Pyae sone linn

Pyae sone linn

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae sone linn, Real Estate, Sein shwe konw. ward. Hmawbi Tsp, Yangon.

03/11/2023

ရွှေသားငွေသားကံထူးရှင်ကြီးဖြစ်ဖို့ အဆင်သင့်ပဲလား😍

အားလုံးစောင့်မျှော်နေကြတဲ့ ကျပ်(၁၄)သန်းတန်ဖိုးရှိဆုမဲများကို မနက်ဖြန်(၃-၁၁-၂၀၂၃)ရက်နေ့မှာ ချစ်မွန်ချစ်ယုတို့နှင့်အတူ လျှို့ဝှက် Special Guest တစ်ယောက်ကပါဝင်ပြီး မဲနှိုက်ကံစမ်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ 🥰

Live လွှင့်ချိန်က ညနေ(၆)နာရီမှ (၈)နာရီအထိဖြစ်လို့ ဖုန်းလေးတွေကို အားအပြည့်သွင်းထားပြီး ဖုန်းနဲ့မကွာနေဖို့ မမေ့ပါနဲ့နော် 😊

ကံထူးရှင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ မင်မင်နှင့်အတူ မနက်ဖြန် ရွှေသားငွေသားကံထူးရှင်ရွေးချယ်ပွဲ Live ကြီးမှာ တူတူရင်ခုန်ကြမယ်နော် 😝

Viber Channel - https://invite.viber.com/...
Telegram Channel - https://t.me/+_DJiI3z9WHQwNTQ1

ျသှပျဗူး


.,Ltd

22/05/2023

ငါပေးသမျှကို..
တန်ဖိုး မထားတတ်တဲ့
မင်းကို ကြည့်ပြီး..

မင်းပေးသမျှကို
ငါ တန်ဖိုးထားနေတာ
တစ်ဖက်သတ်ပါလား
ဆိုတဲ့...အားငယ်တတ်တဲ့
စိတ်ထားလေး ...
ပြေးဝင်လာတတ်တယ်..
#မောင်နွေခ

19/05/2023

တစ်ခါတစ်လေမှာ...
စိတ်ခံစားချက်ကို
ဦးစားပေးလွန်းရင်

နောက်ဆုံး ရလာမှာက
နောင်တ တွေပေါ့ ။

အဲ့လိုနောင်တတွေ
နာကျင်စရာတွေ ရလာသည့်တိုင်
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ဆိုတဲ့
စကားတွေ ကြောင့်

ပိုပြီး နာကျင်ရတတ်တယ် ။

#သျှင်ယွန်း

19/05/2023

မျက်နှာဖုံးနှောက်က ကျတဲ့မျက်ရည်
---------------------------------------
ငါနင့်ကို အရမ်းချစ်တယ်
ဒါပေမဲ့ မဖစ်နိုင်ပါပူး

နင်က ငါမဟုတ်တဲ့
တခြားတယောက်ကို ချစ်နေတာလေဟာ

ငါတကယ်ပြောတာပါ
လောကမှာ ကိုယ်ဖစ်ချင်တာ တစ်ခုလုပ်ခွင့်ရှိရင်

ငါလေ နင့်ရင်ထဲမှာရှိတဲ့
နင်တကယ်ချစ်တဲ့ သူရဲ့

မျက်နှာ ပုံစံအတိုင်း
ငါ ခွဲစိတ်ပြုပြင်လိုက်ချင်တယ်ဟာ

ပြီးရင်
ငါလေ

နင့်ကို
အရမ်းချစ်

အရမ်းကြင်နာ
အရမ်းအလိုလိုက်

အရမ်းသဝန်တို
အရမ်း မနာလိုျှနင်လိုသမျှ
ငါအကုန်ဖြည့်ဆည်းပေးချင်တာ

အာ့လိုဆို
နင်အရမ်း ပျော်သွားမှာလား

ဟုတ်မှာဘာလေ
နင်ပျော်မှာဘာ

နင်ပျော်ရင် ငါလဲ ပျော်မှာဘာ
မျက်ရည်ကျရုံ တခုပဲ့ပေါ့

ငါကျတဲ့ မျက်ရည်ဟာ
မြစ်ချောင်း အင်းအိုင်

ပင်လယ် ပြင်တွေလောက်
မများပေမဲ့

အဓိပ္ပါယ်ကတော့
နှိုင်းယှဉ်လို့မရပါပူးကွာ

ငါဆုတောင်းပါတယ်
ငါ့မျက်နှာဖုံး

တနေ့ နင်လာခွာပါစေလို့
အာ့နောက်က မျက်ရည်ကို

ကြည့်ပြီး နင်
နောင်တ မရပါစေနဲ့လို့

ဆုတောင်းရင်း

18/05/2023

ထားသွားချင်တဲ့အခါ ...

ကျွန်တော်တို့
ဘယ်လောက်ချစ်ခဲ့တာပါဆိုတဲ့
အကြောင်းတွေကို
သူ သိချင်တော့မှာ မဟုတ်ဘူး

ပေးဆပ်ခဲ့တာတွေ
အနစ်နာခံခဲ့တာတွေက
ပြန်ပြောပြလဲ
ဟာသတစ်ခုသာသာပါပဲ

ထားသွားချင်တဲ့အခါ....

ကိုယ်ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေး
အရာရာက အလကားပါပဲ
ပြီးတော့ အပိုသက်သက်ပါပဲ

ဘယ်လောက်ပဲ ကောင်းအောင်နေနေ
သူတို့အမြင်မှာ
ကိုယ်ဟာ လူဆိုးတစ်ယောက်ပါပဲ

ထားသွားချင်တဲ့အခါလေ ...

စကားတွေပြောချင်နေမိတဲ့ကိုယ်က
အပြစ်တွေ အများကြီး ကျူးလွန်နေမိသလို
ဖြစ်တတ်တယ်

စာတွေပို့နေမိတဲ့ ကိုယ်က
အနှောင့်အယှက်တွေ အများကြီးပေးနေမိသလို
ဖြစ်လာတတ်တယ် ။

အေးစက်နေတဲ့ဆက်ဆံရေးကို
နွေးထွေးချင်နေမိတဲ့ ကိုယ်က
စောက်ပိုတွေလုပ်တာ ဖြစ်သွားတတ်တယ် ။

ထွက်သွားမှာစိုးလို့ ဆွဲကိုင်ထားမိတဲ့
အခိုက်အတန့်တွေက
တန်ဖိုးတွေ အများကြီး ကျခဲ့ရုံသက်သက်ပေါ့

ထားသွားချင်တဲ့အခါလေ ...

ကိုယ်ချစ်ခဲ့ပါတယ်ဆိုတာတွေကော
နှစ်တွေဘယ်လောက်ကြာခဲ့တာဆိုတဲ့ အချိန်တွေကော
မျှော်လင့်ခဲ့တဲ့ အိပ်မက်တွေ အကြောင်းကော
သူမရှိရင်မဖြစ်တဲ့ ကိုယ့်အကြောင်းကိုကော
သူဘာမှ သိချင်တော့မှာ မဟုတ်ဘူး ...

အရာရာက အရင်ကထက် အေးစက်ပြီး
ခြောက်ကပ်သွားမှာ ...

ပြီးတော့
မချစ်ချင်တော့ဘူးဆိုတဲ့စကားနဲ့
အကြောင်းပြချက်တွေ အများကြီးမရှိလဲ
ထားသွားခဲ့တာပါပဲ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

18/05/2023

ငါကြေကွဲရသလောက် မင်းပျော်ပါစေ ...

ဒါဟာ မင်းအတွက် ကိုယ်ပေးနိုင်တယ်လို့ထင်တဲ့ ဆုတောင်းလေး တစ်ခုပါ မင်းမရှိတော့တဲ့ဘ၀မှာ အစစအရာရာ အဆင်ပြေလာမှာလဲ မဟုတ်သလို ပြေအောင်နေဖို့လဲ သိပ်ပြီးတွေးဖြစ်မယ်မထင်ဘူး ။ အများကြီး ကြေကွဲနေတဲ့သူမို့ မင်းကို အများကြီး ပျော်စေချင်ရုံပါ ။

အဆင်မပြေဘူးဆိုတဲ့ အသံလေးကြားရင် နေနိုင်အောင်နေတဲ့ကြားက ​ပြေးပြေးကြည့်တတ်တဲ့ အကျင့်လေးကလဲ အခုချိန်ထိ ပြင်ဖို့ခက်တယ် ။ TikTok Viber facebook မင်းရှိနေတဲ့ နေရာတိုင်း မင်းမသိအောင် ခိုးခိုးပြီးကြည့်ပြီး ခိုးခိုးငိုရတာလေးတွေကို သဘောကျ နှစ်ခြိုက်နေမိတယ်ပဲထင်ပါတယ် ။ တကယ်ဆို ငါ ကိုယ်တိုင်လဲ ဒီ၀ဋ်တွေက ကိုယ်လဲ လွှတ်ချင်ပါပြီ ဒါပေမယ့် မရုန်းထွက်မိသေးတာ ။

ငါ မရှိလဲ အဆင်​ပြေနေတာပဲဆိုတာကို သိတာပေါ့ ။ ဒါပေမယ့် တစ်နေရာရာများ ငါ့ကို လိုလာမလားဆိုပြီး အဆင်ပြေရဲ့လား ငေးကြည့်နေမိတာ ။ မတော်တဆများ ငါ့ကို လွမ်းမလား လိုက်ရှာနေမိတာ ။ ပြီးတော့ အကြိမ်ကြိမ်အခါခါလဲ ကိုယ်တွေးထားတာနဲ့ လွဲပါတယ် ။ ဘယ်တုန်းကမှ မလိုအပ်ခဲ့ဖူးဆိုတဲ့ အမှန်တရားကို လက်သင့်မခံချင်ခဲ့တာပါ ။

ထားပါတော့... ဒီနေ့မှာ ဒီလိုကျန်ခဲ့ရမယ်ဆိုတဲ့ ကံပဲ ပါလာခဲ့တာနေမှာပါဆိုပြီး ကံတရားကိုပဲ အပြစ်တင်ပါတယ် မင်းကို အပြစ်လုံး၀မမြင်ပါဘူး ။ တစ်ခုပဲ ...ကိုယ်ကြေကွဲရသလောက် မင်းကိုတော့ ပျော်စေချင်တယ် ။ မဟုတ်ရင် ငါ ငိုကြွေးနေရတာတွေဟာ ဘယ်တန်ပါ့မလဲ ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

17/05/2023

ကျွန်တော် ပင်ပန်းနေပြီထင်တယ် ...

နေရတာ ပျော်မနေတော့ဘူး
မနက်ဖြန်တွေကို မျှော်စရာအကြောင်းပြချက်တွေ
ရေရေရာရာရှိမနေတော့ဘူး

ပြီးတော့ ...
ရီရတယ်ဆိုတဲ့ရက်တွေ ရှားလာပြီ
ပင်ပန်းလိုက်တာလို့ မညည်းချင်တော့လောက်အောင်
တချို့ရက်တွေက
ရှင်သန်ရတာ ပင်ပန်းတယ် ။

ကျွန်တော် ပင်ပန်းနေပြီထင်တယ်
ပြီးတော့ ...
ကျွန်တော် နာကျင်နေပြီထင်တယ် ။

#ကျေးကို

17/05/2023

ငိုပါရစေ ကော်ဖီရယ်

အနာဂါတ်တွေ အလင်းမဲ့သွားတယ်
ပစ္စုပ္ပာန်တွေ မှောင်လာတယ်
ရက်စက်လိုက်တာ "အတိတ်ရယ်"

တစ်မွှာထဲ ရှင်သန်နေတဲ့ဘဝထဲ
နင် ဝင်လာတယ်
နှစ်လွှာတစ်ရွက် ဖြစ်ကြရအောင်ဆို•••••
ရက်စက်လိုက်တာ စွယ်တော်ရယ်

တိမ်းလာတဲ့ ခဏလေးကိုမှ
သိမ်းထားချင်မိတာ•••••
နင်ဘာလို့ တဖက်မှာ
​လေစိမ်းတွေနဲ့ယိမ်းနေရတာလဲ

ငိုပါရစေ ကော်ဖီရယ်
အနားမှာ "သကြား" တွေရှိပေမယ့်
အချိုတွေနဲ့ ငါမဖောက်ပြန်ခဲ့ဘူး
နင် ခါးတာ ငါသိပေမယ့်
ဆေးဖက်ဝင်မယ်ထင်ခဲ့တာပါ ကော်ဖီရယ်

နာကျင်နေပါပြီ
ငါ သိပ်ချစ်ခဲ့တာ နင်သိတယ်

အတိတ်မှာ
ရွှေကြာရှိခဲ့ဖူးတာလည်း နားလည်ပေးခဲ့တယ်
ဗေဒါ ရှိခဲ့ဖူးတာလည်း ခွင့်လွှတ်ခဲ့တယ်
ချစ်တဲ့စိတ်တခုထဲနဲ့
ငါ့ကိုယ်ငါ မြေစာအဖြစ်ခံခဲ့တာပါ

အတူနေမယ်ဆို
ဘယ်တော့မှ မခွဲဘူးဆို
အရမ်းချစ်တယ်ဆို
လက်ထပ်ကျမယ် တနေ့နေဆို
အယုံလွယ်သူကို မျှော်လင့်ချက်တွေပေးပြီး
နှစ်ခါသတ်လိုက်တာလားဟာ
နှစ်ခါသတ်လိုက်တာလား•••••••

ခါးပါ••••• ခါးလိုက်ပါ
အစကတည်းက ငါ သကြားမကြိုက်ခဲ့မိတာ
သွားပါ•••••သွားလိုက်ပါ
အစကတည်းက ပျော်စေချင်ခဲ့တာပါ
ထားပါ••••••ထား••••ထားခဲ့ပါ
အစကတည်းက နေခဲ့ရမယ့်လူပါ

အိပ်ပျက်မယ် မသောက်နဲ့ဆိုပေမယ့်
ငါ နင့်ကို စွဲလမ်းနေပြီ ကော်ဖီ

ငါက ကြက်သွန်နီလေးလိုပဲ
ငါ့ကြောင့် မျက်ရည်ကျရတယ်လို့သာ
ခေါင်းစဉ်တတ်ကြတာ........
တကယ်တော့ငါကအမြဲ ဓားစာခံပဲမဟုတ်လား

အခုတော့ ၃နဲ့၄လိုပဲ
အနေနီးသလိုလိုနဲ့
ကျောတွေခိုင်းပြီး
သူစိမ်းတွေဆန်နေလိုက်တာ

ဝမ်းနည်းလိုက်တာဟာ
လေစိမ်းတွေအရမ်းမတိုက်ပါနဲ့ကွာ
ငါ့မှာလည်း ကြွေပေးစရာဆိုလို့
ဘဝပဲရှိတော့လို့ပါ

ဒီရက်ပိုင်းတွေ ပြဿဒါးများတယ်နော
နဂါးခေါင်း ငါ့ဘက်လှည့်တယ်ထင်ပါရဲ့
စနေဒေါင့်မှာ ငါရှိနေတယ်

ပိတောက်ပဲမှားမှား
မိုးပဲမှားမှား
ငါက ချစ်တဲ့သူလေ
ငါခွင့်လွှတ်ပါတယ်

ဒါပေမယ့်
နင် မိုးကို မျှော်တာလား
ပိတောက်ကို မျှော်တာလားဆိုတာကိုတော့
တိတိကျကျသိချင်တယ်

မှားတာတွေ အတွက်
တောင်းပန်လိုက်ပါတယ် ကော်ဖီရယ်
ငိုပါရစေ ကော်ဖီရယ်

ညို့သခင်(စိတ်စေရာ)

Category

Telephone

Website

Address

Sein Shwe Konw. Ward. Hmawbi Tsp
Yangon

Opening Hours

09:00 - 17:00

Alerts

Be the first to know and let us send you an email when Pyae sone linn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.