Japanese knowledge by Win

Japanese knowledge by Win

Share

Always give best service.

03/04/2026

努力が成功に至った 。
The effort led to success.

02/04/2026

嵐の後の静けさがある。
There is calm after the storm.

15/03/2026

Shinwa no yu onsenသို့အလည်တစ်ခေါက်

Yachigashiraနဲ့မတူတဲ့အချက်တွေကတော့အရင်ဆုံး ဖိနပ်ထားတဲ့နေရာမှာယန်း၁၀၀ထည့်ရပါတယ်။
ဘေးကစက်မှာTicketဝယ် လူကြီးဆိုရင်ယန်း၆၅၀ပေးရပါတယ်။
ကျောင်းသားနဲ့ကလေးတွေကအစစျေးနှုန်းအမျိုးမျိုးရှိနိုင်ပါတယ်။
ကျား၊မသီးသန့်ခွဲထားပြီးအဝတ်အစားလဲတဲ့နေရာမှာLockerရှိပါတယ်။
ရှေ့ကpostမှာပြောထားတဲ့အတိုင်းယူလာမယ့်ပစ္စည်းတွေကိုခြင်းလေးနဲ့ထည့်ထားတာပိုကောင်းပါတယ်။
မေ့ကျန်ခဲ့တာရှိရင်Reception Areaနားမှာဝယ်လို့ရပါတယ်။
Onsen Roomထဲဝင်သွားလိုက်တာနဲ့အရင်ခန္ဓာကိုယ်ကိုသန့်စင်ပြီးတာနဲ့အပူချိန်အမျိုးမျိုးရှိတဲ့ကန်တွေကိုတွေ့ရမှာပါ။
ကိုယ်ခံနိုင်မယ့်အပူချိန်ရှိတဲ့ကန်ထဲကိုဝင်စိမ်ပါ။
ရေအေးကန်လည်းSauna Roomဘေးမှာထည့်ထားပေးပါတယ်။
မတူတာတစ်ခုကလဟာပြင်Areaမှာကန်ပေါင်း၃ကန်ပါရှိပြီးအနားယူတဲ့နေရာပါထည့်ထားပေးပါတယ်။
Sauna မဝင်ခင်ဖျာလေးတွေ(ဖော့ချပ်)ယူပြီးခင်းပြီးမှထိုင်ရပါတယ်အခန်းထဲမှာအပူချိန်များပြီးTVကြည့်လို့ရအောင်စီစဥ်ပေးထားပါတယ်။
ချွေးထုတ်ပြီးတာနဲ့အခင်းပြားကိုသေချာဆေးပြီးချွေးတိတ်အောင်ချွေးသုတ်ပြီးရင်ခဏနားချွေးခြောက်တာနဲ့ရေအေးချိုးပြီးရေမကျန်အောင်သုတ်ပါ။
ပြီးရင်တော့အဝတ်အစားလဲ ခေါင်းခြောက်အောင်သုတ် Dryerကတော့ယန်း၅၀ပေးရပါတယ်၃မိနစ်စာပါ။
အားလုံးပြီးတာနဲ့အပြင်မှာစားသောက်ဆိုင်ရှိပါတယ်။
RamenတွေDrinkတွေSet MenuတွေကိုTabletနဲ့ရွေးလို့ရပါတယ်။
Yachigashiraထက်စျေးများပေမယ့်ပေးရတာနဲ့အဆမတန်ပိုကောင်းပြီးပိုအဆင့်မြင့်ပါတယ်။

ပိတ်ရက်လေးမှာစိတ်နဲ့ကိုယ်ကိုအနားပေးပြီးRelaxလုပ်ဖို့မိမိကိုယ်ကိုအချိန်ပေးပါလို့အကြံပြုလိုက်ရပါတယ်ရှင့်။

အောက်ကပုံလေးကတော့onsenထဲကစားသောက်ဆိုင်မှာမင်မင်ရွေးထားတဲ့Set Menuလေးပါ
စျေးလေးတွေကလည်းသင့်တင့်ပြီးအရမ်းစားကောင်းလို့Osusume ပါရှင့်။

ဂျပန်မှာရှိတဲ့အမျိုးတွေရောမြန်မာမှာရှိတဲ့အမျိုးတွေရောကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်🙏

07/03/2026

ဂျပန်မှာနေတဲ့ရောင်းရင်းများ၁၀၀၀ကျပ်နဲ့သန်ချကြမယ်။
နာနတ်သီး ၅၀၀ တန် ၁ လုံး
ပျားရည် ၄၀၀တန် ဘူးသေး
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆လတစ်ခါသန်ချပြီးကျန်းမာရေးကိုအထူးဂရုစိုက်ကြပါအထူးသဖြင့်Sashimiအလွန်ကြိုက်သူများ ငါးအလွန်စားသူများ အထူးစားသုံးရန်သင့်တော်ပါကြောင်းထပ်မံအကြံပြုလိုက်ပါရစေနော်။
သာယာသောနေ့ရက်လေးဖြစ်ပါစေ😍

12/02/2026

🇯🇵 ဂျပန် Onsen စည်းကမ်းများ🛎

1️⃣ အဝတ်အစားမဝတ်ဘဲ ဝင်ရသည်
Onsen ထဲကို အဝတ်မဝတ်ဘဲ (naked) ဝင်ရပါတယ်။
အမျိုးသား / အမျိုးသမီး သီးခြားခန်းများ ခွဲထားတတ်ပါတယ်။

2️⃣ ရေမစိမ်မီ ကိုယ်လက်သန့်ရှင်းရမည်
ရေပူစမ်းထဲ မဝင်ခင်
🚿 Shower နဲ့ ကိုယ်လက်ကို သန့်စင်စွာ ဆေးကြောရပါမယ်။
(ဆပ်ပြာအကျန်မကျန်အောင် လုံးဝဆေးကြောရမည်)

3️⃣ ပုဝါကို ရေထဲမထည့်ရ
အသေးစား ပုဝါ (small towel) ကို
❌ ရေထဲ မထည့်ရပါ
✔️ ခေါင်းပေါ်တင်ထားနိုင်သည် သို့မဟုတ် ဘေးတွင်ထားနိုင်သည်

4️⃣ ရေထဲတွင် မခုန်မပေါက်ရ
Onsen သည် အပန်းဖြေရာဖြစ်သောကြောင့်
🔇 တိတ်တဆိတ်နေရမည်
❌ ခုန်ခြင်း၊ ရေဖြန်းခြင်း မလုပ်ရ

5️⃣ ရေထဲမကူးရ
Swimming pool မဟုတ်သောကြောင့်
❌ မကူးရပါ
အေးအေးဆေးဆေး စိမ်ခြင်းသာ ပြုလုပ်ရပါသည်။

6️⃣ တက်တူး (Tattoo)
အချို့ Onsen များတွင် Tattoo ရှိသူများကို မခွင့်ပြုနိုင်ပါ။
တစ်ချို့နေရာများတွင် Tattoo sticker နဲ့ ဖုံးထားနိုင်သည်။

7️⃣ အချိန်ကြာရှည် မစိမ်ရ
ပုံမှန်အားဖြင့် ⏰ 10–20 မိနစ်လောက်သာ သင့်တော်သည်။
မူးဝေခြင်းဖြစ်ပါက ချက်ချင်း ထွက်ရပါမယ်။

8️⃣ ရေထွက်ပြီးနောက်
ကိုယ်ကို အနည်းငယ် သုတ်ပြီးမှ ပြန်လှည့်ခန်းသို့ ဝင်ရမည်။

🥤ရေများများသောက်ပါ (Dehydration မဖြစ်ရန်)

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🛁 Onsen ဝင်ပုံ အဆင့်ဆင့်💁💁‍♂️

① Reception မှာ Check-in လုပ်ပါ
ဝင်ကြေးပေးပါ

Locker key / လက်ပတ်ပေးပါလိမ့်မယ်

② လဲလှယ်ခန်း (Changing Room)
ဖိနပ်ကို locker ထဲထားပါ

အဝတ်အစားအားလုံး ချွတ်ပြီး locker ထဲထည့်ပါ

သေးငယ်တဲ့ Towelလေးယူပါ။

🍹🍉🍋

မှတ်ချက်။ ။တချို့ Onsen တွင် အနားယူခန်း၊ နို့ / ရေဖျော်ရည် ရရှိနိုင်ပါသည်။👈

မင်မင်တို့သွားရောက်ခဲ့ဖူးတဲ့onsenနာမည်လေးပါထည့်သွင်းဖော်ပြပေးလိုက်ပါရစေရှင့်။😍

12/02/2026

ရေပူစမ်းစိမ်ခြင်း (Onsen / Hot Spring Bath) က ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

🌿 ရေပူစမ်းစိမ်ခြင်းရဲ့ အကျိုးကျေးဇူးများ
1️⃣ သွေးလည်ပတ်မှုကောင်းစေသည်
ရေပူရဲ့အပူကြောင့် သွေးကြောများ ပိုဖွင့်ပြီး သွေးလည်ပတ်မှုကောင်းစေပါသည်။ အအေးလက်၊ အအေးခြေ သက်သာစေပါသည်။

2️⃣ ကိုယ်လက်ကိုက်ခဲမှု သက်သာစေသည်
ကြောကိုက်၊ ကျောနာ၊ မျက်စိနာ၊ ပင်ပန်းနွမ်းနယ်မှုများ လျော့နည်းစေပါသည်။ အလုပ်ကြမ်းလုပ်သူများအတွက် အထူးကောင်းမွန်သည်။

3️⃣ စိတ်ဖိစီးမှုလျော့နည်းစေသည်
ရေပူစိမ်ခြင်းကြောင့် ကိုယ်နှင့်စိတ် အပန်းဖြေရပြီး Stress လျော့နည်းစေပါသည်။

4️⃣ အိပ်ရေးကောင်းစေသည်
ညအိပ်မပျော်သူများအတွက် ရေပူစိမ်ပြီးနောက် အိပ်ရေးဝင်လွယ်ကူစေပါသည်။

5️⃣ အသားအရေကောင်းစေသည်
သဘာဝဓာတ်သတ္တုများပါဝင်သော ရေပူစမ်းများသည် အသားအရေကို နူးညံ့ချောမွတ်စေပါသည်။

6️⃣ ကိုယ်ခံအားတိုးစေသည်
သွေးလည်ပတ်မှုကောင်းခြင်းကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသည်။

⚠️ သတိပြုရန်
အချိန်ကြာရှည် မစိမ်ရပါ (၁၅–၂၀ မိနစ်လောက်သာ သင့်တော်သည်)

သွေးတိုး၊ နှလုံးရောဂါရှိသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ စိမ်သင့်သည်

ရေဓာတ်မခမ်းစေရန် ရေများများသောက်ပါ။

Photos from Japanese knowledge by Win's post 12/02/2026

ဂျပန်မှာနေရင်စျေးသက်သာပြီးအရမ်းစားကောင်းတဲ့Italyဆိုင်လေးလိုက်ရှာနေရင် Saizeria ဆိုတဲ့ဆိုင်လေးကိုညွှန်းပေးချင်ပါတယ်။💁

စျေးကလည်းပေးရတာနဲ့တန်ပြီးကြိုက်သလောက်စားမှလွန်ရောကျွံရော၂၀၀၀မိုင်ကုန်ပဲ။💴

အအေးနဲ့ကော်ဖီအဝသောက်မှ၂၀၀ပဲဲ ဆိုတော့ဘာလိုသေးလဲပရိတ်သတ်တို့ရေ။😍

ဝိုင်နဲ့အခြားသောက်စရာတွေလဲရသလို အဝစားလို့ရတဲ့ဒီဆိုင်လေးကိုတွေ့ရင်စားကြည့်ဖို့မမေ့နဲ့နော်။

မင်မင်နဲ့မင်မင့်သူငယ်ချင်းစားခဲ့တဲ့foodပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

အားလုံးစားပြီးတော့အအေးအဝသောက်၂ယောက်စာအကုန်ပေါင်းမှ၂၀၀၀ ကျော်ပဲဆိုတော့အရမ်းတန်နေပြီမို့စားကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေရှင့်။😋

ဂျပန်မှာရှိတဲ့အမျိုးတွေရောမြန်မာမှာရှိတဲ့အမျိုးတွေရောအကုန်လုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်🙏

09/02/2026

ကိုယ်နေ့စဥ်စားသောက်နေတဲ့အစားအသောက်တွေကိုဂရုစိုက်ပါမိတ်ဆွေ အစားအသောက်တွေမှာစွမ်းအင်ရှိပါတယ်။💁

အစားအသောက်တွေထည့်တဲ့ရေခဲသေတ္တာလေးကိုလည်းမွှေးကြိုင်ပြီးသန့်ရှင်းတောက်ပြောင်နေအောင်ထားဖို့လဲမမေ့ပါနဲ့မိတ်ဆွေ။💁‍♂️

ဘေဇင်မှာစားကြွင်းစားကျန်တွေနဲ့မဆေးကြောရသေးတဲ့ပန်းကန်ခွက်ယောက်အကုန်ရှင်းထုတ်ပစ်ပါ။ဒါတွေကိုသာမလိုက်နာဘူးဆိုရင် မိမိနေထိုင်ရာပတ်ဝန်းကျင်လည်း မသန့်ရှင်းသလို လာဘ်ပိတ်တတ်ကြောင်းကိုသတိပြုပါ။

ဂျပန်ကအမျိုးတွေရော မြန်မာကအမျိုးတွေရော စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။

ရေခဲသေတ္တာရှင်းရင်းအတွေးလေးတစ်စ

Photos from Japanese knowledge by Win's post 07/02/2026

ဂျပန်မှာအစစအရာရာအထီးကျန်တာပဲဖြစ်ဖြစ် အလုပ်မှာအဆင်မပြေလို့စိတ်အားငယ်နေရင် စိတ်ပျော်စရာလေးတွေ လုပ်ကြည့်ကြဖို့တိုက်တွန်းပါရစေ။
ဒီနေ့မင်မင်ချက်စားတာက မုန့်ဟင်းခါးနဲ့Okonomiyakiလေးပါရှင့်။
အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်🙏

Photos from Japanese knowledge by Win's post 25/01/2026

နှင်းတွေကြားထဲRamenလေးနဲ့မှပိုပြည့်စုံသွားတော့တယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Hakodate
Yangon
0411251