8 November Computer Learning Center

8 November Computer Learning Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 8 November Computer Learning Center, Computer Company, ၁၇၂/၂, မြလေးလမ်း, ၁၄/၁ ရပ်ကွက်(စီမံကိန်းမှတ်တိုင်), Yangon.

11/12/2025

အဆင်မပြေမှုများ ရှိနေပါက ဆုတောင်းကြည့်ပါအဆင်ပြေသော အကြောင်းတရားများ ဖြစ်ပေါ်လာပါလိမ့်မည်။ လိုသော ဆုအား ရရှိပါစေ ✨🙏✨

#ယုံကြည်သူများ #ဆုတောင်းပြည့် ゚viralシfypシ゚

06/03/2025

#အနီဖုလေးတွေထွက်တယ်_တချို့အဖုလေးတွေရဲ့ထိပ်မှာ_အရည်ကြည်ဖုလေးပါတယ်
#ဖျားတယ်_ကိုယ်လက်မလှုပ်ချင်ဘူး_အစားအသောက်ပျက်တယ်



ရောဂန္တရကပ် ရောဂါကပ်ဆိုက် နေသလိုပါပဲဗျာ

- ဝမ်းပျက်ဝမ်းလျှော
- အသည်းရောင်အသားဝါ
- တုပ်ကွေးကလည်း ခြိမ်းခြောက် နေဆဲမှာ

နောက်ထပ် အတွေ့များလာတာက #ရေကျောက်ရောဂါ (Chicken pox) ဖြစ်ပါတယ်

- မအီမသာ နဲ့ နေလို့ မကောင်းဘူး
- အစားအသောက် ပျက်တယ်
- ပင်ပန်းနွမ်းနယ် နေရာကနေ

- ကိုယ်ပူလာတယ်
- ကိုယ်လက် ကိုက်လာတယ်
- ခေါင်းတွေ ကိုက်လာတယ်

ဒီအထိက တော့ ရာသီဖျားလား ၊ တုပ်ကွေးလား ၊ သွေးလွန်တုပ်ကွေးလား ၊ ကိုဗစ်လား မကွဲသေးပါဘူး အကုန်တူတူပါပဲ ။

အဲ့ကနေ ကိုယ်လုံးမှာ ဝက်ခြံဖုလေးတွေလို နီနီအဖုလေးတွေ စထွက်လာပါတယ် (ဝက်ခြံလိုလို မိတ်ဖုလေးတွေ လိုလိုပေါ့)

အနီဖုလေးတွေကနေ နည်းနည်းကြီးလာပြီး ထိပ်နားမှာ အရည်ကြည်အိတ်လေးဖြစ်လာပါတယ်၊ တချို့မှာ အရည်ကြည်အိတ်လေးက ဖြူဖြူလေးဖြစ်နေတော့ (နီနီအဖုထိပ်မှာအဖြူစက် နဲ့က ဝက်ခြံလိုဖြစ်နေတာပေါ့)

ထိပ်က အရည်အိတ်လေး ပေါက်သွားပြီး အနာလေးဖြစ်ကျန်ခဲ့ပါတယ် နီနီအဖုလေးထိပ်မှာအနာစက်လေး နဲ့ပေါ့

နောက်တော့ အဲ့ဒီအနာလေးက ခြောက်ပြီး အနာကျက်ကာ အညိုကွက်လေးကျန်ရာကနေ ပျောက်သွားပါလိမ့်မယ်။

အနီဖု အသစ်လေးတွေလည်း ထပ်ထပ်ထွက်လာတော့ ခန္ဓာကိုယ်ပေါ်မှာ

- အနီဖုလေးတွေရော
- အရည်ကြည်ဖုလေးတွေရော
- အနာစက်လေးတွေရော
- အညိုကွက်လေးတွေရော

အစုံစုပြီး ရှိနေရင် #ရေကျောက်ရောဂါဖြစ်ပါတယ်။

💪 ကိုယ်ခံအား 🦠 ရောဂါအပြင်း/အပျော့ ပေါ်မူတည်ပြီး

👉 ကိုယ်အပူချိန်
👉 ခံစားရတဲ့ လက္ခဏာ
👉 အဖု အနည်းအများ ကွာခြားတတ်ပါတယ်။

-----------
ဖြစ်စေတဲ့ ပိုး ကတော့ Virus ဖြစ်ပြီး
သူ့နာမည်က " varicella-zoster virus " ဖြစ်လို့ ခါးပတ်ရေယုန်ဖြစ်စေတဲ့ Virus အမျိုးအစားပါပဲ။

ရေကျောက်ရောဂါ ဖြစ်ပြီး " varicella-zoster virus " ဟာ အာရုံကြောတွေထဲ ပုန်းကျန်နေခဲ့တတ်ပြီး ကိုယ်ခံအားကျတဲ့ အချိန်မှာ ခါးပတ်ရေယုန် အနေနဲ့ လူကိုပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။

----------
ကူးစက်မှုကတော့

- ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုကနေ ကူးစက်နိုင်သလို
- အသက်ရှူလမ်းကြောင်းကနေလည်း ကူးစက်တတ်ပါတယ်။

အရမ်း အရမ်းကို ***ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပါတယ်။

တော်သေးတာက

- *ရောဂါတစ်ခါဖြစ်ပြီးသူမှာဖြစ်စေ
- *ကာကွယ်ဆေး ထိုးထားတဲ့ သူမှာဖြစ်စေ

ပြန်မဖြစ်တတ်ပါဘူး။

- လူနာ အများစုမှာ

အထက်ကပြောခဲ့တဲ့ ဖျားတယ် အနီဖု ပုံစံမျိုးစုံ ထွက်တယ် စတဲ့ လက္ခဏာတွေလောက်ပဲ ဖြစ်ပြီး ရက်ပိုင်းအတွင်း သက်သာသွားကြပါတယ်။

__________
ဒါပေမယ့် 🚨🚨🚨

- မွေးကင်းစ ကလေးလေးတွေ
- တစ်နှစ်အောက် ကလေးလေးတွေ
- မြီးကောင်ပေါက်တွေ
- သက်ကြီးရွယ်အိုတွေ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- နာတာရှည်ရောဂါသည်များ
- ကိုယ်ခံအားကျဆင်းနေတဲ့ (HIV/AIDS ရောဂါရှင်တွေ)
- ကိုယ်ခံအားထိန်းညှိဆေးသောက်ထားရတဲ့ (လေးဖက်နာဝေဒနာရှင်တွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးထားသူတွေ)
- အရောင်ကျဆေး (Steroid) ရေရှည်သောက်သုံးနေရသူတွေ မှာတော့

***ကာကွယ်ဆေး ထိုးမထားရသေးရင်
***ရောဂါတစ်ခါမှ မဖြစ်ဖူးသေးရင်

" #အထူးဂရုစိုက်ကြဖို့_လိုအပ်ပါတယ် "

__________
ရေကျောက်ရောဂါ က အများစုမှာ သာမန် ဖျားနာ ရုံနဲ့ကောင်းသွားတတ်ပေမယ့်

တချို့အနည်းစုမှာ

- Secondary Bacteria Infection (Bacteria ပိုးဝင်ရောက်ခြင်း)
- Pneumonia (အဆုတ်ရောင်ခြင်း)
- Encephalitis (ဦးနှောက်ရောင်ခြင်း)
- အဖျားကြီးလွန်းရာက ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration)
အစရှိသည်တို့ကနေ သေသေချာချာကုသမှု မခံယူရင်
- အသက်သေဆုံးသည်အထိဖြစ်တတ်ပါတယ်
___________
ကုသမှုကတော့

Virus တွေရဲ့ ထုံးစံအတိုင်း ကိုယ်ခံအားက တိုက်ထုတ်တာမို့ #ကိုယ်ခံအားကောင်းရလေအောင်

👉 အစားပုံမှန်လေးစားပါ (အာဟာရပြည့်ဝအောင်စားပါ)
👉 ကောင်းကောင်းအနားယူပါ (ပင်ပင်ပန်းပန်း အလုပ်တွေမလုပ်ပါနဲ့)
👉 အချိန်မှန်မှန် နဲ့ အိပ်ရေးဝ ဝ အိပ်စက်အနားယူပါ
👉 ရေအများကြီးသောက်ပါ (ကိုယ်အပူချိန် / ချွေးထွက်နှုန်းပေါ်မူတည်ပြီး ရေအများကြီး အများကြီး သောက်ပါ)

💊 ကိုယ်ပူ/ကိုယ်လက်ကိုက်/ခေါင်းကိုက်တာ အတွက် Paracetamol 500mg ၆ နာရီခြား လေးကြိမ်အထိသောက်လို့ရပါတယ်
(ကလေးတွေကတော့ အသက်အရွယ်/ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဆေးညွှန်းအတိုင်းတိုက်လို့ရပါတယ်)
🥗 🍎 အသီးအနှံ ဟင်းသီးဟင်းရွက်တွေ အများကြီး မစားနိုင်တဲ့အတွက် Multivitamins နဲ့ minerals တွေပါတဲ့ အားဆေးတစ်မျိုးမျိုး သောက်ပါ
အဖုလေးတွေက ယားပါတယ် မကုတ်ဖဲ့ဖို့ သတိထားပါ ပိုး (Bacteria) ဝင်သွားနိုင်သလို အမာရွတ်ကျန်ခဲ့တတ်ပါတယ်။ ယားတာ မခံနိုင်ရင် (Anti-histamine) Burmeton / Loratidine / Cetrizine ဆေးညွှန်းအတိုင်းသောက်ပါ
__________
အများစုကတော့ အချိန်တို ရက်ပိုင်းအတွင်း ပျောက်သွားတတ်ကြပေမယ့်

🚨 မျက်လုံးတွေပါ နီရဲရောင်ကိုင်းလာလျှင်
🚨 ခန္ဓာကိုယ်က အဖုတွေ နီရဲရောင်ကိုင်းပြီး နာကျင်လာလျှင်
🚨 ကယောင်ကတမ်းဖြစ်လာခြင်း ၊ ခြေလက်မသယ်နိုင် လှုပ်ရှားရတာ ထိန်ချုပ်ရတာ ခက်လာခြင်း ၊ ဇက်ကြီးခိုင်လာခြင်း ၊ မခံမရက်နိုင်အောင် ခေါင်းကိုက်ခြင်း
🚨 ချောင်းအရမ်းဆိုးလာခြင်း ၊ အသက်ရှူကြပ်လာခြင်း (SpO2 ကျခြင်း)
🚨 အဖျားအရမ်းကြီးခြင်း (၁၀၂ အထက်)
🚨 အထက်ကပြောထားတဲ့ ရောဂါအခံများရှိခြင်း

စသည်တို့တွင် #ဆရာဝန်အမြန်ပြ၍ အမြန်ဆုံးကုသမှုခံယူကြပါ။

#ရေကျောက်ရောဂါ ဖြစ်ပါတယ်
#ရေကြောက်ရောဂါ မဟုတ်လို့ ရေနဲ့မထိရဘူးဆိုတာ (လုံးဝ) မဟုတ်ပါဘူးဗျာ
👉 ရေမချိုးပဲ မနေကြပါနဲ့
အဖျားကြီးနေတာကို ရေမချိုးကြဘူး ဆိုရင်တောင် ရေပတ်တော့ နိုင်နိုင်တိုက်ပေးကြပါ။
___________
ဒီလောက်ဆိုရင် ရေကျောက်ရောဂါ

- လက္ခဏာတွေက ဘာတွေလဲ
- အများစုမှာ မပြင်းထန်ပဲ
- ဘယ်သူတွေမှာ ပြင်းထန်တတ်လဲ
- ဘာတွေဖြစ်ရင် ဆရာဝန်ပြဖို့လိုလဲ
- အိမ်မှာ ဘာတွေ လုပ်ကြမလဲ ဆိုတာတွေ သိကြပြီထင်ပါတယ်

(Photo credit; Mayo Clinic)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit. ,: Dr. ဘုန်းစည်သူလွင်

24/02/2025

#ဆီးအရောင်ရင့်ပြီး_မျက်လုံးလေးဝါကျင်ကျင်ဖြစ်လာတယ်
#အစားအသောက်ပျက်ပြီး_ဗိုက်ညာဘက်ကအောင့်အောင့်နေတယ်
#အသည်းရောင်အသားဝါအေ (Hepatitis A)
အသည်းရောင်အသားဝါရောဂါ ဆို B ပိုး C ပိုးပဲ အသိများကြသလိုပါပဲ
ကျွန်တော်တို့ငယ်ငယ်က တော့ အသည်းရောင်အသားဝါ A က အဖြစ်များပါတယ် - ရေသန့်တွေသောက်ကြတယ်၊ အစားအသောက်ကို သေချာချက်ပြုတ်စားသောက်နေကြတော့ မဖြစ်တာတော်တော်ကြာခဲ့ပါပြီ
ဒါပေမယ့် ဒီရက်ပိုင်း အသည်းရောင်အသားဝါ A ပိုး ပြန်ဖြစ်တာ တွေ့လာရပါတယ်
🤒 အဖျားလေးတက်ပြီး တုပ်ကွေးလိုကိုယ်လက်ကိုက်ပါတယ်
(နှာစေး ချောင်းဆိုး လည်ချောင်းနာတာတော့ မရှိပါဘူး)
🤢 အစားအသောက်ပျက်ပြီး ပျို့နေပါတယ်
😓 ဆီးအရောင်ရင့်တယ် မျက်လုံးလေးဝါရာကနေ အသားပါဝါလာတတ်ပါတယ်
🤢 ဗိုက်နာပါတယ် အထူးသဖြင့် ဗိုက်ညာဘက်နံရိုးအောက်ပေါ့
* သတိမထားမိရက် တုပ်ကွေးနဲ့ အစာအိမ်ရောင်တာလို့ လျှော့တွက်မိတတ်ပါတယ်

အကိုက်ခဲပျောက်ဆေး အဖျားကျဆေးတွေ ထပ်သောက်ရာကနေ အသည်းရောင်တာ ဆိုးသွားတတ်ပါတယ်
ကျွန်တော်တို့လည်း ဗိုက်အောင့်လူနာလာရင် သတိထားပြီး #မျက်လုံးဖြဲကြည့်နေရပါတယ် ဝါနေသလားပေါ့

B ပိုး C ပိုး နဲ့ မတူတာက
👉 နာတာရှည်အသည်းရောဂါ မဖြစ်သွားတတ်ပါဘူး
👉 မသန့်ရှင်းတဲ့ ပိုးရှိနေတဲ့ အစားအသောက် ၊ ရေ ကနေကူးစက်ပါတယ်
👉 ရောဂါရှိနေတဲ့သူနဲ့ ထိတွေ့ကိုင်တွယ်မိပြီး အစားအသောက်ကို လက်သေချာမဆေးပဲစားရင် ကူးတတ်ပါတယ်
* ကူးစက်လွယ်ပါတယ်
ရောဂါဖြစ်နေတဲ့သူက သူတပါးကိုမကူးစက်ရအောင်အထူးသတိထားဖို့လိုသလို အတူနေမိသားစုကလည်း အထူးဂရုစိုက်ရပါမယ် (လက်သေသေချာချာ ဆေးကြပါ)

Virus ဖြစ်တဲ့အတွက်ကြောင့်တော့ ကုသတဲ့ဆေး တိတိကျကျမရှိပါဘူး (အများစုမှာ သူ့ဟာသူပျောက်ပါတယ်)
Supportive Care အနေနှင့်
- အစာကောင်းကောင်းဝင်အောင်စားရပါမယ်
- ရေများများသောက်ရပါမယ်
- ပျို့နေအန်နေတာ အတွက်တော့ ဆေးကုသဖို့လိုအပ်ပါတယ်
- အစာမဝင်ရင်တော့ Drip ချိတ်ဖို့လိုအပ်ပါတယ်
- အသည်းရောင်နေတာမို့ အသည်းရောင်တာပိုဆိုးစေတဲ့ အရက် ၊ အကိုက်ခဲပျောက်ဆေးတွေ ရှောင်ဖို့လိုအပ်သလို Herbal medicine တိုင်းရင်းဆေးတွေ ရှောင်ဖို့လိုအပ်ပါတယ် (အစာမကြေဘူး လျက်ဆားလေးလျက်လိုက်ဦးမယ် မလုပ်ပါနဲ့)
Self limiting- အများစုမှာ သူ့ဟာသူပျောက်သွားတတ်ပေမယ့်
အသည်းရောင်တာအရမ်းဆိုးတဲ့အခါ (အစာမဝင် ပျို့အန် ဗိုက်အောင့် နုံးချိနေရင်တော့ ဆေးရုံတက်ရောက်ဖို့လိုအပ်ပါတယ်)
သတိထားဖို့ကတော့ *အသားဝါပြီးနေမကောင်းတာဖြစ်တဲ့အခါ အသည်းရောင်အသားဝါ A ဟုတ်မဟုတ်က သွေးစစ်ဆေးမှ သိနိုင်တာမို့ တခြားကြောက်စရာ အသည်းရောင်အသားဝါရောဂါတွေကို အရင်ဆုံး Exclude လုပ်ဖို့လိုအပ်ပါသေးတယ်

ထုံးစံအတိုင်း မဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးမို့
- အစားကိုသေချာစွာချက်ပြုတ်စားသောက်ပါ
- ရေသန့်သောက်ပါ (ရိုးရိုးရေသောက်ပါက ကျိုချက်၍သောက်ပါ)
- လက်သေသေချာချာဆေးပါ (ခဏခဏဆေးပါ)
အသည်းရောင်အသားဝါ A ကာကွယ်ဆေး တော့ရှိပါတယ် (အနောက်နိုင်ငံက လူတွေ ကျွန်တော်တို့ဆီလာရင် ထိုးလာတတ်ကြပါတယ်)
Single Dose တစ်ကြိမ်ပဲထိုးရပါတယ် - ဆေးထိုးပြီး ၂ ပတ်ကြာလျှင် ဆေးအစွမ်းစရှိပါပြီ တစ်နှစ်ကြာလျှင် Booster တစ်ကြိမ်ထိုးပါက ၂၅ နှစ်အထိ ကာကွယ်နိုင်ပါတယ်
(Photo credit- ClevelandClinic)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit : Dr. ဘုန်းစည်သူလွင်

22/05/2024

အားလုံးကျန်းမာ ချမ်းသာရကြပါစေ

09/07/2023

အသုံးလိုသူယူ

29/06/2023

ယနေ့ဟာ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများ အလေးအမြတ်ထားရာ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို နေ့ထူးနေ့မြတ်လေးမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး မိသားစုဝင်များအားလုံး ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ အခိုက်အတန့်များကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်‌ကောင်း တောင်းလိုက်ပါတယ်။

13/06/2023

"ဘယ်အရာမှ ပြီးပြည့်စုံမှုမရှိဘူးဆိုတာဟာ စကြဝဠာကြီးရဲ့ အခြေခံစည်းမျဉ်းတွေထဲကတစ်ခုပဲ။ အရာရာပြည့်စုံကောင်းမွန်တယ်ဆိုတာ ရှိကိုမရှိပါဘူး။ တစ်ခုခုချို့တဲ့ခြင်း၊ မပြည့်စုံခြင်းသာမရှိရင် ခင်ဗျားရော ကျွန်တော်ရော ဖြစ်တည်နေမှာမဟုတ်ပါဘူး"

23/05/2023

အရာရာ တကယ့် အစစ အရာရာ အဆင်ပြေမယ့်အချိန်ကိုစောင့်နေတာဆိုရင်တော့ ဘယ်တော့မှ စ ဖြစ်တော့မှာမဟုတ်ဘူး

03/05/2023

🙏🙏🙏

23/04/2023

သင်ယူလိုစိတ်ပဲလိုပါတယ်

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

၁၇၂/၂, မြလေးလမ်း, ၁၄/၁ ရပ်ကွက်(စီမံကိန်းမှတ်တိုင်)
Yangon
0095