Robust Fitness

Robust Fitness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Robust Fitness, Athlete, Yangon.

05/12/2025

Active Recovery အကြောင်းပြောပြထားတာဖြစ်ပါတယ်

💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

Photos from Robust Fitness's post 14/11/2025

“လူအပေါ် အန္တရယ်ရှိစေတဲ့ Visceral Fat “

🍪 ခန္ဓာကိုယ်အဆီများထဲမှ အတွင်းကလီစာအဆီ သို့မဟုတ် visceral fat ဟာ အန္တရာယ်အရှိဆုံး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဇီဝကမ္မဖြစ်စဉ်အရ တက်ကြွပြီး endocrine organ လိုမျိုး လုပ်ဆောင်ပါတယ်။ ဆိုလိုတာက ဒီအဆီဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဟော်မုန်းတွေနဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။

🍩 Visceral fat ဟာ ဝမ်းဗိုက်အတွင်းပိုင်းက အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရစ်ပတ်ထားပြီး ရောင်ရမ်းမှုကို ဖြစ်စေတဲ့ cytokines တွေကို ထုတ်လွှတ်တဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် သူက ခန္ဓာကိုယ်ကို အင်ဆူလင်ကို တုံ့ပြန်မှုနည်းလာအောင် ပြုလုပ်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။

🥧 ပြီးရင် visceral fat ဟာ သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်ကို မြှင့်တင်ပေးတဲ့ Angiotensin (အန်ဂျီအိုတန်စင်) လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ပေးတဲ့အတွက် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

🧁 NHANES အချက်အလက်များမှ အရွယ်ရောက်သူ ၁၀,၀၀၀ ပါဝင်တဲ့ Nature, 2025 cross-sectional လေ့လာမှုတစ်ခုက ခန္ဓာကိုယ်ရှိ ကြွက်သားထုနှင့် အတွင်းကလီစာအဆီအချိုး (LMI/VFMI) နဲ့ နှလုံးဇီဝဖြစ်စဉ် ကျန်းမာရေးတို့ရဲ့ ဆက်စပ်မှုကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါလေ့လာမှုက ကြွက်သားထုနှင့် အတွင်းကလီစာအဆီအချိုး ပိုမိုမြင့်မားသူတွေဟာ နှလုံးဇီဝဖြစ်စဉ်ဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေ (၇၀-၉၀% ပိုနည်း) ကို သိသိသာသာ လျော့နည်းစေတယ်လို့ အတည်ပြုခဲ့ပါတယ်။
အသက်၊ ကျား/မ၊ နေထိုင်မှုပုံစံ၊ လူမှုစီးပွားရေးဆိုင်ရာအချက်များနှင့် ဆေးဝါးသုံးစွဲမှုတို့ကို ထိန်းညှိပြီးနောက်မှာတောင် ဒီဆက်စပ်မှုတွေဟာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။

🍰 Nature မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ထပ်လေ့လာမှုတစ်ခုက metabolic syndrome ဝမ်းဗိုက်အဝလွန်ခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း၊ သွေးတိုးခြင်းနှင့် Dyslipidaemia (ဒစစ်လပ်ပ်ပဒီးမီးယား) စတဲ့အန္တရာယ်ဖြစ်စေသောအချက်များ ပါဝင်ပြီး ကမ္ဘာတစ်ဝန်းမှာ ပြဿနာကြီးတစ်ခုဖြစ်လာနေပါတယ်) ဖြစ်ပေါ်လာမှုကို ခန့်မှန်းရာမှာ visceral fat ဟာ အရေးပါကြောင်း တွေ့ရှိခဲ့ပါတယ်။

🍦 Visceral fat ကို အစားအသောက်၊ လေ့ကျင့်ခန်းနှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းတို့မှတစ်ဆင့် လျှော့ချခြင်းဟာ ပြင်းထန်တဲ့ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန်၊ ရောဂါများကို ကာကွယ်ရန်နှင့် တစ်ကိုယ်လုံးကျန်းမာရေးကို ကောင်းမွန်စေရန်အတွက် အရေးကြီးပါတယ်။ Resistance training, aerobics နှင့် HIIT တို့ကဲ့သို့သော လေ့ကျင့်ခန်းတွေဟာ visceral fat ပါဝင်မှုကို သိသိသာသာ လျှော့ချပေးကြောင်း လေ့လာမှုများက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။






💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

11/11/2025

(📖Must Read) 📌

⭐️BMI တိုင်းတာခြင်း နဲ့ Fat Percentage/ Muscles Mass တိုင်းတာခြင်း ဘယ်ဟာက ပိုကောင်းသလဲ ? ⭐️

လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေနေကို BMI နဲ့ အများစုကဖော်ပြသုံးနုန်းကြပါတယ်။
ကျနော်လည်း Personal Training Courses တွေ Certifiedမဖြစ်ခင် မလေ့လာတုန်းက YouTube ကြည့် Google ခေါက် နဲ့ Fat Percentage နဲ့ Muscles Mass အစား BMI ချည်းပဲ Focus ထား ပြီး Weight Loss အသားပေးခဲ့တာပါ 😅။

BMI ကိုသိချင်ရင် Height (အရပ်) & Weight(ကိုယ်အလေးချိန်) သိရင်ရပါပြီ၊ သူ့ Formula က BMI ကိုလိုချင်ရင် Weight (in Kilograms) ကိုတည် ပြီး Height (in Meters) square နဲ့ စားလိုက်ရုံပါပဲ။
BMI= Weight / Height2 (See Photo)

Below 18 : Under weight
18~25 : Normal / Healthy
25~29 : Over Weight
Above 30 : Over Weight

⚠️ အရေးကြီး သတိထားရမှာ ရှိပါတယ် ⚠️

သူ့ဆီမှာ Fat, Muscle နဲ့ Bone တွေကို ဖော်ပြနိုင်မှာတော့မဟုတ်ပါဘူး။
ကြွက်သားကြီးထွားနေတဲ့ သူတွေ၊ Body Builder တွေ၊ Body Frame ကြီးနေတဲ့ သူတွေက Muscles Mass များပြီး ကျန်းမာနေသော်လည်း BMI Normal level ထက်များနေတတ်ကြတာပါ။

Normal BMI ရှိနေရင်တောင် ကျန်းမာတယ်လို့ မဆိုနိုင်ပါဘူး၊ တချို့ Normal BMI နဲ့ Metabolism ကျနေတတ်တယ်၊ Cholesterol တွေမြင့်နေမယ်၊ သွေးတိုးနေမယ်
ကိုယ်တွင်းအဆီမမြင်ရပေမယ့် ပိန်နေတာတောင် အတွင်းကလီစာ အဆီများရှိနေတတ်ပါတယ်။

ဒါကြောင့် Gym မှာ ကစားနည်းသိရုံ အလေးမတတ် အလေးနိုင်ရုံနဲ့ မပြီးပါဘူး၊ Fitness မှာ Smart ဖြစ်ဖို့လိုတယ်ပြောတာပါ။

Muscles တွေအရေးပါပုံတွေက အရမ်းအရေးကြီးပါတယ်။ Muscles Mass ကြီးလေ ပိုကျမ်းမာပြီး အသက်ရှည် မယ် အသက်တို အသေစောခြင်းကို လျှော့ကျစေပါတယ်။
ကြွက်သားတွေဟာ Glucose တွေကို သိမ်းဆည်းထားတယ် သွေးတွင်းသကြားဓါတ်ကို ထိန်းပေးတယ်၊ Type 2 Diabetes ဖြစ်နိုင်ခြေလျော့ကျစေပါတယ်

ကြွက်သားသန်မာခြင်းက သွေးလည်ပတ်မှု၊ သွေးပေါင်ချိန်နှင့် နှလုံးလုပ်ဆောင်ချက်အလုံးစုံကို တိုးတက်ကောင်းမွန်စေနိုင်ပြီး Muscles နဲ့ Fatအချိုးမြင့်မားခြင်းက ခန္ဓာကိုယ်တစ်လျှောက် ရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါအမျိုးမျိုးဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။





💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

10/11/2025

💪ကစားသမားတိုင်းကတော့ အမြဲ Muscle Gain ကိုရှာဖွေရူးသွပ်နေပါတယ် လျှော့တာကိုတော့ ဘယ်သူမှမလိုချင်ကြဘူးလေ
🥗Nutrition Science အရ Protein အရမ်းဖိထားရင်တောင် Carbs လျှော့ရင် Muscles Growth ပိုင်းမှာ ကန့်သတ်ချက်တွေရှိလာနိုင်ပါတယ်။
Carbohydrate ရဲ့ ခန္ဓာကိုယ်အပေါ် အရေးပါမှုကို လျှော့တွက်လို့မရပါဘူး သူကအရေးကြီးတဲ့ အခန်းကဏ္ဏမှာ ပါဝင်တယ်၊ ကြွက်သားတွေ recovery ရဖို့ ၊hormones balance နဲ့ Protein Synthesis ဖြစ်ဖို့ ၊ ရေရှည် ကြီးထွားဖို့ size ထိန်းနိုင်ဖို့ အတွက်ကို Carbohydrate ကလိုကို လိုအပ်ပါတယ်။

🍗Protein ဓာတ်မြင့်မားပြီး carbohydrate နည်းတဲ့ Diet ကိုလေ့လာရင် performance တွေလျော့ကျတာကြုံရမယ်၊ ကြွက်သား strength and size လျော့ကျမယ်၊ Muscles repair လုပ်ခြင်းကို ထိခိုက်စေပါတယ်။ Glycogen မလုံလောက်တဲ့အပေါ်မှာ Protein ကိုပဲ လောင်စာအဖြစ်ယူသုံးပါတယ် muscles fiber တွေ တည်ဆောက်တဲ့ ဘက်ကို မရောက်တော့ပါဘူး၊ ကြီးထွားနူန်းဖြစ်စဉ်ကို နှေးကွေးစေနေပါတော့တယ်။

🍚Carb ဟာ muscles growth အတွက်အရေးပါတဲ့ အင်ဆူလင် နဲ့ cortisolကို ထိန်းချုပ်ပေးတယ်။
အင်ဆူလင်ဟာ muscles cells တွေကို nutrients တွေသယ်ယူပို့ဆောင်ပေးတာကို ထောက်ပံပေးတယ် cortisol ကတော့ muscles breakdown ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ Cabs နည်းရင် Cortisol မြင့်တယ် recovery နှေးမယ် lean muscles ရဖို့ ဘယ်လောက်ပဲ Training ကောင်း နေပါစေ ကောင်းမွန်တဲ့ ကြွက်သားဓုကို ပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။

💪ကြွက်သားကြီးချင်ရင်
- diet က balance ဖြစ်နေရမယ်
- Protein ပေါင်းစပ်မှု မှန်ကန်ရမယ်
- Carbohydrate လည်းမျှတစွာ ပါဝင်ရမယ်
- အဆီ ကိုလိုအပ်သလောက် ပါဝင်ဖို့ ထည့်ရမယ်
- Energy နဲ့ Recovery ကို အမြဲ ဂရုပြုနေရမယ်
- Strength လိုချင်ရင် Recovery ကို အာရုံစိုက်ရပါတယ်
ကြွက်သား ကြီးထွားဖို့စိုတာ အလေးတွေ ဇွတ်မ နေလို့ပဲမရပါဘူး ကြွက်သားကြီးထွားဖို့အတွက် ကစားသမားက Training နဲ့ အနေထိုင်အစားသောက် Smart ဖြစ်ဖို့ လိုအပ်ပါတယ်။





💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

09/11/2025

၁၉၆၀ လောက်တုန်းက တိရစ္ဆာန်များလေ့လာသူဖြစ်တဲ့ အမရ်ရိကန် က ဒေါက်တာ John B. Calhoun ဟာ ကြွက်တွေအတွက် “Mouse Paradise” ဆိုတဲ့ ကြွက်တွေအတွက် အထူး စပါယ်ရှယ် နေရာတစ်ခု ဆောက်ပေးခဲ့ပါတယ်။
ဒီ အစမ်းသက်ခံ ကြွက်တွေအတွက် အစားသောက်က ပူစာမလိုအောင် အစာရေစာ အလျှံပယ်ရှိမယ်၊ သူတို့ နေမပူ မမိုးမရွာဘူး သက်တောင့်သက်သာ နဲ့ နတ်ပြည်လိုနေရမယ့်နေရာတစ်ခုပေးထားတာပါ။ ကြွက်တွေက သူတို့ကို ရိုက်နှက်—တ်မယ့် သူမရှိ၊ ကြောက်စရာမလို ပူပင်စရာမလိုပါဘူး တကယ့်သူတို့အတွက်က ဒီနေရာဟာ နတ်ပြည်ကြီး လိုပါပဲ။

အစကတော့ နတ်ပြည်ပါပဲ..
ကြွက်တွေဟာ ပျော်မြူးပြီး သားတွေပေါက် အသိုက်တွေထပ်ဆောက် ကိုယ်ပိုင်မြို့တွေတည်ကြပေါ့
ကြွက်ဦးရေ အကောင်ရေတွက် ၆၀၀ကျော် ဖြစ်လာတဲ့နောက်မှာ တစ်ခုခုဖြစ်ပြီ၊ အရင်လိုအေးချမ်းစရာတော့မဟုတ်တော့တာသေချာပါတယ်။

သန်မာတဲ့ကြွက်တွေဟာ အကောင်းဆုံးနေရာတွေရွေးချယ်ပြီးနေကြတယ်၊ ပျော့တိပျော့ညံ့ကြွက်လေးတွေကတော့ ဒေါင့်တွေကပ်ကုန်တာပေါ့။
ကြွက်အမတွေကလည်း ကြွက်သားပေါက်တွေ ဂရုစိုက်ခြင်းမရှိတော့ပဲ ပြစ်ထားကြတယ်။
ဆူပူသောင်းကျန်းတာတွေ စလာပြီး သားလိုက်မိတ်လိုက်ခြက်းလည်းမရှိတော့ပါဘူး။ နောက်ဆုံး ကြွက်ကိုလိုနီတစ်ခုလုံးဟာ ရှင်သန်ချင်စိတ် ပျောက်ဆုံးနေပါတယ်။

အစာရေစာ ကုန်မှာ ပူစရာမလိုပေမယ့် ခက်တာက ရည်ရွယ်ချက်တွေ ပျက်သုန်းပြီး မရှိလို့ နေကြတာပါ။

နောက်ဆုံးမျိုးဆက်တွေဟာ ဆိုးရွားစွာကြီးထွားကြတယ်၊ တစ်ကောင် အပေါ်တစ်ကောင် ချစ်ခင်ကြင်နာတာမရှိဘူး၊
ပုံဆိုးပန်းဆိုးတွေဖြစ်လာတယ်၊ တစ်ကောင်နဲ့တစ်ကောင် အချိတ်ဆက် အဆက်သွယ်မဲ့လာတယ်။
ဒါကို Colhoun က “the Behavioral sink” လို့ ခေါ်တယ်။
ရုပ်ပိုင်းဆိုင်ရာ ပျက်စီးချင်းပင်မဟုတ်ဘူး စိတ်နဲ့ညင် ပိုင်းဆိုင်ရာ ပျက်သုန်းတာ။

သူတို့ ရရှိမယ့် အသားသောက် စည်းစိမ် ဟာ နောက်ဆုံး ကျန်တဲ့ ကြွက်လေး သေသွားတာတောငါ ဆက်လက် များပြားတုန်းပါပဲ ပိုလျှံပြီး တောင်ပုံရာပုံဖြစ်နေတာပေါ့။

Colhoun ဟာ အကြိမ်ပေါင်း ၂၅ ကြိမ်စမ်းသပ်တယ် စမ်းသပ်တိုင်း ဒီလို Result ပဲကြုံရတယ်။

သူ့ရဲ့ experiment ပြီးဆုံးလို့ နိဂုံးချုပ် သုံးသပ်ချက်က စမ်းသပ်ခန်းက လှောင်အိမ်လေးတွေကိုကျော်လွန်ပြီး ပဲ့တင်သံထပ်သွားခဲ့ပါတယ်။

Population တစ်ခုဟာ ရှင်သန်စရာ ရည်ရွယ်ချက်၊ အဓိပ္ပါယ်၊ အသိုင်းဝိုင်း ကင်းမဲ့သွားတဲ့အခါ သူတို့ဟာ ခန္ဓာကိုယ်မသေဆုံးခင် အရင်သေဆုံးပါတယ်တဲ့
“When a population loses purpose, meaning, and social bonds — it dies long before its body does.”
(Body မသေခင်/ စိတ်အရင်သေတာကိုပြောတာပါ)

ကျနော်တို့ဟာ ရှင်နေတဲ့အခါ လူကကျန်းမာပြီး စည်းစိမ်တောင့်တင်းနေရုံနဲ့ မပြီးသွားပါဘူး၊
ဒါဟာ ပြည့်ဆုံတယ်လို့ မရှိပါဘူး..
ရှင်သန်စရာ ရည်ရွယ်ချက်ရှိရတယ်၊ အဓိပ္ပါယ်ရှိရတယ်၊ social ရှိရပါတယ်။





💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

08/11/2025

📝 University of Bath လေ့လာမှုတစ်ခုအရ ketogenic အစားအစာ၏ ရေရှည်ဘေးကင်းမှုနှင့် ပတ်သက်၍ စိုးရိမ်စရာအချက်များ ထွက်ပေါ်လာခဲ့တယ်လို့သိရပါတယ်၊ သူတို့ရဲ့ လေ့လာချက်မှာ အရွယ်ရောက်ပြီး ၅၃ ဦးကို စမ်းသပ်မှုတစ်ခုတွင် ပါဝင်သူများဟာ လေးပတ်အတွင်း ပျမ်းမျှ Fat 1.6 kg ကျဆင်းတယ် ဒါပေမယ့် သူ့တို့အစားအစာသည် LDL (low-density lipoprotein) cholesterol 16% တိုးလာစေပြီး သွေးကြောရောဂါရဲ့ (Artery Diseaseရဲ့ ) အဓိကအမှတ်အသားနှစ်ခုဖြစ်သည့် apolipoprotein B 26% တိုးလာစေခဲ့လို့ဆိုပါတယ်။

🔬 Research များဟာ အူလမ်းကြောင်းရှိ အကျိုးပြုတဲ့ Gut Bacteria များ ကျဆင်းသွားတာလည်း တွေ့ရှိခဲ့ပြီး၊
keto ဟာ ရေတို Weight Loss ဖြစ်စေနိုင်သော်လည်း
နှလုံးသွေးကြောနှင့် အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း အကြံပြုထားပါတယ်။

🥗 Keto စားရင်ကောင်းမလားမေးတိုင်း ကျနော့်အတွက်ဖြေရတာ နည်းနည်းခက်ပါတယ်

လိုရင်း အနှစ်ခြုပ်ပြောချင်တာက..

👉 “Popular ဖြစ်နေတိုင်း ကိုယ့်အတွက်မဟုတ်ပါဘူး”

👉 “လူတိုင်း လုပ်တိုင်း ကိုယ်လိုက်လုပ်စရာမဟုတ်ပါဘူး”

👉 “Fitness မှာ shortcut မရှိလို့ ထင်တိုင်းလဲ ကျဲမကောင်းပါဘူး”

👉 “Over မဖြစ်ဖို့ နဲ့ Balance ကျဖို့ပဲ တိုက်တွန်းပါတယ်”

Photo : It’s me 🤓






💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

07/11/2025

Latte ☕️

Photos from Robust Fitness's post 06/11/2025

👋 ဒီနေ့ Keto Diet အကြောင်းအနည်းငယ်ပြောပြမယ် …

🥗 Ketogenic (keto) diet ဆိုတာ Carbs အရမ်းနည်းပြီး, Fat ပမာဏများမယ် Protein ပုံမှန်နဲ့ အလည်လက် အနေထားပါဝင်တဲ့ Diet အမျိုးစားပါ။

🍚 Carbohydrate လျော့ရင်းလျော့ရင်းနဲ့ နောက်ဆုံးမပါဝင်လောက်အထိ ရှိတဲ့ ဒီ Diet ဟာဆိုရင် ကိုယ်ထဲမှာ ရှိတဲ့ Energy Source ကို အတင်းယူသုံးခိုင်းတဲ့ အနေထားကိုသွားပါတယ်။

🍚 Carbs ကနေ 🍬Glucose ပြောင်းလဲတာ ကို ကျနော်ပြောထားဖူးပါတယ်၊ ခန္ဓာကိုယ်က Ketosis ခေါ် metabolic state ကိုရောက်ရှိတဲ့အခါ အဆီကို ဖြိုခွဲပြီး Ketones ဆိုတဲ့ compounds 🧬 တွေဖြစ်လာပါတယ်။

⛽️ Ketones bodies လေးတွေဟာ သွေးတွင်းသကြားဓာတ် (Glucose) ကို အသုံးပြု ပြောင်းလဲပြီး ခန္ဓာကိုယ် နဲ့ ဦးနှောက်အတွက်ကို လောင်စာ fuel ဖြစ်လာပါတယ်။

🥼 တချို့လူတွေကို Weight loss သို့ Epilepsy ဝေဒနာရှင်တွေကို Keto Diet လုပ်ခိုင်းလေ့ရှိပါတယ်။






💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

05/11/2025

💠 Fitness လိုက်စားတဲ့သူ တိုင်း ကျနော်ဒီနေ့ရေးတဲ့ စာတိုလေးကို မဖြစ်မနေ ဖတ်ပါ 💠

Weight Loss / FatLoss ဖြစ်ဖို့ ရာ Calories လျှော့စားကြပါတယ်၊
👉 ဒီလို လျှော့စားတဲ့အချိန်ကြာကြာလုပ်လို့ရသလား ?
👉 ဒီလို လျှော့စားတာက အမြဲလုပ်နေရမှာလား ?
👉 အမြဲ six packs ပေါ်နေရမှာလား ?
👉 အဆီချ ဝိတ်ချ ကရေရှည်သွားသင့်လား ?

ရေရှည် Calories Restrict လုပ်တဲ့အပေါ်မှာ Body ရဲ့ response ကိုသိနားလည်ဖို့လိုပါတယ်။
Calories deficit လုပ်တဲ့အချိန်ဟာ 6~8 week ထက်ပိုလာရင် metabolism 25-30% ထိကျနှေးစေပါတယ် ဆိုလိုတာက လှုပ်ရှားမှုမရှိတဲ့အချိန်မှာ လောင်ကျွမ်းနိုင်တဲ့ ပမာဏ လျှော့ကျမှာပါ။ ကျွဣ်တို့ ခန္ဓာကိုယ်က သဘာဝအလျှောက် ငတ်မွတ်နိုင်တဲ့ကာလကိုဖြတ်သန်းဖို့ (အစာခံနိုင်အောင်) အဆီသိုလှောင်ပေးပါတယ်။

Metabolism နှေးစေတဲ့ effects တွေဟာ ရေရှည် Muscles Maintenance, Energy Expenditure နဲ့ Hormones တွေအပေါ်သွားထိခိုက်စေပါတယ်၊ ဆက်လက်ပြီး ဝိတ်ကျဖို့ဆောင်ရွက်ရာမှာ ပိုပြီးခက်ခဲစေပါတယ်။ ကြာရင် အားအင်လျော့နည်း မူးဝေလာမယ်၊ Physical Performance တွေကျလာမယ်၊ Energy Preservation လုပ်ဖို့ ရာ calories intake နည်းနေတဲ့အတွက် ခန္ဓာကိုယ်ရဲ့ processing ပိုင်းမှာ ကျဆင်းလာမှာပါ။

အစားစာ Diet မှာ အဟာရကြွယ်ဝရပါမယ်၊
Diet မှန်ရင်လည်း Training Program ပိုင်းဆိုင်ရာ Strength Training, Cardiovascular Training နဲ့ Physical Exercise မှန်ကန်မှုရှိ ရပါမယ်။
သေချာနားလည်ရမှာ က Body ရဲ့ weight management ကိုနားလည်သဘောပေါက်ရပါမယ်။

Short term results ဖြစ်စေမယ့် Struct Dieting ဟာ Biological Adaptation ကို လှုပ်ခက်စေပြီး long term maintenance မှာတော့ မျှော်မှန်းထားတဲ့ Results တွေ ဖြစ်မဖြစ်မသေချာအောင် အနှောက်ယှက်ရစေမှာပါ။

Fitness ဆိုပေမယ့်
“ငါ Gym သွားနေတာပဲလေ…”
“ငါ ကစားနည်းတွေသိနေတာပဲ…”
“ငါ့မှာ six packs တောင်ရှိနေပြီပဲ…”
ဆိုတိုင်း မပြီးပါဘူး..

💭 Balance ဖြစ်ဖို့ ဘာတွေလိုမလဲ ?
- Metabolism နဲ့ပက်သက်လို့
- ကန့်သတ်ချက် သတ်မှတ်ချက်တွေ နဲ့ပက်သက်လို့
- Energy နဲ့ပက်သက်လို့
-
- ဒါတွေ သိရှိနားလည်သဘောပေါက်မှ Smart ဖြစ်မှ Fitness ဆိုတာ က ကိုယ့်အတွက်ဖြစ်မှာပါ။ 💪







💪Overall Wellness အတွက် ကျန်းမာ သန်စွမ်းလိုပါက ကျနော်နဲ့ Personal Training ယူဖို့ : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

Photos from Robust Fitness's post 04/11/2025

⁉️ 🏋️Gym သွား၊ 🏃‍♀️Exercises လုပ်၊ 🥗Diet လုပ်၊ 💪Fit lifestyle ကိုရွေးချယ်ပြီးမှ
ကိုယ့်ရှေ့မှာ ကိုယ်အရမ်းကြိုက်တဲ့အစားသောက်တွေ လုံးဝမစားရတော့ဘူးလား ? 😥

⁉️ ပုံမှန် gym သွား ကစားထားသမျှ စားချင်တာစားရင် အလကားဖြစ်ကုန်မှာလား ?
Party တွေ မွေးနေ့တွေ သွားမရတော့ဘူးလား ? 🤔

👉 အဓိက က အစားသောက်ရွေးချယ်တာ နဲ့ ဆိုင်ပါတယ်
ကိုယ်ကြိုက်နှစ်သက်တဲ့ အစားသောက်ဟာ ဆီကြော်နဲ့ fast food အခြေခံအစားသောက်မဟုတ်ပဲ လူတွေက ပြုပြင်ဖန်တီး modify လုပ်လိုက်တဲ့ သဘာဝမဟုတ်တဲ့ အစားသောက်တွေကို နေ့စဉ်စားသုံးတာတော့ မလုပ်သင့်ပါဘူး။
ကိုယ်က စိတ်ပိုင်းလုံးဝမပျက်ရင်
ရံဖန်ရံခါ တစ်ခါတလေသာ စားတာပိုကောင်းပါတယ်။

👉 နောက်တစ်ခုက တစ်နေကုန် စားချင်တာ စားလိုက်မယ့်အစား တစ်နေ့ ၃ နှပ်စားတယ်ဆိုပါစို့
တစ်နေ့မှာ ၂ နှပ်လောက် cheat မိတယ်ဆိုရင် ၁ နှပ်ကတော့ healthy စားသေးတယ် ဒါက acceptable ပါ။
တစ်နေကုန် စားချင်တာ စားလိုက်တာတော့ မလုပ်သင့်ပါဘူး။

👉 Calories count လုပ်တတ်ရင် ကောင်းပါတယ်။
တနေ့တာ Diet Plan မှာ လိုအပ်တဲ့ calories မကျော်လွန်ဖို့သတိထားပါ။
Beginner level ပဲဖြစ်ဖြစ် Advance level ပဲဖြစ်ဖြစ်ပါ
Calories count လုပ်ခြင်းကို neglect လုပ်တဲ့နေ့က
Unexpected outcomes တွေပဲ ဘယ်ချိန်ကြုံရမလဲ ကြောက်ကြောက်နဲ့ မျှော်နေရဦးမှာပါ။





💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Yangon