Feel Fresh Area

Feel Fresh Area

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Feel Fresh Area, Writer, Yangon.

21/09/2025

ငါတို့ကြားထဲ စည်းခြားနေတာလား?
တိတ်ဆိတ်မှုကိုဖျောက်ဖို့ ယုတ္တိမရှိတဲ့ဟာသတွေ လိုအပ်နေတာလား?
စာတွေပို့ဖို့ ဒီလောက်ထိစဉ်းစားနေရပြီဆို ပေါ့ပေါ့ပါးပါးဖြစ်အောင် မပို့ဘဲ နေကြည့်ကြမလား?

13/09/2025

ဘုရားဖူးရတာ အေးချမ်းပါတယ်
တောင်းတဲ့ဆုတွေများလို့ မောတာ တခုပါပဲ 😌

12/09/2025

တစ်နေ့နေ့တစ်ချိန်ချိန်မှာ
မင်းကိုယ့်ကိုပြန်လည်ရှာတွေ့သွားနိုင်တာပဲဆိုပြီး
မင်းသွားနိုင်မယ့်လမ်းတစ်လျှောက်မှာ
ကိုယ်ရှိနေသေးကြောင်း သဲလွန်စတွေချန်ထားခဲ့ပါတယ်။

မင်းရဲ့အဝေးဆုံးအထိ ရောက်အောင်မသွားနိုင်တာက
ကိုယ့်ရဲ့အားနည်းချက်တစ်ခုပါပဲ။
လွင့်ထွက်သွားမလားဆိုပြီး
ခနခနဖမ်းဆုပ်ကြည့်မိတဲ့လက်ကလေးကို
ဖြေလျှော့ပြီးတော့ မကြည့်ရဲသေးဘူး
အဲ့ဒီထဲမှာ ဘာမှမရှိတော့မှန်းကိုယ်သိတာပေါ့ကွာ
စိတ်ကူးနဲ့ရူးရတဲ့ အခိုက်အတန့်တွေကလည်း
ပျော်စရာတော့ကောင်းပါတယ်။

တကယ်တော့ မင်းမရှိတော့တာကြာပြီ ......

နတ်ဆိုးတစ်ထောင်နဲ့တိုက်ခိုက်နေရချိန်တွေတုန်းက
ဘာဒဏ်ရာဒဏ်ချက်မှ ကိုယ်မရခဲ့ပေမယ့်
မင်းအဆင်မပြေဘူးကြားရချိန်မှာ
မုန်တိုင်းမိတယ်
သေနတ်မှန်တယ်
ဓါးထိုးခံရတယ်
ကမ္ဘာပျက်တယ် ......

တစ်ခုခုဆို မင်းထိခိုက်မှာကြောက်တယ်

ပြိုကျပျက်စီးတော့မဲ့ တိုက်အိုပျက်ကြီးက
အဝေးကကြယ်လေး လွင့်ကြွေသွားမှာစိုးလို့တဲ့
ရယ်တော့ရယ်စရာပါပဲ
အဲ့ဒီရင်ကွဲနာဟာသတွေ အဆုံးမရှိတဲ့အကြောင်း
မင်းသိနိုင်ပါ့မလား။

ပြန်လာခဲ့ပါလို့ မပြောတော့ဘူး
အမြင့်ကြီးအထိပျံသန်းထွက်ခွာသွားတဲ့
မိုးပျံပူဖောင်းလေးမှာ
မင်းနာမည် တံဆိပ်ကပ်ပြီး
စာလေးတစ်ကြောင်းရေးလိုက်တယ်။

"ဘယ်ကမ္ဘာဆီရောက်ရောက်
နောက်ဆုံးပြန်ကျလာခဲ့ရင်
ကိုယ့်ဆီကိုရောက်လာစေချင်တယ်"

အဲ့ဒီလို ................... ကိုယ်စောင့်နေမှာပေါ့ ။


Crd #ဘုန်းမြင့်ဇော်

11/09/2025

ပိတ်စအသစ်ဆို သိပ်ကြိုက်တဲ့ ဆရာလုံး 🥰

09/09/2025

😅 ၂ နို င် ငံ လုံး ငါ့လက်ထဲ ရောက်ပီ အဟိ

09/09/2025

ဒန်ပေါက်ထဲက ထမင်းတင် မဟုတ်ပါဘူး ကြက်ပေါင်ပါ အရိုးမကျန် အကုန်စားပစ်တဲ့ ဆရာကြီးပါ 😂

09/09/2025

လုပ်ချင်တာက content creator
ဖြစ်နေတာက lazy creator
😝😝

09/09/2025

သူများကိုပဲ ထိမယ်
သူ့အသားလေးထိရင် တစက်မှမကြိုက်သော အကိုကြီးရွှေ 😂💕

05/09/2025

ယွစကီးကောင် 🤣
ဖျက်စကီးကောင် 🤣

04/09/2025

စကားသိပ်များသော ငလုံး 😂

04/09/2025

လူ အထက်က လူလား?
လူ အထဲက လူလား?
လူ အောက်က လူလား?

လူတယောက်ကိုကြည့်ရင် တွေ့ရမယ့်အတွေးတွေ များလာပြီ။

31/08/2025

August 1st ထဲက မျှော်လင့်ပြီး စိတ်ကူးယဉ်ခဲ့ရတာတွေ August 24 မှာ တပိုင်းတ ပျက်စီးခဲ့ရတာကို သတိမထားမိသေးဘဲ August 30 မှာ ပိုသေချာသွားခဲ့ပြီး August 31 မှာတော့ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း လက်ခံခဲ့ရပါတယ်

သင်ခန်းစာတွေ ပေးသော်လည်း ဦးနှောက်ပါမလာလို့ မမှတ်တတ်ခဲ့သူတဦး

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

Yangon