WinningLife

WinningLife

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WinningLife, Consulting Agency, Yangon.

Winning Life empowers individuals and organizations, reach their full potential through tailored personal, professional, and organizational development services. Winning Life is an outstanding personal development training, coaching, and consultancy services company in Myanmar that assists individuals in achieving ultimate success and happiness, as well as for private sector development and the development of NGOs/CBOs.

29/08/2026

Leadership Development Free Seminar မှာ -

🔑 ခေါင်းဆောင်တစ်ဦးအနေနဲ့ သိထားသင့်တဲ့ ခေါင်းဆောင်မှုအသိပညာတွေ

🔑 အဖွဲ့သားတွေကို စိတ်ဓာတ်ကျဆင်းမှုမရှိဘဲ ဦးဆောင်စည်းရုံးနိုင်မယ့် အမြင်သစ်တွေ

🔑 လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချလို့ရတဲ့ လက်တွေ့ကျတဲ့ ခေါင်းဆောင်မှုသဘောတရားတွေ

စတဲ့အသိပညာနဲ့အတွေ့အကြုံတွေကို လုပ်ငန်းခွင်မှာ ဦးဆောင်နေသူတွေ၊ စီမံခန့်ခွဲနေသူတွေအတွက် "အခမဲ့" မျှဝေပို့ချဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံမှာဖြစ်လို့ လူမပြည့်မီ စာရင်းအရင်ပေးသွင်းသူသာ (First Come, First Served) တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ အခုပဲ စာရင်းသွင်းလိုက်ပါ။

အစီအစဉ်
---------

ရက်/နေ့ - ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်/ စနေနေ့

အချိန် - နေ့ခင်း (၁)နာရီ (၃၀)မိနစ်မှ (၄)နာရီ (၃၀)မိနစ်မှအထိ

ဆက်သွယ်ရန်ဖုန်း - ၀၉၄၀၉၅၅၄၇၄၇၊ ၀၉၄၀၉၅၅၄၉၄၉

စာရင်းသွင်းရန်အောက်ပါလင့်ကိုနှိပ်၍ဖောင်ဖြည့်သွင်းပေးပါ။

https://forms.gle/zwHMqb8A8eCoZUNz8

အများအတွက်/ မိတ်ဆွေအပေါင်းအသင်းတွေအတွက် ခုလိုအကျိုးရှိတဲ့ သတင်းကို ကျေးဇူးပြုပြီး Share လုပ်ပေးခြင်းဖြင့် အားပေးကူညီပါ။

26/08/2026

Winning Life နဲ့အတူလက်တွဲလုပ်ဆောင်ဖို့ ဝန်ထမ်းဖိတ်ခေါ်ပါတယ်။

🧑‍💻 ရာထူး - “Sales Executive” (တစ်ဦး)

လုပ်ငန်းတာဝန်များ
=============

✅ ကုမ္ပဏီ၏ သင်တန်း၊ Coaching နှင့် Consulting ဝန်ဆောင်မှုများကို ကော်ပိုရိတ်လုပ်ငန်းများ၊ အဖွဲ့အစည်းများထံ မိတ်ဆက်တင်ပြ၍ ရောင်းချခြင်း။

✅ ဖောက်သည်အသစ်များ ရှာဖွေခြင်းနှင့် ရှိပြီးဖောက်သည်များနှင့် ရေရှည်ဆက်ဆံရေး တည်ဆောက်
ထိန်းသိမ်းခြင်း။

✅ အရောင်းရည်မှန်းချက်များ ပြည့်မီအောင် စီစဉ်ဆောင်ရွက်ခြင်းနှင့် အရောင်းအစီရင်ခံစာများ ပုံမှန်တင်ပြခြင်း။

✅ Proposal နှင့် Quotation များ ပြင်ဆင်ရေးသားခြင်း၊ ဖောက်သည်တွေ့ဆုံဆွေးနွေးပွဲများ တက်ရောက်ခြင်း။

အလုပ်ရက်
========

တစ်ပတ် (၅)ရက် / တစ်ပတ် (၃)ရက်ရုံးတက်ရမည်ဖြစ်ပြီး၊ (၂)ရက် Work from Home လုပ်ကိုင်နိုင်သည်။

လိုအပ်သောအရည်အချင်း
==================

✅ အရောင်းနှင့် ဈေးကွက်ရှာဖွေရေးလုပ်ငန်း အတွေ့အကြုံ (၂)နှစ်နှင့်အထက်ရှိသူဖြစ်ရမည်ဖြစ်ပြီး၊ အရောင်းကျွမ်းကျင်သူဖြစ်ရမည်။

✅ Training ၊ Coaching (သို့မဟုတ်) သင်ကြားရေးနှင့်ဆိုင်သော လုပ်ငန်းများတွင် အရောင်းအတွေ့အကြုံကောင်းရှိသူဦးစားပေးမည်။

✅ Microsoft Office နှင့် အွန်လိုင်းဆက်သွယ်ရေးနည်းပညာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

✅ ဆက်ဆံရေးပြေပြစ်၍ စကားပြောဆိုတင်ပြနိုင်စွမ်း ကောင်းမွန်သူဖြစ်ရမည်။

✅ မြန်မာနှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံး အသုံးပြုနိုင်သူဖြစ်ရမည်။

လစာခံစားခွင့်
==========

အခြေခံလစာ (အတွေ့အကြုံနှင့် အရည်အချင်းပေါ်
မူတည်၍ညှိနှိုင်း) + အရောင်းကော်မရှင်ခ

လျှောက်ထားရန်
===========

Cover Letter နှင့် CV ကို

[email protected] သို့

ပေးပို့လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက 09409554747 ၊ 09409554949 သို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။

25/08/2026

လုပ်ငန်းခွင်ထဲမှာ ဒီလိုလူနှစ်မျိုး ရှိပါတယ်။

ပထမတစ်မျိုးက "ရာထူးရလို့ ခေါင်းဆောင်ဖြစ်နေသူ"

ဒုတိယတစ်မျိုးက "ခေါင်းဆောင်မှုပညာနဲ့ ဦးဆောင်နေသူ"

အပြင်ကကြည့်ရင် နှစ်ယောက်စလုံး တူတူပါပဲ။ ဒါပေမယ့် အဖွဲ့သားတွေရဲ့ စိတ်ဓာတ်၊ လုပ်ငန်းရဲ့ရလဒ်၊ လုပ်ငန်းခွင်ရဲ့အနေအထားက… လုံးဝကွာသွားပါတယ်။

အလုပ်ကို ကျွမ်းကျင်လို့ ရာထူးတိုးခဲ့ကြပေမယ့် အများစုက လူတွေကို ဦးဆောင်နည်းကိုတော့ စနစ်တကျ သင်မပေးခဲ့ကြပါဘူး။ ဒါကြောင့်ပဲ မန်နေဂျာတွေ၊ ခေါင်းဆောင်တွေဟာ ကိုယ်ပိုင်အတွေ့အကြုံနဲ့ပဲ စမ်းတဝါးဝါး ဦးဆောင်နေရရင်း ပင်ပန်းနေကြရတာပါ။

ခေါင်းဆောင်မှုဆိုတာ မွေးရာပါစွမ်းရည် မဟုတ်ပါဘူး။ လေ့လာသင်ယူလို့ရတဲ့ ပညာရပ်ပါ။

ဒီ Free Seminar မှာ -

🔑 ခေါင်းဆောင်တစ်ဦးအနေနဲ့ သိထားသင့်တဲ့ ခေါင်းဆောင်မှုအသိပညာတွေ

🔑 အဖွဲ့သားတွေကို စိတ်ဓာတ်ကျဆင်းမှုမရှိဘဲ ဦးဆောင်စည်းရုံးနိုင်မယ့် အမြင်သစ်တွေ

🔑 လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချလို့ရတဲ့ လက်တွေ့ကျတဲ့ ခေါင်းဆောင်မှုသဘောတရားတွေ

စတဲ့အသိပညာနဲ့အတွေ့အကြုံတွေကို လုပ်ငန်းခွင်မှာ ဦးဆောင်နေသူတွေ၊ စီမံခန့်ခွဲနေသူတွေအတွက် "အခမဲ့" မျှဝေပို့ချဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံမှာဖြစ်လို့ လူမပြည့်မီ စာရင်းအရင်ပေးသွင်းသူသာ (First Come, First Served) တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ အခုပဲ စာရင်းသွင်းလိုက်ပါ။

အစီအစဉ်
---------

ရက်/နေ့ - ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်/ စနေနေ့

အချိန် - နေ့ခင်း (၁)နာရီ (၃၀)မိနစ်မှ (၄)နာရီ (၃၀)မိနစ်မှအထိ

ဆက်သွယ်ရန်ဖုန်း - ၀၉၄၀၉၅၅၄၇၄၇၊ ၀၉၄၀၉၅၅၄၉၄၉

စာရင်းသွင်းရန်အောက်ပါလင့်ကိုနှိပ်၍ဖောင်ဖြည့်သွင်းပေးပါ။

https://forms.gle/zwHMqb8A8eCoZUNz8

အများအတွက်/ မိတ်ဆွေအပေါင်းအသင်းတွေအတွက် ခုလိုအကျိုးရှိတဲ့ သတင်းကို ကျေးဇူးပြုပြီး Share လုပ်ပေးခြင်းဖြင့် အားပေးကူညီပါ။

19/08/2026

ခေါင်းဆောင်မှုရဲ့ အမြင့်ဆုံးအဆင့်မှာ Legacy ဆိုတာ ရှိပါတယ်။

ခေါင်းဆောင်တစ်ယောက်ကို လူတွေ မှတ်မိနေစေတာက သူဘယ်လောက်မြင့်တဲ့ ရာထူးမှာ ရှိခဲ့သလဲဆိုတာထက် သူဖြတ်သန်းခဲ့တဲ့ ခရီးတစ်လျှောက် ဘာတွေချန်ထားခဲ့သလဲဆိုတာပါ။

သူရှိခဲ့တဲ့အချိန်မှာ

လူတွေကို ဘယ်လောက် ပျိုးထောင်ပေးခဲ့သလဲ။

သူဦးဆောင်ခဲ့တဲ့ လုပ်ငန်း၊ အဖွဲ့အစည်းကို ဘယ်လောက် တိုးတက်အောင် လုပ်ပေးခဲ့သလဲ။

သူ့နောက်မှာ သူ့လို၊ ဒါမှမဟုတ် သူ့ထက်ပိုတော်တဲ့ ခေါင်းဆောင်တွေ ဘယ်လောက် ချန်ထားနိုင်ခဲ့သလဲ။

အဲဒါတွေကိုပဲ လူတွေ မှတ်မိနေကြမှာပါ။

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အောင်မြင်မှုက သူရှိနေတဲ့အချိန်မှာပဲ မြင်ရတာ မဟုတ်ပါဘူး။

သူမရှိတော့တဲ့အချိန်မှာတောင် သူဖန်တီးခဲ့တဲ့ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဆက်ရှိနေသေးတယ်၊ သူပျိုးထောင်ခဲ့တဲ့ လူတွေကလည်း တခြားသူတွေကို ဆက်ပြီး ဦးဆောင်ပေးနေတယ်ဆိုရင်

အဲ့ဒါက သူချန်ထားခဲ့တဲ့ Leadership Legacy ပါပဲ။

18/08/2026

အဖွဲ့အစည်းတစ်ခု တိုးတက်နေဖို့ဆိုရင် အဲဒီအဖွဲ့အစည်းထဲက လူတွေလည်း တိုးတက်နေဖို့လိုပါတယ်။

လူတွေ တိုးတက်ဖို့ သင်ယူမှု ဆက်ရှိနေဖို့လိုတယ်။

လုပ်ငန်းခွင်မှာ ကြုံရတဲ့ အတွေ့အကြုံတွေကနေ သင်ယူတယ်။

အမှားလုပ်မိရင်လည်း အဲဒီအမှားကနေ ဘာရလိုက်လဲဆိုတာ ပြန်သင်ယူတယ်။

မသိသေးတာတွေကို လေ့လာတယ်။

လိုအပ်နေတဲ့ အရည်အချင်းတွေကို Training & Development တွေနဲ့ ဆက်ပြီး ဖြည့်တယ်။

ဒီလို သင်ယူနေတဲ့ လူတွေ များလာတဲ့အခါ အဖွဲ့အစည်းထဲမှာ Continuous Learning Culture တစ်ခု ဖြစ်လာပါတယ်။

ဒီနေ့သိထားတာနဲ့ပဲ မနက်ဖြန်ကို ဆက်သွားနေလို့ မရပါဘူး။

လုပ်ငန်းတွေ ပြောင်းနေတယ်။
နည်းပညာတွေ ပြောင်းနေတယ်။
လူတွေရဲ့ လိုအပ်ချက်တွေလည်း ပြောင်းနေတယ်။

ကိုယ်က မသင်ယူတော့တဲ့အချိန်မှာ တခြားသူတွေကတော့ သင်ယူပြီး ရှေ့ကို ဆက်သွားနေကြမှာပါ။

ဒါကြောင့် အဖွဲ့အစည်းတစ်ခုမှာ သင်ယူမှု ရပ်သွားပြီဆိုရင် တိုးတက်မှုလည်း တဖြည်းဖြည်း ရပ်သွားမှာပါ။

16/08/2026

Team တစ်ခုရဲ့ Culture က ဘယ်ကနေ စလာတာလဲ။

အဲဒီ Team ကို ဦးဆောင်နေတဲ့ Leader ဆီကနေ စလာတာပါ။

Leader က လူတွေကို ဘယ်လိုဆက်ဆံသလဲ။
ပြဿနာတစ်ခုကြုံရင် ဘယ်လိုကိုင်တွယ်သလဲ။
ဆုံးဖြတ်ချက်တွေကို ဘယ်လိုချသလဲ။ကိုယ်ပြောထားတဲ့အတိုင်း ကိုယ်တိုင် လုပ်ပြသလား။

ဒီအရာတွေကို Team Member တွေက နေ့တိုင်း မြင်နေရတယ်။

အချိန်ကြာလာတဲ့အခါ သူတို့လည်း အဲဒီပုံစံအတိုင်း လိုက်ပြီး ပြုမူလာတတ်ကြပါတယ်။

Leader က တာဝန်ယူတတ်ရင် Team ကလည်း တာဝန်ယူတတ်လာမယ်။

Leader က လူတွေကို လေးစားရင် Team ထဲမှာလည်း အပြန်အလှန် လေးစားမှုရှိလာမယ်။

Leader က အမှားတွေကို ဖုံးကွယ်တတ်ရင် Team ထဲမှာလည်း အမှားကို ဝန်မခံချင်တဲ့ Culture ဖြစ်လာနိုင်တယ်။

ဒါကြောင့် Leader တစ်ယောက်ရဲ့ နေ့စဉ်အပြုအမူတွေဟာ သူတစ်ယောက်တည်းနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။

အချိန်ကြာလာတာနဲ့အမျှ အဲဒီအပြုအမူတွေက သူဦးဆောင်နေတဲ့ Team ရဲ့ Culture ဖြစ်လာတာပါ။

ဒါကြောင့် Team Culture ကောင်းတစ်ခု တည်ဆောက်ချင်ရင် စည်းမျဉ်းတွေ ထုတ်နေရုံနဲ့ မရပါဘူး။

Leader ကိုယ်တိုင်က ကိုယ်လိုချင်တဲ့ Culture ရဲ့ စံနမူနာ ဖြစ်နေဖို့လိုပါတယ်။

15/08/2026

ပဋိပက္ခမရှိတဲ့ Team ဆိုတာ မရှိပါဘူး။

လူမတူဘူး၊ အမြင်မတူဘူး၊ အလုပ်လုပ်ပုံမတူဘူးဆိုတော့ ပဋိပက္ခတွေ ကြုံရမှာပါပဲ။

အရေးကြီးတာက ပဋိပက္ခဖြစ်လာတဲ့အခါ Leader က ဘယ်လိုကိုင်တွယ်သလဲ ဆိုတာပါ။

စိုးရိမ်တာ၊ ကြောက်တာ၊ ရှောင်လွှဲတာထက် ပဋိပက္ခကို Growth Opportunity တစ်ခုအနေနဲ့ မြင်တတ်ဖို့လိုပါတယ်။

ဘာကြောင့် ဒီလိုဖြစ်လာတာလဲဆိုတာ ဆန်းစစ်မယ်။

နှစ်ဖက်စလုံးရဲ့ အမြင်ကို သေချာနားထောင်မယ်။

ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်အောင်လုပ်ပြီး အဖြေကို အတူရှာမယ်။

ဒီလိုကိုင်တွယ်နိုင်ရင် ပဋိပက္ခတစ်ခုက Team ကို ပိုကွဲသွားစေတာထက် တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာဖို့၊ အလုပ်လုပ်ပုံတွေ ပိုကောင်းလာဖို့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

Leadership ဆိုတာ ပဋိပက္ခမဖြစ်အောင် ရှောင်နိုင်တာ မဟုတ်ဘူး။

ဖြစ်လာတဲ့ပဋိပက္ခကို Team အတွက် တိုးတက်မှုတစ်ခု ဖြစ်လာအောင် ကိုင်တွယ်နိုင်တာပါ။

14/08/2026

Team တစ်ခုမှာ Trust ပျက်သွားရင် Teamwork လည်း အားနည်းသွားပါတယ်။

ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့် Team နဲ့ ကိုယ့်ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပါတယ်။

ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ။

ပြောထားတဲ့အတိုင်း လက်တွေ့လုပ်ပြဖို့ လိုတယ်။ပေးထားတဲ့ကတိကို တည်ဖို့လိုတယ်။

Team Member တစ်ယောက်နဲ့တစ်ယောက်ကို မျှမျှတတ ဆက်ဆံဖို့လိုတယ်။

ပြီးတော့ ခေါင်းဆောင်ဆိုတာကလည်း လူဖြစ်တဲ့အတွက် အမှားမကင်းနိုင်ပါဘူး။

အရေးကြီးတာက မှားတဲ့အခါ ကိုယ့်အမှားကို ဝန်ခံတတ်ဖို့ပါ။

ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တခြားသူတွေဆီက မျှော်လင့်နေလို့ မရပါဘူး။

ကိုယ်လိုချင်တဲ့ အပြုအမူကို ခေါင်းဆောင်က ကိုယ်တိုင်ကစပြီး လုပ်ပြဖို့လိုပါတယ်။

Trust ဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အချိန်ယူပြီး တဖြည်းဖြည်း တည်ဆောက်ရတာပါ။

ဒါပေမယ့် ပျက်သွားဖို့ကတော့အချိန်ခဏလေးပဲ လိုပါတယ်။

13/08/2026

လုပ်ငန်းခွင်မှာ လူတွေကို ဦးဆောင်ရတဲ့အခါ ကိုယ်ပြောချင်တာကိုပဲ ပြောနေလို့ မရပါဘူး။

ကိုယ့် Team က ဘာပြောနေသလဲ၊ ဘာလိုအပ်နေသလဲဆိုတာကိုလည်း အလေးထားပြီး နားထောင်ပေးဖို့ လိုပါတယ်။

အပြန်အလှန် လေးစားမှုနဲ့ ပြောဆိုဆက်ဆံတတ်ဖို့ လိုသလို ကိုယ်ပြောချင်တဲ့အရာကိုလည်း တစ်ဖက်လူ နားလည်လွယ်အောင် ပြောတတ်ဖို့ လိုပါတယ်။

Team ရဲ့ လိုအပ်ချက်အလိုက် အချိန်မှန် Feedback ပေးတာကလည်း Communication ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

တချို့ Leader တွေက ကိုယ်ပြောရမယ့်အရာကိုပဲ အာရုံစိုက်တတ်ကြတယ်။

Leader ကောင်းတစ်ယောက်ကတော့ ကိုယ်ဘာပြောမလဲဆိုတာထက် သူများဘာပြောနေလဲဆိုတာကိုလည်း အလေးထားတယ်။

ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကိုယ့်စကားကို နားထောင်တဲ့သူထက် ကိုယ့်စကားကို နားလည်ပေးတဲ့သူနဲ့ ပိုပြီး လက်တွဲချင်ကြလို့ပါ။

ခေါင်းဆောင်မှုမှာ ပြောတတ်ဖို့ အရေးကြီးသလို နားထောင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

11/08/2026

Team တစ်ခုရဲ့ တိုးတက်မှုက Feedback ရှိ၊ မရှိပေါ်မှာ အများကြီး မူတည်ပါတယ်။

တချို့လူတွေက Feedback ကို ကြားလိုက်တာနဲ့ အပြစ်တင်တာ၊ ဝေဖန်တာ၊ အမှားရှာတာလို့ပဲ ထင်တတ်ကြပါတယ်။

တကယ်တော့ Feedback ဆိုတာအပြစ်တင်ဖို့ မဟုတ်ပါဘူး။

တိုးတက်လာဖို့ လမ်းညွှန်ပေးတာပါ။

ဒါကြောင့် Leader ကောင်းတစ်ယောက်က Feedback ပေးတဲ့အခါလူကို မဝေဖန်ဘူး။
အပြုအမူကိုပဲ ပိုကောင်းလာအောင် ကူညီပေးတယ်။

Feedback ကောင်းတစ်ခုရဲ့ ရည်ရွယ်ချက်က
"မင်းမှားတယ်" လို့ ပြောဖို့ မဟုတ်ဘူး။
"မင်း ဒီထက်ပိုကောင်းလာနိုင်တယ်" ဆိုတာကိုသိမြင်လာအောင် ကူညီပေးဖို့ပါ။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00