Stars Fade In Our Universe
Feeling For You
"ဒီနေရာက... လွမ်းဖို့ကောင်းတယ်"
"လွမ်းဖို့ကောင်းတယ်။...။
လွမ်းဖို့ကောင်းတယ်ဆိုတာဘာကို ပြောတာလဲ"
"ကိုယ်လဲ အစကမသိဘူး။ ဒီညနေမှသိတယ်။
လွမ်းဖို့ကောင်းတယ်ဆိုတာဟာ... ငိုချင်တာတစ်မျိုးပဲ"
"ဘာရယ်... ငိုချင်တာတစ်မျိုး"
"ဟုတ်တယ်။ ငိုချင်တာတစ်မျိုး။ ဒါပေမဲ့ ရင်ထဲမှာတွင်
ငိုချင်တာ။ ပြီးတော့ ရင်ထဲမှာတွင် တိတ်ချင်တာ"
#တက္ကသိုလ်ဘုန်းနိုင်
အချစ်ဆိုတာကို လူတိုင်းကတော့ သူတို့တို့တွေရေးတတ်သလိုရေးတတ်သလောက် သူတို့လိုချင်သလောက် စာဖွဲ့ရေးသားနေကြတာပဲ။
ကိုယ့်အတွက်ကတော့ လူနှစ်ယောက်ချစ်ပြီဆိုရင် ကိုယ့်ပုံစံအတိုင်း ကိုယ့်ဖြစ်တည်မှုအတိုင်းနေလို့ရပြီး တစ်ယောက်ကပြောတာကိုတစ်ယောက်က အပြန်အလှန်နားထောင်ပေးပြီး ပျော်စရာရှိရင် အတူပျော်ရွှင်မယ် ဝမ်းနည်းစရာ နာကျင်စရာတွေ စိုးရိမ်စရာတွေရှိလာရင် အတူနှစ်သိမ့်မယ် ခံစားချက်တွေမှဝေမယ် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ဂရုစိုက်ကြမယ် ဒီလောက်ပါပဲ။
ချစ်တာတစ်ခုထဲနဲ့မပြီးဘူးဆိုပေမဲ့လည်းပေါ့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုတွေချစ်ကြပြီး ကျန်တာတွေကို အတူရင်ဆိုင်သွားနိုင် ကျော်ဖြတ်သွားနိုင်တဲ့ အားစိုက်ထုတ်မှု အာရုံစိုက်မှုနဲ့ brain level တူညီမှုရှိရင်တော့ လူတစ်ယောက်နဲ့ချစ်ရ ဘဝတစ်ခုထူထောင်ရတာမှာ 50%လောက်တော့ အေးချမ်းမှာပဲ။
ဆယ်ကျော်သက်ဒိုင်ယာရီ
ဘဝကိုရုပ်ရှင်ကားတစ်ခုလို ပြန်ကြည့်မယ်ဆိုရင်၊
အိပ်မရတာမဟုတ်ပဲ အိပ်မပျော်တဲ့ညတွေက၊
ဘယ်နှစ်မိနစ်လောက်ရောက်မှ ပြီးဆုံးသွားမှာလဲ ။
အငိုခန်းတွေကိုရော ကံကြမ္မာဆိုတဲ့ …
ဒါရိုက်တာရဲ့အလိုအရ ဘယ်နှစ်ခန်းလောက် …
ရိုက်ပေးနေရဦးမှာလဲ ။
သံချောင်းတွေအပြည့်စိုက်ထားတဲ့ …
ဘဝဇာတ်ခုံပေါ်မှာ ကခုန်နေရတဲ့ …
လူငယ်တစ်ယောက်ရဲ့ နာကျင်နေတဲ့ခြေဖဝါးအောက်မှာ ၊သွေးတွေမဟုတ်ဘူး အိပ်မက်တွေ ၊ ဆန္ဒတွေ ၊ ရည်မှန်းချက်တွေ ။
ဖြစ်ချင်တာမဖြစ်ရပဲ ဖြစ်ချင်တိုင်းဖြစ်နေရတဲ့ …
ဘဝထဲမှာ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်က …
လူတွေကိုလက်လွှတ်ခဲ့ရတာလဲ အကြိမ်ကြိမ် ။
စိတ်ကူးတွေက စိတ်ကူးသက်သက်ပဲဆိုတာ …
တကယ်တမ်း လက်ခံလိုက်ရဖို့ …
လောကကြီးမှာ ၂၄နှစ်လောက် ဖြတ်သန်းခဲ့ရတယ် ။
ငယ်ငယ်ကအမေနမ်းမဝခဲ့တဲ့ ပါးနှစ်ဖက်က …
အသက်ကြီးလာတော့ မျက်ရည်တွေအလွယ်တကူ ..
ကျဆင်းနိုင်ဖို့အတွက် လမ်းတွေဖြစ်ခဲ့ရပြီ ။
အဖေမရိုက်ရက်ခဲ့တဲ့ ခြေထောက်နှစ်ဖက်ဟာလဲ …
ကြမ်းတမ်းလွန်းတဲ့ လောကဓံတွေကို …
အံတုနိုင်ဖို့အတွက် တမင်များမရိုက်ရက်ခဲ့လေသလား ။
22.4.2025(12:25)
Yang
အနိုင်ရတိုင်း နိုင်သွားတာမဟုတ်တဲ့အခိုက်အတန့်တွေမှာ
ငါတို့ဟာ အနိုင်လိုချင်ခဲ့ကြတယ်။
ရလဒ်ကတော့ အလဲလဲ အကွဲကွဲတွေပဲပေါ့………
လူထောင်သောင်းမက သွားလာနေတဲ့အခြေခံလူတန်းစားတွေအတွက် လေယာဉ်ပျံ။
တိုးရ ကြပ်ရနဲ့ လောကဓံအလား….
နားကြပ်နှစ်ဖက်က ရွှေငွေထပ်တန်ဖိုးရှိတဲ့နေရာ။
ထိုနေ့တွင် ကျနော်သည်ယောင်္ကျားမဆန်စွာ ကိုယ်ချစ်တဲ့မိန်းကလေးရဲ့စိတ်ထဲတွင် မကောင်းတဲ့ယောင်္ကျားလို့ ကောက်ချက်ချနိုင်မည့် ကိစ္စတစ်ခုကိုကြူးလွန်မိရန်အစဖြစ်သည်။
လူတွေအများကြီးကြားထဲက တွေ့လိုက်ရတဲ့မျက်နှာလေးတစ်ခု….
ဘေးချင်းကပ်တန်းလေးတွေကိုကိုင်နေရပေမဲ့…
သူ့လက်ချောင်းသွယ်သွယ်လေးကိုပဲ ကိုင်ချင်ခဲ့တာ။
ခိုးကြည့်ရတဲ့အခါတိုင်း နှာတံစင်းစင်းလေးအောက်က….
ဆေးဆိုးပန်းရိုက်မလုပ်ပဲ နဂိုတိုင်းရဲနေတဲ့နှုတ်ခမ်း
တစ်စုံရဲ့ ပိုင်ရှင်ဖြစ်ချင်ခဲ့တာ။
အဲ့နေ့ကစပြီး ညနေခင်းလေယာဉ်ပျံကြီးပေါ်မှာ သူပါလာမလားစောင့်နေရတာ ၁၅ရက်တိုင်တိုင်ရှိခဲ့ပြီ….။
ကားပေါ်တက်လာထဲက သူမှန်းနှလုံးသားကအချက်ပေးတယ်…
ကျနော့်ဘေးနားမှာသူမတ်တပ်လာရပ်တော့ ရင်ခုန်သံတွေထိန်းမရခဲ့…..။
သူ့မျက်နှာလေးကိုသူမသိအောင်ခိုးကြည့်ရတာ….
ကျနော့်အတွက် တော်တော်ခက်ခဲသည်လို့ပြောရင်ရော….
ခင်ဗျားတို့ ယုံကြပါ့မလား….
ယောကျင်္ားပီပီ အရဲစွန့် စကားပြောခဲ့ပြီး ရင်းနှီးခဲ့။
သူကနာမည်၃လုံး ကျနော်က၄လုံး….
နာမည်တွေလိုသာ ကျနော်တို့တွေအမြဲတမ်းပူးကပ်နေရင် သိပ်ကောင်းမယ်…
ကျနော့်ဘဝထဲသူရောက်လာပြီး ပြန်ထွက်သွားခဲ့တာ….
ကျနော့်အပြစ်သာ….။
မနက် ၆:၃၀ထဖို့alarmသံတွေမလို၊အော်ခေါ်သံတွေမလို၊ စိတ်ကနှိုးပေးပြီးသား….
အဲ့ဒီမနက်က အရာအားလုံးအရင်ကထပ်လှနေတယ်…။
နှလုံးသားကမနက်ခင်းသစ်ရွက်စိမ်းလေးတွေပေါ်ကရေစက်လေးများလို။
ကားဂိတ်မှာချိန်းထားတာ ကျနော်ကတွေ့ချင်သူဆိုတော့ စောရောက်တာပေါ့…..
ကားလမ်းတစ်ဖက်မှာ အကျီင်္အဝါရောင်လေးနဲ့…
ကျနော့်ကိုပြုံးပြလိုက်တာ နတ်သမီးလေးလား…
အဲ့အပြုံးလေးတွေကို မျက်လုံးနဲ့ပဲဓာတ်ပုံရိုက်ထားခဲ့မိတယ်။
ရေစက်ပါပေမဲ့ဖူးစာမဖြစ်ခဲ့ကြ။
ရပ်ကွက်ထဲကအအေးဆိုင်လေးကို ကျနော့်အတွက်တော့ တစ်သက်မမေ့မဲ့နေရာအဖြစ်နှလုံးသွင်းထားလိုက်ချင်သည်….
သူရဲ့လက်ချောင်းသွယ်သွယ်လေးကကိုင်ထားတဲ့…..
ပိုက်နဲ့ခွက်ထဲက ပင်မှည့်ဖျော်ရည်က သူအကြိုက်ဆုံးလား ကျနော်မမေးခဲ့ရပေ….။
သူ့ဆံပင်လေးကိုင်ချင်လို့ ခွင့်တောင်းခဲ့ရသည်မှာလဲ
ကျနော့်ဘဝမှာ ပထမဆုံးဖြစ်ခဲ့သည်….။
သူ့ဆံပင်ကိုကျနော်ကိုယ်တိုင်စည်းပေးချင်ခဲ့သည်။
ကျနော်သူ့ကိုတန်ဖိုးထားချင်ခဲ့သည်….
ထို့ကြောင့်လဲဒီအခြေအနေလေးကနေ….
ရှေ့မတက်မိရန် အမြဲကို့ကိုကိုသတိပေးနေမိတယ်…..။
မကောင်းတာလုပ်မိရင် မကောင်းတာခံရမဲ့ဆိုတဲ့ စကားကို ကျနော်သူနဲ့ရင်းနှီးခွင့်ရဖို့အတွက် လောင်းကြေးထပ်ခဲ့မိသည်….
သူကျွန်တော့်ကိုစိတ်နာမည်တော့မဟုတ်….
မုန်းမည်လဲမဟုတ်…..
ယောင်္ကျားကောင်းမဟုတ်ဘူးလို့တော့ ကောက်ချက်ချသွားနိုင်မည်မှာ မလွဲဧကန်ပင်။
တစ်ရပ်ကွက်ထဲဖြစ်ရဲ့သားနဲ့ ကျနော်တို့ဘာကြောင့်
အစထဲကမတွေ့ခဲ့ရတာလဲဆိုပြီး….
ကံတရားကိုသာ အပြစ်တင်လိုက်ချင်တော့သည်…
ကျနော့်အိမ်ကနေ”၅မိနစ်”လောက်လမ်းလျှောက်ရုံဖြင့် သူ့အိမ်ရောက်သည်။
အလုပ်သွားတိုင်းလဲ သူ့အိမ်ရှေ့ကပဲအမြဲဖြတ်သွားရသည်…..
ပြောဖို့တခုကျန်ခဲ့တာက” ကျနော်သည် သူ့အိမ်အထဲထိကိုရောက်ဖူးခဲ့ဖူးသည်”…။
လျှောက်နေကျလမ်းက အရင်ထပ်ပိုတိတ်ဆိတ်နေသည်….
ကားဂိတ်တစ်ဖက်မှာလဲ ကျနော့်ကိုပြုံးပြမဲ့ နတ်သမီးလေးမရှိတော့သလို….
အအေးခွက်ထဲက ပိုက်ကိုကိုင်နေမဲ့ လက်ချောင်းသွယ်သွယ်လေးတွေလဲမရှိတော့ပြီ….။
ကျနော့်ဘဝထဲမှာ သူမရှိနိုင်မည့်အကြောင်းတစ်ခုကလဲအရင်ထဲကရှိနေပြီးသားဖြစ်သည်…..။
“ကျနော့်မှာ သူနဲ့မတွေ့ခင်ထဲက သက်ဆိုင်သူရှိနေပြီးသားဖြစ်သည်”။
24/02/2025
"စက်ရုပ်တစ်ရုပ်၏အိပ်မက်"
အဖော်တွေစုံနေသူကြားထဲ တစ်ကောင်ထဲ အထီးကျန်နေတဲ့ ခွေးလေးတစ်ကောင်ဟာ TVကြော်ငြာတစ်ခုကိုကြည့်ရင်း Robot တစ်ရုပ်ကို ဝယ်ဖြစ်သွားရာကနေ အစပြုတဲ့…
Spoiler alert
အထီးကျန်နေတဲ့ခွေးလေးဟာ Robot ဝယ်ပြီးနောက်မှာ သူ့အတွက် အဖော်တစ်ယောက်ကို ရရှိသလိုဖြစ်ပြီး အတူသွား၊အတူစား၊အတူကစားနဲ့ ပျော်ပါးနေခဲ့ပြီး။ တစ်နေ့ကြကမ်းခြေကို သူတို့နှစ်ယောက်က အတူသွားဖြစ်ကြရာ…
ကမ်းခြေရောက်တော့ ခွေးလေးနဲ့ Robotတို့ဟာ ရေထဲမှာ ပျော်ရွှင်စွာ အတူဆော့ကစားကြတာပေါ့။ ရေထဲဆော့ကစားခဲ့တဲ့ Robotဟာ သံနဲ့လုပ်ထားတဲ့ စက်ရုပ်တစ်ရုပ်ဖြစ်တာရယ် battery အားသွင်းဖို့လိုတာရယ်တွေကြောင့် သဲသောင်ပြင်ပေါ်ခဏတာလှဲနေရာကနေ Battery အားကုန်တာရယ် သံကိုရေထိတာတွေရယ်ကြောင့် ပြန်ထဖို့မရတော့တဲ့ အခြေနေတစ်ခုဖြစ်သွားပြီး သောင်ပြင်ပေါ်မှာပဲ မလှုပ်နိုင်ဖြစ်တာကြောင့် ခွေးလေးဟာ robotအား အိမ်ကိုပြန်ခေါ်ဖို့ နည်းမျိုးစုံဖြင့်ကြိုးစားပေမဲ့ ကမ်းခြေက ပိတ်ချိန်ရောက်ပြီဖြစ် တာကြောင့် နောက်နေ့မှ ပြန်လာယူဖို့ဆုံးဖြတ်ပြီး Robot အား သောင်ပြင်ပေါ် ဒီအတိုင်းချန်ထားခဲ့ပီး ခွေးလေးဟာ အိမ်သို့ပြန်လာခဲ့လိုက်တယ်။
နောက်တစ်နေ့မနက်မှာ ခွေးလေးဟာ ကမ်းခြေရောက်လာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီဖြစ်တာကြောင့် သူလည်းတတ်နိုင်သလောက် သောင်ပြင်ကိုရောက်အောင် ကြိုးစားဝင်ပေမဲ့ ဝင်မရခဲ့သလို Robotဟာလည်း သဲသောင်ပြင်အပေါ် မနေ့ကအတိုင်းလှုပ်မရပဲ သဲသောင်ပြင်အပေါ်ဒီအတိုင်လဲလျက်ရှိနေခဲ့တာပေါ့။ ဒီအခြေနေတွေကြောင့် ခွေးလေးဟာလည်း သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တာကြောင့် ကမ်းခြေကနေအိမ်ကိုပြန်ဖို့ပဲ ဆုံးဖြတ်ချက်ချပြီး အိမ်ကိုသာပြန်လာဖြစ်ခဲ့လိုက်တော့တယ်။
အဲ့ဒီ့နောက်ပိုင်းမှာတော့ အထီးကျန်နေတဲ့ခွေးလေးဟာ Robot မရောက်ခင်က သူရဲ့ အထီးကျန်နေ့တွေကို ဖြန်သန်းခဲ့သလို ကမ်းခြေပြန်ဖွင့်မည့်နေ့အထိ Robot မပါတဲ့နေ့ရက်တွေကို အထီးကျန်စွာဖြတ်သန်းနေခဲ့တော့တယ်။
အဲ့ဒီ့ကမ်းခြေမှာ ကျန်ခဲ့တဲ့ Robot အတွက်ကတော့ သူ့အတွက်လှုပ်မရနိုင်တဲ့ အခြေနေမျိုးဖြစ်နေပေမဲ့ သူ့အတွက် နေ့ရက်တိုင်းကတော့ ခွေးလေးဆီပြန်သွားဖို့ဆိုတဲ့ အိပ်မက်တစ်ခုထဲကိုပဲအမြဲမက်နေရင်းနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ပါတယ်။
တစ်ဖက်မှာလည်း ခွေးလေးက လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းနဲ့ Robot မပါတဲ့နေ့ရက်တွေကိုဖြန်သန်းနေရသလို Robot မှာလည်း သူရဲ့လှုပ်ရှားမရတဲ့အခြေနေမှာ တစ်ချို့တစ်ချို့တွေရဲ့ အကူအညီထက် ဖျက်စီးလိုမှုတွေကိုခံရသလို တစ်ချို့တစ်ချို့အတွက်လညိး အသိုက်အမြုံနွေးထွေးမှုတွေဖြစ်စေရစေကာ မိုးကနေဆောင်း ဆောင်းကနေ နွေကိုရောက်တဲ့အထိ ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်ပြီးဖြတ်သန်းနေခဲ့တာပေါ့။ အကြောင်းကြောင်းကြောင့် အင်္ဂါမစုံတော့တဲ့ Robot တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ခွေးလေးနဲ့အတူပြန်ရှိဖို့ အိပ်မက်ခုကိုမက်နေရင်း…
ဒီလိုနဲ့ နွေဦးပေါက်ကို ရောက်လာတဲ့အခါမှာတော့ မျောက်တစ်ကောင်က သဲတွေကြားက စက်ရုပ်အပျက်တစ်ခုကိုတွေ့တာနဲ့ တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးလေး ကမ်းခြေပြန်ရောက်လာတဲ့အချိန်မှာတော့ ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုသာ ပြန်ရှာဖွေတွေ့ရှိခဲ့တာကြောင့် ခွေးဟာ ရိုဘော့၏အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ပါဘူး။
တစ်နေ့မှာတော့ raccoon တစ်ကောင်က သံတိုသံစရောင်းတဲ့ဆီမှာ အပိုင်းပိုင်းပြတ်နေတဲ့ Robot အပိုင်းအစတွေကို တွေ့ပြီး သဘောကျတာနဲ့ အိမ်ကိုဝယ်သွားပြီး သူ့ဆီမှာရှိတဲ့ ပစ္စည်း အတို့အစတွေနှင့် ပေါင်းစပ်ပြုပြင်ပြီး robot ကိုပြန်အသက်သွင်းကာ robot ကို သူနဲ့အတူအဖော်အဖြစ်ရှိနေစေပါတော့တယ်။
အဲဒီအချိန်မှာ ခွေးကဟာလည်း နောက်ထပ်Robotတစ်ကောင်ကို ဝယ်ခဲ့လိုက်ပါပြီ။ Racoonနဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်ဖြစ်တော့ဘူး။
ဒီလိုနဲ့တစ်နေ့ကြ robot က ခွေးလေးကို သူ့အိမ်အပေါ်ထက် ပြတင်းပေါက်ကနေတွေ့သွားပြီး ခွေးလေးဆီ အတင်းလိုက်သွားပြီး သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းဖို့လုပ်ဖြစ်သွားတယ်။ ဒါပေမဲ့လည်း အဲ့ဒါဟာ robot အတွက် ခွေးလေးနဲ့ပတ်သတ်ပြီးနောက်ဆုံးတစ်ကြိမ်မက်ခဲ့တဲ့ အိပ်မက်တစ်ခုသာဖြစ်ခဲ့ပြီး တကယ့်အရှိတရားမှာတော့ Robot ဟာ ခွေးလေးကို တိုက်ပေါ်ကနေ လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကိုသာ ဖွင့်ဖြစ်ခဲ့လိုက်တယ်။Robotက တိုက်ပေါ်မှာ သီချင်းဖွင့်ပြီး ကနေတဲ့အချိန် ခွေးဟာ သီချင်းသံကို ကြားပြီးတိုက်အောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ကြပါဘူး။ ဒါပေမဲ့ အတူတူကခဲ့ရပါတယ်။ ခွေးလေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းကွယ်လိုက်တယ်။ ဘာလို့ဒီလို robot က ပုန်းလိုက်လည်းဆိုတာကတော့ ဒီလိုအခြေနေကို ကြုံဖူးတဲ့သူတွေအတွက် ပြောမပြလည်းသိနိုင်မှာပါ။ ဒါပေမဲ့ ကျနော်တို့လည်း သေခြာမသိနိုင်ပါဘူး။
ဇတ်လမ်းအဆုံးမှာတော့ ခွေးလေးကလည်း သူ့robot အသစ်လေးနဲ့ အတူပျော်ရွှင်စွာ ဖြတ်သန်းသွားသလို robot လေးဟာလည်း သူ့ကိုပြန်လည်ပြုပြင်ပေးပြီး ရှင်သန်ခွင့်ပေးခဲ့တဲ့ raccoon လေးနဲ့ အတူပျော်ရွှင်စွာဖြတ်သန်းသွားခဲ့တယ်။
ကျနော်တို့ဘဝမှာလည်း ဒီဇတ်ကားထဲကလို ဆုံးရှုံးပြီးမှ အချိန်လွန်ပြီးမှ တစ်ပါးသူဆီရောက်ပြီးမှ ကျနော်တို့ တန်ဖိုးထားတဲ့အရာကို ပြန်တွေ့ရတာမျိုးကြုံတတ်ရပေမဲ့လည်း လက်ရှိဖြစ်တည်မှုကိုသာလက်ခံပြီး အရှိတရားအတိုင်းရှေ့ဆက်ဖို့လုပ်သွားကြရတာတွေကများပါတယ်။
အရာအားလုံးနဲ့ တစ်စုံတစ်ယောက် ဘာကို ရွေးမလည်း မေးခဲ့ရင် ကိုယ်ဆိုတဲ့အကောင်က တစ်စုံတစ်ယောက်ကိုပဲ ခြေစုန်ပစ် မျက်လုံးစုံမှိတ် ရွေးမည့်အကောင်မျိုး
တစ်ချိန်ချိန်မှာတစ်စုံတစ်ယောက်ဆိုတာရှိလာခဲ့ရင် ကိုယ့်အတွက်ကတော့ အရာအားလုံနဲ့ လဲနိုင်အောင် အရေးပါတဲ့လူဖြစ်နေဦးမှာပါပဲ။
တော်တော်များများကို ကျွန်တော်စွန့်ပစ်ခဲ့တာမှမဟုတ်ရင်၊ ကျွန်တော့်ကို သူတို့စွန့်ပစ်သွားအောင်
ကျွန်တော် ပြုလုပ်ခဲ့တာချည်းပဲ။
ဒါပေမယ့် ကျွန်တော့် မှာ ချစ်ခြင်းမေတ္တာ တကယ်ရှိပါတယ် ။
ဒါပေမယ့် ဘယ်တုန်းကမှတော့ ကျွန်တော် ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တဲ့သူ မဖြစ်ခဲ့ဘူး။
မပျော်မှုမှာ ပျော်တဲ့အရူးပေါ့။
ကျွန်တော့် နာမည်နဲ့ သူရဲဘောကြောင်တတ်သူတစ်ယောက် ရှိခဲ့ဖူးတယ်။
လတ်လွန်းဝေဦး
ဒီရက်ပိုင်းထဲမှာ marvel ရဲ့ what is season 2နဲ့ Johnny Deppရဲ့ Transcendence ကြည့်ဖြစ်ခဲ့ပြီး အဲ့ဒီ့ရုပ်ရှင်ကားနှစ်ကားလုံးက သူတို့ရဲ့ ဆုံးရှုံးသွားရတဲ့ လူတစ်ယောက်ကို ပြန်ကယ်တင်နိုင်ဖို့ကြိုးစားကြတဲ့ အခြေနေကို မတူညီတဲ့ ပုံစံနဲ့ ကြည့်ဖြစ်ခဲ့လိုက်ရတယ်
“သူတို့ရဲ့ ဆုံးရှုံးသွားတဲ့သူကို ပြန်ကယ်တင်ဖို့ကြိုးစားရင်း အဆုံးမှာ အမှားတွေလုပ်မိပြီဆိုတာသိပြီး သူတို့တွေရဲ့ အမှားကို ရင်ဆိုင်လက်ခံပြီး ပြန်မရနိုင်တာတွေကို ဖက်တွယ်ဖို့ထက် လက်လွှတ်သင့်တယ်ဆိုတာရယ် ၊ သူတို့တွေကယ်တင်ဖို့လုပ်တဲ့ လူက သူတို့ဘဝအတွက် အရေးကြီးပြီ တကယ် အရေးပါတဲ့သူဖြစ်ခဲ့တယ်ဆိုတာရယ် “ ကိုမြင်မိခဲ့တော့
တကယ့်လက်တွေ့ဘဝမှာ ကိုယ်တွေကကော အဲ့လိုလူတွေကို တွေ့ရှိခဲ့ပြီး အဲ့လ်ိုလူတွေက်ို မဆုံးရှုံးရဖို့ မကြိုးစားပဲနေခဲ့ဖူးလား? အဲ့လိုဆုံးရှုံးရတာအတွက် အမြဲနောင်တရနေလား? အမှားတွေလုပ်မိတာတောင်ရပ်တန့်ဖို့မေ့ပြီး အတင်းကြိုးစားနေခဲ့ရလား?
ဒါပေမဲ့ ကျနော်တို့တွေအများစုက အဆုံသတ်မှာ လက်လွှတ်ရမည့်သူကို ကျနော်တို့ဘက်က ကြည်ကြည်ဖြူဖြူ လက်လွှတ်ပေးရမယ်ဆိုတဲ့ အသိတရားကြီးကို မေ့ဖျောက်ထားဖြစ်ခဲ့ကြတာပါလားလို့ တွေးမိရင်း……
မင်းအတွက်နဲ့ရင်မှာနာကျင်နေရတယ်…..
စုတ်ပြတ်လို့သွားတဲ့ရင်ခွင်မှာနားခိုမဲ့သူမရှိပေမဲ့…..
မင်းအတွက်နေရာရှိစမြဲပဲ….
အတုအယောင်တွေကြားမှာသာယာနေတဲ့အခါ…..
ငါပေးတဲ့အချစ်တွေမမြင်ဘူးမလား….
ထုတ်မပြောခဲ့တာပဲရှိမယ်…..
ငါချစ်တာငါအသိဆုံးပါ…..
(Tonight)-D vision
မိုးများသည်းချိန်မှာငါဟာထီးကလေးဖြစ်သွား
နင်မိုးတိတ်တဲ့အချိန် ဂျောင်ထဲမှာထား…
ဘဝကမင်းဆီမှာအပြီးသတ်အပ်နှံထား
မင်းနှလုံးသားကတော့တစ်ခြားတစ်ယောက်ဆီမှာ…
(Waiting for you)-Yair Yint Aung
ရုပ်ရှင်းကားတစ်ကားကိုကြည့်တဲ့အခါ
တစ်ခါတစ်လေကြ ဇတ်ကားသာပြီးသွာတယ်
ဇတ်လမ်းကိုနားမလည်လိုက်ဘူး
အဲ့ဒီ့ဇတ်ကားကပေးတဲ့ အနုပညာကိုမခံစားလိုက်ရဘူးဆိုတာက
အဲ့ဒီ့ဇတ်ကားကိုရိုက်တဲ့သူတွေရဲ့ အနုပညာအရည်အချင်းနိမ့်ကျတာကြောင့်ဖြစ်နိုင်သလို
ကိုယ်ကိုတိုင်က အဲ့ဒီ့ဇတ်ကားကပေးတဲ့ အနုပညာကို ခံစားဖို့ လိုက်မမှီနိုင်တာမျိုးတွေကြောင့်လည်းဖြစ်နိုင်တာပဲ။
အပြင်လက်တွေ့ဘဝမှာ ကျနော်တို့တွေ သူစိမ်းတွေနဲ့ ဆက်ဆံကြတဲ့အခါမှာလည်း အဲ့ဒီလိုပဲ
သူစိမ်းတစ်ယောက်က ကိုယ့်အပေါ်တစ်ကယ်ကောင်းတယ် မကောင်းဘူးဆိုတာတွေက ကိုယ်ကိုယ်တိုင် သေခြာခွဲခြားမြင်နိုင်ဖို့ပဲလိုတယ်။
Click here to claim your Sponsored Listing.