Handmade by Thoon

Handmade by Thoon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Handmade by Thoon, Yangon.

12/05/2026

Angel Wings🤍🪽

Photos from Handmade by Thoon's post 10/05/2026

မေလရဲ့ အပူဒဏ်ကို ခေတ္တမေ့လျော့စေတဲ့ မိုးပြေးလေးနဲ့အတူ... 🌦️✨
​မိုးရွာပြီးစ လေထုထဲမှာ တောက်ပနေတဲ့ နတ်သမီးလေးပါ 🧚‍♀️🤍

စက်ချုပ်မဟုတ်ဘဲ လက်ချုပ်နဲ့ပဲ အချိန်ပေးပြီး သေသေချာချာလေး ပုံဖော်ထားတာ မို့လို့ ကိုင်လိုက်တိုင်းမှာ ဖန်တီးသူရဲ့ စေတနာကို ခံစားရမှာပါ🪡

​ပူအိုက်တဲ့နေ့ရက်တွေကြားမှာ အေးမြတဲ့ အလှတရားလေးတစ်ခုအဖြစ် အနားမှာ ရှိနေပေးမယ့် နတ်သမီးလေးပေါ့🥰

ချစ်စရာ key holder လေးကိုပညာဒါနသင်ပေးပြီး လိုနေတဲ့ပိတ်စ‌လေးပါ ပို့ပေးတဲ့ ALNI handmade က မအယ်နီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🫶🤎

Photos from Handmade by Thoon's post 25/04/2026

မင်္ဂလာဆောင် ပြန်ကမ်းလက်ဆောင်အတွက်💑
Card Holder အလုံး ၃၀၀ အော်ဒါလေးပါ

အိတ်သေးသေးလေးတွေဆိုပေမဲ့ ​
တယောက်ထဲ အစအဆုံး ချုပ်လုပ်ရတာမို့
အီစိမ့်သွားတဲ့အထိ ပင်ပန်းပေမဲ့လည်း
အခုလိုထုပ်ပိုးပြီးစီးသွားတဲ့ အနေအထားရောက်တော့ ပင်ပန်းသမျှတွေ အကုန်ပျောက်ပြီး ပီတိတွေပဲ ကျန်ပါတော့တယ်✨

​ယုံကြည်စိတ်ချစွာ မှာယူပေးတဲ့ မင်္ဂလာဇနီးမောင်နှံနှစ်ဦးလည်း တသက်လုံး ရွှေလက်တွဲမြဲပြီး ပန်းခင်းလမ်းကို အတူတူ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ရှင်🥰

12/04/2026

Thingyan vibe: Fabrics and Threads. 🪡✂️

Photos from Handmade by Thoon's post 19/03/2026

🦁 Leo ♌ & Snail Block Mini Bag

​အရှေ့ဘက်ခြမ်းမှာ Leo Sign လေး
အနောက်ဘက်မှာ Snail block လေးနဲ့ အလှဆင်ထားတဲ့ အိတ်ကလေးပါ 💛✨

✨အိတ်လေးကိုတော့
​China Yarn Dyed Fabric (Grade A) နဲ့ YKK Zip တို့ကိုအသုံးပြုထားပြီး
Patchwork (ပိတ်စလေးများ ဆက်ခြင်း)၊
Appliqué (ပိတ်ကပ် အလှဆင်ခြင်း)၊
Quilting (ပိတ်ဖောင်းကြွ ချုပ်လုပ်ခြင်း) စသောပညာရပ်တွေကို ပေါင်းစပ်ကာ ၉၀% လက်ချုပ် သီးသန့်နဲ့ပဲ တစိမ့်စိမ့် ချုပ်လုပ်ဖန်တီးထားတဲ့ Full Handmade လက်ရာစစ်စစ်ဖြစ်ပါတယ်။

​Price: 80,000 MMK ✨
​Size: 10cm (L) x 10cm (H) x 5cm (W)
​Capacity: ဖုန်းတော့မဆံ့ပေမဲ့ မိတ်ကပ်နဲ့ ပစ္စည်းပိစိလေးတွေ စုံစုံလင်လင် ဆံ့ဆံ့ပါတယ်

​မိမိကြိုက်နှစ်သက်ရာ Customized Design လေးတွေနဲ့လည်း သီးသန့် Order အပ်နှံနိုင်ပါတယ်ရှင်။ 🤎 ✨




15/03/2026

🦁 Leo Sign Mini Bag ♌

​အိတ်ပိစိလေးတွေဆို အရမ်းချစ်လို့ ကိုယ်တိုင်သုံးဖို့ ချုပ်ထားတဲ့ Handmade အိတ်လေးပါ🤎

Admin ကိုယ်တိုင်က Leo ရာသီဖွားမို့ အမှတ်တရဖြစ်အောင် ♌ Leo sign လေး ထည့်ချုပ်ထားတယ်✨

​ချစ်စရာကောင်းရုံတင်မဟုတ်ဘဲ ပိစိကွစလေးတွေလည်း စုံစုံလင်လင် ဆံ့တာမို့ သွန်းကတော့ ဟိုနားဒီနားသွားရင် လွယ်ကြိုးလေးတပ်ပြီး သုံးနေပါတယ်💁

လက်ကိုင်ကြိုးလေးနဲ့ ကိုင်ရင်လည်း အရမ်း Cute ဖြစ်တယ်နော် 🥰🤎

07/03/2026

ဒီ Wallet လေးကို ဈေးနှုန်းလေးတွေ လာမေးကြသူတွေများလို့ အားလုံးအတွက် တခါတည်း တင်ပေးလိုက်ပါတယ်ရှင့်🫶🥰

သွန်းအနေနဲ့ ၉၀% လက်ချုပ် Handmade အိတ်လေးတွေကို အခုမှ စတင်ဖန်တီးတာမို့လို့
ပထမဆုံး အားပေးကြမယ့်သူတွေအတွက်
"အထူးဈေးနှုန်း 80,000 ကျပ်" တည်းနဲ့ Order အပ်နှံနိုင်ပါပြီ💯🔥

​ပုံစံတူတွေထက်စာရင် သွန်းက တစ်ဦးချင်းစီအတွက် Unique ဖြစ်မယ့် Customized Design လေးတွေပဲ ဖန်တီးပေးချင်တာမို့လို့ စိတ်ကူးဒီဇိုင်းလေးတွေကို သီးသန့်လာရောက် ဆွေးနွေးလို့ ရပါတယ်ရှင်🤗

✨အိတ်လေးကိုတော့
​China Yarn Dyed Fabric (Grade A) နဲ့ YKK Zip တို့ကိုအသုံးပြုထားပြီး
Patchwork (ပိတ်စလေးများ ဆက်ခြင်း)၊
Appliqué (ပိတ်ကပ် အလှဆင်ခြင်း)၊
Quilting (ပိတ်ဖောင်းကြွ ချုပ်လုပ်ခြင်း) စသောပညာရပ်တွေကို ပေါင်းစပ်ကာ ၉၀% လက်ချုပ် သီးသန့်နဲ့ပဲ တစိမ့်စိမ့် ချုပ်လုပ်ဖန်တီးထားပါတယ်။

Photos from Handmade by Thoon's post 23/02/2026

ဒီအိတ်လေးက Page မှာသာ အခုမှ တင်ဖြစ်တာ
တကယ်တော့ ပထမဆုံး ကိုယ်တိုင်အားစိုက်ချုပ်ထားတဲ့ လက်ရာလေးမို့ မရောင်းဘဲ ကိုယ်တိုင်ပဲ အမြတ်တနိုး သုံးဖြစ်နေတာ ကြာပါပြီ ✨

​Handmade စစ်စစ်ရဲ့ အထိအတွေ့က တကယ်ကို ထူးခြားတာမို့ ဘယ်သွားသွား အမြဲခေါ်သွားဖြစ်တဲ့ သွန်းရဲ့ Favorite အိတ်လေးပေါ့ 🤎🥰

Photos from Handmade by Thoon's post 22/02/2026

🧵 စက်သံတွေခဏနားပြီး... အပ်ကလေးတစ်ချောင်းနဲ့ စတင်တဲ့ခြေလှမ်းသစ် 🪡

​သွန်းက အရင်ကတည်းက အိတ်လေးတွေဖန်တီးရင် Embroidery ပန်းလေးတွေကို လက်နဲ့ အနုစိတ်ထိုးပြီးမှ စက်နဲ့ အဆုံးသတ်ပေးခဲ့တာပါ။
အခုတော့ အပ်ချည်မျှင်လေးတွေနဲ့ အချိန်ပေးရတာကို မြတ်နိုးတဲ့ သွန်းအတွက် ပိုပြီးနက်ရှိုင်းတဲ့ ခြေလှမ်းအဖြစ် Full Handmade (Quilted) လက်ချုပ်အိတ်လေးတွေကို စတင်ဖန်တီးဖြစ်ခဲ့ပါတယ်။ ✨

​ဒီတခါမှာတော့ စက်သံလေးတွေကို ခဏဖယ်ထားပြီး အစအဆုံး လက်နဲ့ပဲ တစိမ့်စိမ့် ချုပ်လုပ်ဖြစ်ခဲ့ပါတယ်။
လက်ချုပ်အိတ်တစ်လုံးဖြစ်ဖို့ဆိုတာ စက်နဲ့ချုပ်သလို
တထိုင်တည်းနဲ့ ပြီးမသွားဘဲ နေ့ရက်ပေါင်းများစွာ စိတ်ရှည်လက်ရှည်နဲ့ တချက်ချင်းစီ တရွေ့ရွေ့ချုပ်ရတာပါ။
ဖန်တီးသူရဲ့ စိတ်ပါလက်ပါရှိမှုနဲ့ စေတနာတွေ အပြည့်အဝပါမှသာ အိတ်တစ်လုံးက အသက်ဝင်လာတာမျိုးမို့ ပေးဆပ်ရတဲ့ "အားထုတ်မှု" က အတော်လေး ကွာခြားပါတယ်။ 🌿

​အသုံးပြုတဲ့ ပိတ်စမှာဆိုရင်လည်း သာမာန်ပိတ်စမျိုးမဟုတ်ဘဲ ယက္ကန်းပိတ်စစ်စစ်၊ အပ်ချည်လုံးကအစ ဇစ်အဆုံး အကောင်းဆုံး Premium Quality တွေကိုပဲ ရွေးချယ်အသုံးပြုထားတာမို့ ရရှိလာတဲ့ အသွင်အပြင်က စက်ချုပ်အိတ်တွေမှာ မရနိုင်တဲ့ ထူးခြားတဲ့ ခံစားချက်မျိုးကို ပေးပါတယ်။
အဲ့ဒီလို အချိန်တွေ၊ အားစိုက်မှုတွေနဲ့ အကောင်းဆုံးကုန်ကြမ်းတွေကိုပဲ ရင်းနှီးထားရလို့လည်း Handmade အိတ်စစ်စစ်လေးတွေရဲ့ တန်ဖိုးက စက်ချုပ်အိတ်လေးတွေနဲ့စာရင် သိသိသာသာ ကွာခြားမှုရှိနေတာပါရှင်။

ဈေးနှုန်းကွာခြားမှုရှိပေမဲ့ ​ကိုင်လိုက်တဲ့အခါ ရရှိမယ့် Handmade စစ်စစ်ရဲ့ Feeling၊ နွေးထွေးမှုနဲ့ လောကမှာ တစ်လုံးတည်းရှိတဲ့ Unique ဖြစ်မှုကတော့ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ ခံစားချက်မျိုးပါ။🤎🫶

Handmade ကို ချစ်မြတ်နိုးကြတဲ့သူတွေအတွက်တော့ ဒီလိုအိတ်လေးတွေဟာ အိတ်တစ်လုံးထက်ပိုတဲ့ "တန်ဖိုးရှိတဲ့ လက်ရာတခု" ဖြစ်နေမှာ အသေအချာပါပဲ။ 🧶🪡

16/02/2026

ဒီ ပန်းDesign လေးကတော့ ၂၀၂၀ ခုနှစ်၊
အိတ်ကလေးတွေ စတင်ချုပ်လုပ်ကတည်းက
ထိုးခဲ့တဲ့ Design လေးပါ♥️

၅ နှစ်ကျော် ကြာသွားပေမယ့် အခုထိ အားပေးသူတွေ ရှိနေတုန်းမို့ တကယ်ကို ဝမ်းသာမိပါတယ်🫶

အမြဲတမ်း Classic ဖြစ်နေမယ့် အလှတရားလေးပါ✨

Price - 🏷️25,000
(customized color, designရပါသည်)

Photos from Handmade by Thoon's post 08/02/2026

တောပန်းကလေး ဖြစ်ချင်တယ် .....

တောပန်းကလေးတွေမှာ
လိုအင်ဆန္ဒ မရှိဘူး .....

တောပန်းကလေးတွေမှာ
စောင့်မျှော်ရခြင်း မရှိဘူး .....

တောပန်းကလေးတွေမှာ
ထားသွားမယ့်သူ မရှိဘူး .....

နွေအိမ်မောင်ဝင်း

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon