OCTOPUS

OCTOPUS

Share

OCTOPUS (Youth Organization) is a Yangon-based strike organization engaged in non-violent political resistance against military dictatorship.

https://t.me/OCTOPUSMYANMAR

01/12/2025

ရန်ကုန်မြို့လယ်တွင် ရေဘဝဲမှ NO VOTE လှုပ်ရှားမှုပြုလုပ် (ရုပ်သံ)

ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတခုဖြစ်သော ယောမင်းကြီးလမ်းတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "NO VOTE" စာတန်းကိုင်ဆောင်၍ အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

"မိဘပြည်သူများ အားလုံးသိကြတဲ့အတိုင်းစစ်တပ်က အာဏာသိမ်းပြီးရင် ရွေးကောက်ပွဲလုပ်​ပြတာဟာ သူတို့အတွက်ရိုးရာဖြစ်နေပြီလို့တောင်ဆိုရပါမယ်။လုပ်ပြတယ်ဆိုတဲ့အခါမှာ ဘယ်သူ့ကိုပြတာလဲဆိုရင် စစ်တပ်ဆီကအကျိုးအမြတ်ရမယ့်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရှရှား စတဲ့နိုင်ငံတွေအတွက်ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲလုပ်ပါတယ်ဆိုပြီး ကမ္ဘာကိုလိမ်လည်ကျား​ဖြန့်ဖို့အတွက်သက်သက်သာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ၅ နှစ်တာကာလအတွင်း အထွေထွေဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုစတဲ့ဆိုးကျိုးတွေအပြည့်သာရှိနေပြီး စစ်တပ်ကြောင့်နိုင်ငံအတွက်ကောင်းကျိုးတခုခုများရှိခဲ့ရင် ရေဘဝဲကိုအထောက်အထားနဲ့တကွ လာရောက်ပြောကြားဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။ ဒီလိုစစ်တပ်ကနေလုပ်ပေးလာမဲ့ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအမည်တပ်ထားပေမယ့် ရွေးချယ်စရာရှိမနေတာက ပကတိအရှိတရားဖြစ်ပြီး စစ်တပ်အဝတ်လဲ အမာခံကြံဖွတ်အပြင် သက်သက်ခိုင်၊ကိုကိုကြီး၊တစည တွေမှာလည်း စစ်တပ်အဝတ်လဲတွေထည့်ထားပြီဖြစ်သလို ဒီပါတီတွေဟာ အာဏာသိမ်းမှုဖြစ်စဥ်ဖြစ်မြောက်​ရေးအတွက် ​ဝိုင်း​ဝန်းပံ့ပိုးခဲ့ကြတဲ့ သမိုင်းတရားခံစစ်တပ်ရဲ့အမှုတွဲ​​တွေဖြစ်တာကြောင့် ဒီပွဲကိုအတုအယောင် ရွေးကောက်ပွဲလို့အားလုံးကသတ်မှတ်ကြတာဖြစ်ပါတယ်။

ဒီမှာမေးစရာရှိပါတယ်။ အခုလိုဆန့်ကျင်လို့ သပိတ်မှောက်လို့ မဲမပေးလို့ အတုအယောင်ရွေးကောက်ပွဲဟာ ပျက်ပြားသွားနိုင်သလားဆိုရင် မင်းအောင်လှိုင်ရဲ့ မလုပ်ရဲတာမရှိဘူးဆိုတဲ့စကားနောက်မှာ ကမ်းကုန်အောင်မိုက်ပြခဲ့တဲ့ဖြစ်ရပ်တွေဟာ သက်သေပါ။ ဒါပေမယ့် စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ​မှာ ကိုယ့်သဘောထား ကိုယ့်ဆန္ဒမပါဝင်ခဲ့ဘူး၊ မပူးပေါင်းခဲ့ဘူး၊ သူတို့လုပ်ရပ်တွေကိုမမေ့ဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုသက်သေတည် သမိုင်းမှတ်ကျောက်တင်ဖို့အတွက်ဖြစ်ပါတယ်။

စစ်တပ်ပြောသလို နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ဆိုရင် မဲမပေးခြင်းဟာလည်း နိုင်ငံသားအခွင့်အရေးဖြစ်ပြီး မဲစာရင်း​မကြည့်ဖို့၊ မဲမ​ပေးဖို့၊ ကိုယ့်လုံခြုံရေးကို အဓိကထားပြီး ကိုယ်မဲမပေးတာ ကိုယ့်အပြင် တခြားသူမသိစေဖို့ ဥာဏအားကိုအဓိထားပြီး ပရိယာယ်ကြွယ်ကြွယ် အတုအယောင်ရွေးကောက်ပွဲကို NO VOTE ဆန့်​ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်လူထုအပြင် နိုင်ငံတော်တဝှမ်းလုံးကို ရေဘဝဲမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။"

မိမိလုံခြုံရေးကို ဦးစားပေး
ဒါနိုင်ငံသား အခွင့်အရေး
အတုအယောင်ရွေးကောက်ပွဲ မဲမပေးကြေး

Safety First.
Civic Right.
NO VOTE for the Sham Election.

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR



#ရေဘဝဲ

03/11/2025

သူခိုးဆိုရင် ဘယ်​သူတွေလား (ရုပ်သံ)

(အနုပညာရှင်များအား ဖိအားပေးရိုက်ကူးထုတ်လွှင့်ခြင်း
မရှိခဲ့သောခေတ်ကာလမှ ရုပ်သံဟောင်းဖြစ်သည်)

မူရင်းတင်ဆက်သူထံမှတဆင့် ကူးယူဖော်ပြသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#သူခိုး #အနုပညာ
#အတုအယောင်ရွေးကောက်ပွဲ
#ရေဘဝဲ

01/11/2025

- Facebook profile တွေ Lock ခတ်ထားကြရန်
- ကိုယ့် Friend List ထဲမှာစစ်တပ်နဲ့ဆက်စပ်၊ အကောင့်တု၊ ကိုယ့်ကိုယုတ်မာနိုင်တဲ့သူရှိရင် Unfriend လုပ်ထားကြရန်

26/10/2025

လူမှုရေးပြစ်ဒဏ်​ခတ်ရန် ဝုန်းဒိုင်းစိန်ခေါ်ကြသူများ

စစ်တပ်အသိုင်းအဝိုင်းမှ အချိန်ယူကြိုတင်ပြင်ဆင် အချိန်ကိုက်ထုတ်လွှင့်ခဲ့သည့် ဇာတ်လမ်းတိုတွင် -

၁) တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထု အဓိကထားသုံးနှုန်းနေသည့် "အတုအယောင် ရွေးကောက်ပွဲ" ဆိုသည့်စကားလုံးအသုံးအနှုန်းနှင့် တခြားသောစကားလုံးသုံးစွဲမှုများမှာ ၄င်းတို့ (စစ်အာဏာရှင်၊ စစ်တပ်) အပေါ်တွင် များစွာလွှမ်းမိုးမှုရှိနေခြင်း

၂) တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထု စိတ်ဝင်စားမှုမြင့်တက်စေရန် နှင့် ယခုကဲ့သို့ လူမှုရေးပြစ်ဒဏ် (Social Punishment) များတုန့်ပြန်စေရန်၊ ဝေဖန်မှုမြင့်တက်စေရန်အလို့ငှာ စစ်အာဏာသိမ်းနှစ်ကာလအတွင်းတွင်မှ ပို၍ထင်ပေါ်ကျော်ကြားလာသည့် ၄င်းတို့ (စစ်အာဏာရှင်၊ စစ်တပ်) အခေါ် အနုပညာရှင်များအား အင်ပြည့်အားပြည့်အသုံးချခြင်း

၃) ဇာတ်လမ်းတိုပါ ဇာတ်ကောင်တိုင်း၏ အပြန်အလှန်စကားပြောများအရ ဇာတ်ကောင်များကိုယ်တိုင်ပင်လျှင် စစ်တပ်အုပ်ချုပ်သည့် အခြေအနေကိုမကြိုက်ကြောင်း ပကတိအရှိတရားကို လက်သင့်ခံထားခြင်း

အစရှိသည်တို့ကို သတိပြုမိပါသည်။

မည်သို့ပင်ဖြစ်စေ ၂၀၂၁ နွေဦးတော်လှန်ရေးအစတွင် မည်သူမျှ ဖိအားမပေးပါပဲ တသားတည်းရှိနေသယောင်ယောင် သရုပ်ဆောင်ကောင်းခဲ့ပြီး ယခုအချိန်အခါမှ လူထု နှင့် နိုင်ငံတော်အပေါ် ပျက်ရယ်ပြုစော်ကားသည့် သရုပ်ဆောင်များအား ထိထိရောက်ရောက် လူမှုရေးပြစ်ဒဏ်ခတ်ကြရန် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#အတုအယောင်ရွေးကောက်ပွဲ #ရွေးကောက်ပွဲ
#လူမှုရေးပြစ်ဒဏ်
#ရေဘဝဲ

06/10/2025

အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ ပတ်သက်ပြီး
ရေဘဝဲရဲ့ သဘောထားကိုထုတ်ဖော်ပြောဆိုတာဟာ ဒါပထမဆုံးအကြိမ်ပါပဲ။ တော်လှန်ရေးအပေါ်ရှေးရှုပြီး လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာတွေရဲ့ အကြံပြု၊ ဝေဖန်အခံရဆုံး အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်အနည်းစုဟာ တကယ်အလုပ်လုပ်နေကြသူတွေပါ။

တကယ်အလုပ်လုပ်နေသူတွေကမှ အလုပ်ရဲ့သဘောတရား၊ အတွေးအမြင်တွေထွက်ပေါ်လာပြီး ထွက်ပေါ်လာတဲ့ရလဒ်ကိုမှ လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာတွေက အတွေးအမြင်စုံ၊ ရှုထောင့်မျိုးစုံကနေ ​​ကြိုက်၏၊မ​ကြိုက်၏ ကိုအကြံပြု​၊ ဝေဖန်ကြတာပဲဖြစ်ပါတယ်။

ဒီနေရာမှာ ဘာအလုပ်မှမလုပ် (သို့) ရလဒ်တခုခုထွက်မလာရင် လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာတွေအနေနဲ့ဘာတခုမှ အကြံပြုဝေဖန်လို့ရမှာမဟုတ်ပါဘူး။

အစိုးရကိုပြုပြင်ပြောင်းလဲရေးတို့ ပြင်ဆင်ရေးတို့လုပ်ကြတဲ့အခါမှာ အမျိုးသားညီညတ်ရေးအစိုးရတာဝန်ရှိသူတွေဟာဘယ်သူတွေလဲ၊ စာရင်းထဲမှာပါပေမဲ့ လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာတွေကရော သူတို့ကိုသိကြရဲ့လား။ သိတယ်၊မသိဘူးအပိုင်းမှာလည်း တော်လှန်ရေးကာလအတွင်း အလုပ်လုပ်နေလို့သိတာလား၊ အလုပ်မလုပ်နေလို့သိတာလား၊ အစရှိသဖြင့် စနစ်တကျစီစစ်ဖို့ လေးစားစွာအကြံပြုပါကြောင်း။

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#အမျိုးသားညီညွှတ်ရေးအစိုးရ
#ရေဘဝဲ

05/10/2025

မြန်မာစစ်အုပ်စုသည် တိုင်းပြည်အား
တရုတ်လက်ထဲသို့ ရောင်းချခဲ့ပြီးဖြစ်သည်။

မူရင်းတင်ဆက်သူထံမှတဆင့် ကူးယူဖော်ပြသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#စစ်တပ် #စစ်အုပ်စု #တရုတ်
#ရေဘဝဲ

12/09/2025

ဒါတွေ ပြင်ဆင်ပြီးပြီလား

၁) ဖုန်းနံပါတ်တွေ အလွတ်ကျက်ထားပါ။

အနည်းဆုံး ဖုန်းနံပါတ် ၆လုံး ကျက်ဖို့လိုအပ်ပါတယ်။ မိမိ မိသားစု၊ အုပ်ထိန်းသူ အလုပ်အထက်လူကြီး (သို့) ယုံကြည်ရသော သူငယ်ချင်း ဖုန်းနံပါတ်များ

ဖုန်းနံပါတ်တွေ ကျက်ခိုင်းတာဟာ ဖုန်းအသိမ်းခံရနိုင်ချေရှိတဲ့အတွက် အခွင့်အရေးရချိန်မှာ ဘယ်ဖုန်းနဲ့ ဖြစ်ဖြစ် SMS စာတို ပို့နိုင်ဖို့ ဖြစ်ပါတယ်။

၂) မိမိရောက်ရှိနေရာကို စာလုံးငါးလုံးတွဲ စာတို ဖြင့် SMS ပို့ခြင်း

တချို့သော ပေါ်တာဆွဲခံတဲ့ဖြစ်စဥ်တွေဟာ ဧည့်စာရင်းစစ် အကြောင်းပြချက်နဲ့မဟုတ်ပဲ တွေ့တဲ့နေရာမှာ တွေ့ရင်​တွေ့သလို အကြမ်းဖက် ဖမ်းဆီးခံရနိုင်ပါတယ်။ဧည့်စာရင်းစစ်ရင်း ပေါ်တာဆွဲတဲ့အခါ စစ်သားတွေကက မနက်ကျ ဘယ်တပ်ဘယ်နေရာကို လိုအပ်တာတွေယူပြီးလာခဲ့ပါလို့ပြောတတ်ပေမယ့် တွေ့တဲ့နေရာမှာတွေ့သလိုဖမ်းခံရတဲ့အခြေအနေအတွက် ဒီစာတိုပို့စနစ်ကို အလွတ်ကျက်ထား ၊ ကျင့်ထား သင့်ပါတယ်။ခိုး၀ှက်ပြီး ဖုန်းပြောတာ ထက် သိုသိုသိတ်သိတ်နဲ့ အလုပ်ပိုဖြစ်နိုင်လို့ပါ။မိမိ မိသားစု၊ သူငယ်ချင်းတွေကိုပါ ဒီနည်းလမ်းကိုမျှဝေထားပါ။

စာတိုပို့နည်းလမ်း ဥပမာ- ကိုယ့်မှတ်ပုံတင်ကို ကြည့်ပါ

၂/လကန(နိုင်) # # #၉၂၃ ဆိုပါစို့

ရှေ့ဆုံးက ၂ သည် ကယားပြည်နယ်ပါ..
ရှေ့ဆုံးက နံပါတ်သည် တိုင်းဒေသကြီး/ပြည်နယ် ကို ပြောတာမို့ နံပါတ် ၁ မှ ၁၄ အထိ
ပြည်နယ်နှင့် တိုင်း ၁၄ခု နံပါတ်ဖြစ်ပါတယ်။

နောက်က လကန သည် မြို့ / မြို့နယ် / ခရိုင်ကို ပြောတာမို့ ၂/လကန ဆိုလျှင် လွိုင်ကော် လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီစာလုံး နှစ်လုံး နဲ့ ဘယ်တိုင်း ဘယ်မြို့နယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါပြီ။

နောက်တစ်ခုက မိမိရောက်ရှိနေတဲ့ စကစတပ်ရင်းတပ်ဖွဲ့နံပါတ်ပါ။(၂.လကန.ဒကစ)လို့ရေးလျှင် ကယားပြည်နယ်လွှိုင်ကော်ရှိ ဒေသကွပ်ကဲမှစစ်ဌာနချုပ် ကို ရောက်ရှိနေတယ်လို့ အကြမ်းဖျင်း သိရပါပြီ။

ဥပမာ- (၅.မမတ.ခလရ၁၆) ရေးလျှင် စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ် ခြေလျင်တပ်ရင်း အမှတ်(၁၆)တပ် ထဲတွင် ရောက်နေသည်ဟု မှတ်ယူနိုင်ပါတယ်။

တစ်ခါတစ်ရံ တပ်ရင်းထဲတွင် မထားပဲ စခန်းကုန်း (သို့) ရွာထဲတွင် ထားနိုင်ပါတယ်.. ဒါကြောင့် တပ်ရင်းနာမည်အစား စခန်းကုန်း (သို့) ရွာနာမည်ကို သုံးနိုင်ပါတယ်။လူသူကင်းတဲ့ တောခြုံအုံကြားက စခန်းထဲ ရောက်နေရင်တောင် ဒီစနစ်က
အနီးစပ်ဆုံး ခန့်မှန်းနိုင်လိမ့်မယ် ထင်ပါတယ်။အခွင့်အရေးရရင် (သို့) အခြေအနေပေးလို့ ဖုန်း
တစ်ခါသုံး ရရင် မဆိုးလှပါဘူး.. ဖုန်းပြောရတာထက်
လိုရင်းတိုရှင်း ထိရောက်ပါမယ်။

(၅.မမတ.အာလကပ္ပ.ကုန်း၂.နာမည်၀ှက်.+)ဆိုလျှင်
အာလကပ္ပကျေးရွာအုပ်စုထဲက စခန်းကုန်း ၂ ကို ရောက်နေတယ်လို့ ဆိုလိုတာပါ။

နေရာစာတိုအနောက်မှာ နာမည်၀ှက် တစ်ခုခုထည့်ဖို့လိုပါတယ်။နာမည်၀ှက်ထည့်မှသာ ဘယ်သူဆိုတာ တစ်ဖက်က မိသားစု၀င်၊ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေက သိမှာပါ။ နမူနာစာတိုကို ကွန်မန့်ထဲမှာ ထပ်မံဖော်ပြပေးထားပါတယ်။

(တခြားသော အချင်းချင်းအချက်ပြဆက်သွယ်လို့ နားလည်သိရှိနိုင်မယ့် စာတိုပို့နည်းလမ်းတွေရှိရင်လည်းအသုံးပြုနိုင်ပါတယ်။အရေးကြီးဆုံးက ကိုယ်အလွတ်ကျက်ထားတဲ့ ဖုန်းနံပါတ်ပိုင်ရှင်တွေက ကိုယ်စာတိုပိုမယ့်နည်းလမ်းကို သိရှိနေဖို့ပါပဲ)

၃) ပြည်သူ့ရင်ခွင့် တယ်လီဂရမ်လိပ်စာ နဲ့ ဗိုက်ဘာ နံပါတ်ကိုအလွတ်ကျက်ထားပါ။

အဓမ္မပေါ်တာဆွဲခံရပြီးနောက်နေ့တွေမှာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုမိတ္တူ တောင်းလေ့ရှိပါတယ်။(မှတ်ပုံတင်မရှိ၊ပျောက်ဆုံးနေရင်လည်း စစ်တပ်လက်အောက်ခံ ထွေအုပ်ကအမြန်လုပ်ပေးပါတယ်) ပြီးရင် ဆေးစစ်၊စာချုပ်ချုပ် လက်ဗွေနှိပ်ခိုင်းထားတွေလုပ်လေ့ရှိပါတယ်။ည (သို့) မနက် ၃၊ ၄ နာရီမှာ ကြိုတင်အသိမပေးပဲ စစ်ကားတွေပေါ်တက်ခိုင်းပြီး စစ်သင်တန်းကြောင်းတွေကိုပို့လေ့ရှိပါတယ်။

ဒီလိုအခြေအနေတွေပေါ်မူတည်ပြီး ပြေးလို့ရတဲ့အခွင့်အရေးတွေတွေ့လာနိုင်ပါတယ်။​တခုသတိချပ်ရမှာက ပြေးတဲ့အခါ မိမိနေအိမ်၊ မိမိမြို့နယ် ကိုမပြေးဖို့ပါ။မပြေးခင်ဖြစ်စေ၊ ပြေးပြီးနောက်ဖြစ်စေ ဆက်သွယ်လုပ်ဆောင်ဖို့ ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ နဲ့ ဗိုက်ဘာနံပါတ် +66968847969 ကိုအလွတ်ကျက်ထားဖို့လိုအပ်ပါတယ်။

__________________ __________________

မိသားစု၀င်များအနေဖြင့် အခြေအနေကိုသိရှိရပါက အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါတယ်

(က) ပြည်သူ့ရင်ခွင် - People's Embrace သို့ ဆက်သွယ်ထားခြင်း
https://www.facebook.com/share/1VTSkPrT73/

(ခ) စစ်တပ်သို့သွားရောက် ဧည့်တွေ့ခွင့်မရှိသည့်အခါ ပျောက်ဆုံးသူမှ ပြန်လည်ဆက်သွယ်လာပြီး
အသိပေးထားခဲ့သည့် ဖုန်းနံပါတ်ကို Wavemoney နဲ့ (level 1) limit မထိနိုင်တဲ့ ငွေပမာဏာတစ်ခု လွှဲထားသင့်ပါတယ်။ဒါဟာ အခြေအနေအရထွက်ပြေးရတဲ့အခါ လိုအပ်လာရင် သုံးဖို့ပါ။
(ဘယ် password နဲ့ လွှဲမယ်ဆိုတာ ကြိုတင်တိုင်ပင်ထားပါ)

(ဂ) အဓမ္မ ပေါ်တာဆွဲခံရပြီးကတည်းက သူ၏ဆင်းကဒ်ထံ အနည်းဆုံး တစ်ထောင် ဖြည့်နေပေးသင့်ပါတယ်။ဒါမှ တဖက်ကအခြေအနေအရ ဖုန်းပြန်ရတဲ့အခါ မိသားစုထံဆက်သွယ်ဖို့လွယ်ကူမှာပါ။

(ဃ) တကယ်လို့ စစ်တပ်ထံဧည့်တွေ့ခွင့်ရလို့သွားတဲ့အခါ နေကောင်းလား၊ စားပြီးပြီလား ဆိုတာတွေထက် မိမိတို့ရဲ့အစီအစဥ်နဲ့အဓိကလိုအပ်တာ၊ လုပ်ဆောင်မှာတွေကိုသာ ဆွေးနွေးတိုင်ပင်ပါ။

အခြေအနေပေါ်မူတည်ပြီး မီးစင်ကြည့်ကရမှာဖြစ်လို့ လှေနံဓါးထစ် မမှတ်ထားသင့်ပါဘူး။
ဒီနေရာမှာ ငွေနဲ့ ပြန်ရွေးတာတွေ အကြံမပေးလိုပါဘူး။ အခြေအနေပေါ်မူတည်ပြီး အကြောင်းအမျိုးမျိုးကြောင့် ငွေနဲ့ပြန်ရွေးပြန်ထုတ်နိုင်ပေမယ့် ကိုယ့်အချက်အလက်တွေသူတို့ဆီမှာ ရှိပြီးသားဖြစ်တာမို့ လိုအပ်တဲ့အခါ ထပ်မံလာရောက်ပြီး ဖမ်းဆီး၊ငွေညစ်နိုင်ပါတယ်။

MIN KHANT AUNG ​ဖေ့စ်ဘုတ်မှတဆင့် ကူးယူဖော်ပြပြီး ​မြေပြင်နောက်ဆုံးအခြေအနေနှင့် အဓမ္မ စစ်သားစုဆောင်းခြင်းမှ လွတ်မြောက်လာသူတချို့၏အတွေ့အကြုံများအရ ပြင်ဆင်ဖြည့်စွက်ချက်များပါဝင်သည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR


#ပေါ်တာဆွဲ #အဓမ္မစစ်မှုထမ်း #စစ်သားစုဆောင်း #စစ်မှုထမ်းဥပဒေ
#ရေဘဝဲ

24/07/2025

🚨 Attention Please ! 🚨

၁) မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသတွင် ရောက်ရှိခိုလှုံနေသူများ၊ ခရီးသွားလာသူ မြန်မာနိုင်ငံသားများ မိမိရောက်ရှိနေသည့် သက်ဆိုင်ရာ နိုင်ငံ လုံခြုံရေးတာဝန်ရှိသူများ၏ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန်

၂) နှစ်နိုင်ငံ တိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုများရှိလာပြီး ဖြစ်ပါသဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်ဒေသများမှ ရှောင်ရှားကြရန်

၃) လူမှုကွန်ရက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားပဋိပက္ခ ကို ပိုမို ဆိုးရွားစေမည့် ပို့စ်တ်ခြင်း၊ ကွန်မန့်ရေးခြင်းများ သတိထားရှောင်ကျဉ်ကြရန်

၄) ထိုင်း လူမျိူး ၊ မြန်မာ လူမျိူး နှင့် ကမ္ဘောဒီးယား လူမျိူးများသည် လုပ်ငန်းခွင်များတွင် အတူတကွ လုပ်ကိုင်နေကြပါသဖြင့် ဂရုတစိုက် သတိနှင့် နေထိုင်ကြပါရန် ကနဦး သတိပေး နှိုးဆော် အပ်ပါသည်။

Photos from OCTOPUS's post 24/06/2025

ယနေ့ကျရောက်သော ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ "ကိုရေဘဝဲ" ၏မွေးနေ့အမှတ်တရအဖြစ် အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများအတွက် အာဟာရဒါန ထမင်းတနပ်စာ ထောက်ပို့မျှဝေခဲ့ပါသည်။

မွေးနေ့အမှတ်တရအဖြစ် အာဟာရဒါနကျွေးမွေးရန် ထောက်ပို့ပေးပါသော ပြည်သူတယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိပါသည်။

ဓါတ်ပုံ - 96 DoNation-စစ်ရှောင်ပရဟိတ

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#တော်လှန်မွေးနေ့ #ကိုရေဘဝဲ #စစ်ဘေးရှောင်
#ရေဘဝဲ

19/06/2025

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရေဘဝဲမှ "SUU 80th" လှုပ်ရှားမှုပြုလုပ်

ဇွန် ၁၉၊ ရန်ကုန်

ရန်ကုန်မြို့လည်တွင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "SUU 80th" စာသားအားကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း လူထုနှင့်အတူ မွေးနေ့ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ရှစ်ဆယ်တိုင် အချစ်မပြယ်နိုင်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#အောင်ဆန်းစုကြည်

#ရေဘဝဲ

13/06/2025

ရေဘဝဲ မှ SUU 80 Birthday Campaign တွင်ပူးပေါင်းပါဝင်မှု မွေးနေ့ဆုတောင်း (ရုပ်သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ
နိုင်ငံရေးအကျဥ်းသားများအားလုံး

အမြန်ဆုံးလွတ်မြောက်ပါစေ
အမြန်ဆုံးလွတ်မြောက်ပါစေ
အမြန်ဆုံးလွတ်မြောက်ပါစေ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် ရဲ့ ၈၀ ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းဗီဒီယိုများကို ပေးပို့ရန်

(၁) ဒီ link ကို နှိပ်ပြီး ကိုယ်တိုင်ပို့လို့ရပါပြီ

👉 https://tinyurl.com/80BDWish

(သို့မဟုတ်)

(၂) Official Fundraiser များမှတဆင့် ပေးပို့လိုသူများအတွက် ဒီမှာ နှိပ်ပြီး Fundraiser List ကိုကြည့်နိုင်ပါပြီ

👉 https://aid2burma.com/OfficialFRs

အီးမေး တစ်ခုသုံးပြီးလည်း video အများကြီးတင်နိုင်ပါတယ်

Suu Birthday Campaign page messenger ကိုလည်း Video တွေတိုက်ရိုက်ပေးပို့ရပါတယ်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR


#ရေဘဝဲ

06/06/2025

ရှေ့တန်းအပို့ခံရတဲ့ စစ်သားတွေကြည့်သင့်တဲ့
ဖြစ်ရပ်မှန် စစ်ကား

- နောက်တန်းအရာရှိတွေအမြဲပေးတတ်တဲ့ မျှော်လင့်ချက်အမှားတွေ

- စစ်မြေပြင်ကယမ်းနံ့တွေ နဲ့ စစ်ရုံးထဲကကော်ဖီနံ့

- ရှေ့တန်းကစစ်သားတွေကို ခုခံစောင့်ဆိုင်းဖို့ အမိန့်နဲ့ ခိုင်းစေခဲ့ပေမယ့် တကယ်တမ်း ရောက်မလာတဲ့အခါ

ရှေ့တန်းရောက် စစ်သား၊ ပြည်သူ့စစ် နဲ့ ရဲတွေရင်ဆိုင်နေရတဲ့ ရှေ့တန်းဒုက္ခတွေကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ရုပ်ရှင် " ဗိုလ်လေး"

ပြည်သူ့ပန်းတိုင် ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့်
ကူးယူဖော်ပြသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR


#ရေဘဝဲ #ဗိုလ်လေး #စစ်ကား

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon