ProEthics Solutions
Consultancy services for industrial solutions in Myanmar’s garment manufacturing industry.
ProEthics Solutions နဲ့ European Union ရဲ့ funded project တစ်ခုဖြစ်တဲ့ MADE in Myanmar တို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ကလေးအလုပ်သမားတားဆီးကာကွယ်ရေး၊ လူငယ်အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး သင်တန်းမှာ ၂ ရက်တာ သင်တန်းကာလလုံး မပျက်မကွက်တက်ရောက်ကြပြီး တက်ကြွစွာနဲ့ ဆွေးနွေးပေးကြတဲ့ စက်ရုံများမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ပေးကြတဲ့ International Buyer များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ProEthics Solutions- Child Labor Training Batch 9
17/05/2026
ProEthics Solutions မှ မြန်မာနိုင်ငံရှိ Manufacturing Sector များအတွက် ပိုမိုလုံခြုံပြီး လေးစားမှုရှိသော လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရန် ရည်ရွယ်သော Consultancy Service Package အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါသည်။
ဤ Consultancy Package သည် အထည်ချုပ်စက်ရုံများ၊ ဖိနပ်စက်ရုံများ၊ အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြား ထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ငန်းခွင် ကာကွယ်ရေးပုံစံများနှင့် တာဝန်ယူတာဝန်ခံမှုအပြည့်ရှိသော စီမံအုပ်ချုပ်ရေးစနစ်များကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။
ဤအကြောင်းအရာသည် ဘာကြောင့်အရေးကြီးသလဲ?
လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ ကျား/မ အခြေပြု ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများသည် လူ့အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဿနာများသာမက စီးပွားရေးလုပ်ငန်းများအတွက်လည်း အောက်ဖော်ပြပါကဲ့သို့သော အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ပါသည်။
* Productivity ထုတ်လုပ်မှုကျဆင်းခြင်း၊
* ဝန်ထမ်းအလုပ်ထွက်နှုန်းမြင့်မားခြင်း၊
* အလုပ်ပျက်ကွက်မှု များပြားခြင်း၊
* လုပ်ငန်းဂုဏ်သိက္ခာထိခိုက်ခြင်း
* လုပ်ငန်းခွင်လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အန္တရာယ်များ
ILO/IFC Better Work Programme အပါအဝင် နိုင်ငံတကာအထောက်အထားများအရ လုံခြုံပြီး လေးစားမှုရှိသော လုပ်ငန်းခွင်များသည် Productivity, Competitiveness နှင့် Business Sustainability များကို တိုးတက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
📌 Consultancy Package တွင် ပါဝင်မည့် အကြောင်းအရာများ
✔ လုပ်ငန်းခွင်ဆိုင်ရာမူဝါဒများ ပြန်လည်သုံးသပ်ခြင်းနှင့် ရေးဆွဲပံ့ပိုးခြင်း
✔ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ကာကွယ်တားဆီးရေးစနစ်များ တည်ဆောက်ခြင်း
✔ ကျား/မ ခွဲခြားထိခိုက်နစ်နာမှုမရှိသော လုပ်ငန်းခွင်စနစ်များအားကောင်းစေခြင်း
✔ အလုပ်သမားများ၊ Supervisors များ၊ HR နှင့် Management များအတွက် အသိပညာပေးသင်တန်းများ ပို့ချပေးခြင်း
✔ လုံခြုံစိတ်ချရသော တိုင်ကြားမှုနှင့် တုံ့ပြန်ဖြေရှင်းမှုစနစ်များ တည်ဆောက်ခြင်း
✔ လျှို့ဝှက်မှုကို ကာကွယ်ပေးသော တိုင်ကြားမှုစနစ်များ ဖော်ဆောင်ခြင်း
✔ တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် လုပ်ငန်းစဉ်များ တည်ဆောက်ခြင်း
✔ တိုင်ကြားသူများအား အပြန်အလှန်ဖိအားပေးမှုမရှိစေရေးနှင့် ထိခိုက်ခံစားရသူများကို ကာကွယ်ပံ့ပိုးပေးသည့် နည်းလမ်းများ ပံ့ပိုးခြင်း
✔ လုပ်ငန်းခွင်ဆိုင်ရာ ကော်မတီများနှင့် တုံ့ပြန်ဖြေရှင်းမှုစနစ်များ ဖွဲ့စည်းအားကောင်းစေခြင်း၊
ကျွန်ုပ်တို့၏ Consultancy Approach သည် မြန်မာနိုင်ငံ၏ ထုတ်ကုန်ကဏ္ဍ၏ အခက်ခဲပြဿနာများနှင့်ကိုက်ညီသော Practical Workplace-based Solutions လက်တွေ့ကျပြီး လုပ်ငန်းခွင်အခြေနေများအပေါ်အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ProEthics Solutions အနေဖြင့် လုပ်ငန်းများအတွက် Responsible Workplace Systems များကို ပိုမိုခိုင်မာစေရန်နှင့် Workers များ၏ လုံခြုံမှုကို ကာကွယ်ပေးနိုင်သလို Business Sustainability ကိုလည်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
ဤ Consultancy Package အား စိတ်ဝင်စားသော စက်ရုံများနှင့် အဖွဲ့အစည်းများအနေဖြင့် အသေးစိတ်ဆွေးနွေးလိုပါက ProEthics Solutions သို့ ဆက်သွယ်နိုင်ပါသည် 💚
Contact: +95-9-793333539
Email: [email protected]
🌿 ProEthics Solutions is introducing a new Consultancy Service Package to support safer and more respectful workplaces in Myanmar’s manufacturing sector.
This consultancy package is designed for garment factories, footwear factories, food processing businesses, and other manufacturing workplaces seeking to strengthen workplace protection systems and responsible management practices.
Why is this important?
Workplace sexual harassment, gender discrimination, sexual exploitation, and abuse are not only human rights concerns — they also create serious business risks, including:
* productivity loss
* staff turnover
* absenteeism
* reputational damage
* safety and operational risks
International evidence, including from the ILO/IFC Better Work Programme, shows that respectful and safe workplaces can contribute to stronger productivity, competitiveness, and business sustainability.
📌 Topics included in the Consultancy Package:
✔ Workplace policy review & development
✔ Sexual harassment prevention systems
✔ Gender-sensitive workplace practices
✔ Awareness training for workers, supervisors, HR & management
✔ Safe complaint and response mechanisms
✔ Confidential reporting systems
✔ Complaint handling procedures
✔ Non-retaliation & survivor protection approaches
✔ Workplace committees & response mechanisms
Our consultancy approach focuses on practical, workplace-based solutions tailored to Myanmar’s manufacturing context.
At ProEthics Solutions, we aim to help businesses strengthen responsible workplace systems while protecting both workers and business sustainability.
Factories and organisations interested in this Consultancy Package are welcome to contact ProEthics Solutions for further discussion.
#
14/05/2026
ProEthics Solutions အနေဖြင့် ထိရောက်သော သင်တန်းများသည် သီအိုရီများကိုသာ မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ချိတ်ဆက်ထားသင့်သည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ Child Labour Prevention, Remediation & Young Worker Protection Training တွင် လုပ်ငန်းခွင်အတွင်း အမှန်တကယ်ဖြစ်ပွားနိုင်သော Case Study များကို အသုံးပြုကာ သင်ကြားပေးလျက်ရှိပါသည်။
သင်တန်းသားများသည် —
✔ Group Work Exercises
✔ Discussion Sessions
✔ Role Playing
✔ Problem Solving Activities
အစရှိသည့် Interactive Training Methods များမှတဆင့် လုပ်ငန်းခွင်အတွင်း ကြုံတွေ့နိုင်သော စိန်ခေါ်မှုများကို လေ့လာဆန်းစစ်ပြီး တာဝန်ယူမှုရှိသော စီမံခန့်ခွဲမှုနည်းလမ်းများကို ဆွေးနွေးအဖြေရှာကြပါသည်။
📌 သင်တန်းတွင် အသုံးပြုသော Example Case Study တစ်ခု
HR Manager တစ်ယောက်သည် စက်ရုံတွင် အသက် ၁၆ နှစ်မှ ၁၇ နှစ်အကြားရှိ ယာယီအလုပ်သမား ၂၀ ဦးကို စာရွက်စာတမ်းနှင့် အလုပ်အကိုင်စာချုပ်များမရှိဘဲ ငှားရမ်းအသုံးပြုနေသည်ကို တွေ့ရှိခဲ့ပါသည်။ ထိုအလုပ်သမားများသည် တစ်ပတ်ပိတ်ရက်မရှိဘဲ အလုပ်ချိန်ရှည်များဖြင့် ၂ လဆက်တိုက် အလုပ်လုပ်နေကြပါသည်။
သင်တန်းသားများအား —
✔ လက်ရှိဖြစ်ရပ်ကို မည်သို့တာဝန်ယူမှုရှိစွာ စီမံခန့်ခွဲမည်နည်း
✔ နောင်တွင် ထပ်မံမဖြစ်ပွားအောင် မည်သို့ကာကွယ်မည်နည်း
✔ မည်သည့် စီမံခန့်ခွဲမှုစနစ်များ လိုအပ်သနည်း
✔ လူငယ်အလုပ်သမားများအား တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းစနစ်များနှင့်အညီ မည်သို့ကာကွယ်မည်နည်း
စသည်တို့ကို အုပ်စုလိုက် ဆွေးနွေးအဖြေရှာစေပါသည်။
ယခုကဲ့သို့ လက်တွေ့လုပ်ငန်းခွင်အခြေပြု Case Study များကို အသုံးပြုခြင်းအားဖြင့် သင်တန်းသားများသည် Compliance Knowledge များသာမက Critical Thinking, Communication Skills နှင့် Responsible Decision-Making Skills များကိုလည်း တိုးတက်စေနိုင်ပါသည်။
ProEthics Solutions အနေဖြင့် အဖွဲ့အစည်းများအတွက် ရေရှည်တည်တံ့ပြီး ထိရောက်သော Workplace Systems များတည်ဆောက်နိုင်ရန် Practical Learning Approaches များဖြင့် ပံ့ပိုးကူညီပေးလျက်ရှိပါသည် 💚
12/05/2026
၂၀၂၆ ခုနှစ်အတွက် ကလေးအလုပ်သမားကာကွယ်တားဆီးရေး၊ ပြန်လည်ကုစားရေးနှင့် လူငယ်အလုပ်သမားကာကွယ်ရေးသင်တန်းအစီအစဉ်ကို European Union မှထောက်ပံ့ပေးထားသော MADE in Myanmar Programme ၏ Member Factories များအတွက် ProEthics Solutions မှဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် မျှဝေအပ်ပါသည်။
ယမန်နှစ် ၂၀၂၅ ခုနှစ်တွင် MADE in Myanmar Programme ၏ပံ့ပိုးမှုဖြင့် သင်တန်း Batch (၈) ခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း သင်တန်းBatch အသစ်များကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
ကျွန်မတို့ရဲ့ သင်တန်းသင်ရိုးညွှန်းတမ်းများကို
✔ လုပ်ငန်းခွင်အတွင်း တကယ့် Root Causes များ၊
✔ စက်ရုံများကြုံတွေ့နေရသော လက်တွေ့စိန်ခေါ်မှုများ၊
✔ ပြင်ပပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲများ
အပေါ်အခြေခံ၍ ရေးဆွဲထားပါသည်။
သင်တန်းတွင် အဓိကအားဖြင့် —
🔹 ကလေးအလုပ်သမားကာကွယ်တားဆီးရေး၊
🔹 တာဝန်ယူမှုရှိသော ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များ၊
🔹 လူငယ်အလုပ်သမားကာကွယ်ရေး၊
🔹 လုပ်ငန်းခွင်စီမံအုပ်ချုပ်မှုစနစ်များ၊
စသည့်အကြောင်းအရာများကို လက်တွေ့ကျစွာ မျှဝေပေးသွားမည်ဖြစ်ပါသည်။
ထို့အပြင် သင်တန်းသားများ ပိုမိုနားလည်လွယ်ကူစေရန်နှင့် လက်တွေ့အသုံးချနိုင်စေရန် —
✅ Group Work Exercises
✅ Role Playing
✅ Case Studies
✅ Problem Solving Activities
✅ Q&A Discussions
✅ Lessons Learned Sharing Sessions
အစရှိသည့် Interactive Training Methods များကို အသုံးပြုသင်ကြားသွားမည်ဖြစ်ပါသည်။
ProEthics Solutions အနေဖြင့် ရေရှည်တည်တံ့သော ကလေးအလုပ်သမားကာကွယ်တားဆီးရေးအတွက် Policies များတင်မကဘဲ လက်တွေ့ကျသော နားလည်မှု၊ ဆက်သွယ်ပြောဆိုမှုနှင့် တာဝန်ယူမှုရှိသော စီမံအုပ်ချုပ်မှုစနစ်များ သည် လွန်စွာအရေးကြီးကြောင်း ယုံကြည်ပါသည်။
MADE in Myanmar Programme နှင့် ပါဝင်ပူးပေါင်းပေးသော စက်ရုံများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည် 💚
ProEthics Solutions
#ကလေးအလုပ်သမားကာကွယ်တားဆီးရေး
02/05/2026
“နက်ဖြန်မှာ သင့်လုပ်ငန်းခွင်အတွင်း ကလေးအလုပ်သမားတစ်ဦးကို တွေ့ရှိခဲ့ရင် ဘာလုပ်မှာလဲ?”
လမ်းညွှန်ချက်တွေမှာတော့ ဖြေရှင်းနည်းတွေကရှင်းလင်းပါတယ်။
ဒါပေမယ့် အမှန်တကယ် လုပ်ငန်းခွင်အခြေအနေမှာတော့ မတူပါဘူး—အထူးသဖြင့် အော်ဒါတွေလျော့နည်းလာပြီး buyer တွေရဲ့လိုအပ်ချက်တွေ တင်းကျပ်လာတဲ့အချိန်တွေမှာ မကြာခဏတွေ့ရတဲ့ တုံ့ပြန်မှုတွေကတော့—
* ကလေးအလုပ်သမားကိစ္စကို audit မကျအောင်ဖုံးကွယ်ကြခြင်း၊
* Fake ID မှတ်ပုံတင်အတုအသုံးပြုမှုကြောင့် ကလေးကိုပဲ အပြစ်တင်တာဝန်ယူစေခြင်း၊
* ကလေးနဲ့ မိဘတွေကို ဖိအားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း၊
* ကလေးအတွက်ပြန်လည်ကုစားမှုအစီအစဉ်များမရှိဘဲ ချက်ချင်း အလုပ်မှထုတ်ပယ်ခြင်း၊
ဒီလိုတုံ့ပြန်မှုတွေက မကြာခဏ စိုးရိမ်ပူပန်မှု၊ ဖိအားနဲ့ လက်တွေ့လုပ်ဆောင်ရန် လမ်းညွှန်မှုမရှိခြင်းကြောင့် ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ဒီလိုလုပ်ခြင်းက ကလေးအတွက်နဲ့ လုပ်ငန်းအတွက် နှစ်ဖက်လုံးမှာ ပိုပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ကလေးအလုပ်သမားပြဿနာဟာ compliance ပြဿနာတစ်ခုတည်းမဟုတ်ပါဘူး။
ဒါဟာ အဆိုပါ ဖိအားများအောက်မှာ စီမံခန့်ခွဲအုပ်ချုပ်မှုဘက်က ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့ management systems ရဲ့ ပြဿနာတစ်ခုပါ။
စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းတွေလိုအပ်တာက policy တစ်ခုတည်းမဟုတ်ပါဘူး—
လက်တွေ့အသုံးချနိုင်တဲ့ လမ်းညွှန်ချက်တွေပါ—
✔ ကလေးအလုပ်သမားပြဿနာတစ်ခုတွေ့ရှိတဲ့အချိန် ဘယ်လိုတုံ့ပြန်မလဲ
✔ ကလေးကို ထပ်မံထိခိုက်မှုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
✔ buyer နဲ့ audit ဆိုင်ရာပြဿနာတွေကို ဘယ်လိုစီမံမလဲ
✔ အလားတူပြဿနာပြန်မဖြစ်အောင် စနစ်တွေကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ
ProEthics Solutions အနေနဲ့ ကလေးအလုပ်သမားကာကွယ်ရေး၊ လက်တွေ့ဖြေရှင်းမှု (remediation) နဲ့ စီမံအုပ်ချုပ်မှုစနစ်တိုးတက်ရေးဆိုင်ရာ consultancy နဲ့ training ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေပါတယ်။
သင့်အဖွဲ့အစည်းမှာ ဒီလိုပြဿနာတွေကို ကြိုတင်ပြင်ဆင်ချင်ပါက သို့မဟုတ် လက်ရှိကြုံတွေ့နေရပါက ProEthics Solutions ကိုဆက်သွယ်နိုင်ပါတယ်။
“What would you do if a child labour case is found tomorrow?”
In many guidelines, the answer looks clear.
But in reality, I have seen something very different—especially when factories are under pressure from reduced orders and strict buyer requirements.
Common reactions include:
* Hiding the case to avoid audit consequences
* Blaming the child for using false documents
* Threatening the child or parents
* Immediate dismissal without any remediation
These responses often come from fear and lack of practical guidance—but they create greater risks for both the child and the business.
Child labour is not just a compliance issue.
It is a management response issue under pressure.
What organisations need is not only policies—but clear, practical steps on:
✔ how to respond when a case is found
✔ how to protect the child without creating further harm
✔ how to manage risks with buyers and audits
✔ how to strengthen systems to prevent recurrence
At ProEthics Solutions, we are working with organisations to provide practical guidance, training, and remediation support on child labour and responsible management systems.
If your organisation is facing these challenges or wants to be better prepared, feel free to reach out.
သင့်ရဲ့ စက်ရုံ သို့ လုပ်ငန်းတွေမှာ အသက် ၁၈ နှစ်အောက် လူငယ်များကို Security ဝန်ထမ်းအဖြစ် ငှါးရမ်းအသုံးပြုနေတယ်ဆိုရင် ဒီ vide clip လေးကိုဖွင့်ကြည့်ပေးစေချင်ပါတယ်။
ProEthics Solutions
ProEthics Solutions ကနေပြီး ယနေ့ မြန်မာပြည်ရဲ့ အထည်ချုပ်စက်ရုံတွေမှာ အများဆုံးကြုံတွေ့နေရတဲ့ ကလေးအလုပ်သမားပြဿနာတွေကို ဗဟုသုတအနေနဲ့အကြံပြုဆွေးနွေးမှုများကို online ကနေ ၁ နာရီဝန်းကျင်ခန့် အခမဲ့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ မည်သူမဆိုပါဝင်ဆွေးနွေးနိုင်ပြီး ယေဘူယျပြဿနာအချက်လက်များကိုသာအဓိကထားပြီးဆွေးနွေးပေးမှာဖြစ်ပါတယ်။ စက်ရုံနာမည်၊ လူပုဂ္ဂိုလ်နာမည်များတပ်၍ လုံးဝ လုံးဝဆွေးနွေးသွားမည်မဟုတ်ပါ။ ပါဝင်ဆွေးနွေးလိုသူများအနေနဲ့ ProEthics Solutions ရဲ့ Facebook သို့ TikTok Account သို့ LinkedIn Account များကနေ “ဆွေးနွေးလိုပါတယ်” ဟု comments သို့ message ပို့လို့ရပါတယ်။ Online ဆွေးနွေးပေးမှာဖြစ်လို့ zoom link ပို့ပေးသွားပါမည်။ ပြည်တွင်းရှိ စီမံအုပ်ချုပ်သူများကို သာ ဆွေးနွေးပေးမယ့်အစီအစဉ်မို့ မြန်မာဘာသာစကားနဲ့ သာ အဓိကထားဆွေးနွေးမှာဖြစ်ပါတယ်။
ProEthics Solutions
ကလေးအလုပ််သမားတွေကို မှားယွင်းခန့်အပ်ပြီး အလုပ်မှချက်ခြင်းထုတ်ပစ်လိုက်တဲ့ အခါ ဖြစ်ပေါ်စေနိုင်တဲ့ ဆိုးကျိုးတွေကို ဒီ video clip လေးမှာရှင်းပြပေးထားတာမို့ နားစဉ်လေ့လာနိုင်ပါပြီ။
This video clip explains the negative consequences that can arise when child workers are mistakenly hired and then immediately dismissed from their jobs. You can watch and learn from it.
ProEthics Solutions
ဒီ video clip လေးမှာတော့ အလုပ်သမားအသစ်တစ်ယောက်ကိုစတင်ခန့်အပ်တော့မယ်ဆိုလို့ရှိရင် စစ်ဆေးရမည့်စာရွက်စာတမ်းလေးတွေကို ဗဟုသုတအနေနဲ့ ဆွေးနွေးထားပေးပါတယ်။
ProEthics Solutions
သင့်စက်ရုံမှာ အသက် ၁၈ နှစ်အောက် လူငယ်အလုပ်သမားတွေကို ငှါးရမ်းအသုံးပြုနေပါသလား သို့မဟုတ် ငှါးရမ်းအသုံးပြုဖို့ အစီစဉ်ရှိပါသလား ?
ဒီ လို အစီအစဉ်ရှိတယ်ဆိုရင် အဓိကလိုက်နာရမယ့် စည်းမျဉ်းတွေကို ဖော်ပြပေးထားတာမို့ ProEthics Solutions ရဲ့ video clip လေးကို အသံဖိုင်ဖွင့်ပြီး နားထာင်ကြည့်လို့ရပါပြီ။
မှတ်ချက်။ ILO ရဲ့ လူငယ်များနှင့်အလုပ်လုပ်ခြင်းစာအုပ်မှကိုးကားဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
Are you currently employing young workers under the age of 18 in your factory, or planning to do so?
If yes, it is essential to understand and follow the key requirements and safeguards when engaging young workers.
We have shared a short video clip (in local language) outlining the important rules and practical guidance to support responsible management of young workers. You may listen to the audio for better understanding.
Note: The content is referenced from the ILO guidance on working with young workers.
ProEthics Solutions
အသက် ၁၈ နှစ်အောက်လူငယ်အလုပ်သမားတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လုပ်ငန်းခွင်အနေအထားဖန်တီးပေးဖို့ လိုအပ်ပါတယ်။
မှတ်ချက်။ ILO ရဲ့လူငယ်များနှင့် အလုပ်လုပ်ခြင်း စာအုပ်မှကောက်နှုတ်ဖော်ပြထားပါတယ်။
ProEthics Solutions
Click here to claim your Sponsored Listing.
Category
Address
Yangon
11201