Side Hustle
This page creates opportunities to make you look aesthetic by providing affordable and quality produ
19/12/2020
Sit Less!
တစ်နေ့တစ်နေ့ Game အဆော့ကောင်းနေတာနဲ့၊ ရုပ်ရှင်ကြည့်ကောင်းနေတာ၊ အလုပ်ဆက်တိုက်ရှုပ်နေတာ၊ ဖုန်းဆက်တိုက်သုံးနေရတာ များနေပြီလား။
ဒီနေ့မှာတော့ တစ်နေကုန် အထိုင်များပြီး Game ဆော့နေသူများအတွက် Game ဆော့ မပြတ်ပဲ လုပ်လို့ရတဲ့ ကိုယ်လက်လှုပ်ရှားမှုပုံစံ တွေ ပြောပြချင်ပါတယ်။
၁။ ကွန်ပြူတာအရှေ့မှာ တစ်ချိန်လုံးထိုင်နေရာမှ၊ ဖုန်း (သို့) Tablet/ I Pad တစ်ချိန်လုံးထိုင်သုံးနေရာမှ မိနစ် ၂၀ မှ ၃၀ ခန့် ခေတ္တခဏ အနားယူ ပေးပါ။
၂။ အချိန် ၁ -၂ မိနစ်ခန့်ယူ၍ အိမ်တစ်ပတ် လမ်းပတ်လျှောက်တာမျိုး၊ ကြောင်လေးတွေ၊ ခွေးလေးတွေ နှင့် ဆော့ကစားတာမျိုး ပြုလုပ်ပေးပါ။
၃။ တစ်ချိန်လုံးထိုင်နေသည့် အနေအထားမျိုးမှ မတ်တပ်ရပ် ပြုလုပ်သည့် အလေ့အထ မျိုး ဖန်တီးကြည့်ပါ။
( ဥပမာ - ကွန်ပြူတာတင်ခုံကို မတ်တပ်ရပ် အနေ မြှင့်ထားပေးခြင်းမျိုး၊ TV အမြင့်ကို မတ်တပ်ရပ် ကြည့်မှ မြင်ရသည့်အမြင့်မျိုး၊ ဖုန်းသုံးရန် မတ်တပ်ရပ်ပြီး လက်တင်လို့ရသည့် ခုံတန်း အသုံးပြုခြင်းမျိုး)
၄။ တတ်နိုင်သမျှ အထိုင်များခြင်းကို အလုပ်အကိုင်မပြတ်စေပဲ နေရာအနေအထားပြောင်းလုပ်ကိုင်ကြည့်ပါ။
အထိုင်အထလှုပ်ရှားမှုများ ပြီး နေထိုင်လို့ ကောင်းလာပါလိမ့်မယ်။
Let’s sit less together!
17/12/2020
မနက်စောစော လမ်းထလျှောက်ခြင်း ၏ အကျိုးကျေးဇူးများ
ပုံမှန် ကျန်းမာရေးလိုက်စားကျသူများနှင့် အားကစားပညာရှင်များ အပါအဝင် ကမ္ဘာကျော်စီးပွားရေး ပညာရှင်များက ပါ မနက်စောစောလမ်းထ လျှောက်တတ်တဲ့ အလေ့အကျင့်ကို တွေ့ဖူးကြမှာပါ။
အရမ်းချမ်းနေတဲ့ ခုလို ဆောင်းရာသီမျိုး မှာဆိုရင် အိပ်ယာထဲမှာပဲ ကွေးပြီး အိပ်ချင်နေကြမှာပဲနော်။
ဘာလို့ အစောကြီး လမ်းထလျှောက်ကြတာပါလိမ့်။
Admin လိုမျိုး ချမ်းအေးတဲ့ အချိန်လေးမှာ နွေးနွေးလေး အိပ်ချင်သူတွေ အတွက် မနက်စောစောလမ်းထလျှောက်ခြင်းအားဖြင့် ရရှိနိင်မဲ့ အကျိုးကျေးဇူးလေးတွေကို မျှဝေ ပေးခြင်းပါတယ်နော်။
၁။ မနက်စောစောမှာ လတ်ဆတ်တဲ့ လေကို ရှုရှိုက်၍ မိနစ်အနည်းငယ် ခပ်သွက်သွက်လေး လမ်းလျှောက်ပေးခြင်းအားဖြင့် တစ်နေ့တာလုံး လန်းဆန်းပြီး စွမ်းအင် မြင့်တက်လာနိုင်ပါတယ်။
၂။ ကိုယ်ခန္ဓာကိုအားတက်စေမဲ့ Endorphin နှင့် Serotonin တို့လို သဘာဝ ဟော်မုန်းတွေ ထွက်ရှိလာပြီး မိမိကိုယ်ကို ပိုပြီး တန်ဖိုးထားတတ်လာပါတယ်။ အဖြစ်များတဲ့ စိတ်ဖိစီးမှု (stress) နှင့် စိုးရိမ်ပူပန်မှု (Anxiety) အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
၃။ Melatonin (သဘာဝအရ အိပ်ပျော်မှုကိုအားပေးသည့် ဟော်မုန်း) ထွက်ရှိပြီး ညတိုင်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
၄။ သွေးလည်ပတ်မှုတွေ ကောင်းမွန်စေပြီး အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်ကောင်းမွန်မှုအစရှိတဲ့ ဦးဏှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက၊ သွေးပေါင်ကိုထိန်းထားနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှု လျော့နည်း စေပါတယ်။
၅။ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးခြင်းကလည်း အဝလွန်မှုကို လျော့ချစေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကို ပါ လျော့နည်းစေပါတယ်။ Body Fit လေး တွေ ဝတ်ပြီး လှချင်တဲ့ မင်မင် တို့အတွက် အရေးကြီးတဲ့ အချက်လေးပါနော်။
၆။ လှုပ်ရှားမှု မှန်မှန်လေး လုပ်သွားခြင်းအားဖြင့် လူကြီးတွေမှာ ဖြစ်တတ်တဲ့ အဆစ်အမြစ်ကိုက်ခဲတာ၊ ယောင်တာ၊ ကြွက်သားတွေ တောင့်တင်းတာမျိုး သက်သာစေနိုင်ပါတယ်နော်။
ပုံမှန်လေး လမ်းလျှောက်သွားခြင်းအားဖြင့် ကိုယ်ရော၊ စိတ်ပါ အကျိုးကျေးဇူးရရှိနိုင်တာမို့ အကုန်လုံးကို အချိန်လေး ပေးပြီး လမ်းလျှောက်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။
17/12/2020
COVID-19 ကာလမှာ အိမ်တွင်းအောင်းနေရတာများလို့ စိတ်ပျက်နေကြပြီလား။
ကမ္ဘာတစ်ဝန်းလုံး ကပ်ရောဂါကို ကြုံတွေ့နေရသလို မြန်မာနိုင်ငံမှာလည်း မတ်လ ထဲမှ စတင်ပြီး ရောဂါပိုးစတင်တွေ့ရှိခဲ့ရတာမို့ လူတိုင်းနီးပါး ကိုယ့်ရဲ့ နေထိုင်မှု ပုံစံတွေကို ပြောင်းပြီး New Normal Life နှင့်အညီ တတ်နိုင်သမျှ အိမ်ပြင်မထွက်တာ၊ ထွက်ဖြစ်ခဲ့ရင်လည်း Mask တပ်တာ၊ Social Distancing လုပ်တာမျိုးအလေးပေးလာကြပါတယ်။
COVID ရဲ့ ရိုက်ခတ်မှုကြောင့် ကိုယ့်ပတ်ဝန်းကျင် မှာ ကျန်းမာရေး ထိခိုက်မှုသာမက၊ စီးပွားရေးထိခိုက်မှုတွေပါဖြစ်လာရတယ်။ ပြောင်းလဲ လို့မရတဲ့ ဒီရောဂါကြီး ရဲ့ အကျိုးဆက်တွေကို စိတ်ပင်ပန်းနေမဲ့ အစား ထိန်းချုပ်လို့ရတဲ့ ကိုယ့်တစ်နိုင်စာလေးတွေကို အာရုံစူးစိုက်ကြည့်ရအောင်နော်။
၁။ အိပ်ရာကနေ နိုးနိုးခြင်းမှာ မိမိကိုယ်ကို ခွန်အားဖြစ်စေမဲ့ Podcasts တွေ၊ Video တွေ ကြည့်ပြီး မိမိကိုယ်ကို တန်ဖိုးထားပြီး တစ်နေ့တာကို စတင်ပါ။
၂။ မနက်စောစော လမ်းလျှောက်ပေးခြင်း၊ မိနစ်အနည်းငယ် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးခြင်းအားဖြင့် စိတ်ရော၊ ကိုယ်ပါ ကြည်လင်မှု ကို ရယူကြည့်ပါ။
၃။ အချိန်လေးပေးပြီး တရားထိုင်ပေးတာမျိုး လုပ်ပေးခြင်းအားဖြင့် စိတ်တည်ငြိမ်မှုကို ခံစားပါ။
၄။ မိမိကိုးကွယ်ရာယုံကြည်မှုအလိုက် ကိုးကွယ်မှုလုပ်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားမြှင့်တင်ပါ။
၅။ တစ်နေ့တာအတွက် အစီအစဥ် သတ်မှတ်ပါ။
၆။ သင့်တင်မျှတတဲ့ အာဟာရ ရှိတဲ့ မနက်စာကို စားသုံးခြင်းအားဖြင့် ကိုယ်ခန္ဓာအားဖြည့်ပါ။
၇။ မိသားစုနှင့် အတူရှိနေသူများကလည်း မိသားစုကို တတ်နိုင်သမျှ အချိန်ပေးပါ။ ရပ်ဝေးမှ မိသားစုများကိုလည်း ဖုန်းဆက်တာမျိုး၊ Message ပို့တာမျိုး၊ Video Call ခေါ်တာမျိုးဖြင့် အဆက်အသွယ်မပြတ်စေရန် အားထုတ်ပါ။
၈။ ယခင်က အချိန်မပေးနိုင်ခဲ့တဲ့ ကိုယ်ဝါသနာပါတာမျိုး ( မုန့်ဖုတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဘာသာစကားအသစ်သင်ယူခြင်း) လေးတွေ ကို အိမ်တွင်းကနေ သင်ယူကြည့်ပါ။
၉။ ယခင်က မလုပ်ဖြစ်ခဲ့တဲ့ စိတ်ကူးထားတဲ့ ပုံစံမျိုး ကို အိမ်တွင်း အလှ ဆင်ကြည့် နိုင်သလို မိမိကိုယ်ကို အလှဆင်ကြည့်ပါ။ ပုံစံပြောင်းကြည့်ပါ။
၁၀။ အိပ်ချိန်လေးသတ်မှတ်ပြီး ညအိပ်ရာစောစောဝင်ပေးပါ။
လွယ်ကူပြီး အကျိုးရှိစေမဲ့ နည်းလမ်းကောင်းလေးတွေ ဖြစ်လို့ လုပ်ကြည့်ကျဖို့ အားပေးလိုက်ပါတယ်နော်။
Fashion နှင့် ပတ်သတ်တဲ့ Design ဆန်းဆန်း၊ စျေးတန်တန်၊ Quality ကောင်းကောင်း ပစ္စည်းလေးတွေ မင်မင်တို့ Side Hustle မှာ ရနိုင်တာမို့ အချိန်မရွေး ဝင်ရောက်လေ့လာကြည့်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်နော်။
16/12/2020
ကျွန်မတို့ Side Hustle Page လေးရဲ့ ပထမဦးဆုံး Post တစ်ခုအနေနဲ့ Page လေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ Side Hustle Page ကတော့ Professional lady Admins တို့ရဲ့ concept လေးတွေ စုပေါင်းပြီး side hustle တစ်ခုအနေနဲ့ လှုပ်ရှားတဲ့ small online business တစ်ခုပဲ ဖြစ်ပါတယ်။ လူတိုင်းရဲ့ နေ့စဥ်ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Fashion နှင့် သက်ဆိုင်နေတဲ့ Accessories ပစ္စည်းတွေ ကို အရည်အသွေးကောင်းကောင်း၊ သင့်တင့်မျှတသော စျေးနှုန်းနှင့် ရရှိနိင်ပြီး၊ ကိုယ်ခန္ဓာခွန်အားဖြစ်စေမဲ့ ဗဟုသုလေးတွေ ပါ မျှဝေသွားမှာ ဖြစ်ပါတယ်။
ကျွန်မတို့ Side Hustle ကနေ Design ခပ်မိုက်မိုက် ၊ Quality ကောင်းကောင်း နှင့် သင်တင့်မျှတသော တန်ဖိုးရှိတဲ့ Accessories လေးတွေ အပြင် သုံးစွဲသူများအတွက် Confidence ကိုပါ ပေးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်လို့ ယုံကြည်စွာနှင့် စောင့်မျှော်အားပေးကြပါဦးနော်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
11211