Legacy Home Construction

Legacy Home Construction

Share

Quality builds that last for generations_because

"Your Home is Your Legacy"

01/05/2026
Photos from Legacy Home Construction's post 10/04/2026

🎉🎇April လအတွင်းbookingလုပ်ပြီး Cash back သိန်း၅၀ရယူလိုက်ပါ🎉🎇

ဆောက်လုပ်ရေးစားရိတ်တွေ တစ်ဆတစ်ဆတက်လာပေမယ့် အခန်းဈေးနှုန်းလည်းမတက်သလို quality လည်းနည်းနည်းမှမလျှော့ထားတဲ့ မြောက်ဥက္ကလာပမြို့နယ်ရဲ့ တိတ်ဆိတ်ငြိမ်သက်ပြီး လုံးခြင်းတိုက်များကြားမှာ အေးအေးဆေးဆေးနေချင်တဲ့မိတ်ဆွေ customer များအတွက်လက်မလွှတ်သင့်တဲ့တိုက်ခန်းလေးတွေ ရောင်းချပေးနေပါပြီရှင်။

Cash down ငွေနဲ့လဲမဝယ်ချင်ဘူး လစဉ်အရစ်ကျ‌/အလွှာပြီးစီးမှုအလိုက် အရစ်ကျဝယ်ချင်ကြသောcustomers မိတ်ဆွေများအတွက်အတိုးမဲ့အရစ်ကျ Project လေးနဲ့မိတ်ဆက်ပေးပါရစေရှင်။

Matt Foundation တူးပြီးလို့ မကြာခင်အလွှာတက်တော့မည်ဖြစ်သော မြောက်ဥက္ကလာပမြို့နယ် ဇရပ်ကွက် ဣနြာမှတ်တိုင်အနီး ဣနြာ 4လမ်း ထဲရှိ ဆောက်လုပ်ပြီးစီးမှု20%ရှိသော "LH-01"Project လေးနဲ့မိတ်ဆက်ပေးပါရစေရှင်

LH-01 Project က ပေ(၂၀'×၆၀') မြေကွက်မှာ ဆောက်လုပ်မှာဖြစ်ပြီး အခန်းအကျယ် (၁၈ပေ×၅၄ပေ)ပါ။ မြေညီအပါအ၀င် ခြောက်ထပ်အ‌ဆောက်အဦးဖြစ်ပါတယ်။ မြေညီအမြင့် 12ပေဖြစ်တဲ့အတွက်လှေခါးတက်ရဆင်းရအဆင်ပြေပါတယ်။

🏙️အခန်းအကျယ်အဝန်း--------၁၈ပေ×၅၄ပေ

🔵အလွှာနှင့်ဈေးနှုန်းများ🔵

☑️ဒုတိယထပ် - သိန်း(၁၆၅၀)ညှိနှိုင်း

☑️တတိယထပ် - သိန်း(၁၅၀၀)ညှိနှိုင်း

☑️စတုတ္ထထပ် - သိန်း(၁၃၅၀)ညှိနှိုင်း

🔵အခန်းအတွင်းပါဝင်ပြင်ဆင်မှု့များ🔵

☑️ရေချိုးခန်းနှင့်အိမ်သာနံရံကြွေပြားအမြင့်(၄)ပေကပ်ပြီး။

☑️ရှေ့ဝရံတာကြမ်းခင်းနှင့်နောက်ဖေးမီးဖိုးချောင်ကြမ်းခင်းကြွေပြားခင်းပေးမှာပါ။

☑️မီးဖိုခုံကိုလည်း ကြွေပြားခင်းပေးမှာပါ။

☑️ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာပါမှာပါ။

☑️တိုက်ခန်းအသစ်၊First Owner ဖြစ်မှာပါရှင်။

🤗BCC(လူနေထိုင်ခွင့်)၊ကိုယ်ပိုင်မီတာ ကျတဲ့အထိတာဝန်ယူ‌ပါတယ်ရှင်။🤗

☑️Payment Planလေးကိုလည်း၂မျိုးစီစဉ်ပေးထားပါတယ်ရှင်။

Down payment ကို30%သာသွင်းပေးရမည်ဖြစ်ပြီး ကျန်ငွေကို လုပ်ငန်းပြီးစီးမှု့အလိုက်အရစ်ကျ/လစဉ်အရစ်ကျစနစ် ဖြင့်ပေးသွင်းရမှာပါရှင်။
လစဉ်အရစ်ကျ(၁၆)လခွဲပြီး ပေးသွင်းနိုင်တာဖြစ်လို့ တစ်လမှ သိန်း၆၀ ဝန်းကျင်ခန့်ပဲကျသင့်မှာဖြစ်ပါတယ်ရှင်။

Legacy Home Construction ရဲ့ Customer မိတ်ဆွေများ ခုထဲက
အခန်းလေးတွေ စရံငွေချ ဝယ်ယူထားမယ်ဆိုရင်

Page Messenger ( Legacy Home Construction)

📞09 963494715 , 09 45001 6742

ကိုဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#𝒂𝒑𝒂𝒓𝒕𝒎𝒆𝒏𝒕𝒇𝒐𝒓𝒔𝒂𝒍𝒆 #ကြိုပွိုင့်တိုက်ခန်း #မြောက်ဥက္ကလာပမြို့နယ် #ရင်းနှီးမြှုပ်နှံမှု
#လစဉ်အရစ်ကျ

02/04/2026

🏙️ရန်ကုန်မြို့မှာ တိုက်ခန်းဝယ်ယူတော့မယ့်သူတွေအတွက် အမှားအယွင်းမရှိစေဖို့ သတိထားသင့်တဲ့ အချက်လေးတွေပြော‌ပြပေးမယ်နော်။

🤗 ရန်ကုန်မှာ တိုက်ခန်းဝယ်တော့မယ်ဆိုရင် ဒါလေးတွေသိထားဖို့လိုမယ်နော်။

🥰ရန်ကုန်လို မြို့ကြီးမှာ ကိုယ်ပိုင်တိုက်ခန်းလေးတစ်ခန်း ပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ ဒါပေမဲ့ ဝယ်ပြီးမှ နောင်တမရစေဖို့နဲ့ ငွေကြေးဆုံးရှုံးမှု မရှိစေဖို့အတွက် စေတနာရှေ့ထားပြီး စစ်ဆေးသင့်တာလေးတွေ ပြောပြပေးမယ်နော်။

📌 စာရွက်စာတမ်း ခိုင်မာမှု (Legality)
အရေးကြီးဆုံးအချက်ပါ။
* မူရင်းစာချုပ် ရှိမရှိ။
* အရောင်းအဝယ်အဆက်ဆက် စာချုပ်များ စုံမစုံ။
* BCC (အဆောက်အအုံလူနေထိုင်ခွင့်) ကျပြီးသားလား။

📌 ပတ်ဝန်းကျင်နဲ့ တည်နေရာ (Location)
ဈေးနှုန်းသက်သာရုံနဲ့ မဆုံးဖြတ်ပါနဲ့။
* မိုးတွင်းမှာ ရေကြီးတတ်လား။
* လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလား၊ ကားမှတ်တိုင်နဲ့ နီးလား။
* ဈေး၊ ကျောင်း၊ ဆေးရုံ စတာတွေနဲ့ သွားလာရ လွယ်ကူရဲ့လား။

📌 အဆောက်အအုံရဲ့ ကြံ့ခိုင်မှု (Condition)
* တိုက်သက်တမ်း ဘယ်လောက်ရှိပြီလဲ။
* နံရံတွေမှာ အက်ကြောင်းရှိလား၊ အမိုးအကာတွေမှာ ရေယိုတတ်လား။
* လျှပ်စစ်မီးလိုင်းနဲ့ ရေပေးဝေရေးစနစ်တွေ ကောင်းမွန်ရဲ့လား။

📌 ပါဝင်တဲ့ ဝန်ဆောင်မှုများ (Facilities)
*ရေမော်တာ/မီတာ တစ်ခန်းတစ်လုံးလား။
*ဘိုထိုင်အိမ်သာဟုတ်မဟုတ်။
*အဆောက်အဦး အခန်းဖွဲ့ ပါ မပါ။
*ရေချိုးခန်း အိမ်သာ ကြွေပြားခင်းမခင်း။

📌 ရပ်ကွက်အခြေအနေ
* တိုက်ခန်းနေထိုင်သူတွေဟာ စည်းကမ်းရှိရဲ့လား။
* ဆူညံသံတွေ အရမ်းရှိတဲ့ ပတ်ဝန်းကျင်မျိုးလား။

အကောင်းဆုံးအကြံပြုပေးရမယ်ဆိုရင်‌ေတာ့ တိုက်ခန်းတစ်ခန်းဝယ်ယူတော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ ဒါမှမဟုတ် ရှေ့နေတွေနဲ့ သေချာတိုင်ပင်ပြီး စာချုပ်ချုပ်ဆိုဖို့ မမေ့ပါနဲ့နော်။

အခုလိုအချက်ကလေးတွေနဲ့ပြည့်စုံတဲ့တိုက်ခန်းလေးတစ်ခန်း ဝယ်ယူချင်တယ်ဆိုရင်တော့ Legacy Home Construction ကိုသတိရပေးပါနော်။


#ကြိုပွိုင့်တိုက်ခန်း
#လစဉ်အရစ်ကျ #မြောက်ဥက္ကလာပမြို့နယ် #𝒂𝒑𝒂𝒓𝒕𝒎𝒆𝒏𝒕𝒇𝒐𝒓𝒔𝒂𝒍𝒆 #𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭𝐢𝐚𝐥𝐛𝐮𝐢𝐥𝐝𝐢𝐧𝐠 #𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 #𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧

Photos from Legacy Home Construction's post 30/03/2026

အသက်အန္တရာယ်ကိုတိုက်ရိုက်ချိန်း‌ခြောက်နေ‌ေသာရန်ကုန်က တချို့‌‌ေသာကန်ထရိုက်တိုက်တွေရဲ့ နောက်ကွက်ကအမှန်တရားများ

ရန်ကုန်မှာ တိုက်ခန်းဝယ်ဖို့ သွားကြည့်ရင်
Sales က ပြောတာတွေက—

✨ “Modern design”
✨ “Luxury finishing”
✨ “Ready to stay”

ဒါပေမယ့်…
သူတို့မပြောတဲ့အရာတစ်ခုရှိတယ်။

အဲဒီတိုက်ဆောက်တဲ့ကန်ထရိုက်က နည်းစနစ်မကျပဲ အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့အမှန်တရား။

⸝

❌ Concrete ကို “လက်ဖျော်” နဲ့ ဆောက်နေတဲ့ခေတ်

(1) ကွန်ကရိအရည်အသွေး မပြည့်မီမှုဟာ တိုက်တစ်လုံးရဲ့ အခြေခံ အန္တရာယ်ဖြစ်ပါတယ်

Site တချို့မှာ တွေ့ရတဲ့အရာတစ်ခုကတော့
1:2:4 mix ratio ကို စနစ်တကျမထိန်းဘဲ လက်ဖြင့်ဖျော်ပြီး လောင်းခြင်း ဖြစ်ပါတယ်။

Concrete ဆိုတာ
“cement + sand + aggregate + water” ကို ပေါင်းထားတာပဲ မဟုတ်ပါဘူး။ ratio + mixing quality + water control တွေက strength ကိုဆုံးဖြတ်ပါတယ်။

လက်ဖျော်လုပ်တဲ့အခါ—
• Water-cement ratio မတိကျ
• Mixing uniformity မရှိ
• Aggregate contamination (သဲထဲမှာမြေစေး) ပါဝင်နိုင်

အဆုံးမှာတော့
Design strength မရတဲ့ concrete တစ်ခုဖြစ်သွားပါတယ်။

အဲဒါရဲ့အန္တရာယ်က—
• Load ခံနိုင်ရည် လျော့နည်းခြင်း
• Early crack ဖြစ်ပေါ်ခြင်း
• Long-term durability ပျက်စီးခြင်း

ယနေ့ထိတောင် တချို့ 6 ထပ် 8 ထပ် ကန်ထရိုက်တိုက်တွေ၊site တွေမှာ—

AG ကားနဲ့ လောင်းဖို့နေနေသာသာ 1:2:4 ခပ်ပျော့ပျော့ကို Hand mix လက်နဲ့ဖျော်ပြီး လောင်းနေတုန်းပဲ။

မေးချင်တယ်—
ဒါက 2026 လား? 1980 လား?

(2) Structural Member များမှာ Cover မလုံလောက်ခြင်း( ကန်ထရိုက်တိုက်တိုင်းလိုလို အများဆုံးဖြစ်တဲ့ပြဿနာ)

Column၊ Beam၊ Slab တွေထဲမှာပါတဲ့ Steel reinforcement (rebar) တွေဟာ Concrete အတွင်းမှာ သင့်တော်တဲ့ cover thickness နဲ့ ထားရပါမယ်။

ဒါပေမယ့် တချို့ project တွေမှာ—
• Spacer မသုံးခြင်း
• Bar position မထိန်းနိုင်ခြင်း
• Formwork shift ဖြစ်ခြင်း

ကြောင့် Rebar cover မလုံလောက်တာ ဖြစ်လာပါတယ်။

အဲ့ဒါနဲ့ဘာဖြစ်လဲ?
• Steel ကိုရေစိမ့်ဝင်လွယ်လာတယ်
• Rust (corrosion) ဖြစ်လာတယ်
• Volume expansion ကြောင့် concrete cover ကွာကျတယ် (spalling)

အဆုံးမှာတော့
Structure အားနည်းလာပြီး safety ကိုတိုက်ရိုက်ထိခိုက်စေတယ်။

(3) ရေစိမ့်ဝင်မှု — Structure ကိုဖြည်းဖြည်းဖျက်ဆီးနေတဲ့ အရာ

တိုက်ခန်းဝယ်ပြီးမကြာခင် 6 လ 1 နှစ်အတွင်းမှာ
• မိုးရွာတာနဲ့ roof leak
• Bathroom က ရေစိမ့်
• နံရံမှာ အညိုရောင်အကွက်တွေ

သူတို့ပြောတာ “ဒါက minor issue ပါ”

တကယ်တော့ဒါက structure ပျက်စီးမှုရဲ့အစပဲ။
ဒီအရာတွေက“minor defect” မဟုတ်ပါဘူး။

ရေဆိုတာ—
• Concrete ထဲကို ဝင်တယ်
• Steel reinforcement ကို corrosion ဖြစ်စေတယ်
• Bond strength ကိုလျော့စေတယ်

အချိန်ကြာလာတာနဲ့ Main Structure ကို ဖျက်ဆီးနေပါတယ်။

အထက်ပါ ပြဿနာတွေဟာ တစ်ခုတည်းဖြစ်နေတာမဟုတ်ပါဘူး—
အများအားဖြင့် ပေါင်းစပ်ဖြစ်ပေါ်နေပါတယ်။

အဲ့ဒါကြောင့်—
• Hairline crack → Structural crack
• Slight deflection → Noticeable sagging
• Minor leakage → Major deterioration

ဆိုပြီး
တဖြည်းဖြည်းနဲ့အန္တရာယ်ရှိတဲ့အဆင့်ထိ တက်သွားနိုင်ပါတယ်။

On Paper အရတော့ သက်တမ်း ၃၀ နှစ်လို့ရေးထားပေမယ့် လက်တွေ့မှာတော့ ၅ နှစ်တောင် မသေချာပါဘူး

Paper ပေါ်မှာ—

📄 “Design life = 30 years / 50 years”

Reality မှာ—

👉 ၃ နှစ် – crack
👉 ၅ နှစ် – leakage + spalling
👉 ၁၀ နှစ် – major repair

ဒီလိုအဆောက်အဦးကို “investment” လုပ်ချင်လား၊ နေချင်လား???

⸝

အများစုက—
• ကြွေပြား လှလား
• Paint ကောင်းလား
• Kitchen design modern လား

ဆိုတာပဲကြည့်တယ်။

• Concrete test ရှိလား?
• Rebar cover ဘယ်လောက်ပေးလဲ?
• Curing ဘယ်နှစ်ရက်လုပ်လဲ?
. Soil Test စမ်းလား
. ငလျင်ဒဏ်ခံ Design လား

စတာတွေကို ဘယ်သူမှ မမေးကြဘူး

⸝

Quality မကောင်းတဲ့ ကန်ထရိုက်တိုက်တစ်လုံးက အဆင်ပြေနေသလိုပဲ မြင်ရနိုင်တယ်

ဒါပေမယ့်Crack တစ်ကြောင်းကနေ စပြီး… အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်။

တိုက်တစ်လုံးဟာ—
အပြင်ပန်းလှဖို့ထက် ခိုင်ခံ့ဖို့လိုတဲ့ လူ့ အသက်နဲ့ဆိုင်တဲ့ structure တစ်ခုပါ။

⸝

နောက်ဆုံးပြောချင်တာက
ကန်ထရိုက်တိုက်ခန်း၊အိမ်မဝယ်ခင် စဉ်းစားပါ—

ဝယ်မယ့်တိုက်ခန်း၊ အိမ်ဟာ
“လှလို့ဝယ်တာလား?”
“လုံခြုံခိုင်ခံ့လို့ဝယ်တာလား?”

စာသားကို ရေးသားသောမင်းဇော်နိုင် (Metrix Engineering and Construction )ကို Credit ပေးပါသည်။

Photos from Legacy Home Construction's post 27/03/2026

LH-01 project Foundation formwork ရိုက်ခြင်း မှတ်တမ်းများ

Photos from Legacy Home Construction's post 27/03/2026

LH-01 project Foundation သံဆင်ခြင်းလုပ်ငန်း မှတ်တမ်းများ

Photos from Legacy Home Construction's post 27/03/2026

၁၇.၃.၂၀၂၆ LH-01 project မြေကြီးစတူးခြင်းမှတ်တမ်းများ

Photos from Legacy Home Construction's post 27/03/2026

🎉🎇April လအတွင်းbookingလုပ်ပြီး Cash back သိန်း၅၀ရယူလိုက်ပါ🎉🎇

ဆောက်လုပ်ရေးစားရိတ်တွေ တရိပ်ရိပ်တက်လာပေမယ့် အခန်းဈေးနှုန်းလည်းမတက်သလို quality လည်းနည်းနည်းမှမလျှော့ထားတဲ့ မြောက်ဥက္ကလာပမြို့နယ်ရဲ့ တိတ်ဆိတ်ငြိမ်သက်ပြီး လုံးခြင်းတိုက်များကြားမှာ အေးအေးဆေးဆေးနေချင်တဲ့မိတ်ဆွေ customer များအတွက်လက်မလွှတ်သင့်တဲ့တိုက်ခန်းလေးတွေ ရောင်းချပေးနေပါပြီရှင်။

Cash down ငွေနဲ့လဲမဝယ်ချင်ဘူး လစဉ်အရစ်ကျ‌/အလွှာပြီးစီးမှုအလိုက် အရစ်ကျဝယ်ချင်ကြသောcustomers မိတ်ဆွေများအတွက်အတိုးမဲ့အရစ်ကျ Project လေးနဲ့မိတ်ဆက်ပေးပါရစေရှင်။

Matt Foundation တူးပြီးလို့ မကြာခင်အလွှာတက်တော့မည်ဖြစ်သော မြောက်ဥက္ကလာပမြို့နယ် ဇရပ်ကွက် ဣနြာမှတ်တိုင်အနီး ဣနြာ 4လမ်း ထဲရှိ ဆောက်လုပ်ပြီးစီးမှု20%ရှိသော "LH-01"Project လေးနဲ့မိတ်ဆက်ပေးပါရစေရှင်

LH-01 Project က ပေ(၂၀'×၆၀') မြေကွက်မှာ ဆောက်လုပ်မှာဖြစ်ပြီး အခန်းအကျယ် (၁၈ပေ×၅၄ပေ)ပါ။ မြေညီအပါအ၀င် ခြောက်ထပ်အ‌ဆောက်အဦးဖြစ်ပါတယ်။‌‌ေမြညီအမြင့် 12ပေဖြစ်တဲ့အတွက်လှေခါးတက်ရဆင်းရအဆင်ပြေပါတယ်။

🏙️အခန်းအကျယ်အဝန်း--------၁၈ပေ×၅၄ပေ

🔵အလွှာနှင့်ဈေးနှုန်းများ🔵

☑️ဒုတိယထပ် - သိန်း(၁၆၅၀)ညှိနှိုင်း

☑️တတိယထပ် - သိန်း(၁၅၀၀)ညှိနှိုင်း

☑️စတ္ထုထထပ် - သိန်း(၁၃၅၀)ညှိနှိုင်း

🔵အခန်းအတွင်းပါဝင်ပြင်ဆင်မှု့များ🔵

☑️ရေချိုးခန်းနှင့်အိမ်သာနံရံကြွေပြားအမြင့်(၄)ပေကပ်ပြီး။

☑️ရှေ့ဝရံတာကြမ်းခင်းနှင့်နောက်ဖေးမီးဖိုးချောင်ကြမ်းခင်းကြွေပြားခင်းပေးမှာပါ။

☑️မီးဖိုခုံကိုလည်း ကြွေပြားခင်းပေးမှာပါ။

☑️ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာပါမှာပါ။

☑️တိုက်ခန်းအသစ်၊First Owner ဖြစ်မှာပါရှင်။

🤗BCC(လူနေထိုင်ခွင့်)၊ကိုယ်ပိုင်မီတာ ကျတဲ့အထိတာဝန်ယူ‌ပါတယ်ရှင်။🤗

☑️Payment Planလေးကိုလည်း၂မျိုးစီစဉ်ပေးထားပါတယ်ရှင်။

Down payment ကို30%သာသွင်းပေးရမည်ဖြစ်ပြီး ကျန်ငွေကို လုပ်ငန်းပြီးစီးမှု့အလိုက်အရစ်ကျ/လစဉ်အရစ်ကျစနစ် ဖြင့်ပေးသွင်းရမှာပါရှင်။
လစဉ်အရစ်ကျ(၁၆)လခွဲပြီး ပေးသွင်းနိုင်တာဖြစ်လို့ တစ်လမှ သိန်း၆၀ဝန်းကျင်ခန့်ဘဲကျသင့်မှာဖြစ်ပါတယ်ရှင်။

Legacy Home Construction ရဲ့ Customer မိတ်ဆွေများ ခုထဲက
အခန်းလေးတွေ စရံငွေချ ဝယ်ယူထားမယ်ဆိုရင်

Page Messenger ( Legacy Home Construction)

📞09 963494715 , 09 45001 6742

ကိုဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#𝒂𝒑𝒂𝒓𝒕𝒎𝒆𝒏𝒕𝒇𝒐𝒓𝒔𝒂𝒍𝒆 #ကြိုပွိုင့်တိုက်ခန်း #မြောက်ဥက္ကလာပမြို့နယ် #ရင်းနှီးမြှုပ်နှံမှု
#လစဉ်အရစ်ကျ

Photos from Legacy Home Construction's post 18/03/2026

လက်ရှိရန်ကုန်မြို့ရဲ့ ကုန်ကျစားရိတ်အမြင့်ဆုံးနှင့် အခိုင်ခံ့ဆုံးဖောင်ဒေးရှင်းဖြစ်သည့် Matt Foundation ကို MNBC 2025ဖြင့် ဝါရင့်အင်ဂျင်နီယာများကိုယ်တိုင် structural design ကိုစနစ်တကျ တွက်ချက်ထားပြီး တိကျသေချာစွာ ဆောက်လုပ်မည့် LH-01 project ကို စတင်နေပြီဖြစ်ပြီး မြေပြင်တွင်မကြာခင်အကောင်အထည်ပေါ်လာတော့မှာဖြစ်ပါတယ်ရှင်။

🔊 လက်ကျန် (၃) ခန်းပဲကျန်တော့လို့ လက်ဦးမှု အမြန်ယူထားကြပါစို့🔊

❝Legacy Home Construction and decoration❞ မှ အရည်အသွေးမြင့်တည်ဆောက်ထားတဲ့ ❝LH-01 Project❞ ဟာ မြောက်ဥက္ကလာပမြို့နယ် (ဇ) ရပ်ကွက်မှာတည်ရှိပြီး ကားမှတ်တိုင်‌၊‌ေကျာင်း၊စျ ဈေးကြီး၊ ကန်သာယာပန်းခြံ အစရှိသော အချက်အချာ‌ေနရာမှာတည်ရှိတာကြောင့် နေ့စဥ်ဘဝ လိုအပ်ချက်များအတွက် စိတ်ပူစရာမလိုဘဲ အားလုံးပြည့်စုံနေတဲ့ နေရာကောင်း‌‌တစ်ခုဖြစ်ပါတယ်ရှင်🏙️

📌အခန်းတွေကလည်း (၃)ခန်းသာကျန်‌တာမလို့ ဒီအခွင့်အရေးကို အမြန်ဆုံး ယူထားဖို့ တိုက်တွန်းချင်ပါတယ်ရှင်📌

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအနီး လို့ ပြောလိုက်ရင် ဘယ်လောက် အချက်အချာကျလဲဆိုတာ ‌မြောက်ဥက္ကလာမြို့နယ်သားတိုင်း သိကြပါတယ်ရှင်🤗🤗

ဒီ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ဟာ…

📌သွားလာရလွယ်ကူအဆင်ပြေတဲ့အပြင်ပတ်ပတ်လည်မှာ ဈေး၊ 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐒𝐜𝐡𝐨𝐨𝐥၊ ဆေးရုံ၊ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တွေလည်း အကုန်လုံး ဝန်းရံနေတာဖြစ်ပါတယ်ရှင်။

📌ကိုယ်တိုင်နေချင်လို့ပဲဖြစ်ဖြစ်၊ ပြန်ငှားတဲ့အခါပဲဖြစ်ဖြစ် အချက်အချာကျ အဆင်ပြေပြီးအရေးကြီးတဲ့နေရာတွေနဲ့ နီးနေတော့ တကယ့်ကို အဆင်ပြေလွန်းပါတယ်ရှင်။

📌အရေးကြီးဆုံးအချက်ကတော့ဒီ 𝐏𝐫𝐨𝐣𝐞𝐜𝐭 မှာ ဝယ်ယူသူတွေ စိတ်အချရဆုံးနဲ့ အားအထားရဆုံးဖြစ်တဲ့ တည်ဆောက်မှု အရည်အသွေး ပါပဲ💯💯

📌ရန်ကုန်မြို့တော်စည်ပင်သာယာဌာနက ချမှတ်ထားတဲ့ 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐃𝐞𝐬𝐢𝐠𝐧 အတိုင်း တိတိကျကျ တည်ဆောက်မှာဖြစ်လို့ ခိုင်ခံ့မှုပိုင်းကို လုံးဝ စိတ်ချနိုင်ပါတယ်ရှင်။

📌ဒါ့အပြင် ပါမစ်ကျပြီး၊ 𝐁𝐂𝐂 လည်းလျှောက်ထားသွားမှာ ဖြစ်တဲ့အတွက် တရားဝင်မှုနဲ့ စိတ်ချရမှုမှာလည်း မေးခွန်းထုတ်စရာမရှိဘူးရှင်။ ကိုယ်တိုင်နေဖို့ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုအတွက်ပဲဖြစ်ဖြစ် လုံးဝ စိတ်အေးချမ်းသာစွာ ရွေးချယ်လို့ရနိုင်ပါတယ်ရှင်။

💸ဈေးနှုန်းလည်းမှန်ကန်ပြီး 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐏𝐥𝐚𝐧 ကိုလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ ညှိနှိုင်းပေးမှာဖြစ်သလို၊ နေထိုင်ဖို့အတွက်လည်း ပြည့်စုံနေတဲ့ ကြိုပွိုင့်အခန်းလေးတွေက မိတ်ဆွေတို့ကို စောင့်မျှော်နေပါတယ်နော်...။

ဝယ်၊ ရောင်း၊ ရင်းနှီးမြှုပ်နှံချင်သူတွေ အတွက်ဆို ငွေအရင်းအနှီး အများကြီးမလိုဘဲ တန်ဖိုးတက်လာမယ့် 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို စောစောစီးစီး ပိုင်ဆိုင်နိုင်တာမို့ အမြတ်အများဆုံး ရဖို့ အကောင်းဆုံး အချိန်ပါပဲဗျာ…‼️

လက်ကျန် (၃) ခန်းပဲ ရှိတော့တာမို့ စိတ်ဝင်စားတယ်ဆိုရင် အချိန်မဆွဲပဲ အမြန်ဆုံးသာ ဝယ်ယူထားဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

Your Home is your Legacy

အသေးစိတ်ကို အောက်ပါဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

For more info:

☎️ Office - 09450016742
📱 Hotline - 0963494715
💟 Viber- 09963494715,09450016742

🏢 Address - No.40,94th street(lower block),Mingalar Townyount Township,Yangon.


#𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭𝐢𝐚𝐥𝐛𝐮𝐢𝐥𝐝𝐢𝐧𝐠
#ကြိုပွိုင့်
#𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
#𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠
#𝐎𝐩𝐞𝐧𝐌𝐨𝐫𝐞𝐎𝐧𝐥𝐢𝐧𝐞
#မြောက်ဥက္ကလာ

Photos from Legacy Home Construction's post 03/03/2026

Mat Foundation (Raft Foundation) အကြောင်း သိကောင်းစရာ

Mat Foundation ဆိုတာက အဆောက်အအုံတစ်ခုလုံးရဲ့ အောက်ခြေမှာ ကွန်ကရစ်ပြားကြီး တစ်ချပ်လုံး ဆက်ပြီး သွန်းလောင်းထားတဲ့ အုတ်မြစ်အမျိုးအစားပါ။ ဒါကို ဖော်မြူလာဖောင်ဒေးရှင်း (သို့) ဖော်မြူလာအုတ်မြစ် လို့လည်း ခေါ်ကြပါတယ်။

အားသာချက်တွေ က ဘာတွေလဲ။

၁။ မြေပျော့တွေမှာ အထူးသင့်တော်တယ်
မြေအနေအထားက သိပ်မာမနေဘူး၊ ပျော့နေတယ်၊ ရေဝပ်တယ်ဆိုရင် Mat Foundation က အကောင်းဆုံးပါပဲ။ ဧရိယာကျယ်ကျယ်နဲ့ အလေးချိန်ကို ဖြန့်ပေးလိုက်တဲ့အတွက် မြေပျော့တွေမှာလည်း လုံခြုံစိတ်ချရပါတယ်။

၂။ မညီမညာ နစ်မြုပ်တာကို ကာကွယ်ပေးတယ်
တစ်ခါတလေ အဆောက်အအုံတစ်ခုရဲ့ နေရာအနှံ့မှာ မြေအနေအထား မတူညီတာမျိုး ရှိတတ်ပါတယ်။ Mat Foundation က အပြားလိုက် ဆက်နေတဲ့အတွက် တစ်နေရာတည်း ပိုနစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၃။ မြေအောက်ရေမြင့်တဲ့နေရာမှာ အဆင်ပြေတယ်
မြေအောက်ရေ မျက်နှာပြင်နဲ့ နီးနေရင် အုတ်မြစ်တွေ တူးရတာ ခက်ခဲပါတယ်။ Mat Foundation က မြေကြီးပေါ်မှာ တိုက်ရိုက်ခင်းပြီး လုပ်လို့ရတဲ့အတွက် နက်နက်နဲနဲ တူးစရာမလိုတော့ဘူးပေါ့။

၄။ မြေအောက်ထပ် (Basement) နဲ့ လိုက်ဖက်ညီတယ်
ဒီဖောင်ဒေးရှင်းကိုပဲ မြေအောက်ထပ်ရဲ့ ကြမ်းခင်းအဖြစ် ထပ်မံအသုံးချလို့ရတဲ့အတွက် သီးသန့်ကြမ်းခင်းထပ် ထည့်စရာမလိုတော့ဘူး။

၅။ ငလျင်ဒဏ်ခံနိုင်စွမ်း ကောင်းမွန်တယ်
တစ်ခုလုံးဆက်စပ်နေတဲ့ ဖွဲ့စည်းပုံကြောင့် ငလျင်လှိုင်းတွေကို ကောင်းစွာ ခံနိုင်ရည်ရှိပါတယ်။

အားနည်းချက်တွေ ကရော ဘာတွေလဲ။

၁။ ကုန်ကျစရိတ် မြင့်မားနိုင်တယ်
ကွန်ကရစ်နဲ့ သံမဏိ အသုံးပြုမှု များပြားတဲ့အတွက် ဆောက်လုပ်ရေး ကုန်ကျစရိတ်က များသွားတတ်ပါတယ်။

၂။ မြေမာတဲ့နေရာတွေမှာ မသင့်တော်ဘူး
ကျောက်ဆောင်တွေ ရှိတဲ့နေရာ ဒါမှမဟုတ် မြေသားက အရမ်းမာနေတဲ့နေရာမျိုးမှာ Mat Foundation ထက် တခြားအုတ်မြစ်အမျိုးအစားတွေက ပိုသင့်တော်နိုင်ပါတယ်။

၃။ ဒီဇိုင်းရေးဆွဲရတာ ရှုပ်ထွေးတယ်
အထူးသဖြင့် Beam တွေ ထည့်ဆောက်ရတဲ့ Mat ဒါမှမဟုတ် Piled Raft လိုမျိုး အဆင့်မြင့်တွေအတွက် တွက်ချက်မှုတွေက ပိုမိုရှုပ်ထွေးပါတယ်။

---

အကျဉ်းချုပ်ပြောရရင်

Mat Foundation ဟာ မြေပျော့ဒေသတွေ၊ မိုးမျှော်တိုက်ကြီးတွေ၊ မြေအောက်ထပ် (Basement) ပါတဲ့ အဆောက်အဦးတွေ အတွက် အထူးသင့်တော်ပါတယ်။ မြေပြန့်ပြန့်နဲ့ ဝန်ကိုခံနိုင်တဲ့အတွက် လုံခြုံမှုရှိပေမယ့် ကုန်ကျစရိတ်များတာ၊ဒီဇိုင်းရေးဆွဲရတာ ရှုပ်ထွေးတာ စတဲ့ အချက်တွေကိုတော့ မဆောက်လုပ်ခင်ကတည်းက သေချာလေး ထည့်စဉ်းစားထားဖို့ လိုအပ်ပါတယ်။


#မြောက်ဥက္ကလာပအိမ်ခြံမြေ
#မြောက်ဥက္ကပကြိုပွိုင့်တိုက်ခန်း

Want your business to be the top-listed Contractor in Myawadi?
Click here to claim your Sponsored Listing.

Telephone

Website

Address

Lower 94th Street
Myawadi