Snow Lily

Snow Lily

Share

writer

01/10/2025

ကိုယ်အပေါ်မကောင်းတဲ့လူ​တွေကကိုယ်ရဲ့လုပ်ဆောင်ချက်တိုင်းကိုအပြစ်ပြောကျမှာဘဲ
ကိုယ်လမ်းကိုလျှောက်ပီးအနာဂတ်လှအောင်ရှင်သန်ကြည့်ပါ

06/09/2025

"အပြန်အလှန်သဘောတရား"

တစ်ဦးနဲ့တစ်ဦး နားလည်နိုင်ဖို့ဆိုရင်
ကိုယ်ကလည်း တခြားသူရဲ့ ခံစားချက်ကို နားလည်ပေးနိုင်သူ ၊ နားထောင်းပေးနိုင်သူဖြစ်ဖို့တော့ လိုအပ်တယ်။

တဖက်သက် ကိုယ်အတွေးတွေ၊ ကိုယ်အမြင်​​တွေ​ပေါ်လိုက်ပီး ကိုယ်လိုချင်တဲ့ပုံစံ ကိုယ်ဖြစ်စေချင်တဲ့ပုံစံ အတိုင်း ရအောင် စကားနိုင်လုပီး ပြောနေမယ်ဆိုရင် တဖက်လူရဲ့ခံစားချက်တွေကို နားမလည်ပေးနိုင်သလိုဖြစ်တတ်တယ်။

ပေါင်းသင်းဆက်ဆံရေးတိုင်းမှာ တဖက်လူပြောတာတွေကို နားထောင်ပေးပီး အေးအေးဆေးဆေး တုံ့ပြန်ပြောဆိုဆက်ဆံနိုင်သူ တယောက်ဖြစ်အောင်နေထိုင်နိုင်ဖို့ရာ အရေးကြီးပါတယ်။
..........ချစ်ခြင်းများစွားဖြင့် Snow....

04/06/2025

လူတိုင်းရဲ့ စိတ်အမြင်၊ အပြုအမှု သဘောထားတွေ

မတူသလို ကိုယ်ရဲ့ စိတ်ကလည်း အချိန်နဲ့အမျှ

ပြောင်းလဲနေတော့ ကိုယ့်အပေါ် မကောင်းပြော

ဆက်ဆံတဲ့သူနဲ့တွေ့တိုင်း နားလည်ပေးပီး

တဖက်သူအပေါ် မကောင်းစိတ်လေးမဝင်မိအောင်

ကြိုးစားပီးရှင်သန်လိုက်ပါ..........

Snow Lily

01/06/2025

အသက်အရွယ်တွေကြီးလာ သလို အေးချမ်းတဲ့ ဘဝတွေကိုပိုလိုချင်မိလာတယ်
ကိုယ်ပတ်ဝန်းကျင်မှာ
မလိုအပ်တဲ့သူတွေကို မထားချင် တာတွေဖြစ်လာတယ်

01/06/2025

မမြဲတဲ့ လောက ကြီးမှာ ကောင်းသောအရာတွေနဲ့ အေးအေးချမ်းချမ်း တည်ဆောက်ပီး ဖြတ်သန်းတာက ကိုယ့်အတွက်ကောင်းဖို့ပါ

01/06/2025

အတွေးအခေါ်မတူ တာက တူအောင်လုပ်ယူပီး
ဆွဲခေါ်လို့ရသေးတယ်
မွေးရာပါဗီဇကို က
မကောင်းတဲ့ သူဆိုရင်တော့ မပတ်သက်
ပဲနေတာ က အကောင်းဆုံးဘဲ

11/03/2025

လူတိုင်းကိုတော့ ကိုယ့်စိတ်နဲ့နှိုင်းပီးတော့
ဆက်ဆံတတ်တယ်
တချို့လူတွေကတော့ ကိုယ့်လိုမဟုတ်ကြဘူး
လူတချို့ရဲ့ လိုသုံးလုပ်တာကိုလဲခံရဖူးတယ်
Emotional အရ တိုက်ခိုက်တာလဲခံရဖူးတယ်
ကိုယ်ကတော့ သူတို့ကိုယ်အပေါ် ဆက်ဆံပုံတိုင်းတော့
မဆက်ဆံတတ်ဘူး
ဒါပေမယ့်တော့ သူတို့ကို မေတ္တာထားပီး
boundary လေးတွေချထားလိုက်တော့တယ်
အဲ့အတိုင်းလေးဘဲ ဆက်နေထိုင်လိုက်တာက
ကိုယ့်စိတ်နဲ့ကိုယ့်ဘဝ အတွက် အရမ်းအေးချမ်းစေတယ်

25/10/2024
Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon