Master Home Real Estate
We Can Make The Best Service
24/04/2023
Solar system တစ်ခုဟာ watt ချင်းတူရင် မီးစက်တစ်လုံး ဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ် များပါတယ် ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာက အများကြီး တွက်ခြေကိုက်တယ်
Solar system မှာ ဘာတွေသိသင့်လဲဆိုတော့
ပထမဆုံး solar panel ပါ
လက်ရှိ solarpanel မှာ
Poly, mono, thinflim solar ရယ်ဆိုပြီး သုံးမျိုးရှိပါတယ်
Thinflim solar က အကောင်းဆုံး ဆိုပေမယ့် စျေးများတယ် အသုံးနည်းတယ်
Satellites တွေမှာလောက်ပဲ သုံးတယ်လို့သိပါတယ်
Poly နဲ့ mono က အသုံးအများဆုံးပါ
Poly က အရည်ကြိုထားတဲ့ silicon crystal ကနေထုတ်ပြီး mono ကတော့ သန့်စင်ထားတဲ့ silicon ကနေ ထုတ်တယ်
အလွယ်ခွဲလို့ရတာက poly ဆို အပြာရောင်အကွက်နဲ့ mono ဆို အမည်းရောင် နက်ပြာရောင်ဆိုပြီး တွေ့ရပါတယ်
Poly solar တွေရဲ့ အကွက်အရောင်တွေက မညီညာဖူး mono ကတော့ တညီတညာထဲပါ
Poly တွေက ရေးထားတဲ့ watt ရဲ့ 70% လောက်ပဲထွက်ပြီး Mono ကတော့ 99% လောက်ထိ ထုတ်ပေးပါတယ် စျေးကလည်း အနည်းငယ်လောက် ပိုများတယ်
Warranty အနေနဲ့ poly ကို 15 years လောက်ပေးတယ်
Mono ဆို 25 years လောက်ထိ ပေးပါတယ်
ဒါတောင် မပျက်စီးသေးပါဖူး power effency လျော့သွားတာမျိုးပဲ ရှိပါသေးတယ်
Mono မှာ halfcell ဆိုပြီး ထပ်ခွဲထားတာရှိတယ်
အတွင်းထဲမှာ bypass diode တွေအကြောင်းလည်း သိသင့်တယ်ဗျ အဲ့ diode တွေက ဆိုလာအလုပ်လုပ်အောင်ဆိုတာထက် အရိပ်ကျတဲ့အခါ ကျော်ပြီး ထုတ်ပေးနိုင်အောင်နဲ့ battery က reverse ပြန်ထွက်တာကို ထိန်းနိုင်အောင် တပ်ထားတာပါ diode တွေအကုန်ဖြုတ်ပြီး မောင်းရင်လည်း cell တစ်ခုမပျက်စီးရင် ပုံမှန်အတိုင်း ထွက်ပါတယ်
တစ်ခုရှိတာက ခုနောက်ပိုင်း ဆိုလာတွေမှာ cell အတုတွေပါလာတာပါ အဲ့ အလုပ်မလုပ်တဲ့ cell တွေကို bypass diode နဲ့ ကျော်ပြီးပေးထားပါတယ် ဒီတော့ ရေးထားတဲ့ watt နဲ့ တကယ်ထွက်တာက အတော်ကြီး ကွာပါတယ် ဂျင်းတွေပေါ့ဗျာ
Solar ဝယ်မယ်ဆို တကယ် warrenty ရှိပြီးသား brand ကိုဝယ်သုံး brand ကိုစိတ်မချရင် solar tester နဲ့ စမ်းပြီး watt ပြည့်မပြည့် တိုင်းပြီး ဝယ်တာ အဆင်အပြေဆုံးပါပဲ
Solar cable. တွေကတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ သုံးရမှာဖြစ်လို့ အသေအချာ ရွေးဝယ်သင့်ပါတယ် သူက ရိုးရိုးမီးကြိုးတွေနဲ့ တပ်မရပါ
Solar ကြိုးတွေက efficiency အမြင့်ဆုံးရအောင်ကော ရာသီဥတုဒါဏ်ခံအောင် ထုတ်ထားပါတယ်
Copper99% ပါတဲ့ကြိုးတွေကိုမှ အပေါ်က ငွေရည်စိမ်ပေးထားပါတယ် ကြိုးတွေက ငွေရောင်ပါ ကြေးခြစ်လိုက်မှ ကြေးရောင်ထွက်ပါတယ်
ဒါက အလွယ်ပြောတာပါ ပိုပြောရင် အများကြီးရှိပါသေးတယ်
နောက်တစ်ခုကတော့ solar system မှာအရေးအကြီးဆုံး controller ပါ သူက နှစ်မျိုးရှိပါတယ်
PWM (Pulse Width Modulation) နဲ့
MPPT (Maximum Power Point Tracking) controller တွေပါ
Pwm ကတော့ battery ကို ဘယ်အချိန်သွင်းမယ် ဘယ်လောက်သွင်းမယ် ဘယ်အချိန်ရပ်မယ် ဆိုတာလောက်ကို အဓိကထားပါတယ်
PV ကနေလာတဲ့ power ကို တိုးမြင့်ပေးတာမရှိပါ
Mppt ကတော့ pv ရဲ့ power ကို တိုးမြင့်လုပ်ဆောင်ပေးပါတယ် မိုးရွာနေတဲ့ အချိန်တွေမှာတောင် power ကို အမြင့်ဆုံးရအောင် လုပ်ထားပေးနိုင်ပါတယ် inverter စျေးထက်တောင်ကြီးတဲ့ mppt တွေရှိပါတယ်
တကယ်သုံးမယ်ဆိုရင်တော့ mppt ကို ရွေးပါ
နောက်မှာတော့ inverter ကတော့ ပုံစံသုံးမျိုးရှိပါတယ်
ဒါက solargrid system နဲ့ ဆိုင်ပါတယ်
On grid
Offgrid နဲ့ hybird ပါ
On grid ကတော့ မီးအမြဲရတဲ့နေရာတွေ(မီးမပျက်) လျပ်စစ်မီးရော solar ရောတွဲသုံးတဲ့ ပုံစံပါ
Backup အတွက် battery မပါပါ
Solar ကထွက်တဲ့ power ကပိုနေရင် main grid ပြန်ပို့ပေးပြီး (ပိုတဲ့powerကိုအစိုးရဆီပြန်ရောင်းပါတယ်) သုံးတာက solar power ထက်များရင် maingrid ကနေ လိုသလောက် ယူသုံးပေးပါတယ်
Off grid ကတော့ solar ရယ် battery ရယ်ပဲသုံးပါတယ် မီးလာနေရင်မီးနဲ့သုံးပြီး မီးမရရင် solar ကနေသုံးတယ် ညဖက်လိုမျိုးဆို backup ထားတဲ့ battery ကနေပြန်သုံးပါတယ်
Hybird ကတော့ အထက်ကနှစ်မျိုးကိုပေါင်းထားတာမျိုးပါ ဒါပေမယ့် ဒီမှာက မီးပျက်တော့ မီးအားကို main grid ဆီပြန်ပို့မရပါဘူး
ဘယ်အမျိုးအစား inverter မျိုး သုံးသုံး puresine wave ဖြစ်ဖို့လိုအပ်ပါတယ်
modified sinewave ဆိုရေးထားတဲ့ watt ရဲ့ တစ်ဝက်ပဲ သုံးလို့ရမယ်
Freezer တွေ aircon တွေ motor တွေသုံးမယ်ဆို Peakpower မြင့်တဲ့ low frequency puresine wave တွေဝယ်ရပါမယ်
Battery မှာတော့ leadacid နှစ်မျိုး
Nomalplate
tubeller tall
Gel type
Calcium battery
Nicad နီကယ်-ကက်
Lifepo4 ဆိုပြီးထွက်ပါတယ်
Nomalplate battery တွေက solarsystem မှာ သုံးမရပါဖူး ကျတော်တို့ဆီမှာ သုံးနေတဲ့ ကားအိုး
3K toyo အစရှိတာတွေပါ ဆိုလာနဲ့သုံးရင် တစ်နှစ်ဆိုတာ အလွန်ဆုံးပါ
Solar နဲ့ သုံးမယ်ဆို အနည်းဆုံး tubeller tall ကနေစသုံးရပါမယ်
ပြီးရင် gel type deepcycle တွေ
Lifepo4 တွေကတော့ solar နဲ့ အသင့်တော်ဆုံးပါ
Charge rate မြင့်သလို peak power လည်း မြင့်တယ်
ရိုးရိုး leadacid 200A တစ်လုံးနဲ့ယှဉ်ကြည့်ရင်
Lifepo4 100A တစ်လုံးက အသုံးပိုခံတယ်
စျေးနဲ့ တွက်ရင်များပေမယ့် 5years လောက် စိတ်ချလက်ချသုံးရမယ် ပျက်စီးခဲ့ရင်တောင် လိုတဲ့ cell တစ်ချင်းပဲ လဲလို့ရမယ် ဒီလိုအားသာချက်တွေ ရှိပါတယ်
တော်သေးပြီ 😁 😁 😁 😁
Credit Ko Wai Yan
Hello Everybody 👍
🍇မင်္ဂလာနှစ်သစ်ကူး အချိန်သမယပါခင်ဗျာ🍇
☘️2022☘️ မင်္ဂလာရှိသော နှစ်သစ်ကူး အချိန်သမယမှစ၍ မိတ်ဆွေ Customers လူကြီးမင်း များနှင့် မြန်မာပြည်သူ ပြည်သားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပျော်ရွှင်ချမ်းမြေ့ စီးပွားတိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သ လိုက်ပါသည်ခင်ဗျာ
ယနေ့နှစ်သစ်မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ်နှလုံး ငြိမ်းအေးစွာဖြင့် ဘေးကင်းရန်ကွာ ကပ်ရောဂါအပေါင်းမှ ကင်းလွတ်ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်
ယခုနှစ်သစ်မင်္ဂလာမှစ၍ ကြံစည်တိုင်းအောင်မြင် တောင့်တတိုင်းပြည့်စုံ စီးပွားလာဘ်လာဘ ဒီရေအလားတိုးတက်ကြပါစေလို့ ကျွန်တော်တို့ Master Home Real Estate မှဆုတောင်းထောပနာ ပြုအပ်ပါသည်ခင်ဗျာ
28/12/2021
#အရောင်းပိုစ်
ောင်းအဝယ်ပြီးစီးပါကြောင်း
🌂 ရေကျော်ဝတ်ကျောင်းလမ်း (လမ်းကျယ်)ပုဇွန်တောင်မြို့နယ်
🌂အကျယ်အဝန်း(12ပေခွဲ×50ပေ)ပြင်ဆငိပြီး
🌂အိပ်ခန်း(၁)ခန်း ကိုရီးယားပါကေးခင်း ကြွေပြားကပ်
🌂Aircon (1)လုံးပါ 1.5Hp
🌂၃လွှာ (ဒုတိယထပ်)
🌂First Owner (အရှုပ်အရှင်းကင်း)
🌂တိုက်သားကောင်း လှေကားကျယ်
🌂(၅၅၀)သိန်း
🌂ph.09964171977
09964271977
22/12/2021
#အငှားပို့စ်
*ဗိုလ်တစ်ထောင်မြို့နယ် ဆိတ်ငြိမ်လမ်းသန့်ကွန်ဒိုအငှား*
*(25´×60´) Hall Type
*ကြွေပြားခင်း ကြွေပြားကပ်
*ပြင်ဆင်ပြီး လက်တင်
*စျေး//မှတ်တိုင် နီး
*ဓါတ်လှေကားပါ Condo
*(၃)လွှာမှ(၈)လွှာထိရှိ
*၆သိန်း (ညှိနှိုင်း)
ကျောင်း
#ကုမ္မဏီရုံးခန်းများ #ကိုယ်ပိုင်အထက်တန်းကျောင်းများ ထွက်မည့်သင်တန်းသားများအတွက် အထူးသင့်လျော်ပါသည် #
#(၁)လွှာချင်း (သို့)အတွဲလိုက် စိတ်ကြိုက်ညှိနှိုင်း၍ငှားနိုင်ပါသည် #
ph~09420071977
~09964271977
22/12/2021
#အရောင်းပို့(စ်)
ောင်းအဝယ်ပြီးစီးပါကြောင်း
~ပုဇွန်တောင်မြို့နယ် ရေကျော်{လမ်းကျယ်}
~ဘုရားနီး• စျေးနီး •မှတ်တိုင်နီး
~(၂၅´×၅၅´)၄လွှာ {တတိယထပ်}
~အိပ်ခန်း(၃)ခန်း Aircon(၂)လုံး
~ကျွန်းပါကေး ' ကျွန်းအိပ်ခန်း
~ပြင်ဆင်ပြီးလက်တင်နေရုံ
~၁၃၀၀ သိန်း (ညှိနှိုင်း)
☎️~09964171977
~09964271977
`မင်္ဂလာ´ပါ
` ချစ်ခင်လေးစားအပ်ပါသော #မိတ်ဆွေများ ူကြီးမင်းများ ကိုယ်စိတ်နှလုံး ချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သလိုက်ပါသည် ခင်ဗျာ ´
ကျွန်တော်တို့ရဲ့ အိမ်´ ခြံ ´ မြေ ´ ရောင်/ဝယ်/ငှား Page မှနွေထွေးစွာဖြင့် ကြိုဆိုအပ်ပါသည်
မိတ်ဆွေ လူကြီးမင်းတို့၏ အသုံးမပြုဘဲ ပိုလျံနေသော တိုက်တာ/ခြံမြေများ ~ ကွန်ဒို /တိုက်ခန်းများ ရောင်းချင်းတာဘဲဖြစ်ဖြစ် အငှားစနစ်ချထားချင်တာဘဲဖြစ်ဖြစ် ကျွန်တော်တို့ Real Estate ဖြင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
လုကြီးမင်းများ ရင်နှီးမြုပ်နှံချင်လို့ လုံးချင်းတိုက် /ကွန်ဒို / တိုက်ခန်း / ခြံမြေ များဝယ်ယူလိုပါကလည်း ကျွန်တော်တို့ Master Home နှင့်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ
မိတ်ဆွေတို့၏ အကျိုးစီးပွားကို
အစဥ်လိုလားလျက်
22/12/2021
Hello Everything Ok
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
13/01/2025