SwewinNi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SwewinNi, Writer, ပွင့်ဖြူ(မကွေးတိုင်း), Yangon.
27/03/2025
(၂၇-၃-၂၀၂၅)........................
"အပူငြိမ်းမိုး"အဆက်......။
-------------------
"အပူငြိမ်းမိုး"
(မဂ္ဂဇင်းဝတ္ထုရှည်)
***..........ခင်မင်ခွင့်ရချင်တော့လည်း
လွယ်လွယ်ရိုးရိုးလေး။ကျွန်တော်ကမြို့ကအပြန်တွင်
ဖြစ်သည်။ရွာကိုကျောင်းတက်လာရင်းစက်ဘီးပေါက်သဖြင့်
ခြေလျင်တွန်းလာသော"မိုး"နှင့်လမ်းမှာဆုံတွေ့ဖြစ်ကြသည်။
ကျွန်တော်၏ဝမ်းသာစိတ်သည်ငယ်ထိပ်အထိ
ဆောင့်တက်သွားလိုက်ပုံများခေါင်းကဆံပင်တွေတောင်
ထောင်မတ်သွားလေသလားအောင်းမေ့ရမတတ်။
အကြားနှင့်အမြင်တစ်ထပ်တည်းကျပါပေသည်။
မျက်နှာလေးကလှယုံမကအကြည်ဓာတ်ပြည့်ဝကာ
အဖြူအစိမ်းကျောင်းဝတ်စုံလေးနှင့်
ချစ်ခင်လေးစားစရာကောင်းလှပါသည်။
ကျွန်တော်သည်စက်ဘီပေါ်ကဆင်းလျက်
"မိုး"၏အလှကိုကြည်ကြည်နူးနူးကြည့်ငေးရင်း
"ကျွန်တော်ဘာအကူအညီပေးရမလဲဆရာမ"ဟူ၍
ယဉ်ကျေးစွာမေးမိသည်။
မေးဖြစ်သည့်အတိုင်းလည်း"မိုး"အားနာစွာ
ငြင်းနေသည့်ကြားကအကူညီပေးဖြစ်လိုက်သည်။
ကျွန်တော်၏စက်ဘီးကို"မိုး"အားစီသွားစေပြီး
"မိုး"၏စက်ဘီးကိုဘူထားလိုက်ကာ
တွန်း၍ပြန်ခဲ့လိုက်သည်။
အိမ်ရောက်လျှင်ရောက်ခြင်းအကြွေးမထား။
တန်းပြီး"မိုး"၏စက်ဘီးကိုကိုယ်တိုင်ဖာရန်
ပြင်ဆင်မိသည်။
ပြီးမှကျောင်းလိုက်သွားကာစက်ဘီးခြင်း
ပြန်လဲရမည်ဖြစ်သည်။
ပျော်ရွှင်ဝမ်းသာနေမိသောစိတ်ကြောင့်ထင်သည်။
စက်ထက်သွက်လက်မြန်ဆန်သောလက်တို့ဖြင့်
ဖြုတ်ချွတ်ဖာထေးတတ်ဆင်နေမိသည်မှာ
ပြီးသည်အထိအမှားအယွင်းမရှိ။
အထူးအဆန်းသဖွယ်တအံ့တဩမေးခွန်းတွေ
ညှပ်ထုတ်နေကြသည့်"အမေ"နှင့်"အဖွား"တို့ကို
ပါးစပ်ကလည်းတသွင်သွင်ပြန်ဖြေရင်းဆိုပါတော့။
ဖြူစင်သောစိတ်နှင့်နှစ်လိုဘွယ်ဆန္ဒတို့သည်ကား
ဖျပ်ကနဲငြိမ်းအေးသွားစေသောနှလုံးအိမ်ကြောင့်
ဖြစ်ပေါ်လာရတတ်သည်ဟူ၏။
"မိုး"၏အလှသည်ကျွန်တော့်ရင်ကိုတဒိတ်ဒိတ်ခုန်အောင်
နှိုးဆွနိုင်လိမ့်မည်ဟုမမြင်ဘူးခင်ကထင်ခဲ့မိသည်။
သို့သော်တကယ်တန်းလက်တွေ့ကျ
"မိုး"၏အလှကိုပို၍ပေါ်လွင်စေသောအကြည်ဓာတ်က
"မိုး"ကိုမြင်တွေ့ရသည်နှင့်၊"မိုး"ကိုခင်မင်ခွင့်ရသည်နှင့်
မိသားစုထဲမှာညီမလေးတစ်ယောက်ပိုင်ဆိုင်လိုက်ရသည့်
နှယ်ကြည်နူးမိသည်။ဆုံးရှုံးသွားခဲ့ရသော"မမတိုး"လို
သူငယ်ချင်းကောင်းအစားပြန်ရလိုက်သည့်နှယ်
ဝမ်းသာမိသည်။"ရွှေမာ"ကြောင့်ဘဝတစ်ခုလုံး
ကွဲအက်ကြေမွကုန်တော့မတတ်ဘောင်ဘင်ခတ်နေသော
သောကအပူလှိုင်းတွေလည်းမီးလောင်ပြင်ပေါ်
မိုးရွာချလိုက်သည့်နှယ်အေးချမ်းသွားသလို
ခံစားရသည်။
အို...စကားကုန်ပြောရမည်ဆိုပါက
"မိုး"အနားမှာရှိနေလျှင်ပင်ဘယ်လိုဝေဒနာမျိုးနှင့်မှ
လေးလန်မနေ။အရိပ်ကောင်းလှသောသစ်ပင်ကြီး
တစ်ပင်အောက်မှာရောက်နေသကဲ့သို့
အပူအငွေ့တွေကင်းစင်ပေါ့ပါးနေသလို
မှတ်ထင်ရသည်အထိ။"မိုး"နှုတ်ဖျားမှထွက်ကျလာသည့်
စကားလုံးတွေမှာလည်းနားထဲကနေ
နှင်းစက်ကလေးတွေကိုတစ်စက်ခြင်းချပေးနေသည့်
အလားစိတ်ထဲမှာအေးမြနေသလို
အောင်းမေ့ရမတတ်။"မိုး"နှင့်တွေ့ဆုံခင်မင်ရသည်မှာ
"ဇနက္က"နှင့်"မေခလာ"ကိန်းဆိုက်လာသည့်နှယ်
ယုံကြည်ရလိမ့်မည်ထင်ပါရဲ့။.........................
ဆက်ရန်.....။
ဆွေဝင်းနီ(ပွင့်ဖြူ)
(၂၇-၃-၂၀၂၅)
===========
06/03/2025
(၆-၃-၂၀၂၅)....................
အပူငြိမ်းမိုးအဆက်.......။
"အပူငြိမ်းမိုး"
(မဂ္ဂဇင်းဝတ္ထုရှည်)
***....."မစန်းမော်"စိုက်ပျိုးခြံရှေ့လမ်းကနေဖြတ်သွားရသောကြောင့်
ဖြစ်သည်။ထို"မစန်းမော်"တို့စိုက်ပျိုးခြံ၊ခြံစည်းရိုးကလည်း
အဝေရာပင်တွေကြပ်ညပ်နေသည့်အပြင်၊ကင်းပုံ၊ကြီးအာ၊
ဝက်ဖရုံ၊ကြာဟင်းနွယ်တို့၊အခြားနွယ်တို့ရှုပ်ယှက်ခတ်အောင်
တွယ်ကပ်တက်ရောက်နေသောအခါလုံလုံခြုံခြုံမို့ချောင်း၍
ကြည့်မည်ဆိုလျှင်အဆင်ပြေနိုင်သည်။
"မစန်းမော်"တို့စိုက်ပျိုးခြံသည်ဟင်းသီးဟင်းရွက်ပင်တွေ
စိုက်ပျိုးခြင်းဖြစ်သည်။
"မစန်းမော်"ပြောသလို"မိုး"သည်ကျောင်းဆင်းအပြန်
ခြံထဲဝင်၍ဟင်းသီးဟင်ရွက်ဝယ်သည်နှင့်တိုးလျှင်
စကားပြောခွင့်ရနိုင်ကြောင်းမျှော်လင့်ရသည်။
"လေးဝင်း....နင်-အခုထိမိန်းမနဲ့ပတ်သက်ပြီးမမှတ်သေးဘူးလား"
"မဆိုင်ပါဘူးဗျာ....။ကျွန်တော်ကရိုးရိုးပါ။ဆရာမလေးကချစ်စရာ၊
ခင်စရာကောင်းတယ်ဆိုလို့ပါ"
"မစန်းမော်"ကစသလိုနောက်သလိုပြောခြင်းဖြစ်သော်လည်း
ကျွန်တော့်မှာရှက်ကိုရှက်ကန်းနှင့်ဆင်ခြေပေးရသည်။
"မစန်းမော်"သည်ကျွန်တော့်ကိုစကားပြန်ပြောသည်မှာမကြာသေး။
"မမတိုး"နှင့်ပတ်သက်ပြီး"မမတိုး"ဘက်ကမခံချင်ဖြစ်ကာ
ကျွန်တော့်ကိုအတော်ကြာအောင်မခေါ်မပြောနေခဲ့သည်။
မကြာခင်ကမှ"ရွှေမာ"နှင့်ပတ်သက်ပြီး
ကျွန်တော့်အတွက်စိတ်မကောင်းစွာအားပေးရင်း
နှစ်ယောက်ကြားမှာအခြေအနေအရငုတ်သွားသည့်
ခင်မင်မှုသံယောဇဉ်အစကိုပြန်ဆွဲထုတ်ခဲ့ခြင်းဖြစ်သည်။
"မစန်းမော်"ခင်ပွန်းဖြစ်သူကလည်း
"မင်းလည်းခေတ်ပညာတတ်လူငယ်တစ်ယောက်ပဲကွာ။
အချစ်နဲ့ပတ်သက်ပြီးမျက်ရည်ကျခြင်ကျ။
စိတ်ဓာတ်တော့မကျစေနဲ့။ထိန်းထား။မိန်းမကြောင့်
ဘဝပျက်တဲ့ယောကျာ်းထဲမင်းမပါစေနဲ့။အထူးသဖြင့်
အရက်အားကိုးနဲ့ထွက်ပေါက်ရှာမိရင်တော့
သေရာပါမှားမယ်သာမှတ်ငါ့ညီ"တဲ့။
ပထမတော့ရှေ့ကအသည်းကွဲနောင်တော်ညီတော်များ၏
လမ်းစဉ်အတိုင်"အရက်"ဘက်လမ်းကျွံသွားသေးသည်။
သို့သော်
ဘယ်တော့မှ"မိန်းမ"တစ်ယောက်ကိုအောက်မကြို့ချင်သည့်
ယောကျာ်း"မာန"ကအချိန်မီပြန်ပေါ်လာပြီး
မိန်းမတစ်ယောက်အတွက်အဲသည်လောက်ကြီးပေးဆပ်ရမှာ
ဝန်လေးလာသောရှက်စိတ်ကကျွန်တော့်ကိုယ်ကျွန်တော်
"မစန်းမော်"ယောကျ်ားပြောသလိုပြန်ကယ်နိုင်ခဲ့သည်။
ထို့ကြောင့်"မိန်းမတစ်ယောက်အတွက်အရက်သမားမဖြစ်ခဲ့"....။
ထားလိုက်ပါလေ။ခုနအကြောင်းပြန်ဆက်ရလျှင်
တကယ်တန်းကျ"မစန်းမော်"တို့ခြံထဲကနေချောင်းကြည့်သည်ကို
"မိုး"သိသွားပြီးအထင်သေးမှာစိုးရိမ်မိသလို၊ခြံထဲမှာ
ဟင်းသီးဟင်းရွက်ဝယ်သည်နှင့်ကြုံပြန်သော်လည်း
ကိုယ့်လိပ်ပြာကိုယ်မလုံပဲရှက်နေမိသဖြင့်"မစန်းမော်"တို့
အိမ်ထဲကပင်အိမ်ပြင်မထွက်ရဲ။
ခင်ခွင့်မင်ခွင့်ရချင်တော့လည်းလွယ်လွယ်ရိုးရိုးလေး။............ဆက်ရန်။
ဆွေဝင်းနီ(ပွင့်ဖြူ)
(၆-၃-၂၀၂၅)
==========
13/02/2025
(၁၃-၂-၂၀၂၅)..........................
အပူငြိမ်းမိုးအဆက်......................................
"အပူငြိမ်းမိုး"
(မဂ္ဂဇင်းဝတ္ထုရှည်)
***....သူမ၏နာမည်က"ရွှေမာ"
တကယ်တော့ကြိုတင်သိစွမ်းနိုင်ခြင်းမရှိသော
အကြောင်းအရာတွေထဲမှာ"အချစ်"လည်းပါနေသည်ကို
လက်တွေ့သက်သေပြချက်လောက်ဘာမှမခိုင်မာ။
ဒါကသူငယ်ချင်းအချစ်၊ဒါကမှချစ်သူအချစ်ဟူ၍
"အချစ်"ကိုကိုယ်တိုင်ခွဲခြားချစ်တတ်သလိုလိုနှင့်
နောက်ဆုံးတော့လေကိုလိုက်လန်ဖမ်းဆီးသူကဲ့သို့
ဘာ"အချစ်"မှမမိခဲ့သည့်ကျွန်တော်.....။
မီးတောက်ချောက်ကမ်းပါးထဲချော်ကျသွားသူလိုပါပဲ။
ဘဝတစ်ခုလုံးကျွမ်းမြေ့ပြာကျကုန်တော့မတတ်။
အခန်း(၃)
"မိုး"
ကျွန်တော်တို့ ရွာကိုမူလတန်းဆရာမလေးအဖြစ်
ရောက်လာသည်။
ထိုအခါထုံးစံအတိုင်းကျောင်းအုပ်ဆရာမကြီးက"ဆရာမ"
အသစ်ရောက်လာလျှင်တွေ့ဆုံမိတ်ဆက်ပွဲလေးလုပ်ပေးတတ်
သည်။ရပ်ရွာလူကြီးနှင့်ကျောင်းကော်မတီဝင်၊ကျောင်းသား
မိဘများ၊ရွာသူရွာသားများဖိတ်ကြား၍ဖြစ်သည်။
ထိုနေ့ကရွာမှာကျွန်တော်မရှိ။
ကျွန်တော်ရွာကိုပြန်ရောက်သောအခါ
"မိုး"၏ဆရာမကျက်သရေရှိပုံနှင့်မြန်မာဆန်ဆန်ယဉ်ကျေးစွာ
လှပပုံချီးကျူးသံတွေကြားရသည်။ဆန့်ကျင်ဘက်
လိင်တွေသာမကမိန်းမချင်းပင်ငေးရလောက်သည်ဆိုပါ၏။
လုပ်ဖေါ်ကိုင်ဘက်ဆရာ၊ဆရာမတွေနှင့်
ကျောင်းသူကျောင်းသာတွေကလည်းချစ်ကြကြောင်း
သိရသည်။တစ်ရွာလုံးကလည်းခင်မင်လေးစားကြသည်တဲ့။
အဲသည်အထဲမှာ"အမေ"ကော"အဖွား"ပါ ပါသေးဟူ၏။
"ဒိလောက်တောင်ပဲလား"
ယင်းကဲ့သို့ကျွန်တော့်စိတ်ထဲကမယုံမရဲအသံတိတ်ညည်းတွားရင်း
"မိုး"ဆိုသည့်ဆရာမလေးကိုမြင်ဖူးချင်လွန်းအောင်
ထက်သန်သွားသည်။
သို့ပေမို့အကြံထုတ်ရတော့သည်။
အကြံထုတ်ရဆိုရုပ်ရှင်၊ဝတ္ထု၊ဇာတ်လမ်းတွေထဲကလို
မျက်နှာပြောင်တိုက်ပြီးဇွတ်အတင်းလိုက်ပြီးမိတ်ဆက်လို့
လည်းမဖြစ်။ရွာထဲကအမူးသမားနှစ်ယောက်လောက်ကို
"မိုး"လာရာလမ်းကနေစောင့်ပြီးသောက်ဖိုးစားဖိုးလေးပေး
နှောက်ယှက်ခိုင်း၊ပြီးတော့ကိုယ်ကကယ်တင်ရှင်ကြီးလုပ်၊
ကျေးဇူးရှင်သဖွယ်နီးစပ်ခင်မင်သွား၊အဲသည်လိုဖန်တီး
ရအောင်ကလည်းတစ်ရွာလုံးနှင့်ပြဿနာဖြစ်မည့်ကိန်း။
ကျောင်းကညီငယ်တမျှရင်းနီးရသည့်
ဆရာလေးချဉ်းကပ်ပြီး၊ဒါ-ကျွန်တော့်ရဲ့အစ်ကိုလိုခင်မင်ရတဲ့
"ကိုလေးဝင်း"ပါဟူ၍မိတ်ဆက်ပေးခိုင်းရရင်ကောင်းမလား
စဉ်းစားမိပြန်တော့ကျွန်တော့်ကိုယ်ကျွန်တော်
အဲလောက်ကြီးလည်းပေါကားထဲဇာတ်ကောင်ပုံစံမျိုးမချိုးရဲ။
နောက်ဆုံးတော့"မစန်းမော်"တို့စိုက်ပျိုးခြံလေးကိုပဲ
ရွေးချယ်ဖြစ်လိုက်သည်။
မည်သို့ကြောင့်ဆိုသော်"မိုး"ကရွာကျောင်းကိုလာလျှင်
"မစန်းမော်"တို့စိုက်ပျိုးခြံရှေ့လမ်းကနေ
ဖြတ်သွားရသောကြောင့်ဖြစ်သည်။.....................ဆက်ရန်။
ဆွေဝင်းနီ(ပွင့်ဖြူ)
==========
07/02/2025
(၇-၂-၂၀၂၅)
------------
"အပူငြိမ်းမိုး"အဆက်.....
------------
"အပူငြိမ်းမိုး"
(မဂ္ဂဇင်းဝတ္ထုရှည်)
***....ကျွန်တော်နှင့်"မမတိုး"ကိစ္စအတွက်"အဖွား"စိတ်ထဲ
က အကြိတ်အခဲသည်လိတ်ခဲတင်းလင်းဖြစ်နေသေးပုံ။မကျေနပ်သံ
တွေပါနေသည်။"အမေ"ကမီးဖိုထဲမှာနေ့လည်စာစီမံချက်ပြုတ်နေရာ
ကနေကျွန်တော့်ကိုသူ့အနားခေါ်ပြီးနှစ်သိမ့်သည်။"တိုးတိုး"ကို
ပြတ်မိလက်စနှင့်ဖြတ်ထားလိုက်တော့သား။
သားနှင့်ပတ်သက်ပြီး"တိုးတိုး"စိတ်ထဲမှာဘယ်လောက်တောင်
ရှက်ပြီးဘယ်လိုခံစားသွားရနိုင်သလဲဆိုတာ"အမေ"ကမိန်းမချင်း
ပိုသိသည်။မသွားပါနှင့်သားရယ်ဟူ၏။
ကျွန်တော်စိတ်မကောင်း။နာကျင်ရသည်။ကျွန်တော်နှင့်"မမတိုး"ကြား
မှာသည်လိုဖြစ်အောင်ဖန်တီးကြတွေက"အဖွား"လား။
နှစ်ဘက်မိဘတွေလား။ပတ်ဝန်းကျင်လား။
ဒါမှမဟုတ်အကုန်လုံးလား။ကျွန်တော်နှင့်"မမတိုး"ကဘယ်လိုမှ
ပြန်ပြီးဆက်ဆံပတ်သက်ခွင့်မရနိုင်အောင်ကိုအပြစ်တွေ
ဖြစ်နေရပြီလား။
"မတရားဘူး။အကုန်လုံးမတရားဘူး။လုံးဝကိုမတရားဘူး"
ဟူ၍အော်ဟစ်ပေါက်ကွဲခဲ့မိသည်။
နောက်ဆုံးတော့လည်းကျွန်တော်ပဲလက်လျှော့ခဲ့ရသည်။
ချစ်လျက်နှင့်အကြောင်းမညီညွတ်သည့်အခါ
ထာဝရဝေးကွာကြရသောသူတွေထဲမှာ"သူငယ်ချင်း"တွေလည်း
ပါတတ်ကြောင်းကျွန်တော်ကိုယ်တွေ့အဖြစ်သိခဲ့ရပြီ။
ဤသည်မှာမမေ့နိုင်စရာအမှတ်တရတွေလား၊သို့တည်းမဟုတ်
နောက်ကျမှသိခဲ့ရသည့်ယူကြုံးမရမှုတွေကြောင့်
နောင်တဖြစ်စရာတွေလား၊ယင်းကဲ့သို့မခွဲခြားတတ်စရာ
အဖြစ်အပျက်တွေကျွန်တော့်ဘဝမှာများစွားရှိခဲ့သည်။
မမေ့နိုင်မှုတွေ၊နောင်တရမှုတွေနှင့်ငါ့ဘဝကိုဘယ်တော့မှအချိန်
ကုန်မခံ။လောကသဘာဝမလွဲမသွေတွေ့ကြုံရင်ဆိုင်ရမည့်
အကောင်းအဆိုးတွေကိုသင်ခန်းစာအဖြစ်သဘောထားရင်း
ယူသင့်တာယူ၊ဖယ်သင့်တာဖယ်ကြဉ်လျက်ကိုယ့်ကိုကိုယ်ပြုပြင်
ကာဘဝကိုအနိုင်နှင့်ပိုင်းမည်ဟုဆုံးဖြတ်ထားသူ။
တကယ်တန်းကျထိုဆုံးဖြတ်မှုအတိုင်းမဖြစ်ခဲ့။
ခံစားချက်ပြုသမျှနုခဲ့ရလေသောကျွန်တော့်စိတ်သည်
တိမ်လိုလွင့်၍ရွက်ဝါလိုမြေမှာလူးကာ၊အချိန်ကာလတစ်ခုအထိ
ရူးသွပ်လွဲမှားသွားခဲ့သည်။
ဟုတ်ပါသည်။လူကြီးတွေလိုလားနေသည့်"မမတိုး"ကို
သူငယ်ချင်းအချစ်ထက်မပိုနိုင်သောကြောင့်အောင်သွယ်တော်
လမင်းတို့ကောင်းမှုဖြင့်ဘဝ၏အနာဂါတ်အလင်းရောင်
ရလိမ့်မည်ဟုအထင်ရောက်ကာကိုယ်ချစ်ရသူကိုရွေးချယ်ဖြစ်ဖို့
တွန်အားဖြစ်သွားရလေသလားမသိ။
ချစ်ရသူတစ်ယောက်ကိုဘဝနှင့်ထပ်တူ
ကျွန်တော်ဆုံးဖြတ်ခဲ့မိလေသည်။
နောင်တချိန်ချိန်မှာမွန်းကြပ်နေသောစိတ်၏ထွက်ပေါက်အဖြစ်
လွတ်မြောက်ရာရှာဖွေသလိုဖြစ်နေလိမ့်မည်ဟုမထင်ခဲ့။
သူမ၏နာမည်က"ရွှေမာ"....။....................ဆက်ရန်။
ဆွေဝင်းနီ(ပွင့်ဖြူ)
04/01/2025
(4-1-2025)...................
"အမေ"ပြောသလိုပဲ။
နိုင်ငံခြားခုနှစ်တော့ကုန်သွားပြီ။တို့ရိုးရာခုနှစ်ပဲ
ကုန်ဖို့ကျန်တော့တယ်။
နှစ်တွေကတော့တစ်နှစ်ပြီးတစ်နှစ်"နှစ်အသစ်"တွေသာ
ပြောင်းသွားတယ်။
လူတွေကတော့တစ်နှစ်ပြီးတစ်နှစ်အို....အိုဟောင်းသွားသလိုပဲ။
ဒါပေမယ့်
နှစ်သစ်နဲ့အတူ"စိတ်သစ်လူသစ်နဲ့ဘဝကိုခရီးဆက်ကြမယ်"ဆိုတဲ့
သဘောသူသူကိုယ်ကိုယ်ကြွေးကျော်နေမိကြတာပါပဲ။
"ဘာပဲဖြစ်ဖြစ်စိတ်သစ်လူသစ်နဲ့ခရီးဆက်ကြပါစို့ပဲပေါ့နော".........
ဆွေဝင်းနီ(ပွင့်ဖြူ)
==========
31/12/2024
(၃၁-၁၂-၂၀၂၄)
တစ်နှစ်ဟောင်းလို့တစ်နှစ်ပြောင်းတော့အသက်တစ်နှစ်
ပိုကြီးသွားတာပေါ့။
(အသက်ကြီးသလိုညဏ်ကြီးသွားတယ်လို့တော့ထင်တာပဲ)
ရင့်ကျက်မှုဆိုတာကတော့ပုထုဇဉ်ပီပီကိုယ့်အစွန်းနဲ့ကိုယ်
မတုန်မလှုပ်ခိုင်မာနေတာပါပဲ။
နှစ်သစ်ကို မင်္ဂလာရှိရှိကြိုဆိုလိုက်ပါတယ်။
လူသားအားလုံးပိုမိုကောင်းမွန်တဲ့ရယူပိုင်ဆိုင်လိုမှုတွေ
ပြည့်ဝကြပါစေ။.........................
ဆွေဝင်းနီ(ပွင့်ဖြူ).......................
31/12/2024
December
Tuesday
(31-12-2024)
---------------
Reset ဒါဏ်ထိ။ဖုန်းထဲအကုန်ပျက်။လက်တော့ပ်ထဲမှာပဲကျန်တော့။
လိုင်းသုံးရတာဒုက္ခတွေရောက်။..............
ဆွေဝင်းနီ(ပွင့်ဖြူ)
31/12/2024
ရွှေချစ်သူသို့
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့မှ စတင်ကာ ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ ရွှေဝတ္ထုကဏ္ဍအတွက် စာမူများကို ဖိတ်ခေါ်ခဲ့ပါတယ်။
ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာ ရွှေဝတ္ထုကဏ္ဍသို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်အထိ ရောက်ရှိလာတဲ့ စာမူတွေက အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။
၁။ ရင်ငြိမ်းပွင့်၊စလင်း၊ (ဆင်ဦးစီးပိုက်စုတ်)
၂။ ဆောင်းဦးနွေ (အလောင်းဖြင့် ရွာဝင်ခြင်း)
၃။ မင်းခသင်း (ဟာမိုနီ မလိုပါ)
၄။ မောင်သုခင်၊တမာမြေ၊ (ငယ်ပေါင်းကြီးဖော်)
၅။ ကေ၊တောင်တန်းပြာ၊ (မသာကျင်း တူးခ)
၆။ အောင်မြင် (ကြမ္မာဖွဲ့တေး)
၇။ နွေဦးနေ (မိုးထဲရေထဲက မိန်းမ)
၈။ ထွန်းတောက်ထွဋ်၊သင်္ချာ၊ (ဝမ်းစာနဲ့ လားရာ)
၉။ ဆွေဝင်းနီ၊ပွင့်ဖြူ၊ (တုံး နဲ့ မြုံး)
၁၀။ နိုင်မင်းညို၊မြစ်ခြေ၊ (အိမ်အပြန်
၁၁။ မင်းတုန်းမောင်စိမ်းလွင်(ရှင်သန်ဆဲညကောင်များ)
၁၂။ မြရဲလွင် (ဖြေဆေးမရှိသော ဒဏ်ရာ)
၁၃။ မြရဲလွင် (ပုံရိပ်လေးတစ်ခု)
၁၄။ နွေဦးနေ (နေပါရလို့ နေရလျှင်လည်း)
၁၅။ ချစ်ဦးသူ၊လက်ပုကန်၊ (နေရာ)
၁၆။ ချစ်ဦးသူ၊လက်ပုကန်၊ (အနီရောင် အလံတော်အောက်)
၁၇။ ခန့်ကျော်ထင်လှိုင်၊လွိုင်ကော်၊ (ကပ်ကျော်နှင့်နပ်ကျော်)
၁၈။ ယံဇငြိဏ်း (သတ်ပုံမှားတတ်တဲ့ ပါမောက္ခကြီးကိုအပြစ်ပေးခြင်း)
၁၉။ မောင်သိန်းနိုင်(လက်ဖက်ရည်) (ရပ်ကွက်စျေး)
၂၀။ သျှင်ဇော(တောင်ငူ) (အတိတ်ဆီက ပါလာသောအအရိပ်)
၂၁။ နိုင်မင်းညိုမြစ်ခြေ (အမှောင်ထဲက လက်တစ်ဖက်)
၂၂။ မိုးကျော်ဇင် (ကမ္ဘာနှစ်ခြမ်း)
၂၃။ ကိုးငယ်မင်း (ချစ်တဲ့ ဆည်းဆာပျို)
၂၄။ မိုးသစ်ဝေ (ဆဋ္ဌမနေ့အိပ်မက်)
၂၅။ အောင်မြင် (နေရာ)
၂၆။ သင်းအောင်သန်း (မလှစုန်းယိုး)
စာမူပေးပို့မယ်ဆိုရင် [email protected] ကို ပေးပို့နိုင်ပါတယ်။ subject(အကြောင်းအရာ)နေရာမှာ “ရွှေဝတ္ထုကဏ္ဍသို့ စာမူပေးပို့ခြင်း” လို့ ရေးဖြည့် ပေးရမှာဖြစ်ပါတယ်။
ရွှေဝတ္ထုကဏ္ဍကို ရောက်ရှိလာတဲ့ စာမူစာရင်းကို သောကြာနေ့တိုင်း ဖော်ပြပေးပါမယ်။
#ရွှေဝတ္ထုကဏ္ဍ
23/12/2024
ရွှေချစ်သူသို့
ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်အထိ ရောက်ရှိလာတဲ့ စာမူတွေက အောက်ဖော်ပြပါအတိုင်း ဖြစ်ပါ တယ်။
၄၆၃။ မင်းပြည့်မွန် (ဖွင့်ထားသောတံခါးအို)
၄၆၄။ ပြာလဲ့ရီဝေ (လမ်းထိပ်)
၄၆၅။ ထွန်းလင်းဇော် (ပိုက်ကွန်)
၄၆၆။ လွမ်းအောင် (ကျွန်တော်တို့ချစ်သော မိန်းမတစ်ယောက်)
၄၆၇။ ရီနေးဆန့်အောင် (အာဃာတမဲ့ အညတရနှလုံးသား)
၄၆၈။ အေးမင်းထွန်းဇံ (လွမ်းသူ့သစ်ပင်)
၄၆၉။ ဓူဝံကြယ်၊နတ်မောက်၊ (ခါတော်မီ မိုး)
၄၇၀။ ကိုးကိုး (ရှင်ဘုရင်အိပ်မက်)
၄၇၁။ ထွန်းလင်းဇော် (အကယ်ဒမီရှော့)
၄၇၂။ တင်အိအိကို၊မိုးကုတ်၊ (အစိမ်းရောင်... အက်ကြောင်းများ)
၄၇၃။ နရီမိုး (တောကြက်ဥ)
၄၇၄။ ဇူမေလွင် (နွေအိမ်မက်)
၄၇၅။ မောင်နွေလွမ်း၊ကချင်မြေ၊ (သတ္တလောကကြီးမှာ ဘာတွေဖြစ်နေကြပါလိမ့်)
၄၇၆။ Peter Tobey (ငွေရောင်ပိတ်ကားထက်ဝယ်)
၄၇၇။ ပြာလဲ့ရီဝေ (ယူလိုမိ၏)
၄၇၈။ သွင်ထူးသစ် (အိပ်တန်း)
၄၇၉။ မောင်သုည၊ရှပ်ပုံသားလေး၊ (ဟိုတောင်ရိုးဆီက စံပယ်ဖူးရယ်ငုံ)
၄၈၀။ ပြာလဲ့ရီဝေ (သည်လမ်းကို မောင်လျှောက်ပါလေ)
၄၈၁။ နီလိုရာ (ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်)
၄၈၂။ ဝင်းမင်း၊ဖန်ခါးမြေ၊ (နှောင်ကြိုးပြယုဂ်)
၄၈၃။ ရနေဝင့်ရီ (ကြည်ဖြူဆန္ဒကိုဆန့်ကျင်၍)
၄၈၄။ စိမ်းလဲ့ဖြူ (ချမ်းသာခြင်း အစစ်)
၄၈၅။ ချစ်မင်း၊မြစ်သား၊ (နှောင်ကြိုးမဲ့လမ်း)
၄၈၆။ ချစ်မင်း၊မြစ်သား၊ (ရူးနေကြသူများ)
၄၈၇။ ဟိန်းနွေရှိုင်း (ဝိညာဉ်တစ်ကောင်ရဲ့ ယဉ်ကျေးမှု)
၄၈၈။ သန်းတင့် (ထက်ဝက်စား)
၄၈၉။ လရောင်(ခြံပြင်) (အိမ်ထောင်ဦးစီး)
၄၉၀။ အာကာစိုးသူ (ထင်တစ်လုံး)
၄၉၁။ ပိုင်ပိုင် (တူတူ တန်တန်)
၄၉၂။ ခိုင်တာဇံ (အနာတရ ကောင်းကင်)
၄၉၃။ ရီနေးဆန့်အောင် (အမျှတဆုံး လမ်းခွဲခြင်း)
၄၉၄။ ကိုးကိုး (ခေတ်ရဲ့ လှိုင်းတံပိုးတွေ)
၄၉၅။ မောင်မင်းယု (နာမည်ဝှက်)
၄၉၆။ ပြည့်စုံအောင် (အတွင်းလှိုက်ကောက်ကြောင်း)
၄၉၇။ ပြည့်စုံအောင် (သမုဒယ သော့ချက်)
၄၉၈။ သွင်ထူးသစ် (နွံနစ်သွားတဲ့ မေတ္တာတရား)
၄၉၉။ နွေထက်ဝင်း (အမှောင်ထဲက လမ်းပျောက်ကြယ်)
ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာကို စာမူပေးပို့မယ်ဆိုရင် ပြည်ထောင်စုဖောင့် ၁၄ ပွိုင့်နဲ့ ၆ မျက်နှာထက် မပိုစေဘဲ [email protected] ကို ပေးပို့နိုင်ပါတယ်။ စာတည်းအဖွဲ့က ဖတ်ရှုပြီး စာတည်းချုပ် ဦးဝင်းငြိမ်းက ရွေးချယ်ကာ ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာမှာ ဖော်ပြမှာြဖစ်ပါတယ်။ ရွေးချယ်ဖော်ပြခြင်းမရှိတဲ့ စာမူတွေကို စာရေးသူဆီကို အယ်ဒီတာမှတ်ချက်နဲ့အတူ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
ရွေးချယ်ဖော်ပြခံရတဲ့ စာမူအတွက် ဉာဏ်ပူဇော်ခကို စာရေးဆရာညီမင်းညို၊ စာရေးဆရာဟမ်စိုင်း(ဆေး-မန်း)၊ စာရေးဆရာထင်လင်းဦး၊ စာရေးဆရာမ မေ(လားရှိုး)၊ ရွှေချစ်သူ မတင်နိုင်စိုး တို့ရဲ့ ပါဝင်မှုနဲ့ ချီးမြှင့်မှာဖြစ်ပါတယ်။
ရောက်ရှိလာတဲ့ စာမူစာရင်းကို တနင်္လာနေ့တိုင်း ဖော်ပြပေးပါမယ်။
#ရွှေအသစ်
23/12/2024
(23-12-2024)....................
နိဂုံး
စာစုကိုး။
"နှင်းဆီပင်လယ်"
(ကဗျာရှည်)
***
*သူငါမတူ အစွန်းနှစ်ဘက်
မတွန်းဖျက်နှင်းဆီဖြူ
မူကိုယ်စီဖက်တွယ်ကြ
မျှတသောသူ။
ကိုယ့်စံနဲ့ကိုယ့်ဟန်မူ
ကိုယ့်ညဏ်သူလာပြိုင်လည်း
မခိုင်သူလဲစတမ်းမို့
စွမ်းသူမှန်ဂုဏ်ရည်တက်
ယုံကြည်ချက်ကမ္ပည်းတည်မယ့်
"နှင်းဆီ"ရဲ့ဇွဲ။
စုပ်နယ်လွန်အာကာတွင်း
ပျံသန်းခြင်းနဲ့ထွင်းဖေါက်သူ။
လွတ်မြောက်ရာကြံစီသမျှ
"ဂမ္ဘီရ"ဂရပ်ဖ်တွေနဲ့
ကင်းဗတ်ဗွေခရမ်းပြာငှက်ငယ်က
လက်ဝယ်မှာ"နှင်းဆီ"ဆောင်ရင်း
အမှောင်ခွင်းတာစူ။
အတက်အကျမညီတူ
ဒီဇမ္ဗူလျှောက်ရာလမ်း။
သူ့ဆူးနဲ့သူပြန်ထွင်လို့
ဝေဖန်လေ"ကသိုဏ်ရှု"
မနှိုင်းတု"နှင်းဆီမာန်"က
ကိုယ့်ကံနဲ့ကိုယ်ဖူးပွင့်တယ်
ပွဲလယ်တင့်ဆန်း။ ။ ..................
ဆွေဝင်းနီ(ပွင့်ဖြူ)
============
23/12/2024
Click here to claim your Sponsored Listing.
Category
Website
Address
Yangon