DeMo.Aung

DeMo.Aung

Share

ရန်သူတွေလဲ မဟုတ်ဘဲ
အမှတ်တရ တစ်ချို့နဲ့
သူစိမ်းတွေသာ ဖြစ်ခဲ့ကြ.....

17/05/2025

ချစ်တိုင်းသာ ညားမယ်ဆိုရင်

🎼🎤ယွန်းမြတ်သူ

21/04/2025
18/10/2024

With Pyi Taw Thar Construction – I just got recognized as one of their top fans! 🎉

04/03/2024

မေးချင်မိပါရဲ့.......

Photos from DeMo.Aung's post 22/02/2024

သက်န်းကျွန်း စလပ်အခင်းလေးပေါ့✅✅✅

Photos from DeMo.Aung's post 03/02/2024

ရွာသာကြီး က စလပ်လေး တော့ပြီးပြီပေါ......

05/01/2024

ကူးယူ ဖော်ပြပါသည်...

မထုမိလိုက်တဲ့ တူတစ်ချက်
_______________________

တစ်ခါတုန်းက လူသွားလူလာများတဲ့ တောလမ်း
တစ်နေရာမှာ
ကျောက်တုံးကြီးတစ်တုံး ရှိသတဲ့။

အဲဒီကျောက်တုံးပေါ်မှာလည်း စာတစ်ချို့ရေးထွင်း
ထားပါတယ်။

ကျောက်တုံးပေါ်မှာ ရေးထားတဲ့ စာကတော့

"ဤကျောက်တုံးကြီးကို ဆယ်ပေါင်တူနှင့်
အချက် တစ်ထောင်ပြည့်အောင် ထုခွဲလျင်
တစ်သက်စာ ချမ်းသာသော ရတနာများ ရမည်တဲ့"။

လမ်းသွားလမ်းလာတွေက အဲဒီစာကိုမြင်တော့
ပြုံးကြတာပေါ့။

အရူးတစ်ယောက် လက်ဆော့သွားတာနေမယ်လို့
ထင်ကြေးပေးတဲ့သူတွေလည်း ရှိပါတယ်။

ဟုတ်တော့လည်း ဟုတ်တယ်။

ကျောက်တုံးကြီး ထုခွဲရုံနဲ့ တစ်သက်စာ ချမ်းသာဖို့
ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းတယ်လေ။

နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တစ်ထောင်
ထုဖို့ဆိုတာ
တော်ရုံ ဇွဲသတ္တိနဲ့လည်း မဖြစ်ဘူး မဟုတ်လား။

ဒီလိုနဲ့ ခရီးသွားတွေဟာ
အဲဒီကျောက်တုံးကြီးကို ခဏတစ်ဖြုတ် နားစရာ
အနေနဲ့ပဲ
ထိုင်ကြ မှီကြပြီး
ထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြဘူးတဲ့။

တစ်နေ့မှာတော့
လူတစ်ယောက်ဟာ ဆယ်ပေါင်တူနဲ့ သောက်ရေဗူးနဲ့
ရောက်လာပြီး
အဲဒီကျောက်တုံးကြီးကို ထုခွဲပါတော့တယ်။

ဖြတ်သွားဖြတ်လာတွေကတော့
သူ့ကို လှောင်တဲ့ သူကလှောင်။
ပြုံးတဲ့သူကပြုံး။
ချီးမွမ်းတဲ့သူက ချီးမွမ်း။
အရူးလို့ ပြောတဲ့သူက ပြောပေါ့လေ။

ဒါပေမဲ့ သူကတော့ ဇွဲမလျှော့ပဲ ဆယ်ပေါင်တူကြီးနဲ့
ထုလိုက်၊
ရေသောက်လိုက်နဲ့ ကြိုးစားနေဆဲပဲ။

လူတွေကလည်း တစ်ယောက်ပြီး တစ်ယောက်
လာပြီးတော့
မဖြစ်နိုင်တဲ့အတွက် ဆက်မလုပ်ဖို့ ပြောသူက ပြော၊

တကယ်ချမ်းသာမယ်ဆို ရှေးလူတွေက ထုခွဲခဲ့ကြမှာ
ပေါ့။
တကယ်မဟုတ်လို့သာ အရင်လူတွေက ဒီအတိုင်း
ပစ်ထားခဲ့ကြတာ
လို့ မှတ်ချက် ပေးသူက ပေးစသည်ဖြင့် အမျိုးမျိုး
လာဖြောင့်ဖျကြတယ်။

အချက်( ၅၀၀ )ကျော်လာတဲ့အခါ
သူလည်း တဖြည်းဖြည်း ပင်ပန်းလာသလို
တစ်ယောက်ပြီး တစ်ယောက် လာတားကြတဲ့
စကားတွေကြောင့်
အားနည်းနည်း လျော့ချင်သလို ဖြစ်လာပါတယ်။

ကြာလာတော့ သူ့မှာ ဒွိဟ ဖြစ်လာတော့တယ်။

တစ်ဖက်က
အချက်ပေါင်းငါးရာတောင် ကျော်လာခဲ့ပြီပဲ၊
ဒီကျောက်တုံးကို ဆက်ခွဲမယ်လို့
တွေးမိသလို

တစ်ဖက်ကလည်း
ကျောက်တုံးကြီးကွဲလို့ အထဲမှာ ဘာမှမရှိရင်ရော
ဆိုတာမျိုးလည်း တွေးနေမိတယ်တဲ့။

အဲဒီလို ဇဝေဇဝါ စဉ်းစားရင်းနဲ့ ကျောက်တုံးကြီးကို
ဆက်ခွဲလာလိုက်တာ
ဘယ်နှစ်ချက်ရှိသွားပြီ ဆိုတာကို သူမေ့သွားခဲ့တယ်။

အချက်( ၇၀၀ )လား၊
( ၈၀၀ )လား သူမသိတော့ဘူး။

အဲဒီအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်
ရောက်လာခဲ့ပါတယ်။
လာသမျှလူတွေလို ဆက်မလုပ်ဖို့ တားမယ်လို့
ထင်ခဲ့ပေမယ့်
ဒီလူကတော့ ပူးပေါင်းဖို့ လာတာဖြစ်ပါတယ်။

ကျွန်တော် ပါဝင်ပါရစေ။

တစ်ကယ်လို့ ရလာလျှင် ခင်ဗျားက အရင်အားစိုက်
ထုတ်ပြီးဖြစ်တဲ့အတွက်
ဝေစုရဲ့ နှစ်ပုံကို ယူပါ။
ကျွန်တော်က နောက်မှ လာပူးပေါင်းတဲ့အတွက်
ကျွန်တော့်ကို ဝေစုတစ်ပုံပဲ ပေးပါ လို့ တောင်းဆို
သတဲ့။

အဲဒီမှာ ပထမလူ ခဏတော့ တွေဝေသွားတယ်ပေါ့။

ဟုတ်တယ်လေ။

သူကြိုးစားလာတာ အချက်တစ်ထောင်ပြည့်ခါနီးနေမှ
လာပူးပေါင်းတာကိုး။
ပြီးတော့ သူ့ကို ရလာတဲ့ ရတနာရဲ့ သုံးပုံတစ်ပုံ
ပေးပါတဲ့။

နောက်တော့
အိုကိုယ်က အပင်ပန်းခံထားတာပဲ၊
မပေးနိုင်ပါဘူးလို့ တွေးလိုက်ပြီး
ဒုတိယလူရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ်တဲ့။

ပြီးတော့ ကျောက်တုံးကြီးကို ဆက်ခွဲနေတယ်။

ဒုတိယလူကတော့ ထွက်မသွားသေးပဲ ဘေးနာမှာပဲ
ထိုင်စောင့်နေခဲ့တယ်။

သူအချက်ပေါင်းများစွာ ကြိုးစားခွဲပေမယ့်
ကျောက်တုံးကြီးကတော့ တုတ်တုတ်မှ မလှုပ်သေးဘူး
တဲ့။

နောက်ဆုံးတော့ သူလည်း စိတ်ပျက်သွားပြီး
လက်လျှော့လိုက်ပါတော့တယ်။

ပြီးတော့ ဒုတိယလူကိုလည်း

ကျွန်တော် ဒီကျောက်တုံးကြီးကို ထုခွဲလာတာ
အချက်ပေါင်း တစ်ထောင်ကျော်လောက်ပြီဗျ၊။
ဒါပေမယ့် အခုထိ ဘာမှ မဖြစ်ဘူး။
အမှန်က ကျွန်တော် ရူးတာပါဗျာ။
အစကတည်းက မလုပ်ပဲနေခဲ့ရမှာ ဆိုပြီး
ပြောပါတယ်။

ဒုတိယလူက
ခင်ဗျား ဒီအလုပ်ကို စွန့်လွှတ်မယ်ဆိုရင်
ကျွန်တော် ဆက်ထုခွဲပါရစေလို့ ခွင့်တောင်းသတဲ့။

ပထမလူက
ခင်ဗျားလည်း အပင်ပန်းခံမနေပါနဲ့ဗျာ။
ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။
ကျွန်တော်ကတော့ စွန့်လွှတ်လိုက်ပြီလို့ ပြောပြီး
ထွက်သွားလေသတဲ့။

သူထွက်သွားလို့ ခပ်လှမ်းလှမ်းအရောက်မှာပဲ
ဝုန်းဆိုတဲ့
အသံကြီးကို ကြားလိုက်ရလို့ လှည့်ကြည့်မိလိုက်
တော့
ကျောက်တုံးကြီးကွဲနေတာကို အံ့သြဖွယ်ရာ
မြင်လိုက်ရပါတော့တယ်။

ကျောက်တုံးကြီး အတွင်းမှာတော့ ဝင်းလက်တောက်ပ
နေတဲ့ ရတနာတွေပေါ့။

ဒုတိယလူက
ရတနာတွေရှေ့မှာ ပြုံးပျော်လို့ ဝမ်းသာနေတဲ့ပုံနဲ့။

သူဟာ
အံ့လည်း အံ့သြသလို နောင်တလည်း ရသွားပါတယ်။

အမှန်တော့ သူကြိုးစားပြီး
ကျောက်တုံးကြီးကို ဆယ်ပေါင်တူနဲ့ထုခဲ့တဲ့ အချက်
ပေါင်းဟာ
( ၉၉၉ )ချက်ပဲရှိသေးတာကို သူ မသိခဲ့တာလေ။

ဒီတော့ ဒုတိယလူဟာ ကျောက်တုံးကြီးကို ခွဲဖို့အတွက်
တစ်ချက်ပဲ ထုလိုက်ရတော့တာပေါ့။

တစ်ခါတစ်လေ ကိုယ်တို့ဘဝတွေမှာလည်း
သူများတွေ ကြိုးစားနေချိန်
ပူးပေါင်းပါဝင်ဖို့ရော ကြိုးစားဘူးပါသလား?

ဘေးကနေ ဖြတ်သွားဖြတ်လာလုပ်ပြီး ကြိုးစားနေသူကို
မဖြစ်နိုင်ဘူးလို့ တားမြစ်ဘူးပါသလား?

ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပြီးမှ ဘေးစကားကြောင့်
အားလျော့ စိတ်ပျက်သွားတာမျိုး ဖြစ်ဘူးပါသလား-?

တွေဝေမိတဲ့ ဒွိဟစိတ်တွေကြောင့် ထားလက်စ
ရည်မှန်းချက် ပျောက်သွားတာမျိုးရော ဖြစ်ဘူးပါသလား?

ကြိုးစားလက်စကို ရပ်တန့်ဖို့များ စဉ်းစားမိရင်

မထုမိလိုက်တဲ့ တူတစ်ချက်ကြောင့်
ဘဝကိုပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံး
သွားတတ်တာကို မမေ့ပါနဲ့နော်။

လူတွေက ကိုယ့်လုပ်ရပ်ကို ချီးမွမ်းသည် ဖြစ်စေ
ကဲ့ရဲ့သည် ဖြစ်စေ။
လှောင်ပြောင်ရှုံ့ချသည် ဖြစ်စေ။

စိတ်ဆန္ဒပြင်းပြတဲ့ ယုံကြည်မှုနဲ့ ကြိုးစားအားထုတ်မှု
ကိုတော့
ဘယ်တော့မှ မဖျက်ဆီးလိုက်ပါနဲ့။
copy

လေးစားစွာဖြင့် မျှဝေပါသည် 🌹

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Website

Address

Myanmar
Yangon