ShapeU

ShapeU

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ShapeU, Artist, Yangon.

15/11/2024
Photos from Days biruma's post 11/05/2022
駐車場の車が「倉庫」か、覚醒剤の密売繰り返した道仁会系組員ら逮捕 : 社会 : ニュース 23/02/2022

Kurume မှာ အသက် 23 နှစ်ရှိ ဂျပန်လူမျိုးယောင်္ကျားလေးမှ ကားကို ဂိုဒေါင်အဖြစ်သုံးပြီး စိတ်ကြွဆေး 25 kg သိမ်းဆည်းထားကြောင်းတွေ့ရှိ

駐車場の車が「倉庫」か、覚醒剤の密売繰り返した道仁会系組員ら逮捕 : 社会 : ニュース 福岡県警は21日、覚醒剤の密売を繰り返したなどとして指定暴力団道仁会系組員の田代真太郎容疑者(23)(筑紫野市牛島)を覚醒剤取締法違反容疑などで、組幹部(41)と別の組員(26)を麻薬特例法違反容疑で...

Photos from Japanese  Daily News's post 12/02/2022
30/01/2022

ပြည်ဝင်ခွင့် ဖြေလျှော့ပေးဖို့ ဂျပန်ကို နိုင်ငံခြားကလူတွေ တောင်းဆို


Source: NHK

ကမ္ဘာပေါ်က နိုင်ငံအများအပြားမှာ ဆန္ဒပြသူတွေက ဂျပန်အစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဂျာမနီ၊ စပိန်နဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် ၈ နိုင်ငံက ဂျပန်သံရုံးရှေ့နဲ့ တခြားနေရာတွေမှာ သောကြာနေ့က လူတွေစုဝေးခဲ့ကြပါတယ်။ ပါဝင်သူတွေဟာ ပညာသင်ကြားဖို့နဲ့ တခြား အရေးကိစ္စတွေအတွက် ဂျပန်ကို လာရောက်ဖို့ ကြိုးပမ်းနေကြသူတွေဖြစ်ပါတယ်။

Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်မှု တစ်စိတ်တစ်ဒေသအဖြစ် ဂျပန်နိုင်ငံဟာ နိုင်ငံခြားသားတွေရဲ့ ပြည်ဝင်ခွင့်ကို ဖေဖော်ဝါရီလကုန်အထိ တားမြစ်ထားပါတယ်။

ဆန္ဒပြသူတွေဟာ "ဂျပန်ရဲ့တားမြစ်မှု ရပ်ဆိုင်းပါ" "စောင့်နေရတာ ၂ နှစ်ကြာပြီ" စတဲ့ သတင်းစကားတွေပါတဲ့ စာရွက်တွေကို ကိုင်ထားခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေကို လှုံ့ဆော်ခဲ့တဲ့ အုပ်စုတစ်စုကို Jade Barry လို့ အမည်ရတဲ့ အမျိုးသမီးက ထူထောင်ခဲ့ပါတယ်။ မီးစ် Barry က အဖွဲ့ဝင်တွေအနေနဲ့ ဂျပန်ကို ဝင်ရောက်ဖို့နဲ့ ပတ်သက်ပြီး စီစဉ်ဖို့ တိကျတဲ့ လုပ်ငန်းစဉ်နဲ့ အချိန်ဇယားကို လိုလားနေကြတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ ဂျပန်လူမျိုးတွေကို သူချစ်မြတ်နိုးတယ်လို့ မီးစ် Barry က ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့အထိ စာရင်းအရ ဂျပန်က ကျောင်းတွေမှာ ပညာသင်ကြားလိုတဲ့ နိုင်ငံခြားသား ၁၄၇,၈၀၀ လောက်ဟာ နိုင်ငံအတွင်း မဝင်ရောက်နိုင် ဖြစ်နေတယ်လို့ ဂျပန် လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှု စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ဂျပန်အစိုးရ ထောက်ပံ့ကြေးရရှိထားတဲ့ နိုင်ငံခြား ကျောင်းသား ၈၇ ဦးကို ဇန်နဝါရီလ အနှောင်းပိုင်းမှာ ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။ သူတို့ဟာ ဘွဲ့ရဖို့အတွက် တက်ရောက်ရမယ့် လူတွေ့ပို့ချတဲ့အတန်းချိန် ကန့်သတ်ချက်အတွက် နောက်ဆုံးရက်နီးနေတာ ဒါမှမဟုတ် တခြားသော သူတို့ရဲ့ ပညာရပ်ဆိုင်ရာလုပ်ဆောင်မှုတွေကို အပြီးသတ်ရမှာတွေလို အထူးအနေအထား ရှိသူတွေ ဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။

ဂျပန်အစိုးရက လူသားချင်းစာနာမှု ရှုထောင့်၊ နိုင်ငံ့ အကျိုးစီးပွားနဲ့ တခြား အထူးအနေအထားတွေကို အခြေခံပြီး ပြည်ဝင်ခွင့် တားမြစ်ထားတာကနေ ကင်းလွတ်ခွင့်တွေ ပိုပြီး ပေးသွားမလားဆိုတာ ပျော့ပျော့ပြောင်းပြောင်း စဉ်းစားသွားမယ်လို့ ပြောပါတယ်။

日本への留学希望する外国人 世界各地で入国緩和訴え https://www3.nhk.or.jp/news/html/20220129/k10013456041000.html

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon