ZARLI Japanese Language Freelancer
Let's start to learn Japanese with ZARLI
25/12/2025
ဒီနေ့မှာတော့ Electrical Engineering နဲ့ ကျောင်းပြီးရင်ဂျပန်မှာ ဘယ်လိုအလုပ်မျိုးတွေ လုပ်လို့ရလဲ ဆိုတာကို ကိုယ့်အတွေ့အကြုံ + ကိုယ်သိသလောက်ကို sharing လုပ်ချင်ပါတယ်ရှင့်☺️
ကိုယ့်ထက်senior ကျပြီးနယ်ပယ်အသီးသီးမှာ အောင်မြင်ကြသူတွေ အမြောက်များရှိလို့ မပြည့်စုံခဲ့ရင်လည်း ဖြည့်စွက်ရေးသားနိုင်ပါတယ်ရှင့် No1-4ပဲ ကိုယ်လုပ်ဖူးတဲ့ fieldမို့ အခြားfield တွေမှာ ကိုယ့်ထက်ပိုသိကြသူတွေလည်း ရှိမှာပါရှင့်☺️
1. System & Control Engineer
စက်ရုံတွေ၊ plant တွေရဲ့ system control ပိုင်းပါ။PLC, HMI, inverter, sensor တွေနဲ့ automation ကို လုပ်ရတာမျိုးပါ။
Mitsubishi မှာ ဒီ role နဲ့ လုပ်ခဲ့ဖူးပါတယ်။Logic စဉ်းစားရတာများပြီး control ပိုင်းက နည်းနည်းခက်လို့ ကိုယ့်အတွက် ဉာဏ်မမီဘူးထင်လို့အလုပ်ပြောင်းခဲ့ပါတယ် 😅
2. Sales & Service Engineer
Electrical component ထုတ်တဲ့ company တွေမှာ လုပ်ရတာများပါတယ်။Quotation တွက်ရတာ၊ parts ပို့ရတာ၊機能仕様書လိုမျိုး စာရွက်စာတမ်းတွေပြင်ရတာ၊installation ပြီးရင် trouble、error ဖြစ်လာရင် customer ကို support ပေးရတာပါ။
Fuji Electric မှာ လုပ်နေပေမယ့် communication ပိုင်းများလို့ ဒီအလုပ်က ကိုယ်နဲ့ မကိုက်ဘူးထင်လို့ ပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် 🤣
3. Electrical Design Engineer
Wiring design, components တွေကို design ဆွဲရတဲ့ အလုပ်ပါ။Drawing ဆွဲရတာ၊ circuit စဉ်းစားရတာများပါတယ်။ကိုယ့်အတွက်တော့ ဒီအလုပ်ကို ပိုစိတ်ဝင်စားတယ် ထင်လို့ နောက်တစ်ဆင့်အနေနဲ့ ဒီဘက်ကို ပြောင်းလိုက်ပါတယ်။အသေးစိတ်ကို နောက် post မှာ ထပ်ရေးမယ်နော်🥰
4. Electrical Maintenance Engineer
စက်ရုံ၊ building တွေရဲ့electrical ပိုင်း Maintenance လုပ်ရတာပါ။
ဒီအပိုင်းက JFEမှာ internship ပဲဆင်းဖူးတာပါရှင့်။
5. Electrical Development Engineer
Product အသစ်တွေကို develop လုပ်တဲ့အလုပ်ပါ။Circuit design လုပ်ပြီး prototype စမ်းတာ test လုပ်တာ ပြန်ပြင်တာ ဒီလို process တွေကို လုပ်ရပါတယ်။Manufacturer company တွေမှာ ရှိတာများပါတယ်။
6. Electrical Site Management Engineer
Site ကို စီမံခန့်ခွဲရတဲ့ အလုပ်မျိုး ပါ။ဒီအပိုင်းလုပ်နေတဲ့ မြန်မာလူမျိုးတော်တော်များများရှိပြီး လုပ်ဖူးသူတွေက ပိုပြီးအသေးစိတ်ရှင်းပြနိုင်ပါလိမ့်မယ်ရှင့်
7. Electrical Installation Engineer
ဒီအလုပ်က electrical wiring and installation ကို အဓိကလုပ်ရပါတယ်။Installation ကြိုက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။
8.CAD Operator
Electrical drawing ကို CAD နဲ့ဆွဲရတာမျိုးပါ။ရုံးထိုင်ပြီး software ပိုင်းပဲ လုပ်ချင်တဲ့သူတွေ အတွက် သင့်တော်ပါတယ်။
9.Electrical Estimate Engineer
Drawing ကြည့်ပြီး material quantity တွက်တာ၊Cable, Panel, Equipment စတဲ့ cost တွက်တာ၊Project budgetပြင်ဆင်တာ၊Quotation အတွက်資料 ပြင်ဆင်ရတာမျိုးပါ
10.Power & Substation Engineer
High voltage ပိုင်းအလုပ်ပါ။Transformer, breaker, switchgear တွေကိုdesign လုပ်တာ၊ စစ်ဆေးထိန်းသိမ်းတာမျိုးပါ။
12. Renewable Energy Engineer
Solar, wind power စတဲ့ renewable energy ပိုင်းပါ။Installation လုပ်တာ၊ maintenance လုပ်တာမျိုးပါ။
🍀🍀🍀🍀
နောက်ဆုံး ပြောချင်တာက
Electrical Engineering ဆိုတာ လမ်းကြောင်းတစ်ခုပဲ မဟုတ်ပါဘူး။
ကိုယ်လုပ်ကြည့်ပြီးမှ ကိုယ်နဲ့ ကိုက်တာ မကိုက်တာ သိလာတာပါ။
ဂျပန်မှာ အလုပ်ခဏခဏပြောင်းတာက impressionမကောင်းဘူးပြောကြပေမယ့် ကိုယ်ကတော့ အသက်၃၀မပြည့်ခင် ကိုယ်တကယ်စိတ်ဝင်စားတဲ့ field ကိုရှာဖွေနေတာမို့ ပြောင်းပါတယ်ရှင့်။Japanese နဲ့ English စာသေချာရပြီး နည်းပညာပိုင်းလည်းသိတယ်ဆိုရင် company ကြီးတွေမှာ အလုပ်ရဖို့ %များပြီး 年収600-800万円ထိရနိုင်ပါတယ်ရှင့်။တယောက်နဲ့တယောက် အရည်ချင်းပေါ်မူတည်ပြီး ပိုရတဲ့သူတွေလည်းရှိပြီး အဲ့လောက်မရတဲ့သူလည်း ရှိရင်ရှိမှာပါရှင့်
ကိုယ်က Japanese N1 နဲ့ BJT၊ English TOEIC ရှိပြီး နည်းပညာပိုင်းက အခြေခံလောက်နဲ့ အရင်company က Experience တွေနဲ့ အလုပ်ရှာခဲ့တာပါရှင့်။☺️
အခုမှ မြေစမ်းခရမ်းပျိုးနေတဲ့သူမို့ ကိုယ့်ထက် ဆရာ့ဆရာကြီးတွေလည်းရှိမှာပါရှင့်။ဒါက ကိုယ်သိတဲ့ အပိုင်းလေးကနေပဲ ရေးထားတာပါရှင့်☺️
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်🙏🏻
07/12/2023
皆さん、
久しぶりですね、🤗
ဒီနေ့ sharing လုပ်ပေးချင်တာကတော့ 埴輪 (はにわ)လို့ခေါ်တဲ့ အရုပ်လေးအကြောင်းပဲ ဖြစ်ပါတယ်ရှင့်
ဒီအရုပ်လေးတွေဟာ 古墳 (こふん)တွေမှာ တွေ့ရတဲ့ အရာလေးတွေပဲဖြစ်ပါတယ်။ 古墳 ဆိုတာကတော့ ဘုရင်နှင့် အရေးပါသူတွေရဲ့ သချိင်္ုင်းအုတ်ဂူပဲ ဖြစ်ပါတယ်ရှင့်။
သေလွန်သူရဲ့ဝိညာဉ်တွေကို ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ はにわလေးတွေကို သေသူနဲ့ အတူ အခေါင်းထဲကို ထည့်ပေးတယ်လို့လည်း ဆိုကြပါတယ်ရှင့်။
27/11/2023
10လပိုင်း ကျောင်းသားသစ်ကြိုဆိုပွဲမှာ မြန်မာစကားပြန်လုပ်ခဲ့ခြင်း အမှတ်တရ🤗
21/08/2023
N5ကနေ N3 ထိ ကိုယ့်ဆီမှာပဲတက်ကြပြီး N3အောင်သွားကြပြီ🤗
おめでとう🎉🎉ပါ ညီမလေးတို့♥️
02/03/2023
2လပိုင်း 2023 Nat Test စာမေးပွဲတွင် စာမေးပွဲ အောင်မြင်သူများ
N3
မနွေးနဒီဇွန်
N5
မောင်ရှင်းသန့်နိုင်
မအိဖြိုးခိုင်
မောင်လေး၊ညီမလေးတို့ Congratulations 🎉🎉ပါ
21/02/2023
01/01/2023
Congratulations ညီမလေး🎉👏👏
14 နှစ်ညီမလေးရဲ့ အောင်မြင်မှု❣️
24/10/2022
Nat Test ချင်း အတူတူကို ရန်ကုန်က ဘာလို့ 72000 ဖြစ်နေရတာလဲဟင်🙄
http://mandalay.nat-test.jp/
23/09/2022
N5,N4 အမှတ် အမောပြေလေးတွေ😍
Max marks
N4-144
N5-144
ထူးခြားတာကတော့ ဒီတခေါက်က အငယ်ဆုံး 14နှစ် ညီမလေးပါ အောင်သွားတာ🤗💞💕
11/09/2022
ကဲ တိုခုတဲဂိနိုးဗီဇာအတွက် JLPT,JFT အပြင်
Nat- Test,J-Test,Top-J, J-certေတွလည်း ထပ်တိုးလက်ခံလိုက်ပြီတဲ့နော်🤗🤗🤗
တိုခုတဲဂိနိုးဗီဇာ ခွင့်ပြုသော ဂျပန်စာ စာမေးပွဲများထပ်တိုး
တိုခုတဲဂိနိုးဗီဇာ လျှောက်ထားနိုင်ဖို့အတွက် လက်ရှိအထိ JLPT (သို့) JFT ကိုသာ ခွင့်ပြုထားခဲ့ပါတယ်။
၈လပိုင်း ၃၀ရက်နေ့ ဂျပန်လဝကရဲ့ ထုတ်ပြန်ချက်အရ တိုခုတဲဂိနိုးဗီဇာ လျှောက်ထားဖို့ အရည်အချင်းပြည့်မှီတဲ့ ဂျပန်စာစာမေးပွဲ အချို့ကို ထပ်တိုးခွင့်ပြုပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ စာမေးပွဲတွေထဲမှာဆိုလျှင်
(၁). JLPT
(၂). JFT
အပြင်
(၃). NAT-TEST
(၄). TOP-J
(၅). J-TEST
(၆). J-cert
စတဲ့ စာမေးပွဲတွေ ပါဝင်လာပါတယ်။
(အခြား ဂျပန်စာ စာမေးပွဲတွေလည်း ထပ်တိုးကောင်း ထပ်တိုးလာနိုင်ပါတယ်။)
ကိုးကား linkhttps://www.moj.go.jp/isa/content/001378844.pdf
https://www.moj.go.jp/isa/content/001370592.pdf
အကီ။ ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Tokyo
Thanlyin