Tun Touk Linn
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tun Touk Linn, Electronics Store, No-9/1, Bogyoke Road, 2 block, Hlaingthaya, Yangon.
နက်ဖန် 10-12-2021 ရက်နေ့
ဆိုင်ပိတ်ပသည်ခင်ဗျာ
ဝယ်ယူအားပေးကြသော
မိတ်ဆွေများကို ကျေးဇူးတင်ပါသည်ခင်ဗျာ🙏🙏🙏🙏🙏
04/12/2021
ELCB/RCCB 30 mA တပ်လို့ အဆင် မပြေဖူး ဆိုရင်
****************************************************
ELCB/RCCB နဲ့ ပတ်သက်ပြီး မေးကျတာတွေ ထဲမှာ earth leakage တပ်လို့အဆင် မပြေ ဖူးဆိုတာတွေ trip တွေ ကျလို့ ဖြုတ်ပြစ်ရတာတွေ များတယ်လို့ရေး ကျပါတယ်။
တကယ်လည်း အပြင်မှာ industry တွေ မှာ ကြုံရပါတယ်။
တကယ်တော့ ELCB မှာ sensitivity အမျိုး မျိုး ရှိပါတယ်။ 30 mA, 100mA , 300 mA တွေပါ။ time ကတော့ ချက်ချင်းဖြုတ် instantaneous တွေ ပါ။
အဲတော့ တကယ်ကို equipment တွေ က leakage နဲနဲ ရှိနေမယ်ဆိုရင် အဆင်မပြေတပ်ပါဖူး ။ နောက်ပြီး Residual current တွေ ကို အနှောက် အယှက်ပေးတာတွေ လဲ ရှိပါတယ် ။ ပထမဆုံး ကတော့ leakage တွေ ကို ရှာ ကြည့်ပါ။
အဲတော့ အဖြေ တခုကတော့ 30 mA သုံး လို့ ပြုတ်ရင် ပိုမြင့်တဲ့ sensitivity ကို သုံးခြင်းပါပဲ ။ အဓိကကတော့ လူတွေ နဲ့ ထိတွေ့ ရမဲ့ equipment တွေ ကလွဲ ပြီး ကျန်တဲ့ motor တွေ မှာ 100, 300 mA တွေ သုံး နိုင်ပါတယ် ။ earthing and bonding ကိုတော့ သေသေချာချာလုပ်ရပါတယ် ။
ဥပမာ ရေမော်တာပေါ့ဗျာ သူ့ ကို 300 mA ELCB/RCCB တပ်လို့ရပါတယ် ။ စိတ်ချရအောင် မော်တာ frame ကို earth ကို ချရမယ်ပေါ့ ။ အဲ ဒါဆိုရင် earth leakage ဖြစ်တာနဲ့ Earth ကြိုးက ဆင့် earth ကြိုး ကနေဆင့် စီးပြီး ELCB/RCCB ပြုတ်သွား မှာပါ။
Lighting တွေဆိုလဲ 100mA လောက် အထိ တပ်ကျပါတယ် ။ လူနဲ့တိုက်ရိုက် မထိတွေ့ တဲ့ နေရာတွေပေါ့။
အဲတော့ အကြံပေး ချင်တာ က လုံး၀ မတပ် bypass လုပ်မဲ့ အစား sensitivity မြင့်တာ ပြောင်း သုံး ကြည့်ပေါ့။ မလုပ်ခင်မှာတော့ ပြစ်ချက်တွေ ကို အရင် ရှာပါ ။
Credit: Kyaw Oo
E & I engineering
"လျှပ်စစ်ကြောင့်မီးလောင်ခြင်း"
လျှပ်စစ်ကြောင့်မီးလောင်ခြင်းတွင်အခြေခံ ၂ ချက်ရှိပါသည်။
၁) resistive P*S
၂) arcing P*S
P*S ဆိုသည်မှာ မီးစတင်လောင်ကျွမ်းစေမှုကိုဖြစ်စေသောနေရာဖြစ်ပါသည်။
(P*S = Potential Ignition Source)
အကြမ်းအားဖြင့်ဆိုသော်
-Resistive P*S သည် အပူချိန်လွန်ကဲပြီးမီးလောင်ခြင်း ဖြစ်သည်း
-Arcing P*S သည် လျှပ်စီးပတ်လမ်း ရုတ်တရက်ပွင့်ထွက်ပြတ်တောက်ခြင်းသော်လည်းကောင်း ( series arcing ) ၊ သီးခြားစီရှိနေသော လျှပ်စီးပတ်လမ်း ၂ ခုမတော်တဆထိတွေခြင်း ( parallel arcing) တိူ့ကြောင့်မီးပွားများထွက်ပြီးမီးလောင်ခြင်း စသဖြင့်ခွဲခြားနိုင်သည်။
အဆိုပါ မီးလောင်စေသောအချက် ၂ ချက်ဖြစ်နေချိန်တွင် အဆိုပါ လျှပ်စစ်ပတ်လမ်းများတွင်ရှိသော voltage current များပြောင်လဲမှုရှိနိုင်သော်လည်း ထိုပြောင်းလဲမှုများသည် မီးလောင်ခြင်းဖြစ်ပေါ်နေပါသည်ဟုတစ်ထစ်ချသိနိုင်သောအခြေမနေများမဟုတ်ကြပါ။
မီးစတင်လောင်စေသောနေရာသည် input နှင့်တိုက်ရိုက်ရှိနေသော နေရာတလျောက်ဖြစ်ပါက
Overload/ short current ကို sensing လုပ်သော circuit breaker များ နှင့် arc fault ကို sensing လုပ်သော AFCI breaker များပြုတ်ကျခြင်းဖြင့်ကာကွယ်ကောင်းကာကွယ်နိုင်သော်လည်းInput နှင့်တိုက်ရိုက်ရှိမနေသော နေရာများတွင် မီးစတင်လောင်ပါက အဆိုပါ breaker များကာကွယ်နိုင်မည်လော။Input နှင့်တိုက်ရိုက်ရှိမနေသော နေရာဆိုသည်မှာ ထိုနေရာမှာ P*S တစ်ခုခုကြောင့်မီးစတင်လောင်ပါက input မှမသိပါ။ တစ်နည်း input တွင်ရှိသော မည်သည့် breaker မျှမကာကွယ်နိုင်ပါ။ထိုကြောင့်အဆိုပါနေရာများကို design လုပ်ရာတွင် P*S တစ်ခုခုမဖြစ်ပေါ်စေရန်အတွက်လိုအပ်သော design အပြင် အရေးကြီးသောနေရာများအတွက် သီးသန့် protection circuit တစ်ခုထည့်သွင်းတည်ဆောက်ခြင်းဖြင့်ကာကွယ်နိုင်ပါသည်။
ဥပမာ LCD TV များတွင်ရှိ back light ကိုပေးသော voltage သည် 2kV ထိရှိကြသည်။ထို high voltage ကိုပေးသော connector များ loose ဖြစ်ပါက series arcing ဖြစ်ပေါ်မီးလောင်တတ်သည်။ အဆိုပါ arcing ဖြစ်ပေါ်ခြင်းကို input တွင်ရှိသောအထက်တွင် ဆိုထားသော မည်သည့် breaker မှ sensing မလုပ်နိုင်ပါ။
ထိုကြောင့် အဆိုပါ back light circuit တည်ဆောက်ရာတွင် connector loose ကြောင့် arcing ကိုသိသော feature တစ်ခုထည့် သွင်းလေ့ရှိကြသည်။
#
24/11/2021
KRIPAL
1p 10-16 -32 -40A
2p 32A -63 A
Breaker များရောက်ရှိနေပါပြီ
ဝယ်ယူအားပေးကြပါအုံးခင်ဗျာ
24/11/2021
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon