Z O R A Pre School

Z O R A  Pre School

Share

ZORA Pre School

03/06/2025

#မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။

💯3နှစ်အရွယ်ကလေးတွေရဲ့ ကြွက်သားတွေ အရိုးအဆစ်တွေက စာရေးဖို့ မသင့်တော်သေးတာကလည်း လက်ဖဝါးက အရိုးတွေ အဆစ်တွေဆက်ထားနိုင်တဲ့အချိန်အရွယ်မရောက်သေးတာကိုလည်း မြင်တွေ့ရပါတယ်။

💯ကလေးကို မူကြိုကျောင်းပို့တာနဲ့ စာစပြီးရေးတတ်စေချင်တဲ့အခါ ကလေးစာမရေးတတ်လို့ ငြိုငြင်လာတဲ့အခါ ဒီပုံလေးကြည့်ပြီး ဪ စာရေးခိုင်းဖို့ မလိုအပ်‌သေးပါလားဆိုတာကို နားလည်လက်ခံထားသင့်ပါတယ်။

✅မူကြိုကလေးတွေအတွက် အသင့်တော်ဆုံးက
အရောင်ခြယ်တာ
ရွံအတုတွေနယ်တာ
ကလေးကတ်ကြေးနဲ့ စက္ကူညှပ်တာ
စတေကာတွေ ခွာလိုက်ကပ်လိုက်ကစားတာ
အရုပ်ဆက်တာ သဲမြေကြီး ရွံဗွက်တွေကို
ကစားခွင့်ပြုရင်
အရိုးအကြောလေးတွေ ကြွက်သားတွေသန်မာလာအောင် ကလေးရဲ့ စားချိန်အိပ်ချိန် ကစားချိန်ကို နေ့စဉ်ပုံမှန်လည်ပါတ်လာအောင် ဂရုစိုက်ပေးရုံပါပဲ။

✅အဓိကက သဘာဝနဲ့ထိတွေ့ကစားခွင့်ပြုတာ
မိဘတွေနဲ့အတူကစားတာ သူငယ်ချင်းနဲ့ ကစားတာ
အကျီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင် လေ့ကျင့်တာ ဖိနပ်ကြိုးချည်နည်းတွေ အိမ်အလုပ်မှာ နိုင်သလောက်ပါဝင်ခွင့်ပြုတာနဲ့

တာဝန်ယူတတ် တာဝန်သိတတ်အောင် အစားစာကို ကောင်းကောင်းစားတတ်အောင် ကစားစရာတွေ ကိုယ်တိုင်သိမ်းတတ်အောင်ပဲ လမ်းပြပေးရမှာပါ

💯အများနဲ့နေထိုင်တဲ့အခါ စိတ်ခံစားမှုကို ထိမ်းတတ်အောင် နိုင်ငံတကာစံနုန်းအတိုင်းဒီသုံးချက်ကို လိုက်နာလာအောင်အချိန်ပေး သင်ရမှာပါ👇👇👇

❎ပစ္စည်းကိုပစ်ပေါက်ဖို့ခွင့်ပြုလို့မရကြောင်း

❎ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းနဲ့

❎သူတပါးကိုနာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းကို နားလည်အောင် အဓိကထား သင်ပေးရမှာဖြစ်ပါတယ်။

✍️ရေးဖို့ အရွယ်ရောက်လာချိန် ရေးတတ်လာမှာပါ။

အဓိကက အရွယ်လိုက်ပေးသင့်တဲ့စည်းကမ်းကို အရင်လိုက်နာတတ်အောင် သင်ပေးပါ စံပြနေပေးပါ လက်တွဲခေါ်ပေးပါလို့ မိဘတွေကို အကြံပြုတိုက်တွန်းပါတယ်ရှင့်။

မေတ္တာဖြင့် ✍️💖 Mommy of 3





2022 က ရေးထားတဲ့ ပိုစ့် ပြန်တင်ပြီး ခွန်အားပေးချင်ပါတယ်။🥰
Photo by Play Academy 🙏

Photos from Z O R A  Pre School's post 28/02/2025

Weekly lesson plan

Photos from Z O R A  Pre School's post 16/02/2025

Weekly lesson plan (Emotion)

Photos from Z O R A  Pre School's post 05/02/2025

(4..2.2025) Happy birthday ပါသားလေးရေမွေးနေ့မှာပျော်ရွှင်ပါစေ.ပညာတက်ဖြစ်ပြီးဘဝမှာလိုတိုင်းတရပါစေ.အသက်ရှည်ပြီးအနာမဲ့ပါစေ.မိဘအပေါ်သိတက်တဲ့သားရတနာလေးဖြစ်ပါစေ

03/02/2025
31/01/2025

သင်ခန်းစာများအားပြန်လည်စစ်ဆေးခြင်း

Photos from Z O R A  Pre School's post 31/01/2025

(Shapes )activity

Photos from Z O R A  Pre School's post 17/01/2025

Weekly lesson plan(၁၂၃.....)

Photos from Z O R A  Pre School's post 10/01/2025

This week activity(123.....)

Photos from Z O R A  Pre School's post 08/01/2025

Happy Birthday ပါသမီးလေး.မွေးနေ့မှာပျော်ရွှင်ပါစေသက်ရှည်ဆင်းလှအနာရောဂါကင်း၍ပညာတက်ကြီးဖြစ်ပြီးမိဘအပေါ်သိတက်တဲ့သမီးလေးဖြစ်ပါစေ.ဘဝမှာပြည့်စုံချမ်းသာခြင်းအတိရပါစေ😍

Category

Telephone

Website

Address

No. (687/B)/Tha Khin Mya Street/(12)Quarter/Hlaing Thar Yar/
Yangon

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Alerts

Be the first to know and let us send you an email when Z O R A Pre School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.