ChatbotMM

ChatbotMM

Share

eCommerce and Chatbot Business service

Photos from ChatbotMM's post 02/01/2023

၂၀၂၃ အတွက် Calendar နဲ့ Year Planner လေးတွေကို မန့်ထဲက လင့်မှာ အခမဲ့ ရယူနိုင်ပါပြီ။

19/12/2022

ကမ္ဘာ့ဖလား အနိုင်ရရှိတဲ့ အသင်းကို ခန့်မှန်းနိုင်ခဲ့တဲ့ ကို ဇေယျာမျိုး ၁၅၀,၀၀၀ တန် Gold Package ကို အခမဲ့ သုံးစွဲခွင့်ရရှိသွားပါတဲ့အတွက် Congratulation ပါခဗျာ။

Photos 18/12/2022

Argentina Vs France

ဒီနေ့ည 9:30 Messi နဲ့ Mbapee တို့ရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပွဲမှာ နိုင်မယ် အသင်းကို ခန့်မှန်းပြီး eCommerce Chatbot 3 လအခမဲ့ အသုံးပြုခွင့်ကို ရယူလိုက်ပါ။

အနိုင်ရမယ်ထင်တဲ့အသင်းကို ချရေးပြီး ပို့စ်ကို Like , Share လုပ်ထားတဲ့ SS နဲ့အတူ ပို့စ်အောက်မှာ မ့န်ပြီး ကံထူးလိုက်ပါ။

Photos 15/12/2022

Chatbot ၁ ခုကို ဘယ်လို အချက်အလက်တွေ ထည့်သွင်း တည်ဆောက်သင့်သလဲ။

Chatbot အကြောင်းကို ပြောရမယ်ဆိုရင် သူက ဘာလဲဆိုတာနဲ့ အစပြုရမယ်ခဗျ။ ကျနော်တို့ လက်ရှိအသုံးများနေကြတဲ့ Chatbot ဆိုတာလေးက လူတွေနဲ့ အမေးအဖြေ Interactive လုပ်ဖို့ design ထုတ်ထားတဲ့ Conversational Software အသေးလေးတစ်ခုလို့ ပြောချင်ပါတယ်။

Chatbot က လူများစုနဲ့ ပြောဆိုဆက်ဆံရတဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တွေမှာ အကျိုးရှိရှိ အသုံးချတက်ရင် ဝန်ဆောင်မှု (Customer Service) အတွက်သာမက အရောင်းနယ်ပယ် Sale / Marketing Promotion တွေ အတွက်ပါ အရမ်းအသုံးဝင်တာကို လက်တွေ့တွေ့နေရမှာပါ။

Website မတည်ဆောက်ရသေးတဲ့ လုပ်ငန်းရှင်တိုင်းက Chatbot လေးတွေကို သူတို့ရဲ့ page တိုင်းမှာ တပ်ဆင်ထားသင့်ပါတယ်။ မေးခွန်းလေးရဲ့အဖြေအတွက် ပြန်လည် အစပျိုး ရရင် Chatbot flow / steps တွေမှာ ထည့်သွင်းထားသင့်တာလေးတွေကို List လုပ်ထားတာလေး အောက်မှာ ကြည့်ပေးပါခ‌ဗျာ။

1. Products & Information
မိမိ ထုတ်ကုန်တွေရဲ့ ဓါတ်ပုံ တွေနဲ့ သက်ဆိုင်ရာထုတ်ကုန်ရဲ့ အချက်အလက် တွေကို မဖြစ်မနေ ထည့်သွင်းထားရမှာပါ။ အဲဒီ့ တော့မှ ထပ်ခါတလဲလဲ ဖြေကြားရတဲ့ ဒုက္ခ ကနေ လွတ်ကင်းမှာလည်းဖြစ်ပါတယ်။ ဒီမှာ တစ်ခုရှိတာက eCommerce Shop owners တွေကတော့ ထုတ်ကုန်တွေ ရာထောင်ချီရှိတာဖြစ်တဲ့ အတွက် chatbot flow / stpes တွေမှာ ၁ ခုချင်းစီ ထည့်သွင်းမယ့်အစား eCommerce Website သို့ mini ecommerce shop တို့ကို တဆင့် ညွှန်ပြထားသင့်ပါတယ်။ (mini ecommerce shop ကို chatbotmm မှာ အလွယ်တကူ ရယူ အသုံးပြုနိုင်ပါတယ်)

2. ဆက်သွယ်ဖို့ Phone / email
Messenger ကိုရောက်လာတဲ့ သူအများစု 90% လောက်က မိမိထုတ်ကုန်တွေကို ဝယ်ယူဖို့ ဒါမှမဟုတ် မိမိ မသိသေးတဲ့ အချက်လက်တချို့ ကို စိတ်ဝင်တစား မေးမြန်းဖို့အတွက် ရောက်လာတဲ့သူတွေပါ။ ဒါကြောင့် ဒါကြောင့် Chatbot ထဲမှာ ပြသထားတဲ့ ထုတ်ကုန် အချက်အလက်တွေကို ကြည့်ပြီး Order တက်မယ် ဒါမှမဟုတ် မေးမြန်းဖို့အတွက် ဆိုင်ကို အလွယ်တကူဆက်သွယ်ဖို့ Phone No (email) ထားရှိထားရပါမယ်။

3. Messenger ကနေ ဝယ်ယူဖို့ အချက်အလက် တွေပေးခဲ့ဖို့ လမ်းညွှန်
ဝယ်ယူသူဟာ ကိုယ့်ထုတ်ကုန်ကို အလွယ်တကူ ဝယ်ယူဖို့ အမှာစာ ပေးပို့တဲ့အခါ အချက်အလက်တွေ မေ့ကျန်ခဲ့တာမျိုးမဖြစ်အောင် မိမိ ရဲ့ Chatbot flow တွေမှာ Instruction တွေ ထည့်သွင်းရေးသားထားရပါမယ်။

ဉပမာ ဆက်သွယ်ဖို့ နာမည်၊ ဖုန်းနံပတ် ၊ မှာယူလိုတဲ့ Product Code ၊ အရေအတွက် ၊ ငွေလွှဲချလံ Photo ၊ ပေးပို့ရမယ့် လိပ်စာ ၊ အချိန် နေ့ရက်...စတဲ့အချက် တွေကို တော့ ထည့်သွင်းတောင်းဆို ထားသင့်ပါတယ်။

4. ငွေလွှဲအချက်အလက် (Optional)
တချို့တွေက Chatbot flow တွေထဲမှာ တင်ကြို စီမံရေးသားထားပေမယ့် တချို့တွေကတော့ ခုခေတ်ကာလမှာ လိမ်လည်မှုတွေပေါများလို့ Live Chat Agent တွေနဲ့စကားပြောပြီး မှသာ Bank wire information (ငွေလွှဲအချက်အလက်) တွေကို ပေးပါတယ်။

5. ဆိုင်တည်နေရာ
တချို့တွေက ကိုယ်တိုင်ကိုယ်ကျ မိမိဆိုင်ကို လာရောက်ရွေးချယ်ပြီး ဝယ်ယူချင်တဲ့သူတွေ လည်းရှိပါတယ်။ ဒါကြောင့် မိမိဆိုင်ရဲ့ လိပ်စာ လမ်းညွှန်ကို တိတိကျကျ လွယ်လွယ်ကူကူ ဖြစ်အောင် ရေးသားထားပြီး Google Map Link ပါထည့်သွင်းထားသင့်ပါတယ်။

6. About Us (မိမိဆိုင်ရဲ့ အကြောင်း)
မိမိဆိုင်အကြောင်းကို သေချာစွာမသိသေးတဲ့ ဝယ်ယူသူတွေရဲ့ ယုံမှား သံသယကို ဖြေလျော့ပြီး ယုံကြည်မှု တည်ဆောက်ဖို့အတွက်လည်း about us flow လေးကို တည်ဆောင်ထည့်သွင်းထားသင့်ပါတယ်။ ဉပမာ တည်ထောင်ထားတဲ့အချိန် ၊ Customer တွေရဲ့ Review အကြောင်း ၊ ရရှိထားတဲ့ တရားဝင် Certificate တွေ၊ မိမိ နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို ဖော်ပြထားတာမျိုး တွေ ထည့်သွင်းရေးသားထားနိုင်ပါတယ်။

7. Lead generation Steps
တစ်ခုသတိပြုရမှာက ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ Social Media Platform ဟာ ကျနော်တို့ ကိုယ်ပိုင် မဟုတ်ပါဘူး။ Facebook ရဲ့ အခမဲ့ Features တွေဖြစ်တဲ့ page , Facebook profile , Facebook Ads Function တွေကို အသုံးပြုနေတာပါ။ ဒါ့ကြောင့် ကျနော်တို့ အသုံးပြုနေတဲ့ Budget တွေဟာ ကုန်သွားပြီး ရေရှည်အတွက် အကျိုးရှိအောင် ဖောက်သည်တွေနဲ့ အကြောင်းအမျိုးမျိုး ကြောင့် အဆက်အသွယ်မပြတ်အောင် သူတို့ဆီကနေ အချက်အလက်အချို့ကို တောင်းခံထားတဲ့ chatbot flow steps လေးတွေ ထားရှိသင့်တာပါ။ ဉပမာ ဖုန်းနံပတ် ၊ email တို့လိုမျိုးပါ။ ဒီ အချက်တွေကို ရယူထားခြင်းအားဖြင့်လည်း Facebook Ads Platform မှာ Custom Audience တည်ဆောက်ပြီး Retargeting အတွက်လည်း ပြန်လည် အသုံးချလို့လည်းရပါသေးတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ခုအဆင့်ကိုလည်း ထည့်သွင်းတည်ဆောက်ထားသင့်တာဖြစ်ပါတယ်။

ရေးခဲ့တာတွေကို နားလည်ပေမယ့် မိမိ လုပ်ငန်းအဖွဲ့အစည်းအတွက် ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ဖို့အတွက် အချိန်မရှိလို့ Professional ကျကျ တည်ဆောက်ချင်တဲ့သူတွေအနေနဲ့လည်း ChatbotMM ကိုဆက်သွယ်နိုင်ပါတယ်ခဗျာ။ ChatbotMM ကိုတည်ထောင်သူ ကျနော် ထင်ကျော် (ကြည်သာဝင်း) ဟာ Manychat ရဲ့ မြန်မာပြည်မှာ ပထမဆုံး Messenger Marketing Expert လည်းဖြစ်ပါတယ်။

ထင်ကျော် (Founder)
09 960 60 6556 / 09 254 865 318
[email protected]

24/11/2022

🏆ချန်ပီယံ⚽ ဘယ်သူဖြစ်မလဲ ခန့်မှန်းပြီး ၃ သိန်းတန် Chatbot Package 6 လစာကို အပြိုင် ကံစမ်းလိုက်ပါ။

😬 ကဲ ကံထူးရှင်ဖြစ်ဖို့အတွက် ပို့ေအာက်မှာ မိမိ ထင်ေကြးေပးထားတဲ့ ချန်ပီယံေလာင်း အသင်း ၁ သင်း ကို မန့်ပြီး 🏃‍♂️ ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် 🔥Dec 6 2022 ညအထိ ဝင်ေရာက် ခန့်မှန်း ကံစမ်းနိုင်ပါပြီ။

🔥မှန်ကန်ေအာင် ခန့်မှန်းနိုင်သူ ၁၀ ဉီးကို ၅၀,၀၀၀ တန် 🛒 eCommerce Chatbot (Gold Package) ၆ လတိတိ အခမဲ့ သုံးစွဲခွင့် ေပးအပ်သွားမယ့်အပြင် 🤖Chatbot Setup အတွက်လည်း အခမဲ့ ထပ်ပြီး ေပးအုန်းမှာဆိုေတာ့ 🤩 ေတာ်ေတာ်ကြီးကို လန်း ေနပါပြီ။ ☞ ဒီေတာ့ တခြားသူေတွဉီးမသွားခင် အမြန်မန့်ပြီး ကံစမ်းလိုက်ပါေတာ့လား။

18/11/2022

တခြားသူတွေမသိအောင် စာတွေကို encrypt လုပ်ပြီး ပို့ကြမယ်။ပြုလုပ်နည်းလေးကိုတော့ Video ထဲမှာ ကြည့်ပေးပါခဗျာ။
website လေးကို မန့်အောက်မှာယူပါ။

17/11/2022

အသုံးပြုသင့်တဲ့ Cold Email Marketing.
Opening Rate 26%.
ChatbotMM မှာ Cold Email Marketing ရနေပါပြီ။

14/11/2022

ChatbotMM ရဲ့ အသုံးပြုပုံ Video တွေကို NAL ရဲ့ အခမဲ့ LMS Platform ပေါ်မှာ တင်ပေးထားတာဖြစ်လို့ အခကြေးငွေ ပေးစရာမလိုဘဲ လေ့လာလို့ရနေပြီ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်နော်။ Messenger မှာလာရောက် စာရင်းသွင်း နိုင်ကြောင်း အသိပေးပါတယ်ခဗျာ။

https://class.nalmm.com/home/course/chatbotmm-platform/3

LMS လိုအပ်နေတဲ့ Instructor များ ၊ Facebook Gp ပေါ်မှာ သင်ရတာထက် သီးသီးသန့်သန့် Premium ဆန်ဆန် LMS Platform ပေါ်မှာဘဲ သင်ကြားချင်တဲ့ Instructor များလည်း အခမဲ့ လာရောက် သင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ပါတယ်။

Chatbot Platform ကို အားပေးနေကြတဲ့ Client တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခဗျာ။

ထင်ကျော် (Founder)
09 960 60 6556 / 09 254 865 318
[email protected]
[email protected]

24/10/2022

အားလပ်ရက်မှာ ပျော်စရာကောင်းတဲ့ ဒီပါဝလီ နေ့လေးတစ်နေ့ဖြစ်ပါစေလို့ ChatbotMM ကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခဗျာ။

17/10/2022

Online မှာ Client Meeting ရှိရင် ကြိုပြင်ဆင်ထားရတယ်။ 😅

16/10/2022

ကိုယ့်ရဲ့ Audience တွေကို Youtube Channel လေးဆီကို တိုက်ရိုက် ရောက်အောင် ဘယ်လိုလုပ်ရမလဲ။

အခုဆို လူတော်တော်များများက Facebook Social Media ပေါ်မှာ Video တွေတင်ကြပေမယ့် တချို့ကျတော့လည်း Youtube Channel မှာ Video တင်တာကို ပိုပြီး အားသန်ကျပါတယ်။ အဲဒီ့အခါ ကိုယ့်ရဲ့ Channel လင့်ကို ယူပြီး Facebook post တွေတင်မှာ တင်ကျပေမယ့် ကြည့်တဲ့သူက လင့်ကိုနှိပ်လိုက်ရင် Browser သာပွင့်ပြီး Video ကြည့်လို့အစဉ်ပြေသွားပေမယ့် Subscriber အနေနဲ့ ဖြစ်သွားဖို့ဆို log in ဝင်ခိုင်းတက်ပါတယ်။ အဲဒီအခြေအနေကို ဖြေရှင်းဖို့ဆို Youtube deeplink နဲ့တော့ ဖြေရှင်းလို့ရပေမယ့် သူတို့ကလည်း request နဲ့ ငွေကောက်ခံကြတာဖြစ်လို့ အခမဲ့ မရနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ် အခမဲ့ ရနိုင်တဲ့နေရာ တစ်နေရာတော့ ရှိပါတယ်။ အဲဒါကတော့ အောက်မှာပေးထားတဲ့ Website မှာကတော့ Youtube deep link function လေးကို အခမဲ့ သုံးစွဲနိင်တာဖြစ်လို့ တော်တော်လေး အစဉ်ပြေတာကို တွေ့ရပါတယ်။ Website link လေးကတော့

https://tools.apgy.in/tool/youtube-app-link/

ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ youtube video တွေအတွက် လင့်ယူလို့ရပေမယ့် Channel link အတွက်တော့ မပါဝင်ပါဘူး။

09/10/2022
Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon
11091