Foster Financial Services
သင်နှင့် သင့်မိသားစုအတွက်
မိဘဆိုတာ…
❤️ ကိုယ်မစားပဲ သားသမီးကို ကျွေးတတ်သူ
❤️ ကိုယ်နာမကျန်းဖြစ်ပေမယ့် သားသမီးရှေ့မှာ ကျန်းမာချင်ယောင်ဆောင်ပြတတ်သူ
❤️ ဘဝအမောတွေကြောင့် ကိုယ်မအိပ်နိုင်ရင်တောင်သားသမီး အိပ်ပျော်နေတယ်ဆိုရင်ပဲ စိတ်ချမ်းသာတတ်သူ
မိဘတစ်ယောက်ရဲ့ အကြီးမားဆုံးပူပန်မှုက
“ငါ မရှိတော့ရင်… ငါ့ကလေးတွေ ဘယ်လိုနေလိမ့်မလဲ?” ဆိုတဲ့ မေးခွန်းပါ။
အသက်ရှင်နေစဉ်မှာ
သားသမီးအတွက် စိတ်ပူနေရတဲ့ဘဝ မလိုချင်သလို
သေဆုံးသွားတဲ့နောက်မှာလဲ
သားသမီးတွေကို အခက်အခဲထဲ မကျရောက်စေချင်ကြပါဘူး။
အဲ့ဒီလို စိတ်ပူပန်မှုတွေကို လျော့ချပေးနိုင်တာက
"အသက်အာမခံ" ပါ။
အသက်အာမခံဆိုတာ
မိဘမေတ္တာကို စာရွက်ပေါ်မှာ တရားဝင် မှတ်တမ်းတင်ခြင်းပဲ။
ကိုယ်ရှိနေချိန်မှာ —
သားသမီးအတွက် အနာဂတ်ကို စီစဉ်ထားနိုင်တဲ့ စိတ်ချမ်းသာမှု။
ကိုယ်မရှိတော့ချိန်မှာ —
“ဖေဖေ/မေမေ က နောက်ဆုံးအထိ စဉ်းစားပေးခဲ့တယ်” လို့ ခံစားရစေမယ့် လက်ဆောင်။
အချစ်ဆိုတာ စကားနဲ့တင် သက်သေပြဖို့ မလုံလောက်ပါဘူး။
ပြင်ဆင်ထားတဲ့ အနာဂတ်ကသာ စစ်မှန်တဲ့ အချစ်ပါ။
လူ့အသက်ဆုံးရင်တောင် မိဘမေတ္တာက မဆုံးပါဘူး —
အသက်အာမခံက အဲ့ဒီမေတ္တာကို ဆက်လက်အသက်ရှင်သန်စေဖို့ ထောက်ပံ့ကူညီပါလိမ့်မယ်
ဒီနေ့ သင် အသက်ရှင်နေတယ်ဆိုရင်
ဒီနေ့ပဲ သင့်သားသမီးလေးတွေအတွက် အာမခံထားလိုက်ပါ။
‼️🚨Foster FS ၏ မိတ်ဆွေများနှင့် မိဘပြည်သူများရှင်
ဒီနေ့ ရန်ကုန်မြို့၏
လေထုအရည်အသွေးညွှန်းကိန်း (AQI) ကို IQAir အချက်အလက်အရ—
🌫️ AQI ≈ 124 အထိ ရှိနေပြီး
📍 ဒီအဆင့်ဟာ
➡️ Unhealthy for Sensitive Groups (အထူးထိခိုက်လွယ်သော/ကျန်းမာရေးအားနည်းသူများအတွက် ထိခိုက်နိုင်တဲ့) အဆင့် ဖြစ်ပါတယ်။
ဒါထက် တက်မလာလို့
အခြားအုပ်စုများအတွက် အလုံးစုံအန္တရာယ်အထိ
မရောက်သော်လည်း အသက်ကြီးရင့်သူများ၊
ကလေးသူငယ်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများမှာ အထူးဂရုပြုသင့်ပါတယ်။
AQI အဆင့် သက်မှတ်ချက်
• 0–50 → ကောင်းမွန်
• 51–100 → ပျမ်းမျှ
• 101–150 → ထိခိုက်လွယ်သူများအတွက် ကျန်းမာရေးထိခိုက်နိုင်
• 151–200 → လူဦးရည်အများကို ထိခိုက်နိုင် (Unhealthy)
• 201+ → အလွန်အန္တရာယ်ရှိ
👉 ယနေ့ AQI ~124 ဆိုလျှင် ထိခိုက်လွယ်သူများအပြင် ကျန်းမာသူများပါ အပြင်သွားလျှင် Mask ဝတ်ထားဖို့ အကြံပြုပါရစေရှင်....
‼️🚨လေထုညစ်ညမ်းနေစဉ်ကာလအတွင်း ဆောင်ရန်နှင့် ရှောင်ရန်များ
🌫️ 1. အပြင်ထွက်ချိန် လျှော့ပါ
• မလိုအပ်လျှင် အပြင်ထွက်လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းများ လျှော့ပါ
• မနက်စောစောနဲ့ ညနေRush hour အချိန်တွေမှာ AQI ပိုမြင့်တတ်ပါတယ်
😷 2. Mask မှန်ကန်စွာ ဝတ်ပါ
• KN95 / N95 mask များ သုံးလျှင်အကောင်းဆုံးဖြစ်ပါတယ်
• သာမန် cloth mask က ဖုန်မှုန့်အသေး (PM2.5) ကို မကာကွယ်နိုင်ပါဘူး
🏠 3. အိမ်တွင်း သန့်ရှင်းသောလေထုအား ထိန်းသိမ်းပါ
• ပြတင်းပေါက်တွေ ပိတ်ထားပါ (AQI မြင့်တဲ့အချိန်)
• Air purifier ရှိရင် ဖွင့်ထားပါ
• မရှိရင် fan + damp cloth သုံးပြီး ညစ်ညမ်းလေထု ဝင်ရောက်မှု လျှော့နည်းအောင် လုပ်ဆောင်နိုင်ပါတယ်
💧 4. ကိုယ်ခံအား ထိန်းပါ
• ရေများများ သောက်ပါ
• သစ်သီး၊ ဟင်းသီးဟင်းရွက် စားပါ
• အိပ်ရေးဝအောင် အိပ်ပါ (လေထုညစ်ညမ်းမှုကြောင့် မောပန်းလွယ်ပါတယ်)
👩⚕️ 5. အထူးသတိထားသင့်သူများ
• ကိုယ်ဝန်ဆောင်သူ
• အသက်ကြီးသူ
• Asthma / နှလုံးရောဂါရှိသူ
👉 ဒီအုပ်စုတွေက အထူးဂရုပြုဖို့လိုပါတယ်ရှင်.....
မိဘပြည်သူများအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့
Foster FS မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏❤️
17/02/2026
🎊 Happy Lunar New Year 2026! 🎊
May the Year of the Horse bring you and your loved ones
✨ Good Health
✨ Happiness
✨ Prosperity
At Foster Financial Services, we are grateful for your trust and support.
Thank you for letting us protect what matters most – your family, your future, and your peace of mind.
Here’s to a bright and successful year ahead! 🐎🌸🧧
25/12/2025
Congratulations to Thae Wai Soe for achieving MDRT for three consecutive years — truly outstanding and something to be very proud of.
17/12/2025
"ချစ်တာက အရမ်းချစ်တယ်
ထုတ်မပြတတ်လို့"
ကျမတို့ချစ်ရတဲ့သူတွေဆီက ဒီလိုစကားမျိုးကြားရရင်
ပီတိဖြစ်ရပါတယ်....
ဒါပေမဲ့
စကားနဲ့သာချစ်ပြပြီး တကယ်လက်တွေ့မှာ
ကိုယ့်အပေါ် စေတနာမရှိတဲ့အခါ
ဒီစကားကို ကြားရတိုင်း ခါးသီးတဲ့ခံစားချက်က ပီတိထက် ပိုလာပါတယ်....
ကိုယ်အမှန်တကယ်ချစ်ရတဲ့သူဆို ချစ်ပြရတာ သိပ်လွယ်တဲ့အလုပ်ပါ....
- ကိုယ့်ချစ်ရသူကို ထိခိုက်စေမဲ့အရာတွေမှ ကာကွယ်ပေးခြင်း
- ကိုယ့်ချစ်ရသူရဲ့ လိုအင်ဆန္ဒတွေကို တတ်စွမ်းသလောက် ဖြည့်ဆည်းပေးခြင်း
- ကိုယ့်အားလပ်ချိန်များကို ကိုယ်ချစ်ရတဲ့သူနှင့် ကုန်ဆုံးခြင်း
- အဓိကကတော့ "သူပျော်ရင် ကိုယ်ပါပျော်ရွှင်ရတယ်" ဆိုတဲ့နှစ်ကိုယ့်တစိတ် နှင့် အရာရာကို မျှဝေခံစားခြင်း
ဒါတွေဟာ တကယ်ချစ်ရင် သူ့အလိုလို ဖြစ်ပေါ်လာမဲ့ လုပ်ရပ်တွေပါပဲ....
ဒါလေးတွေကိုမှ မလုပ်တတ်ဘူး
ချစ်တာကို ထုတ်မပြတတ်ဘူး ထပ်ပြောလာရင်တော့
ဒါ ကိုယ့်ကို တကယ်မချစ်လို့ပါပဲ....
တကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူကို
🛡️ ကာကွယ်ပါ
🤍 စေတနာရှိပါ
⏰ အချိန်ပေးပါ
“Actions speak louder than words." ပါရှင်.....
ကျေးဇူးတင်ပါတယ်.....
14/12/2025
ဒီနေ့ ကျမတို့ရဲ့ Foster Financial Services အဖွဲ့သားများ
Junction Square Secret Garden ရဲ့ မျက်နှာချင်းဆိုင်
ကားပါကင်မှ JS သို့အဝင် ဝင်ပေါက်နားတွင်ရှိနေပါမယ်ရှင်....
အသက်အာမခံနှင့် ကျန်းမာရေးအာမခံ ဗဟုသုတများ လေ့လာရင်း
iPad လေး ပိုင်ဆိုင်နိုင်ဖို့လဲ
ပါဝင်ကံစမ်းနိုင်ပါတယ်ရှင်.....
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon