Lin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lin, Yangon.
13/04/2025
ကျွန်တော်တို့ "ငလျင်ဘေးသင့်အလှူ" ဆိုတဲ့ champaign လေးက ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။📬
ရရှိထားတဲ့ အလှူငွေamountများအားလုံးကို စစ်ကိုင်းမှ ငလျင်ဘေးသင့် ပြည်သူများထံသို့ နေ့စဉ်လိုအပ်သော basic supply များအတွက် 700,000 ကျော် နှင့် ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုအခြေအနေကြောင့် လက်ရှိလိုအပ်နေပါသော မိုးကာများအတွက် ငွေကျပ် 300,000တိတိနှင့် mobile toilet အတွက် 900,000 ကျပ်တိတိကို လှုဒါန်းပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ကျွန်တော်တို့အတူတူပူးပေါင်းပြီး လှူဒါန်းလိုက်တဲ့ငွေတွေကတကယ်လိုအပ်နေတဲ့ပြည်သူတွေထံရောက်ပြီး ကောင်းကောင်းအသုံးပြုနေကြပါပြီ။ ထပ်ပြီး ယုံကြည်စိတ်ချစွာနဲ့ပါ၀င်လှူဒါန်းပေးခဲ့သော တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🖇
"Your donation can make a real difference."
06/04/2025
ကျွန်တော်တို့ "ငလျင်ဘေးသင့်အလှူ" ဆိုတဲ့ campaign လေးက ဒီနေ့နောက်ဆုံး deadlineရက်ကို ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်။ ငွေဆက်လက်ပြီး လက်မခံတော့ပါဘူးခင်ဗျာ။📬
📌မြေပြင်အဖွဲ့မှ ရရှိသောအလှူငွေ 160,000ကျပ်၊ Kpay accမှရရှိသော 1,663,125ကျပ်၊ စုစုပေါင်းအလှူငွေ 1,823,125ကျပ်တိတိကိုလက်ခံရရှိခဲ့ပါတယ်။ လက်ခံရရှိထားတဲ့ငွေamountအားလုံး လိုအပ်နေတဲ့နေရာများထံ လှူဒါန်းသွားမှာဖြစ်ပါတယ်။ လှူဒါန်းပြီးရင်လည်း listနဲ့တကွတင်ပေးသွားပါမယ် ခင်ဗျာ။
အလှူငွေစကောက်သော 1st Aprilမှစ၍ ယခုနောက်ဆုံးရက်အထိ သဒ္ဒါတရားထက်သန်စွာ ပါ၀င်လှုဒါန်းပေးကြသော အလှူရှင်များနှင့် ဒီ campaign လေးကို လူသိများsharing လုပ်ပေးခဲ့ကြတဲ့ အလှူငွေကူရှာပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့အလှူငွေတွေကြောင့် တကယ်လိုအပ်နေတဲ့နေရာတွေမှာ တကယ့်ကို biggest changes တွေဖြစ်နေမှာအသေချာပါပဲခင်ဗျာ။🙇🏻❤️
"Your donation can make a real difference."
03/04/2025
"Stronger Together
📍 ကျွန်ဝောာ်တို့ (Lin - လင်း) နဲ့ (Treasure’s Eduphoria) အတူလက်တွဲပြီး မြေငလျင်ဒဏ်ခံစားနေရတဲ့စစ်ကိုင်းတိုင်းကို လိုအပ်နေတဲ့ basic supply တွေနေရာမှန်ရောက်အောင် ကူညီလှူဒါန်းသွားဖို့ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ကောက်ခံထားတဲ့ အလှူငွေတွေကို (Treasure's Euphoria) နဲ့ ပေါင်းပြီး မြေပြင်အဖွဲ့မှတစ်ဆင့် ငလျင်ဒဏ်ခံစားနေရတဲ့ပြည်သူတွေကို ထိထိရောက်ရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ၅၀၀/၁၀၀၀ကစပြီး နည်းသည်များသည်ကို အာရုံမထားပဲ ကိုယ်တတ်နိုင်သလောက်လှူဒါန်းခြင်းဖြင့် ပါ၀င်ကူညီကြရအောင်။ 📢❗️
📬ကျွန်ဝောာ်တို့ကို ယုံကြည်စိတ်ချပြီး သဒ္ဒါတရားထက်သန်စွာ လှုဒါန်းပေးကြတဲ့အလှူရှင်များကို အမြဲ အထူးကျေးဇူးတင်လျက်ပါ။
02/04/2025
ကျွန်တော်တို့ရဲ့"ငလျင်ဘေးသင့် အလှူ"ဆိုတဲ့ Donation Champaign လေးကတော့ April, 1, 2025 မှ April, 2, 2025အထိ (၂၄) နာရီအတွင်း ငွေ amount 527,125Ks တိတိ ငွေလက်ခံရရှိခဲ့ပါတယ်။📍
ကျွန်တော်တို့လည်း လူကြီးမင်းတို့ရဲ့ အလှူငွေတွေကိုမြင်ပြီး အတိုင်းထက်အလွန် ၀မ်းသာပီတိဖြစ်ရပါတယ်။ အားတက်သရောပါ၀င်လှုဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလဲ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဆက်လက်ပြီးလည်း နောက်ရက်တွေမှာ targetပြည့်တဲ့အထိ champaignလေးကရှိနေဦးမှာဖြစ်လို့ အေးအေးဆေးဆေး ပိုက်ဆံစုပြီးပဲဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့အတူ လူစုပြီးပဲဖြစ်ဖြစ် လိုအပ်နေတဲ့ ဒေသတွေအတွက် လာရောက်လှူဒါန်းနိုင်ပါတယ်။🔝
📬"ဘယ်လိုလှူရမလဲ" အသေးစိတ်ကို သိချင်ရင်တော့ ကျွန်တော်တို့အရှေ့မှာတင်ခဲ့တဲ့ postလေးကို ပြန်လည်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/share/p/15A88J52Aw/
"Your donation can make a real difference. Donate now to help those in need."
02/04/2025
📢ငလျင်ဘေးသင့် အလှူ❗️
အားလုံးပဲမင်္ဂလာပါဗျ။ ကျွန်တော်တို့ရဲ့ "ငလျင်ဘေးသင့် အလှူ" ဆိုတဲ့ Donation Champaign လေးမှာပါ၀င်အားဖြည့်ပေးကြတဲ့ အလှူရှင်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ဘက်က လှိုက်လှဲစွာကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ certificateလေးတွေ ပို့ထားပေးပြီဖြစ်ပါတယ်။
📍အကယ်၍ ကိုယ်ကလှူလည်းလှူထားပါရဲ့ ကိုယ့်ဆီလည်း certificateလေးတွေလဲ မရောက်လာသေးဘူးဆိုရင်တော့ ကျွန်တော်တို့ကို telegram accountမှတစ်ဆင့် (ဒါမှမဟုတ်)
တို့ကို ဆက်သွယ်မေးမြန်းပြီး နာမည်နဲ့တကွ ပြေစာလေးကို ပြန်လည် ပို့ပေးထားနိုင်ပါတယ်ခင်ဗျာ။
📢 ညကျရင်လည်း ကျွန်တော်တို့ ၂၄နာရီအတွင်းကောက်ရထားတဲ့ အလှူငွေစာရင်းကြေညာပေးသွားပါ့မယ်ခင်ဗျာ။
01/04/2025
ငလျင်ဘေးသင့် အလှူ❗️
📢မကြာလေးခင်က လှုပ်ခတ်သွားတဲ့ မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့တဲ့အတွက်ကြောင့် များစွာကြေကွဲ၀မ်းနည်းရပါတယ်။
📍ဒါကြောင့် ပြန်လည်ထူထောင်ရေးနဲ့ အဓိကလိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေအတွက် လှူဒါန်းချင်တယ်၊ စိတ်ချရတဲ့ နေရာလဲမတွေ့ဘူးဆိုရင် ကျွန်တော့်တို့ teamမှာ ယုံကြည်စိတ်ချစွာ လာလှုဒါန်းလို့ရပါတယ်။
တကယ်လိုအပ်မှုရှိနေတဲ့ ဒေသတွေကို စိတ်ချရတဲ့ sourcesတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီးလှူပေးသွားမှာဖြစ်တာမို့ ကိုယ်လှူလိုက်တဲ့ငွေတွေ အကျိုးမရှိတဲ့နေရာတွေဆီရောက်မှာလည်းစိတ်ပူစရာမလိုပါဘူး။
ကျွန်တော်နဲ့ ကျွန်တော်တို့သူငယ်ချင်းတွေကိုယ်တိုင်လဲတနိုင်တပိုင် ကိုယ်တတ်နိုင်သလောက်ပါ၀င်ကူညီပေးတာဖြစ်လို့ အခုဖတ်နေတဲ့လူကြီးမင်းတို့လည်း 1000/2000ကျပ်ကစပြီး မိမိစွမ်းနိုင်သလောက် အနည်းအများမဆို ပါ၀င်ပံ့ပို့ပေးနိုင်ပါတယ်။📢
အကယ်၍ လှူဒါန်းချင်တယ်ဆိုရင်တော့ -
Kpay
09779689223 (Khant Htut Zin)
ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ငွေလွှဲပြီးတဲ့အခါမှာလည်း လှုဒါန်းသူရဲ့ နာမည်နှင့်တကွ ပြေစာကို screenshot ရိုက်ပြီး Page messenger ဒါမှမဟုတ် Telegram account - သို့ပို့ထားပေးပါဗျ။💌
ကျွန်တော်တို့ဘက်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့အနေနဲ့ certificate လေးလည်းထုတ်ပေးမှာဖြစ်လို့ အခုပဲ လာရောက်လှူဒါန်းဖို့ နှိုးဆော်လိုက်ရပါတယ်။🗣🗣
"Your donation can make a real difference. Donate now to help those in need."
Click here to claim your Sponsored Listing.