CAS Productions

CAS Productions

Share

Recruiting talents to make creative visions come alive and to bring them into reality.

12/02/2024

အားလုံး မင်္ဂလာပါ 😊🎬

မကြာခင် February 14 Happy Valentine Day ဆိုတော့ ချစ်တဲ့သူအတွက် ချောကလက်တွေပြင်ဆင်နေပြီလား .. ?

But wait, Valentine Day ဆိုတာနဲ့ ဘာလို့ ချောကလက်ရလားပဲ မေးနေရကြတာပါလိမ့် 🤔

🍫 အကြောင်းရင်းကတော့ အချစ်နဲ့ချောကလက် ပေါင်းဆက်မှုက ဘီစီ 500 တွင် cacao စေ့ကို ချက်စားခဲ့သော Mayans (Mayan လူမျိုး) တွေကနေ စတင်ခဲ့တာပါ။ Mayans တွေက ချောကလက်ရဲ့ အဆင့်အတန်းမြင့်တဲ့အရသာကြောင့်သာမက ရိုးရာဒလေ့အရပါ အသုံးပြုတာကြောင့် ချောကလက်ကို အရမ်း တန်ဖိုးထားကြတယ်။ နောက်ပိုင်းမှာ ချောကလက်ကို လက်ထပ်ပွဲတွေမှာ စတင်အသုံးပြုလာပြီး အချိန်ကြာလာတာနဲ့အမျှ အချစ် နဲ့ ချောကလက် ရဲ့ ဆက်နွယ်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

🌹Valentine နဲ့ ချောကလက် ပေါင်းစပ်သွားတာကတော့ 1861 ခုနှစ်တွင် သကြားလုံးထုတ်လုပ်သူ Richard Cadbury က Valentine's Day မှာ နှလုံးပုံသဏ္ဍာန်သေတ္တာတွေနဲ့ ချောကလက်တွေကို စတင်ရောင်းချခဲ့တာကနေ အချစ်ရေးသင်္ကေတအဖြစ်နဲ့ ချောကလက် နဲ့ Valentine's Day အစဉ်အလာ မွေးဖွာလာတာဖြစ်ပါတယ်။

ဆိုတော့ အချစ်၊ ချောကလက် နဲ့ Valentine Day တို့ရဲ့ ဆက်နွယ်မှုလည်း သိပြီဆိုတော့ Weekend မှာ Romance လေးနဲ့ Chill လို့ရအောင် Valentine Day Movie တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ✨

🎞 Movie နာမည်ကတော့ CHOCOLAT လို့ခေါ်ပါတယ် .. သူက Romance/Comedy ဇာတ်ကားဖြစ်ပြီး Single Mom နဲ့ သမီးဖြစ်သူတို့ သာမန် french ရွာလေးတစ်ခုမှာ ချောကလက်ဆိုင် ဖွင့်ရာကနေ ရင်ဆိုင်ရတဲ့ ရွာသားတွေရဲ့ သဘောမတူမှုတွေ၊ အမေနဲ့သမီးကြား အထင်လွဲမှုတွေ အပြင် ချစ်သူနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာ၊ အမေနဲ့သမီးကြား ချစ်ခြင်းမေတ္တာတွေကို ချောကလက် နဲ့အတူ ယှဉ်တွဲဖော်ပြသွားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

🏆 ဒီဇာတ်ကားဟာ အကောင်းဆုံးရုပ်ပုံအကယ်ဒမီဆု နဲ့ အကောင်းဆုံးဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပြီး IMDb Rating 7.3 out of 10 ရရှိထားတာဖြစ်ပါတယ်။

ဒါကြောင့် Weekend လေးမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေဖို့ ချောကလက်လေးစားရင်း ရုပ်ရှင်ကြည့်လို့ရအောင် CAS Productions မှ Movie ကောင်းလေးတစ်ပုဒ်ကို ဝေမျှလိုက်တယ်နော် 🍿

08/02/2024

အားလုံးမင်္ဂလာပါ 😊🎬

CAS Productions မှ ဒီ‌နေ့မှာတော့ တရုတ်နှစ်သစ်ကူးလည်း နီးပြီဆိုတော့ မကြာခင် နေရာအနှံ့မှာ တွေ့ရတော့မယ့် အနီရောင် အကြောင်းလေးကို Sharing လုပ်ပေးချင်ပါတယ် .. 🐉

🏮သာမာန်အားဖြင့် ရုပ်ရှင်တွေထဲမှာ အနီရောင်ကို ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ စိတ်အားထက်သန်ခြင်း နဲ့ အချစ် စတာတွေအတွက် အသုံးပြုပါတယ် .. ဒါပေမယ့် တရုတ်သမိုင်းတစ်လျှောက်မှာ အနီရောင်ဟာ အရေးပါသောအရောင်ဖြစ်ပြီး ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်းနှင့် အသက်ရှည်ခြင်းတို့ကို ကိုယ်စားပြုပါတယ် .. ဒါတင်မကဘဲ အနီရောင်ဟာ မကောင်းဆိုးဝါး (nian) ကို တွန်းထုတ်ဖို့ အဖိုးမဖြတ်နိုင်တဲ့ အစွမ်းထက်လက်နက်တစ်ခုဆိုလည်း မမှားပါဘူး

မကောင်းဆိုးဝါး (nian)ရဲ့ သွင်ပြင်ကိုပြောရမယ်ဆိုရင် တစ်ချို့က ခွေးတစ်ကောင်ရဲ့ ခန္ဓာကိုယ် နဲ့ ခြင်္သေ့ခေါင်းရှိတယ်လို့ ဆိုကြပြီး တစ်ချို့က ချိုရှည်နှစ်ချောင်း နဲ့ ချွန်ထက်တဲ့သွားတွေရှိပြီး ဆင်ထက်ကြီးမားတယ်လို့ ဖော်ပြထားကြပါတယ် .. ဒဏ္ဍာရီအရ သူတို့က နှစ်သစ်ကူးအကြိုမှာ ထွက်လာကြပြီး လူတွေကို စားသောက်၊ အိမ်တွေကို ဖျက်ဆီးပြီး ဖရိုဖရဲဖြစ်အောင် လုပ်ကြပါတယ်.. ဒါပေမယ့် ဒီသားရဲက ကျယ်လောင်တဲ့ ဆူညံသံတွေ၊ မီးတောက်တွေ နဲ့ အနီရောင်ကို ကြောက်ရွံ့ကြတာကြောင့် red lanterns တွေကို အိမ်မှာချိတ်ဆွဲပြီး မီးရှူးမီးပန်းတွေ၊ ကြွယ်ဝချမ်းသာခြင်းကို ယူဆောင်လာပေးတဲ့ အနီရောင်မီးအိမ်တွေ နဲ့ အလှဆင်ကြရင်းကနေ အခုလို နှစ်ကူးတိုင်းမှာ တွေ့ရတဲ့ Decoration ဖြစ်လာတာဖြစ်ပါတယ် ..

🧧 ဒါ့အပြင် တရုတ်နှစ်ကူးဆိုတာနဲ့ ရေပန်းစားလေ့ရှိတဲ့ အန်ပေါင်းပေးတာကလည်း နှစ်သစ်မှာကံကောင်းခြင်းတွေ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေးပါတယ် ..ရိုးရာအနီရောင်အဝတ်အစားတွေကိုလည်း မင်္ဂလာဆောင် နဲ့ နှစ်သစ်ကူးပွဲတွေလို အထူးအခါသမယတွေမှာ ဝတ်ဆင်ကြတာကိုလည်း မြင်တွေ့ရမှာပါ ..

ဒါကြောင့် အနီရောင်ဟာ တရုတ်နှစ်သစ်ကူးအတွက်ကတော့ တကယ်ကို မရှိမဖြစ်အရောင်ပါပဲ။

အားလုံးလည်း နှစ်သစ်မှစပြီး ကံကောင်းခြင်းကို ယူဆောင်လာပေးတဲ့ အနီရောင် နဲ့အတူ ပျော်ရွှင်ခြင်းတွေ၊ ကြွယ်ဝချမ်းသာခြင်းတွေ ရရှိပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း 🎉 Gong Hei Fat Choy! 🧧

Photos from CAS Productions's post 01/02/2024

ရုပ်ရှင်ချစ်သူများ အားလုံး မင်္ဂလာပါ 😊🎬

ဒီနေ့မှာတော့ 1st-28th February အထိက LGBT History Month လေးဖြစ်တာမို့ အားလုံးလည်း နားရက်လေးတွေမှာ ကြည့်လို့ရမယ့် LGBTQ+ movies list လေးကို CAS Productions က sharingလေး လုပ်ပေးချင်ပါတယ် .. ✨

Name: Blue Jean
Genre: Drama, Narrative
Rating: 7/10 (IMDb)

ဒီဇာတ်လမ်းက 1980 ခုနှစ်တွေမှာ အင်္ဂလန်နိုင်ငံရှိ Le***an အဖြစ် ဘဝနှစ်မျိုးမှာ နေထိုင်တဲ့ Jean လို့ခေါ်တဲ့ အားကစားဆရာမတစ်ဦးအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် .. Jean ဟာ ကျောင်းဖွင့်ရက်ဖြစ်တဲ့ ကြားရက်တွေမှာ ကျောင်းဝန်ထမ်းတွေရဲ့ လေးစားအားကျရတဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ရှိပြီး ကျောင်းပိတ်ရက်တွေမှာတော့ Club ကိုသွားတတ်တဲ့ Le***an အနေနဲ့ အေးအေးချမ်းချမ်းဘ၀ကို ဖြတ်သန်းနေခဲ့ပါတယ်။ ဒီလိုနဲ့ 1988 မှာ Margaret Thatcher ကွန်ဆာဗေးတစ်အစိုးရက g**s နဲ့ le****ns တွေကို ရှုတ်ချတဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုတော့မယ့်အချိန် တစ်ဘက်မှာလည်း ကျောင်းသားအသစ်တစ်ယောက်က Jean ရဲ့ identity ကို ဖော်ထုတ်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါမှာ Jean အနေနဲ့ အလုပ် နဲ့ သိက္ခာကို ဘယ်လို ကာကွယ်ပြီး ဒီအကျပ်အတည်းထဲက ဘယ်လိုရုန်းထွက်မလဲ ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

Name: Kokomo City
Genre: Documentary
Rating: 7.2/10 (IMDb)

Kokomo City ဇာတ်ကားက 2023 အမေရိကန် Documentary ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ လူမည်းလိင်ပြောင်းအမျိုးသမီး ၄ ဦးက သူတို့ လိင်ပြောင်းလုပ်ငန်းခွင်ထဲ ရောက်လာပုံ၊ အချစ်ဇာတ်လမ်း နဲ့ လူ့သဘောသဘာဝအကြောင်း သိခဲ့ရတာတွေကို ကင်မရာနဲ့ တိုက်ရိုက်စကားပြောဆိုကြတဲ့ interview ပုံစံ နဲ့ ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ် တည်းဖြတ်သူကလည်း Trans woman တစ်ယောက်ဖြစ်တာမို့ Trans ladies လေးတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို မျက်ဝါးထင်ထင် တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဇာတ်လမ်းရဲ့ အဖြူအမည်း Colour သုံးထဲပုံကလည်း ကြည့်ရှုသူကို ခံစားချက်အသစ်တစ်မျိုးပေးစွမ်းပါတယ်။ ဒါကြောင့် Documentary အရသာစစ်စစ်ကိုမှ တစ်မူထူးခြားတဲ့ vibe မျိုးရချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Name: The Blue Caftan
Genre: Romance/Comedy
Rating: 7.6/10 (IMDb)

The Blue Caftan ဇာတ်ကားလေးက Homosexuality ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ရပ်တည်ချက်လို့ မှတ်ယူထားကြတဲ့ လူ့အဖွဲ့အစည်းရဲ့ လျှိုဝှက်ထားတဲ့ သရုပ်မှန်ကို ဖော်ထုတ်ပြသွားတဲ့ Romance/ Comedy ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို Morocco နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ် .. ဒီဇာတ်ကားထဲမှာ Halim ရဲ့ ဘဝနှစ်ခုရဲ့ ရှုပ်ထွေးမှုတွေကို လှလှပပ ကိုင်တွယ်ပြသထားပြီး Homosexuality ကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့လူ့အဖွဲ့အစည်းနဲ့ ယှဉ်တွဲဖော်ပြထားပါတယ် .. ကြည့်ရှုသူတွေအနေနဲ့လည်း Halim ရဲ့ အတွင်းရေးရုန်းကန်မှုတွေကို ဖော်ထုတ်ရင်း Halim ရဲ့ စစ်မှန်တဲ့ သဘာဝကို နားလည်လက်ခံပြီး ရင်သားကင်ဆာကို တိတ်တဆိတ်တိုက်ပွဲဝင်နေတဲ့ ဇနီးဖြစ်သူ Mina ရဲ့ ကြေကွဲဖွယ် ခံစားချက်ကိုပါ ခံစားရစေမှာဖြစ်ပါတယ် ..

နောက်ပြီး ဒီဇာတ်လမ်းက Homosexuality ကို Awareness ပေးရုံတင်မကဘဲ မကြာမီလုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရိုးရာလက်မှုပညာကိုပါ သတိရစေဖို့ ကျွမ်းကျင်အပ်ချုပ်သမားတစ်ဦးအဖြစ် Halim ကို ပုံဖော်ထားပါတယ်။ Halim နဲ့ သူရဲ့ အလုပ်သင် Youssef တို့ကြား တားမြစ်ထားသော ဆက်ဆံမှုကို metaphor အဖြစ်ဖော်ပြရန်လည်း လက်မှုပညာရဲ့ အနုစိတ်သော အသေးစိတ်အချက်အလက်‌တွေကို ထည့်သွင်းသရုပ်ဖော်ထားပါသေးတယ်။

ဒါ့အပြင် ဇာတ်လမ်းမှာ သုံးထားတဲ့ အရောင်တွေဖြစ်တဲ့ အညိုဖျော့, ကော်ဖီ နဲ့ အဝါရင့်တို့လို “Sandy” colours တွေကြောင့် သဘာဝဆန်တဲ့ခံစားချက်ကိုရစေပြီး အပ်ချုပ်တဲ့အခန်းတွေအတွက် အပြာရောင် နဲ့ အရောင်အတောက်တွေကို ပိုမိုမြင်သာအောင် သုံးထားတာမို့ တကယ်ကို အဘက်ဘက်က ကောင်းအောင် ရိုက်ကူးထားတဲ့ ကားလေးဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ ..

ဆိုတော့ အားလုံးလည်း Weekends မှာ ရုပ်ရှင်ကြည့်ရင်း LGBT History Month ကို ကြိုဆိုလိုက်ရအောင် 🎉✨

25/01/2024

ရုပ်ရှင်ချစ်သူများ အားလုံး မင်္ဂလာပါ 😊🎬

မကြာသေးခင် January 7, 2024 California မှာ ကျင်းပခဲ့တဲ့ The Golden Globe ဆုပေးပွဲကို ကြည့်ပြီးကြပြီလား .. 🤗

ဒီ 81 ကြိမ်မြောက် The Golden Globe ဆုပေးပွဲမှာ 2023 ရဲ့ အမေရိကန် ရုပ်မြင်သံကြား ထုတ်လုပ်မှုတွေမှာ အကောင်းဆုံးသော ရုပ်ရှင်တွေ၊ director တွေ၊ သရုပ်ဆောင်တွေ မြောက်မြားစွာကို ဆုချီးမြှင့်ခဲ့ပါတယ် ..

🏆 ဆုရရှိခဲ့တဲ့ ရုပ်ရှင်ကောင်းများစွာထဲကမှ ဒီနေ့မှာတော့ ဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာ ရှုပ်ထွေးတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကို အကောင်းဆုံးရိုက်ကူးနိုင်တဲ့ ၂၁ ရာစုရဲ့ ထိပ်တန်းရုပ်ရှင်ဒါရိုက်တာအဖြစ် သတ်မှတ်ခံထားရတဲ့ Christopher Nolan ရဲ့ Oppenheimer Drama ရုပ်ရှင်နဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ် ..

🏅 Oppenheimer ဇာတ်ကားဟာ Golden Globe ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆုကိုရရှိခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆုအား Christopher Nolan နဲ့ အကောင်းဆုံးဇာတ်ဆောင်ဆုအား Cillian Murphy တို့မှ အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ် ..

📝 ဒီဇာတ်ကားလေးက ၁၉ ရာစု ရူပဗေဒပညာရှင် J. Robert Oppenheimer ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

ဇာတ်ကားအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး Leslie Groves Jr. က ထိပ်တန်းလျှို့ဝှက် Manhattan Project တစ်ခုမှာ ရူပဗေဒပညာရှင် J. Robert Oppenheimer ကို စတင်ခန့်အပ်တာကစပါတယ်။ ရူပဗေဒပညာကို အရူးအမူးစိတ်ဝင်စားတဲ့ Oppenheimer အနေနဲ့ကတော့ မဟာအခွင့်အရေးကြီးဖြစ်ခဲ့တာပေါ့။ တာဝန်ကတော့ Oppenheimer နဲ့ သူရဲ့ သိပ္ပံပညာရှင်အဖွဲ့ဝင်တွေက အဏုမြူဗုံးကို တီထွင်ဖို့ပါ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ကြတဲ့နောက်မှာတော့ ကမ္ဘာ့ပထမဆုံးနျူကလီးယားပေါက်ကွဲမှုကို ဇူလိုင် ၁၆ ရက်၊ ၁၉၄၅ ခုနစ်မှာ အောင်မြင်စွာ လက်တွေ့စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့စမ်းသပ်အောင်မြင်ခဲ့တဲ့ Nuclear Bomb ကို Japan နိုင်ငံရဲ့ Hiroshima and Nagasaki မြို့တွေကို ပစ်ချဖို့ဆိုတာကို သူမသိခဲ့ပါဘူး။ ဒီတော့ Oppenheimer သိသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ သူဘာတွေလုပ်မလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ရင်နာဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

💡 အခုလို Documentary ကိုမှ ဗဟေဠိဆန်ဆန် နဲ့ ဇာတ်ကွက်တိုင်းကို စိတ်ဝင်တစားနဲ့ ရုပ်ရှင်ဇာတ်ကားကောင်းကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ Oppenheimer ကို ကြည့်ဖို့ အကြံပေးချင်ပါတယ်နော် ..

💬 အားလုံးအနေနဲ့လည်း Oppenheimer ကြည့်ပြီးလို့ပဲဖြစ်ဖြစ် The Golden Globe မှာဆုရခဲ့တဲ့ ဇာတ်ကားတစ်ခုခုကို ကြည့်ပြီးလို့ပဲဖြစ်ဖြစ် ကြည့်ပြီးသွားတဲ့ ဇာတ်လမ်းရဲ့ အကျဉ်းလေးနဲ့ ခံစားချက်လေးတွေကိုလည်း Comment မှာ အားလုံးနဲ့အတူ ဝေမျှပေးပါဦးနော် .. 🤝

18/01/2024

အားလုံးပဲ မင်္ဂလာပါ 😊🎬

2024 လည်းရောက်ပြီဆိုတော့ အားလုံးလည်း နှစ်သစ်မှာလုပ်သွားမယ့် ပန်းတိုင်တွေကို ရေးဆွဲရင်း နှစ်ဟောင်း 2023 ရဲ့ reflection ကိုလည်း စဉ်းစားမိကြမယ်ထင်ပါတယ် .. ✨

CAS Productions အနေနဲ့လည်း 2023 တစ်နှစ်လုံးမှာ ပြုလုပ်ခဲ့တာတွေ၊ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်သုံးသပ်ရမယ်ဆိုရင် 🤝လူထုအကျိုးပြုလှုပ်ရှားမှုတွေကို တစိုက်မတ်မတ် ပြုလုပ်ပေးနေပြီး Organic စိုက်ပျိုးရေးနည်းစနစ်ကို ဖြန့်ဝေပေးနေတဲ့ Grow Future Project နဲ့ လူထုအကျိုးပြုလှုပ်ရှားမှုတွေအပြင် ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ဝေမျှပေးနေတဲ့ FAME Pharmaceuticals တို့နဲ့ Projects တွေ တော်တော်များများ လက်တွဲလုပ်ဖြစ်ခဲ့ပါတယ် .. 🤝🌐

🎯 CAS Productions ရဲ့ mission တွေထဲမှာ ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ လူထုအကျိုးပြုလှုပ်ရှားမှုတွေ၊ အသိပညာမျှဝေတာတွေ အပြင် ကြည့်ရှုသူတိုင်းကိုလည်း ပညာလည်းရ ပျော်ရွှင်မှုလည်းရအောင် videos တွေ ဖန်တီးပေးချင်တာကလည်း တစ်ခုအပါအဝင်ဖြစ်တာကြောင့် အခုလို အဖွဲ့အစည်း တွေနဲ့ လက်တွဲခွင့်ရခဲ့တဲ့အတွက် အရမ်းကို ဝမ်းသာ ကြည်နူးမိပါတယ် …

🤗 ဒါ့အပြင် ရိုက်ကူးရေးမှာ အစစအရာရာ အဆင်ပြေချောမွေ့အောင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြတဲ့ CAS Productions အဖွဲ့ဝင်တွေ နဲ့ Volunteers တွေကိုလည်း ကျေးဇူးတင်ပါတယ် ..

🌟 တစ်နှစ်လုံးမှာ ပုံစံလုံးဝမတူညီတဲ့ Video အမျိုးအစားတွေကို ရိုက်ကူးခဲ့ရတာမို့ အခက်အခဲတွေရော အတွေ့အကြုံအသစ်တွေ အများကြီး ရခဲ့တဲ့ နှစ်ဆိုလည်း မမှားပါဘူး ..

🌈🎬 နောင်လာမယ့်နှစ်တွေမှာလည်း ပြည်သူလူထုကို ပညာလည်းရ အကျိုးလည်းရှိစေပြီး ပျော်ရွှင်စေမယ့် videos တွေ၊ Sessions တွေနဲ့ Opportunities တွေ အများကြီး ပြုလုပ်သွားဦးမှာမို့ အားလုံးလည်း ဝိုင်းဝန်းပံ့ပိုးပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း ဖိတ်ခေါ်လိုက်ချင်ပါတယ် … 💌

အားလုံးပဲ 2024 မှာ ရည်မှန်းထားသမျှအောင်မြင်ပြီး ပျော်ရွှင်ကျန်းမာ အောင်မြင်သုခ ရပါစေ 🙏

11/01/2024

🎬 CAS Productions ရဲ့ Production Video‌‌s တွေကို Personalised Services ပေးနေပြီနော် 📢

✅ သင့်လုပ်ငန်းရဲ့ စနစ်ကျတဲ့ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ချပြချင်ပါသလား .. ?
✅ Storytelling ကောင်းကောင်း နဲ့ Creative ဖြစ်တဲ့ နိုင်ငံတကာအဆင့်မှီ Video တစ်ခု ဖန်တီးချင်ပါသလား .. ?

ဒါဆိုရင်တော့ CAS Productions ရဲ့ Production Video လေးနဲ့မိတ်ဆက်ပေးပါရစေ 🙌

🎬 CAS Productions ရဲ့ Production Videos တွေက Client နဲ့ သေချာစွာတိုင်ပင်ပြီး ထုတ်လုပ်ပုံ တစ်ဆင့်ချင်းစီကို မှန်မှန်ကန်ကန် နဲ့ စနစ်တကျရိုက်ကူးပေးတဲ့အပြင် ပေးချင်တဲ့ message ကိုလည်း ထိထိမိမိ နဲ့ ပေါ်လွင်အောင် ရိုက်ကူးထုတ်လုပ်ပေးပါတယ်.. ဒါ့အပြင် Digital Marketing အယူအဆတွေကိုပါ သင့်တင့်သလို အသုံးပြုသွားတာဖြစ်လို့ Video တစ်ခုတည်းနဲ့ အားလုံးနီးပါး အဆင်ပြေစေမှာဖြစ်ပါတယ် .. ✨😊

🔹 🔹 အခုလို Production Video ကောင်းတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် Client စိတ်တိုင်းကျ Personalised Services တွေပေးနေတဲ့ CAS Productions ကို 👉 Page Messenger (သို့မဟုတ်) 📧 Email: [email protected] မှတစ်ဆင့် အခုပဲ ဆက်သွယ်လိုက်တော့နော်

Photos from Real Youth Initiate's post 05/01/2024

အားလုံး မင်္ဂလာပါ

🎬📸CAS Productions မှ Video Services တွေအပြင် Photo services တွေပါ ပေးနေပြီနော် 📸🎬

🤝ဒီပုံလေးတွေကတော့ CAS Productions Media Partner အနေနဲ့ ပါဝင်ထားတဲ့ Grow Future ရဲ့ Event လေးမှာ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ် ..

CAS Productions က Photo Services တွေကို Theme နဲ့အညီ အရည်အသွေးမြင့် ဓာတ်ပုံတွေကို Personalised Services နဲ့ ရိုက်ကူးပေးတဲ့အပြင် Photo Editing နဲ့ လိုအပ်တဲ့ Graphic Design တို့ကိုပါ သင့်တင့်သလို ပြင်ဆင်ပေးပါတယ် .. 📸✨

ရရှိနိုင်မယ့် Photo Services တွေကတော့
✅ Social Impact Photography
✅ Commercial Photography
✅ Corporate Event Photography
✅ Campaign Photography

အခုလို ဓာတ်ပုံတွေကို တစ်ခါတည်းနဲ့ အားလုံးအဆင်ပြေလှပချင်တယ်ဆိုရင်တော့ အခုပဲ CAS Productions ကို Page Messanger (သို့မဟုတ်) 📧 Email: [email protected] မှတစ်ဆင့် ဆက်သွယ်လိုက်တော့နော်

31/12/2023

မင်္ဂလာပါ 🙌

မကြာခင်မှာ ကျရောက်လာမယ့် 2024 နှစ်သစ်မှစပြီး ကိုယ်စိတ်နှစ်ဖြာ ပျော်ရွှင်ကျန်းမာစွာ နှင့် အောင်မြင်မှုပန်းတိုင်များကို ဆွတ်ခူးနိုင်ပါစေလို့ CAS Productions မှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် 🎬🌷

CAS Productions အနေနဲ့ 2024 မှာလည်း လူထုအကျိုးပြုလှုပ်ရှားမှုတွေ နဲ့ ပညာပေးအစီအစဉ်တွေကို အများကြီးဆက်လက် လုပ်ဆောင်သွားဦးမှာဖြစ်တဲ့အပြင် မတူညီတဲ့ အသစ်အသစ်သော ဖန်တီးမှုတွေ၊ အထူး special အစီအစဉ်တွေပါ ရှိသွားမှာဖြစ်လို့ Page ကို စောင့်ကြည့်ပေးပါဦးနော် 👀

နှစ်သစ်မှာ လူသစ် စိတ်သစ် နဲ့ အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်နိုင်ကြပါစေ✨🎉

20/12/2023

CAS Productions က ဒီတစ်ခေါက် FAME Pharmaceuticals ရဲ့ Papaya သင်္ဘောရွက်ဆေး ကြော်ငြာလေးကို ပညာပေး Comedy လည်းဖြစ်၊ Creative လည်း ဖြစ်စွာဖြင့် ပရိတ်သတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိအောင် ဖန်တီးတင်ဆက်ထားပါတယ် …

✅ အခုလိုမျိုး မိမိရဲ့ Commercial Videos တွေကို အများနဲ့မတူ ဆန်းသစ်အောင် ဖန်တီးချင်တယ်ဆိုရင်တော့ 🎬 📞09789965205 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် 🙂 …

15/12/2023

🎬 အခုလို Product Video လေးကို Informative နဲ့ Creative ဖြစ်ဖြစ် ဖန်တီးချင်တယ်ဆိုရင်တော့ အများပြည်သူများအတွက် စိတ်တိုင်းကျ Personalised Services တွေပေးနေတဲ့ CAS Productions ကို အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင် … 👍🎬

06/12/2023

CAS Productions က ဒီတစ်ခေါက်မှာတော့ Grow Future ရဲ့ Yangon AGRi-Adventure Event Video လေးကို International ဖြစ်ပြီး Event ရဲ့ အနှစ်သာရပေါ်လွင်အောင် ရှုထောင့်ပေါင်းစုံကနေ အသေးစိတ်လှပစွာရိုက်ကူးထားပါတယ်... 🎬🌟

Grow Future အနေနဲ့ အခုလိုပွဲမျိုးကို လာမယ့် ဒီဇင်ဘာ ၈, ၉, ၁၀ မန္တလေးမှာ ပိုမိုကောင်းမွန်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေအများကြီးနဲ့ ထပ်မံပြုလုပ်သွားဖို့ ရှိသေးတာမို့ အသေးစိတ်ကို 👉 Real Youth Initiate Page မှ ဖတ်ရှုပြီး လျှောက်လွှာပေးပို့ထားလို့ရပါပြီနော် … ✔️

🔹 🔹 အခုလို Event Video တွေကို ဖန်တီးချင်တယ်ဆိုရင်တော့ Client စိတ်တိုင်းကျ Personalised Services တွေပေးနေတဲ့ CAS Productions ကို အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင် …

29/11/2023

CAS Productions မှ တတ်သစ်စဝါသနာရှင် မောင်နှမနှစ်ယောက် Chemistry မိမိဖြင့် သရုပ်ဆောင်ထားတဲ့ FAME Pharmaceuticals ရဲ့ Collagen Commercial Video လေးကို Romantic ဆန်ဆန် Creative ဖြစ်ဖြစ် နဲ့ Pre-production မှ Post-production အထိ အသေးစိတ်တာဝန်ယူဖန်တီးထားပါတယ်… ဒါ့အပြင် Storytelling ကို ပိုမိုပေါ်လွင်စေရန် Animated Text နှင့် Graphic တို့ကိုလည်း သင့်တင့်လှပစွာ အသုံးပြုထားပါတယ် .. 🎬✨

🔹 🔹 အခုလိုမျိုး မိမိရဲ့ Commercial Videos တွေကို အများနဲ့မတူ ဆန်းသစ်အောင် ဖန်တီးချင်တယ်ဆိုရင်တော့ Client စိတ်တိုင်းကျ Personalised Services တွေပေးနေတဲ့ CAS Productions ကို အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင် …

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00