Ghost Rangers

Ghost Rangers

Share

သွေးကြွေးမှာဆွေးနွေးစရာမရှိ

25/07/2025

ကိုသန်းထွန်းအမှာ ဆာမွန်ဝေးကဗျာ

(၁)

ဟိုချီမင်း ဟာ
နယ်ချဲ့ရဲ့ အကျဥ်းထောင်ထဲမှာ
ကဗျာတွေကိုရေးခဲ့တာပေါ့ကွာ လို့ငါကပြောရင်
အဲဒါ ကဗျာအကြောင်းပြောနေတာလို့မထင်နဲ့ ညီလေး
ငါက ဟိုချီမင်းအကြောင်းပြောနေတာ...

(၂)

သူ့လူရွယ်ဘဝတခုလုံး
စစ်မြေပြင်မှာ ကုန်ဆုံးခဲ့တဲ့ ဘုရင်ရစ်ချတ်ဟာ
သူ့နောက်ပိုင်းကာလတွေကို
ထောင်ထဲမှာဘဲအချိန်ကုန်ခဲ့ရတယ် တဲ့
အဲဒီအချိန်တွေမှာ
သူ ကဗျာတွေရေးခဲ့တာပေါ့
အဲဒါ ငါကဘုရင်ရစ်ချတ်အကြောင်းပြောနေတာမဟုတ်ဘူး ညီလေး
ငါက ကဗျာနဲ့ဘဝရဲ့ အဆက်အစပ်အကြောင်း
ပြောမလို့ပါ

(၃)

ကဗျာဆိုတာမျိုးက
ကိုယ့်ကိုယ်ကိုယ်ပြန်လှည့်ကြည့်လို့
အကောင်းဆုံးအနုပညာ
ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားလို့အကောင်းဆုံးအနုပညာ

(၄)
သီချင်းတပုဒ်ကိုနားထောင်တဲ့အခါ
ပျော်ရွှင်နေချိန် သံစဥ်ကိုခံစားပြီး
ဝမ်းနည်းချိန်မှာ စာသားကိုခံစားကြတယ် တဲ့
မင်းအခုဘာသီချင်းတွေဆိုနေဖြစ်လဲညီလေး

(၅)

ဗန်းမော်တင်အောင်အုတ်ဂူပေါ်ကစာ
ကဗျာထဲကူးရေးဖို့မမေ့တဲ့ကောင်က
သူ့ပုခုန်းပေါ်ကတာဝန်ကျ ရူးချင်ယောင်ဆောင်လို့...
အဲ့လို ငါရေးခဲ့ဖူးရဲ့
ဘဝခက်ခက်ကြီးထဲ
ဘာသီချင်းကိုဆိုမလဲ
ငါတို့ ဘာသီချင်းတွေရေးကြမလဲ

( ၆)

ဟင်နရီဒေးဗစ်သော်ရိုးရဲ့စာတပုဒ်ကြောင့်
တော်လ်စတွိုင်း ဖြစ်ခဲ့
တော်လ်စတွိုင်းကြောင့်ဂန္ဒီဖြစ်ခဲ့
ဂန္ဒီကြောင့် မာတင်လူသာကင်းဖြစ်ခဲ့
မာတင်လူသာကင်းရဲ့ အိပ်မက်ကြောင့်
လူမဲတွေ လွတ်မြောက်ခဲ့ကြရ..
ညီလေး မင်းဘာအိပ်မက်တွေမက်နေလဲ

(7)

တကယ်ဆို ငါကအိုပါပြီကွာ
မင်းတို့ခေတ်ရဲ့ပုစ္ဆာတွေကို
ငါတို့ခေတ်ကအဖြေတွေနဲ့ တိုက်မကြည့်ချင်တော့ပါဘူး
ဘာလို့လဲဆိုတော့
ငါတို့ကဗမာပြည်မှာမွေးဗမာပြည်မှာကြီးလာကြတာဖြစ်ပြီး
မင်းတို့က
ကမ္ဘာ့ကြီးထဲနေထိုင်နေကြတာဖြစ်လို့ပါဘဲ

(8)

နားသန်သီးနဲ့ တက်တူးနဲ့
ရက်ပ်ဂီတနဲ့
ကမ္ဘာသစ်ကြီးထဲတိုးဝင်လာတဲ့လူငယ်တယောက်ကို
ဆီးကြိုဖို့
ငါတို့"ကဗျာ"ဟာအသင့်နေထားရှိပါရဲ့လား

(9)

ကဗျာဆိုတာ
ပလီပလာရေးချင်ရေးလို့ရတဲ့ အကွက်အကွင်းတွေနဲ့
ဇရပ်ခါးပန်းမှာ ပတ်ကြမ်းတိုက်သူတိုက်ကြချစ်သူရှေ့ခုန်ပြခဲ့ဖူးတဲ့မြင်းမိုရ်တောင်
မိဘကျေးဇူးရှေ့သွားထောင်ပြသူပြကြ
ပြီးတော့လည်း
ကဗျာဆိုတာ
ပလီပလာမလုပ်ချင်မလုပ်ဘဲနေလို့ရတဲ့
အခင်းအကျင်းတွေလည်းရှိတာပေါ့ကွာ

(10)

ကဗျာဆိုတာ
မင်းလက်နဲ့မင်း ယက်ဆင်းသွားလို့ရသလို
မင်းသာဆန္ဒရှိရင်
မင်းစိတ်နဲ့မင်း ကြယ်ကိုတက်ဆွတ်မယ်ဆိုလည်း
မင်းမှာ
မိုးထိမြင့်တဲ့လှေကားရှိလို့ဖြစ်မှာပဲလို့
ငါတွေးဖို့အသင့်ပဲညီလေး

25/07/2025
Photos from Ghost Rangers 's post 10/03/2025

ရန်ကုန်ကိုပြန်ဝင်မယ့် Ghost Rangers တပ်ခွဲလိုအပ်ချက်များအတွက် ကူညီထောက်ပံ့မှူ့များအတွက်ကျေးဇူးအထူးတင်ပါတယ်။

20/02/2025

ကျတော်တို့ ရဲဘော်အရွေ့အပြောင်းတွေရှိမယ်။
ဒီမိုးမကျခင်ကို လုပ်ရမှာဖြစ်တယ်။
လမ်းစရိတ် ဆီဖိုးတွေရှိလို့ ပြည်သူတွေအနေနဲ့
CHE SOAPကို ဝယ်ယူပါဝင်ပူးပေါင်းပေးကြပါဦးဗျာ။

19/02/2025

စင်ကာပူမှာအားပေးလို့ရပါပြီ။
ရန်ကုန်ပြန်ဝင်မယ့် Ghost Rangers ပူးပေါင်းစစ်ကြောင်းအတွက် အားပေးရင်းကူလို့ရပါပြီ။

CHE
ဆပ်ပြာလေးတွေ အားပေးကြပါဦးနော်🙏
S$8
#ရေချမ်းစင်(Singapore)

Photos from CHE 's post 19/02/2025

Ghost Rangers (YGN) အတွက် ဆပ်ပြာအတုံး၅၀၀ ထုတ်လုပ်ရောင်းချထားပါသည်။
Ghost Rangers(YGN) သည်အခုအခါ ရန်ကုန် UG လုပ်ငန်းစဥ်များရပ်နားပြီး တောင်ပိုင်းတပ်ရင်းတခုဖြင့် နဲ့ပူးပေါင်းစစ်ကြောင်းတခုထွက်ဖို့ပြင်ဆင်နေတဲ့အဖွဲ့ပဲဖြစ်ပါတယ်။
Singapore ကပြည်သူများအနေဖြင့် ရေချမ်းစင်တွင်
CHE soap အားဝယ်ယူခြင်းဖြင့် ပါဝင်ပူးပေါင်းနိုင်ပါပြီ။

Photos from Ghost Rangers 's post 08/02/2025

Coming Soon🤘

07/02/2025

ရန်ကုန်ပြန်ဝင်မဲ့ GR အတွက် ဆပ်ပြာလေးတွေ ဝယ်ကူပါဦး။
စစ်ကြောင်းအတွက် Jammer သီးသန့်ထည့်ဝင်ချင်လည်းရပါတယ်ခင်ဗျ။

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon