Vertex Engineering Service
One Stop Engineering Service
08/05/2026
✅ Quality Control (QC) Engineer တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းများ
ဆောက်လုပ်ရေးပဲဖြစ်ဖြစ်၊ ကုန်ထုတ်လုပ်ငန်းပဲဖြစ်ဖြစ် ပရောဂျက်တစ်ခုရဲ့ "အရည်အသွေး" ကို တာဝန်ယူရတဲ့ QC Engineer တစ်ယောက်ဖြစ်ဖို့ဆိုရင် ဒီအချက်တွေက မရှိမဖြစ်လိုအပ်ပါတယ်...
1. Attention to Detail (အသေးစိတ် ဂရုပြုနိုင်မှု)
QC တစ်ယောက်ရဲ့ အဓိကလက်နက်ကတော့ မျက်စိရှင်ရှင်ထားဖို့ပါပဲ။ သာမန်လူတွေ သတိမထားမိတဲ့ သေးငယ်တဲ့ အပြစ်အနာအဆာတွေ၊ Drawing နဲ့ မကိုက်ညီတာတွေကို အသေးစိတ် ရှာဖွေဖော်ထုတ်နိုင်ရပါမယ်။
2. Knowledge of Standards & Codes (စံချိန်စံညွှန်းများ နားလည်မှု)
နိုင်ငံတကာ စံချိန်စံညွှန်းတွေဖြစ်တဲ့ ISO တို့၊ လုပ်ငန်းခွင်ဆိုင်ရာ သတ်မှတ်ထားတဲ့ Codes တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ကျွမ်းကျင်စွာ နားလည်ထားရပါမယ်။ ဒါမှသာ အမှား/အမှန်ကို တိတိကျကျ ဆုံးဖြတ်နိုင်မှာပါ။
3. Problem-Solving Skill (ပြဿနာဖြေရှင်းနိုင်စွမ်း)
အမှားတွေ့ရုံနဲ့ မပြီးပါဘူး။ အဲဒီအမှား ဘာကြောင့်ဖြစ်တာလဲ (Root Cause) ကို ရှာဖွေပြီး နောင်တစ်ကြိမ် ထပ်မဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အကြံပြုချက်တွေ ပေးနိုင်ရပါမယ်။
4. Communication & Diplomacy (ပြောဆိုဆက်ဆံမှု ကျွမ်းကျင်မှု)
ဒါက တော်တော်အရေးကြီးပါတယ်။ QC ဆိုတာ အမှားရှာရတာဖြစ်တဲ့အတွက် တခြား Team တွေနဲ့ ထိပ်တိုက်တွေ့တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အမှားကို ထောက်ပြတဲ့အခါမှာ လုပ်ငန်းခွင် မပျက်စီးစေဘဲ ပညာသားပါပါနဲ့ ယဉ်ယဉ်ကျေးကျေး ပြောဆိုညှိနှိုင်းနိုင်ရပါမယ်။
5. Integrity & Ethics (ကိုယ်ကျင့်တရားနှင့် စည်းကမ်းလိုက်နာမှု)
အရည်အသွေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ အလျှော့မပေးတဲ့ စိတ်ဓာတ်ရှိရပါမယ်။ ကိုယ့်ရဲ့ တာဝန်ယူမှုအပေါ်မှာ သစ္စာရှိပြီး ဘယ်လိုဖိအားမျိုးပဲရှိရှိ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ရပ်တည်နိုင်ဖို့ လိုအပ်ပါတယ်။
6. Technical Proficiency (နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု)
Drawing တွေ ဖတ်တတ်ရမယ်၊ တိုင်းတာရေး ကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမယ်၊ ပြီးတော့ လက်ရှိလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ နည်းပညာတွေနဲ့ Material Science တွေကိုလည်း အမြဲလေ့လာနေရပါမယ်။
💡 နိဂုံးချုပ်အနေနဲ့ - Quality ဆိုတာ တစ်ခါတည်းနဲ့ ပြီးသွားတဲ့အရာမဟုတ်ဘဲ အမြဲတမ်း တိုးတက်အောင် လုပ်ဆောင်နေရတဲ့ (Continuous Improvement) ဖြစ်စဉ်တစ်ခုပါ။ ဒါကြောင့် QC Engineer တစ်ယောက်ဟာ စံချိန်စံညွှန်းတွေရဲ့ အစောင့်အရှောက်ပဲ ဖြစ်ပါတယ်!
06/05/2026
အဆောက်အဦးတစ်ခုရဲ့ ကြံ့ခိုင်မှုဆိုတာ မျက်မြင်လှပရုံနဲ့ မလုံလောက်ပါဘူး
လူကြီးမင်းတို့ရဲ့ အဖိုးတန်လှတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စံချိန်စံညွှန်းနဲ့အညီ ဖြစ်စေဖို့ Vertex Engineering Services မှ Quality Control (QC) Consulting ဝန်ဆောင်မှုဖြင့် အနီးကပ် ရှိနေမှာပါ။
အဆောက်အဦးတစ်ခု ဆောက်လုပ်တဲ့အခါ အသေးစိတ် QC စစ်ဆေးမှု မရှိခဲ့ရင် နောက်ဆက်တွဲအနေနဲ့ ပြုပြင်စရိတ်တွေ ပိုကုန်ကျနိုင်သလို ဘေးအန္တရာယ်လည်း ရှိနိုင်ပါတယ်။
Vertex Engineering Services မှ ဘာတွေ စစ်ဆေးပေးသလဲ?
• Material Quality Control: အသုံးပြုမယ့် သံ၊ ဘိလပ်မြေ၊ သဲ၊ ကျောက် စတဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း (Grade) ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခြင်း။
• Structural Inspection: အုတ်မြစ်ချခြင်းမှအစ အမိုးအထိ Structural Drawing ပါအတိုင်း တိတိကျကျ ရှိ၊ မရှိကို Site အထိဆင်းပြီး စနစ်တကျ စစ်ဆေးပေးခြင်း။
• Workmanship Audit: လက်သမား၊ ပန်းရန်နဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ Engineering Standard နဲ့ ကိုက်ညီမှု ရှိစေရန် ကြပ်မတ်ပေးခြင်း။
• Documentation & Reporting: စစ်ဆေးတွေ့ရှိချက်များကို အဆင့်လိုက် Report များ စနစ်တကျ ထုတ်ပြန်ပေးခြင်း။
ဘာကြောင့် Vertex Engineering Services ကို ရွေးချယ်သင့်တာလဲ?
✅ Expertise: အတွေ့အကြုံရှိ အင်ဂျင်နီယာများကိုယ်တိုင် အသေးစိတ် စစ်ဆေးပေးခြင်း။
✅ Cost-Effective: အမှားအယွင်းများကို ကြိုတင်ကာကွယ်ပေးနိုင်လို့ နောက်ဆက်တွဲ ပြုပြင်စရိတ် (Rework Cost) များကို သက်သာစေခြင်း။
✅ Peace of Mind: မိမိရဲ့ အဆောက်အဦးကို စံချိန်စံညွှန်းမီ တည်ဆောက်နေတယ်ဆိုတဲ့ စိတ်ချယုံကြည်မှုကို အပြည့်အဝ ရရှိစေခြင်း။
"Quality is not an act, it is a habit. လူကြီးမင်းတို့ရဲ့ စိတ်ကူးအိမ်မက်တွေကို စံချိန်စံညွှန်းမီအောင် Vertex နဲ့အတူ တည်ဆောက်လိုက်ပါ"
စိတ်ဝင်စားလို့ အသေးစိတ် ဆွေးနွေးလိုပါက Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞 09-420048572, 09-421036280
13/04/2026
Terrazzo လောင်းခြင်းလုပ်ငန်း
#တာရာဇို
06/04/2026
NYSH ရဲ့ Girder Beam Rebar Installation Work
27/03/2026
Estimate တွက်တဲ့အခါ
အမိုးတွက်ရမယ်ဆိုရင် ခက်တယ်လို့ထင်ကြတယ်ဟုတ်
ဒါကြောင့် ဒီနေ့မှာ အင်ဂျင်နီယာ ညီငယ် ညီမလေး များအတွက် အမိုးတွက်နည်းလေးေ၀မျှပေးလိုက်ပါတယ်
စာတစ်လုံးချင်းစီအတွက် မူရင်းရေးသားထားသူအားလေးစားစွာ CREDIT ပေးပါတယ်ရှင့်
အမိုးဧရိယာတွက်နည်း...
°°°°°°°°°°°°°°°°°°°°°
✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊ Projection Area ဆိုတာက အမိုးအနားတွေ ရေးဆွဲထားတဲ့ မြေကြီးပေါ်က အတိုင်းအတာ ဧရိယာဖြစ်ပြီးတော့ ရေပြင်ညီ ဧရိယာလို့လည်း တချို့ကခေါ်ကြပါတယ်။
ဥပမာ။ ။ ပေ ၂၀ ပေ ၃၀ အဆောက်အဦး အတွက် အမိုး ၂ ပေခွဲ လိုအပ်မည်ဆိုပါက အမိုးရဲ့ Projection Area က ၂၄ ပေ ၃၄ပေ = ၈၁၆ စတုရန်းပေရှိပါတယ်။
(Floor Plan ရှိရင် တွက်ချက်ရ ပိုပြီးတော့ လွယ်ကူပါတယ်)
✅ နောက်ထပ် ခေါင်မိုးနဲ့ ပတ်သက်ပြီး သိထားရမဲ့ အချက် အလက်တွေကတော့ Roof Pitch, Degree နှင့် Slope Factor တို့ပဲဖြစ်ပါတယ်။
✅ Roof Pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်းကို ပြင်ညီ ၁၂လက်မမှာ အစောင်း ဘယ်နှစ်လက်မ တတ်သွား သလဲဆိုတာ ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။
ဥပမာ။ ။ 1:12,2:12,3:12,....... စသဖြင့်
✅ Trigonometry အရ ပြင်ညီ အလျားက Adjacent နီးစပ်အနား ခေါင်အမြင့်က Opposite မျက်နှာချင်းဆိုင် အနားဖြစ်ပါတယ်၊ အသုံးများတဲ့ 22.5 Degree တို့ 30 Degree တို့ဆိုတာတွေက 5:12 နှင့် 7:12 တွေပဲဖြစ်ပါတယ်။
✅ O A O A H H /H H A O A O သီအိုရီဆိုအရ 5:12 သည် မျက်နှာချင်းဆိုင်ထောင့် ၂၂.၅ ဒီဂရီ လောက် ရပါတယ်၊ ထို့အတူ 7:12 သည်လည်း Calculator မှာ SHIFT >tan-1 နှင့် 7/12 ကို လျာလိုက်ရင် ၃၀ ဒီဂရီလောက် ရပါတယ်၊ ဒါတွေကတော့ ခေါင်မိုးရဲ့ စောင်းထောင့် Degree တွေပဲဖြစ်ပါတယ်။
✅ နောက်ထပ်လိုအပ်တာကတော့ Slope Factor ဖြစ်ပါတယ်၊ ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို Slope Factor လို့ခေါ်ပါတယ်။
✅ ထောင့်မှန်ခံအနားကို နီးစပ် အနားနှင့် စားခြင်းဖြင့် Secant အချိုးရပါတယ်၊ Secant ဆိုတာက Cosine နှင့် Reciprocal ဖြစ်ပါတယ်၊ Reciprocal ဆိုသည်မှာ ၁ ကို အဲဒီ့ တန်ဖိုးနှင့် စားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ Calculator အရ ဆိုလျှင် Cosine ရဲ့ Reciprocal ရှာရပါတယ်။
ဥပမာ။ ။ ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ Roof Projection Area က 816 sq.ft ရှိတယ်ဆိုရင် cos 30 က 0.866 ဖြစ်ပါတယ်။
✅ Secant 30 လိုချင်ရင်တော့ cos 30 ရဲ့ Reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်၊ အခု တွက်ထားပေးတာကတော့ 30 Decreer Slope Roof ရဲ့ Slope Factor ပဲဖြစ်ပါတယ်၊ 8181.1547 = 942.2356 sq.ft ရတဲ့ အမိုးစောင်း ဧရိယာကို Yellow Book မှာ ကြည့်လိုက်လျှင် အမိုးပြား၊ အမိုးရိုက်သံ၊ လက်သမားနှင့် အလုပ်သမား စတာတွေကို ရပါလိမ့်မယ်။
✅ အသုံးများတဲ့ အမိုးတွေကတော့ Gable Roof မြင့်မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချ ခေါင်နှင့် Hip Roof လေး ဘက်ချ ခေါင်တို့ဖြစ်ပါတယ်၊ Gable ဖြစ်ဖြစ် Hip ပဲဖြစ်ဖြစ် ပုံစံမတူပေမဲ့ ခေါင်းမိုး Pitch (သို့မဟုတ်) Degree တူလျှင် ဧရိယာ အတူတူပဲဖြစ်ပါတယ်။
27/03/2026
အလုပ်လျှောက်လိုသော
အင်ဂျင်နီယာညီကိုမောင်နှမများအတွက် အလုပ်ခေါ်စာလေး Share ပေးချင်ပါတယ်
Company ကတော့ စမ်းချောင်းမြို့နယ်မှာရှိပါတယ်
လိုအပ်နေတဲ့ အရေအတွက်ကတော့ ၃ယောက်ပါ
လုပ်ရမယ့် Position ကတော့ Site Engineer Position ဖြစ်ပြီး
Gender ခွဲခြားထားတာမရှိလို့
Male ရော Female ရော လျှောက်လို့ရပါတယ်
ချွင်းချက်လေး တစ်ခုတော့ရှိပါတယ်
Interior ပိုင်းလုပ်ရမှာဖြစ်လို့ Interior ပိုင်းကိုစိတ်၀င်စားသူ ID ပိုင်းအတွေ့အကြုံရှိသူဆိုပိုအဆင်ပြေပါတယ်
Site ပိုင်းလဲလုပ်ချင်တယ် အသားလဲမမဲချင်ဘူးဆိုတဲ့သူတွေသွားလျှောက်လိုက်တော့နော်
ID ပိုင်းကို ဆရာကျကျ လုပ်နိုင်တယ်ဆိုရင်တော့
လစာက 15 To 20Lakh အထိ ညှိနှိုင်းပေးနိုင်ပါတယ်တဲ့
စကားတွေရှည်မနေတော့ပါဘူး
သိလိုသမျှကို အောက်မှာပေးထားတဲ့ ဖုန်းနံပါတ်လေးကို ဆက်ပြီး သိလိုသမျှကိုသေချာလေးမေးပြီးရင်
CV တင်လိုက်ဖို့ပြောပါရစေ
Contact Number - 09 250 064 126
#အလုပ်အကိုင်
#အင်ဂျင်နီယာအလုပ်အကိုင်
14/03/2026
အိမ်တစ်လုံးမဆောက်ခင် မဖြစ်မနေလိုအပ်တဲ့အရာရှိပါတယ် အဲဒါကတော့
**Estimate** ပါ
Estimate မရှိပဲ အိမ်မဆောက်ပါနဲ့
Estimate မရှိပဲ အိမ်ဆောက်လိုက်ရင်
❌ Budget မလောက်တာ
❌ Material အပိုကုန်တာ
❌ Cost မထိန်းနိုင်တာ ဖြစ်နိုင်ပါတယ်။
မလိုအပ်တဲ့ဆုံးရှုံးမှုတွေမဖြစ်ဖို့အတွက်
Engineer တွေ တွက်တဲ့
Estimate ကို
Vertex Engineering Services မှာ
ယုံကြည်စွာအပ်နှံနိုင်ပါတယ်
ကိုယ်ဆောက်ချင်တဲ့ အိမ်ရဲ့ Design Drawing လေးသာ ပို့ပေးလိုက်ပါ
တိကျသေချာတဲ့ တွက်ချက်မှုကို ရရှိမယ်လို့အာမခံပါတယ်
✔ RC Building Estimate
✔ Steel Structure Estimate
Interior Decoration Estimate တွေကို
✔ BOQ / Material Take-Off
✔ Labour + Material Cost
အစရှိသဖြင့် အိမ်ရှင်များလိုချင်သည့်ပုံစံအတိုင်းတွက်ချက်မှုပေးနေပါတယ်
အသေးစိတ်ဆွေးနွေးမှုများအတွက်
Page CB သို့ Viber No 09759582359 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
ကျေးဇူးတင်ပါတယ်
ဘယ်လို Service မျိူးပဲလိုလို
Vertex Engineering Services ကိုသာ
ဆက်သွယ်လိုက်ပါ
တစ်ခါထဲအားလုံးဖြေရှင်းပြီးသားဖြစ်သွားမှာပါ
15/02/2026
အိမ်လေးလဲဆောက်ချင်တယ်
ဘယ်လောက်ကုန်ကျနိုင်မလဲဆိုတဲ့
Estimate Budget ကိုသိချင်တယ်ဆိုရင်
Vertex Engineering Services ရှိပါတယ်
မြေတူးတာကစပြီး အမိုးမိုး
နံရံချော ဆေးသွင်း
ကြွေပြားကပ် တံခါးတပ်ပြီးတဲ့ အထိ
ဘိလပ်မြေဘယ်နှစ်အိတ် သဲဘယ်နှစ်ကျင်း
အုတ်ဘယ်နှစ်လုံး ဆေးဘယ်နှစ်ပုံး
ကုန်သလဲဆိုတာမျိူးပါ သိချင်တဲ့ အိမ်ပိုင်ရှင်များအတွက် Vertex Engineering Services မှာ Design and Estimating ဆိုတဲ့ Service လေးရှိနေတဲ့အကြောင်း
အကြောင်းကြားလိုပါတယ်ရှင့်
သိချင်တာမှန်သမျှကို ဖုန်းတချက်ဆက်
CB ကနေ Hello တစ်လုံးပို့လိုက်တာနဲ့
၀န်ဆောင်မှုပေးဖို့အသင့်ရှိနေတာ Vertex ပါ
10/02/2026
Design & Estimating မှသည်
Construction to Decoration
MEP Work တင်သာမက
Solar မှသည် Backup Power Panel
အထိပါ တစ်နေရာထဲ One Stop Service
မျိူးကို လိုချင်တယ်
Engineering Standard နဲ့ Engineer တွေကိုယ်တိုင်ဦးစီးဆောင်ရွက်တဲ့ Engineering Services မျိူးကို လိုချင်တယ် ဆိုရင်
Vertex Engineering Services ရှိနေပါတယ်
Hello တစ်ချက်သာ လုပ်လိုက်ပါ
Vertex က အသင့်ရှိနေမှာပါ
Contact Number - 09420083572
- 09421036280
27/03/2022
နွေပူပူမှာ အေးချမ်းမှုပေးတဲ့ အသက်လေး😘😍
အဆီပြန်ခြင်းကင်း ဝက်ခြံတွေရှင်းဖို့ဆို 🤗🤗
ဒီကောင်လေးဆောင််ထားနော်😘😍