရေပိုက်၊ မီးပိုက်နေရာတွေလည်း ကွဲနိုင်ပါတယ်။
🍀Plaster crack ဆိုရင်တော့ V-shape လေး ခတ်သေးသေး ထိုးပြီး silicon ထိုးပြီး ပတ်တီးရိုက် ဆေးသုတ် ရင် OK ပါတယ်။
🍀အုတ်ရိုးပါ ပါပြီးကွဲ ရင်တော့ ကွဲတဲ့ လမ်းကြောင်းကို V- Shape ကို အက်ကွဲ ကြောင်း နောက် ဆုံး နေရာ အထိ ဖေါ်ထိုး ပါ။ ပြီးရင် သန့်ရှင်းရေး သေချာ လုပ်ပါ။ သန့်ရှင်းရေးလုပ်ပြီး bonding agent သုတ်ခြင်း လုပ်ငန်းလုပ်ဆောင်ပါတယ်။ wall crack filler ဖြည့်ပါ။
🍀နောက် တစ်မျိုးက Plaster ပါခွါပြီး wire mesh ကပ်ပါ။ wall crack filler ဖြည့်ပါ။ filler မရှိရင် non shrink groud ဖြည့်လို့လည်း ရပါတယ်။ Epoxy injected ထိုးလည်းရပါတယ်။
🍀နောက်ထပ် နည်းလမ်းတစ်ခုကတော့ အုတ်ရိုးကတော်တော် ကွဲသွားတယ်။ ဟိုဘက် ဒီဘက်ပါ အက်ကြောင်းထင်နေရင်တော့ 8mm diameter သံချောင်းနဲ့ wall မှာ မြောင်းထိုးပြီး Wall ကို ချုပ်ပါ။ ပြီးရင်တော့ Epoxy injected ဒါမှ မဟုတ် non shrink groud ဖြည့်လောင်းပြီး ပြင်လို့ရပါတယ်။
👉ဒီနည်းကိုတော့ ခြံစည်းရိုး wall ကွဲတာမှာ ပဲပြင်ဖူးပါတယ်။ ok ပါတယ်။
🍀အားလုံးပြင်ပြီးသွားရင်တော့ Plaster ချောပြီး ဆေးသုတ်လို့ ရပါပြီ။
🍀ပုံလေးတွေနဲ့ နမူနာ ပြထားပါတယ်။
Crd...Daw Aye Aye Win
11/12/2021
📌Concrete Tests (Non-Destructive Tests)
လုပ်ငန်းခွင်ထဲစ၀င်တဲ့ချိန် ကွန်ကရစ် အချိုးမှန်တာမမှန်တာ လောင်းပြီးရင် ဘယ်သူမှမသိပါဘူးလေ။ သံချောင်းထည့်ထားတာ ဆိုဒ်မှန်မမှန်၊ cover မှန်မမှန် concrete လောင်းပြီးရင် ဘယ်သူမှမသိပါဘူးလေဆိုပြီး တွေးခဲ့ဖူးတယ်။ ခုချိန်ထိလည်း တွေးနေတဲ့သူရှိမှာပါ။ ဒါကိုခဏနား။
နယ်ဘက် တင်ဒါတွေမှာ စစ်ဆေးရေးအဖွဲ့လာပြီဆိုလို့ ဘာတွေစစ်လဲဆိုရင် ပေဘူးလေးတစ်လုံးနဲ့ ပေကြိုးလေးဟိုနားဒီနားထောက်ကြည့်တယ်၊ မျက်စိလေးနဲ့ဟိုကြည့်ဒီကြည့်၊ ဟိုဟာကိုင်ကြည့်၊ ဒီဟာကိုင်ကြည့်၊ ဟိုမေး ဒီမေးနဲ့ ပြန်သွားကြတာများတယ်။ ပြောရရင် မျက်မြင်အခြေအနေလေးဘဲကြည့်တာပေါ့ဗျာ။ (ဒါက ဒေသဆိုင်ရာ (မြို့နယ်ဆိုင်ရာ) တာ၀န်ရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဆေးရေးအဖွဲ့။ နယ်ဘက်တွေမှာ အဲ့လို စစ်ဆေးရေးအဖွဲ့နဲ့ပြီးသွားတာများတယ်။)
ရန်ကုန်တိုင်းအတွင်း (ကျန်တဲ့တိုင်း၊ ပြည်နယ်တွေတော့မသိပါ။ ရှမ်းရှေ့မှာတော့ (မြို့နယ်) ဒေသဆိုင်ရာ တာ၀န်ရှိတွေသာစစ်ပါတယ်။) မှာတော့ စစ်ဆေးရေးအဖွဲ့ဆိုတာ consultant company တွေကို အဆောက်အဦးရဲ့ကုန်ကျစရိတ်ထဲက ရာခိုင်နှုန်းတစ်ခု (၃% နှုန်းလို့ထင်တယ်) ပေးပြီး QC သဘောငှါးပြီး လိုက်စစ်ခိုင်းတယ်။ အဲ့မှာသူတို့အနေနဲ့ rebound hammer test & profoscope test ဆိုတဲ့ test တွေနဲ့ structure ပိုင်းဆိုင်ရာ concrete strength, rebar size & cover တွေကို စစ်ကြတာတွေ့ရတယ်။
Rebound Hammer Test
သူက ကွန်ကရစ်မျက်နှာပြင်မှာကြောမှုကို စစ်တာ။ ကွန်ကရစ်မျက်နှာပြင်ကို rebound hammer နဲ့ထိုးကြည့် ထောက်ကြည့်တယ်။ ရလာတဲ့ result ကို အဲ့ဒီ hammer ပေါ်ပါတဲ့ graph နဲ့တိုက်ကြည့် ဖတ်ကြည့်ပြီး concrete strength (Grade) ဘယ်လောက်ရှိလဲဆိုပြီး ပြောကြတယ်။ ဒီတော့ သဘောက rebound test အားဖြင့် ကွန်ကရစ်စပ်ထားတဲ့ အချိုးမှန်မမှန်၊ curing ပေးထားခြင်းရှိမရှိအလွယ်သိနိုင်တယ်။
Ultrasonic Pulse Velocity Test (UPV Test)
concrete strength ကို နောက်တစ်နည်းအနေနဲ့ အလွယ်စစ်နိုင်တာက UPV test နဲ့ပါ။ သူက ကြိုးနှစ်ခုပါတဲ့ နားကြပ်လိုအရာမျုိးကို ကွန်ကရစ်မျက်နှာပြင်ပေါ်ထောက်ပြီး ကွန်ကရစ်အတွင်းပိုင်းက void, crack စတဲ့ အပြစ်အနာအဆာတွေကိုစစ်တာ။ ဒီတော့ သဘောက UPV test အားဖြင့် vi****or သေချာထိုးထားမထား၊ ကွန်ကရစ်သိပ်တည်းအောင် သေချာလုပ်ထားမထား အလွယ်သိနိုင်တယ်။
Profoscope or (rebar detector test)
သူက profoscope ဆိုတဲ့ rebar detector နဲ့ ကွန်ကရစ်မျက်နှာပြင်ပေါ်လိုက်ထောက်ကြည့်ပြီး သံချောင်းဘယ်နေရာမှာရှိလဲဆိုတာကို စစ်တာ။ သူ့အားဖြင့် ကွန်ကရစ်ထဲမှာ သံချောင်းဘယ်နေရာမှာရှိလဲ၊ bar dia ဘယ်လောက်ရှိလဲ၊ concrete cover ဘယ်လောက်ရှိလဲဆိုတာတွေကို စစ်လို့ရတယ်။
ပြီးတော့ အပေါ်က test တွေအားလုံးကို ဆိုဒ်ထဲအလွယ်တကူလုပ်လို့ရလို့ on site investigation tests လို့ခေါ်ကြသလို ကွန်ကရစ်သားတွေကို တွင်းထုတ်စရာမလို၊ နာကျင်အောင်လုပ်ဖို့မလိုဘဲ test လုပ်နိုင်တာကြောင့် non-destructive test လို့လည်း ခေါ်ကြတယ်။ non-destructive test တွေ တော်တော်များများရှိပေမယ့် ကျွန်တော်တို့စီမှာအသုံးများတာက ကွန်ကရစ်နဲ့ပတ်သက်ရင် အပေါ်မှာဖော်ပြထားတဲ့ test သုံးခုလောက်ဘဲ သုံးကြတာများပါတယ်။
ဒီတော့ လုပ်ငန်းခွင်ထဲ၀င်ဖို့ပြင်နေတဲ့ အင်ယာတွေ၊ လုပ်ငန်းထဲမှာဆိုပေမယ့် မသိသေးတဲ့အင်ယာအပေါင်းတို့ concrete structure ကို ဒီလိုစစ်လို့ရတဲ့ test တွေရှိတယ်လို့သိပြီးရင် နာမည်လေးမထွက်အောင် တတ်နိုင်သမျှ မှန်ကန်အောင်ကြိုးစားလုပ်ကြပါ။
07/12/2021
& Structural Design for RCC Building
Project Name - (36'×36') Proposed 2 storeyed RCC Building @ Yangon
ယခု Project ဟာ ရန်ကုန်မှာဆောက်မယ့်ဘုန်းကြီးကျောင်း ဖြစ်ပီးတော့ Archi design နဲ့ Structural design ကို ကျွန်တော်တို့ ANC မှ ရေးဆွဲတွက်ချက်ပေးထားပါတယ်ခင်ဗျာ...
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်သိရှိလိုပါက Page Messenger (or) 095100450/09441135315 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ☺️
30/11/2021
& Structural Design for Residential Building
Project Name - (45'-9"'×30'-6") Proposed 2 storeyed steel structural building @ South Okkalapa
ယခု Project အတွက် Archi design ကို client စိတ်တိုင်းကျဆွဲပေးထားပါတယ်...
Steel Structural design ကိုလည်း ကြံ့ခိုင်မှုအပြည့်ရှိဖို့ လုံခြုံစိတ်ချစွာနေနိုင်ဖို့ ကုန်ကျစရိတ်များကိုလည်းမပို
သင့်တာမပိုရအောင် တွက်ချက်ပေးထားပါတယ် ခင်ဗျာ...
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်သိရှိလိုပါက Page Messenger (or) 095100450/09441135315 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ☺️
24/11/2021
🏠25'×45' 2 Storey Modern House Design
That house Including 👇
Master Bedroom 1
Single Bedroom 2
Shrine /Dining/Living/Kitchen
Common Bath & Wc 2
✅ပေ ၄၀×၆၀ မြေကွက်မှာ ၂ထပ်ဆောက်ချင်သူတွေအတွက်အဆင်ပြေပါတယ်နော် 😍
လူကြီးမင်းတို့စိတ်တိုင်းကျ အိမ်ပုံစံဒီဇိုင်းကြိုတင်
ရေးဆွဲချင်သူများအတွက် ဝန်ဆောင်မှုများလိုအပ်လာပါက ကျွန်တော်တို့ ANC Engineering Group
📱095100450 (or) 09441135315 သို့
ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ...
24/11/2021
22/11/2021
& Structural Design for Residential Building
Project Name - (90'×57')One Storey RC Building @ Ywar Thar Gyi
ဒီ Project အတွက် Archi design ရော Structure design ရော ၂ခုလုံးကို ကျွန်တော်တို့ ANC မှ တာ၀န်ယူဆောင်ရွက်ပေးထားပါတယ်...
ဒီ Project ဟာလည်း အခုလက်ရှိ ရွာသာကြီးမှာ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ် 🤗
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |