Stalar Han
တစ်နေ့ကို နည်းနည်းစီလှမ်းပါ
တစ်ချိန်မှာ ပန်းတိုင်ကိုရောက်လာပါလိမ့်မယ်
📚🍀🥇
15/06/2026
✅စာအုပ်တွေက online ကနေပဲဝယ်လို့ရပါတယ်၊ ခုနောက်ပိုင်းဆို လှည်းတန်းက တစ်ချို့စာအုပ်ဆိုင်တွေမှာပါရနေပြီမို့၊ အပြင်မှာလည်း အလွယ်တကူဝယ်လို့ရနေပြီ။ online တုန်းကတော့ (ပျော်ရွှင်လေ့လာတရုတ်စာ, Great Future Chinese Book Store) pg မှာအမြဲဝယ်ဖြစ်ပါတယ်။
✅စစချင်းက Hanyu စာအုပ်လေ့လာပါတယ်၊ HSK 3 ကိုဝင်ဖြေခဲ့ပေမဲ့ HSK သင်ရိုးကိုတော့ စာသင်မှသာ ပထမဆုံးလေ့လာဖူးတာပါ။ Hanyu 12 ထိ Self-study လုပ်ပြီး၊ HSK meanings တွေကိုတောက်လျှောက်ကျက်ပြီးလေ့လာဖြစ်ပါတယ်။ Hanyu 12 ထိလေ့လာထားရင် HSK 4 လောက်ထိက ပြသာနာမရှိတာမို့၊ 4 နဲ့ 5 Grammar Level လိုအပ်ချက်တော့နည်းနည်းရှိနိုင်ပါတယ်။
✅ Self-study လုပ်မယ်ဆို ဘာမဆိုကိုယ့်ဘာသာအားကိုးရတာများပါတယ်။ မသိတာ၊ နားမလည်တာရှိရင် ကိုယ့်ဘာသာပဲရှာပြီးလေ့လာရတာမို့ အချိန်တော့ပိုပေးရပါတယ်။ အားသာချက်ကတော့ ကိုယ်သဘောကျတဲ့ပုံစံအတိုင်းလေ့လာနိုင်ပြီး၊ လေ့လာချိန်လည်းကိုယ်စိတ်ကြိုက်သတ်မှတ်နိုင်တာမို့ သူများနဲ့ အမှီလိုက်ရတဲ့ pressure မျိုးတော့မရှိပါဘူး။ ခုနောက်ပိုင်း မြန်မာက ဆရာတွေရဲ့ YouTube Channel တော်တော်များများမှာ Free သင်ခန်းစာတွေတင်ပေးထားမို့ အရင်ထက်အများကြီးပိုပြီးလွယ်ကူသွားပါပြီ။ Video Class တွေအတိုင်းသင်ခန်းစာတွေတင်ပေးထားကြတာမို့ အရင်လောက်အချိန်ပေးစရာမလိုဘဲအလွယ်တကူလေ့လာနိုင်ပါတယ်။
✅ နောက်ဆုံးကိုယ့်အတွေ့အကြုံပေါ်မူတည်ပြီး အကြံပေးချင်တာကတော့ ခုမှစလေ့လာမဲ့သူဆို ဆရာသမားကောင်းကောင်းရှာပြီးသင်တန်းအရင်တက်ပါ။ ဘာသာစကားအသစ်သင်ယူတာမို့ အခြေခံကောင်း၊ ဆရာသမားကောင်းလိုအပ်ပါတယ်။ အခြေခံပိုင်ပြီဆို Self-study စလေ့လာလို့ရပါပြီ။ တရုတ်စာလုံးတွေအတွက် meaning ပဲမဟူတ်ဘဲ စာပိုဒ်တွေများများရေးပြီး၊ Listening များများဦးစားပေးပါ။ Hanzi နဲ့ Reading တွဲလုပ်သွားလို့ရပါတယ်။ Input များလာရင် Speaking အပိုင်းအတွက်လည်းအများကြီးအထောက်ကူပြုတာမို့ တစ်ဆင့်စီတည်ဆောက်သွားတယ်ဆို ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်သွားမှာပါ။
#15/6/2026(Mon)
15/06/2026
Video class မဟုတ်တဲ့ Video Class အတန်းလေး။
YouTube free သင်ခန်းစာ video တွေတင်ပေးပြီးနောက်ပိုင်း၊ laoshi video class အတန်းတွေကို သီးသန့်မခေါ်ဖြစ်တာကြာပြီ။ မခေါ်ဖြစ်တဲ့အကြောင်းရင်းကတော့ လိုအပ်နေသူတွေလေ့လာလို့ရအောင် ရည်ရွယ်သင်ပေးထားတာမို့ သီးသန့်ကြီး သင်တန်းလိုပြန်မခေါ်ချင်လို့ရယ်။
ဒီတစ်ခါကြ laoshi YouTube သင်ခန်းစာ video တွေကနေတစ်ဆင့်လေ့လာနေတဲ့ညီမလေးက၊ စာပုံမှန်လုပ်ဖြစ်အောင် guide သဘောမျိုးလေးလုပ်ပေးဖို့ တောင်းဆိုလာလို့ဖွင့်ဖြစ်တဲ့ class လေးပါ။ အဓိက သင်ခန်းစာတွေကို laoshi Channel ကတော့ ကိုယ့်ဘာသာလေ့လာမယ်၊ laoshi ဘက်ကကြ သင်တန်းသား၊သင်တန်းသူတွေနဲ့ကိုက်ညီတဲ့ Timetable ဆွဲပေးပြီး၊ အဲ့အတိုင်း Target ပြည့်အောင် လေ့လာနိုင်ရပါပြီ။ စာလည်းစစ်ပေးပါတယ်။ စာပိုဒ်တွေရေးရတယ်၊ စာအမြဲဆိုရပါတယ်။
Class လေးရဲ့ရည်ရွယ်ချက်က သင်တန်းသူညီမလေးပြောထားသလို ဘေးက guideline ပေးမဲ့သူရှိတော့၊ အထိန်းအကွပ်လေးရှိပြီး စာပုံမှန်လုပ်ဖြစ်ဖို့ပါပဲ။ Self-study လေ့လာတာက အားသာချက်က ကိုယ်အားတဲ့အချိန်အဆင်ပြေသလို ကိုယ်ပိုင်နည်းလမ်းနဲ့ လေ့လာလို့ရတာဖြစ်ပြီး၊ အားနည်းချက်ကကြ တစ်ယောက်ထဲကိုယ့်ဘာသာ MOTi ပေးလုပ်ရတာမို့၊ ကြာရင် ငြီးငွေ့ပြီးမလုပ်ချင်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့အတွက် ဒီအတန်းလေးဖွင့်ဖြစ်တာပါ။ ဒါ laoshi အတွက်လည်း ပထမဆုံး First Experience ပါပဲ။ ခုတော့ ပထမဆုံးအပတ်လေး အောင်မြင်သွားပြီမို့ အတွေ့အကြုံလေးတွေပြန် sharing ပေးလိုက်ပါတယ်ရှင့်။ 💻📚
ပထမဆုံးအပတ် အောင်မြင်မှုမှတ်တမ်းလေး 🏅
https://www.facebook.com/share/p/1Hm8nJDY4j/
#15/5/2026(Mon)
15/06/2026
တစ်ပတ် 6 ရက်၊ တစ်ရက်ကို သင်ခန်းစာ 2 ခန်းနှုန်း၊
Hanyu 3,4,5 ကို တစ်လ Target ထားထားတယ်။ 🎯
Laoshi ဆီကို စာပိုဒ်တွေရေးပြီး၊ စာဆိုထားတဲ့အသံဖိုင်နေ့တိုင်းထပ်ရတယ်။ တစ်ရက်တာ ကြိုက်တဲ့အချိန်စာလုပ်လို့ရတယ်၊ ည12 မတိုင်ခင်ထပ်ထားပေးရင်ရပြီ။📚
ခုပထမဆုံးအပတ်ကိုတော့ အောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီ။ 🌟 နောက်ထပ် 3 ပတ်ပဲကျန်ပါမယ်။ ဒါက သင်ခန်းစာသစ်မတိုင်ခင်၊ စာပြန်နွေးတဲ့ Revision အတန်းလေးပါ။
#15/6/2026(Mon)
13/05/2026
ယခုခေတ်မှာ ဘာသာစကားတစ်ခုတတ်ထားခြင်းကလဲ လူငယ်တွေရဲ့နေ့စဥ်ဘဝအတွက်အလွန်အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်နေပါပြီနော်။ ဘာသာစကားတစ်ခုကိုတတ်မြောက်ချင်လို့ပဲဖြစ်ဖြစ်၊ အလုပ်ကိုင်အခွင့်အလမ်းကောင်းတွေလိုချင်လို့ပဲဖြစ်ဖြစ်၊ Scholarship တွေလျှောက်ချင်လို့ပဲဖြစ်ဖြစ်၊ Idol တွေကြူးချင်လို့ သင်တာပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ပဲသင်သင် ဘာသာစကားတစ်ခုတတ်မြောက်ထားခြင်းက ကိုယ့်ဘဝအတွက်အများကြီးအသုံးဝင်ပါတယ်ရှင်။ဘာသာစကားတွေထဲကမှ ယခုခေတ်မှာဆိုရင် Engအပြင် Chinese ဘာသာစကားကလဲကမ္ဘာတစ်ဝှမ်းသာမက ကျွန်မတို့မြန်မာနိုင်ငံမှာပါ လွန်စွာအသုံးဝင်တဲ့ဘာသာစကားတစ်မျိုးဖြစ်နေတယ်ဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒါဆို တရုတ်ဘာသာစကားကိုလေ့လာချင်သူများအတွက် Laoshiတို့ရဲ့ Chinese language Basic သင်တန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။
Laoshiတို့ရဲ့ Chinese Basic Level လေးမှာ ဘယ်လိုCourseတွေပါဝင်မလဲဆိုရင် -
" တရုတ်စာနဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတတွေ၊ Pinyin (Shengmu, Yunmu, Shengdiao) နဲ့ Bihua (တရုတ်စာရေးသားရာတွင်လိုအပ်သောအခြေခံစုတ်ချက်များရေးဆွဲနည်း)တွေ၊ကိန်းဂဏန်းရေတွက်နည်းများ(ခုဂဏန်းမှ သိန်းဂဏန်းထိအလွယ်ရေတွက်နည်း) များနဲ့အတူ နေ့စဥ်ဘဝမှာ အသုံးပြုကြတဲ့ မိသားစုအခေါ်အဝေါ်များနှုတ်ဆက်နည်းများကို အဓိကသေချာသင်ကြားပေးမှာဖြစ်ပါတယ်ရှင်။"
(Laoshi ဘက်က တရုတ်စာအခြေခံကို သေချာလေးသင်ကြားပေးမှာဖြစ်လို့၊ သင်တန်းပြီးဆုံးတာနဲ့ Basic Level ကိုပိုင်နိုင်သွားပြီဖြစ်တဲ့အတွက် မိမိဆက်တက်ချင်သည့် မည်သည့်သင်ရိုးကိုမဆိုနောက်ပိုင်းမှာဆက်လေ့လာနိုင်သွားပါပြီ။ အခု Basicအတန်းပြီးဆုံးရင်လဲ Laoshi ရဲ့ YouTube Channel ကနေတစ်ဆင့် သင်ခန်းစာသစ်များကို Free ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။ 🎊)
Laoshiတို့ရဲ့Basic Classလေးကိုဘယ်လိုလူမျိုးတွေတက်ရောက်သင့်လဲဆိုရင်
* တရုတ်စာကိုစိတ်ဝင်စားပြီး ခုမှအခြေခံကနေ စတင်လေ့လာမည့်သူများ။
* Zoom Class တွင် Camera ဖွင့်ပြီး၊ စာမေးလျှင် ဖြေနိုင်သည့်သူများ။
* Laoshiပေးတဲ့ အိမ်စာတွေ၊ အသံဖိုင်တွေကို HW deadline date မတိုင်ခင် ထပ်နိုင်သူများ။
* သင်တန်းကာလ ၁ လအတွင်း သင်ခန်းစာများကိုကြိုးစားလေ့လာပြီး basic course ပြီးဆုံးသည်အထိတက်ပေးနိုင်သူများ။
* အဓိကကတော့ ဆရာမ နဲ့ သင်တန်းသားအချင်းချင်းအပေါ်လေးစားမှုရှိသောသူ ဖြစ်ရပါ့မယ်ရှင်။
Laoshiတို့ရဲ့ Chinese Basic အတန်းလေးဟာဆိုရင် Zoom နဲ့သင်ကြားမှာဖြစ်ပြီး တနင်္လာနဲ့ဗုဒ္ဓဟူး ၂ရက် သင်ကြားပေးမှာပဲဖြစ်ပါတယ်။ အချိန်ကတော့ ည ၈နာရီခွဲ ကနေ ၉နာရီခွဲအထိဖြစ်
ပြီး Duration ကတော့ 1 လပဲဖြစ်ပါတယ်။ Fees ကတော့ 1ယောက်လျှင် 8သောင်းကျပ် သာ ကျသင့်မှာဖြစ်ပါတယ်ရှင်။ စတင်မယ့်နေ့လေးကတော့ ဒီလ 4ရက်နေ့က စတင်မှာဖြစ်လို့ သင်တန်းလေးကိုစိတ်ဝင်စားရင် အခုပဲPage Messengerမှာ လာရောက်စာရင်းသွင်းလို့ရပါတယ်ရှင်။ မေးချင်တာများရှိပါကလဲ Pg Messengerကနေ မေးထားလို့ရပါတယ်နော် Laoshi Lineတက်တာနဲ့ အကုန်ဖြေကြားပေးထားပါမယ်ရှင့်။
Chinese Basic Course
တရုတ်စာအခြေခံသင်တန်း
(👩💻Online Zoom Gp Class )
Start Date - 8/6/2026(Mon)
Class Time - 8:30 to 9:30 pm (Mon ၊ Wed)
Duration - 1 month (4 or 5 weeks)
Class fees - 80000Ks
" Laoshi သင်တန်းကိုမအပ်ခင် Laoshiရဲ့ သင်ကြားမှုပုံစံတွေကိုအရင်လေ့လာချင်တယ်ဆိုရင်လဲ Laoshi ရဲ့ Fb, TikTok နဲ့ YouTube Channel များမှာဝင်ရောက်လေ့လာနိုင်သလို၊ ထပ်ဆောင်းသိလိုသည်များကို messenger နဲ့ cmt များတွင်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
‼️ဒါမယ့် Laoshi သင်တန်းကိုအပ်ပြီး၊ နာမည်ပေးပြီးမှ Cancel လုပ်ခွင့်တော့လုံးဝခွင့်မပြုပါဘူးရှင့်။‼️
🔗FB Page https://www.facebook.com/share/1HnUa5gsH1/
🔗FB Account https://www.facebook.com/share/1DmFdqc1tu/
🔗YouTube https://youtube.com/playlist?list=PLn_PDIqeY8h2SzmM4SPwgwInzpQJ4wkBL&si=YwZHsFSp2j8PY8Do
🔗TikTok https://www.tiktok.com/?_r=1&_t=ZS-95hOzKPM25g
🔗Telegram -https://t.me/StalarHan
https://t.me/stalarhan98
#13/5/2026(Wed)
05/05/2026
Hanyu, HSK သင်ခန်းစာများကိုတစ်စုတစ်စည်းတည်းလေ့လာနိုင်မည့် Link များ🖇️🌐
For YouTube ♥️
https://www.youtube.com/
1️⃣HSK သင်ခန်းစာများ
HSK1
https://youtube.com/playlist?list=PLn_PDIqeY8h3TFQ6cKvJxJGxg704MwZa8&si=V21h1_7khEEIxghn
HSK 2
https://youtube.com/playlist?list=PLn_PDIqeY8h1PKLmGU2mRw6eqG6ybdWLK&si=g9hVuxBwt13ZFoYp
HSK3
https://youtube.com/playlist?list=PLn_PDIqeY8h3tdf9cRGYgYTMIEW3XJuHj&si=8JQA-87d64XGGugu
HSK4
https://youtube.com/playlist?list=PLn_PDIqeY8h2sUSGKHXHzyzWU4ETseMgw&si=_-BGh5IQS8tAwzTR
2️⃣Hanyu သင်ခန်းစာများ
Hanyu1
https://youtube.com/playlist?list=PLn_PDIqeY8h2SzmM4SPwgwInzpQJ4wkBL&si=z-jomwg6oJHR1_pX
Hanyu2
https://youtube.com/playlist?list=PLn_PDIqeY8h1sceNBbRrqgY6FgZ-3XHRk&si=2MqHXBNeJho1WmNd
Hanyu3
https://youtube.com/playlist?list=PLn_PDIqeY8h3x8It0Ioo5KCmlbnd21Geu&si=WwBUuUaIt-W2kR1r
Hanyu4
https://youtube.com/playlist?list=PLn_PDIqeY8h0Iy2j3r9T-uBPttuecl6NI&si=hugpkyTBFjxHAKXw
Hanyu5
https://youtube.com/playlist?list=PLn_PDIqeY8h1fbP2VZ-CIPQwIisJ-5mJp&si=vad5BlGGy6ncxvt3
Hanyu6
https://youtube.com/playlist?list=PLn_PDIqeY8h0MzeWEyOdCpv-RppdWLPjY&si=-D9lDpO3yRxQPFvW
Hanyu7
https://youtube.com/playlist?list=PLn_PDIqeY8h15d-67wOzBrDUBATtuRfgg&si=Vl8de1nXRIToqHxj
3️⃣For Chinese Grammar
Hanyu_Grammer
https://youtube.com/playlist?list=PLn_PDIqeY8h3spIgfAE4tVb2516g0LFK4&si=BT8_y2S-iXPhdWqt
4️⃣တရုတ်စာစုတ်ချက်ဆွဲနည်းအခြေခံ
Bihua(Strokes)
https://youtube.com/playlist?list=PLn_PDIqeY8h0ExYkO7k_hjtAiGgN-vpqQ&si=uDiOc2cFIw7ntDGv
5️⃣HSK exam online website & Stroke App Downနည်း
Useful Chinese
https://youtube.com/playlist?list=PLn_PDIqeY8h30h2yQ9Rb8ENEFerWKBtzA&si=wUT74IgkD7WQu-i9
#5/5/2026(Tue)
တရုတ်ကိန်းဂဏန်းရေတွက်နည်း(1000 to 10000)
Part 2
တရုတ်ကိန်းဂဏန်းရေတွက်နည်းတွေအကြောင်း သင်ပြပေးထားတာပါ။ မှတ်နည်းအလွယ်လေးတွေနဲ့ ပြောပြပေးထားတာမို့ မှတ်မိရလွယ်ကူမယ်လို့မျှော်လင့်ပါတယ်။
အားလုံးပဲလေ့လာရလွယ်ကူကြပါစေရှင့်။ 🍀
#29/4/2026(Wed)
တရုတ်ကိန်းဂဏန်းရေတွက်နည်း(1000 to 10000)
Part 1
တရုတ်ကိန်းဂဏန်းရေတွက်နည်းတွေအကြောင်း သင်ပြပေးထားတာပါ။ မှတ်နည်းအလွယ်လေးတွေနဲ့ ပြောပြပေးထားတာမို့ မှတ်မိရလွယ်ကူမယ်လို့မျှော်လင့်ပါတယ်။
အားလုံးပဲလေ့လာရလွယ်ကူကြပါစေရှင့်။ 🍀
#29/4/2026(Wed)
တရုတ်ကိန်းဂဏန်းရေတွက်နည်း(100 to 1000)
တရုတ်ကိန်းဂဏန်းရေတွက်နည်းတွေအကြောင်း သင်ပြပေးထားတာပါ။ မှတ်နည်းအလွယ်လေးတွေနဲ့ ပြောပြပေးထားတာမို့ မှတ်မိရလွယ်ကူမယ်လို့မျှော်လင့်ပါတယ်။
အားလုံးပဲလေ့လာရလွယ်ကူကြပါစေရှင့်။ 🍀
#29/4/2026(Wed)
တရုတ်ကိန်းဂဏန်းရေတွက်နည်း(1 to 100)
တရုတ်ကိန်းဂဏန်းရေတွက်နည်းတွေအကြောင်း သင်ပြပေးထားတာပါ။ မှတ်နည်းအလွယ်လေးတွေနဲ့ ပြောပြပေးထားတာမို့ မှတ်မိရလွယ်ကူမယ်လို့မျှော်လင့်ပါတယ်။
အားလုံးပဲလေ့လာရလွယ်ကူကြပါစေရှင့်။ 🍀
#29/4/2026(Wed)
နှစ်သစ်မှာသတင်းကောင်းလေးနဲ့။ 🎊🍀💜
#22/4/2026(Wed)
Telephone
Website
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |