Noble SG Authentic Collection
Noble is a collection of Authenticity!
24/01/2026
01/01/2026
အေးချမ်းသာယာသော ဘဝများကို
စိတ်ရောကိုယ်ပါကျန်းမာစွာနဲ့
ပိုင်ဆိုင်ကြပါစေလို့
Noble မိသားစုဝင်များက
ဆုတောင်းမေတ္တာပို့လျှက်ပါ ~~~
Noble is a collection of Authenticity!
25/12/2025
ဘယ်လိုသုံးသုံး
သိသာတာမို့Scrub တိုက်သင့်ပါတယ်💓
Scrub အရင်တိုက်တာက မှန်လား။ ဆပ်ပြာအရင်သုံးတာက မှန်လား။
ဘယ်တစ်ခုကမှ အမှန်ဆုံးမဟုတ်ဘူး။ google မှာ random ရှာကြည့်ရင်တော့ "ဆပ်ပြာအရင်တိုက်ပြီးမှ scrub သုံးရမယ်" ဆိုတဲ့ အဖြေ ထွက်လာတာကြောင့်၊ ဒါကိုအခြေခံပြီး ဆပ်ပြာအရင်သုံးရမယ်။ ဆပ်ပြာအရင်သုံးမှ effective ဖြစ်မယ် ပြောကောင်းပြောနိုင်ပေမဲ့၊ တကယ်က ပုံသေမရှိဘူး။ ကိုယ်သုံးမဲ့ scrub အမျိုးအစားနဲ့ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ကြိုက်ရာကို ရှေ့နောက်ထားသုံး။ အကုန်မှန်တယ်။
ဘယ်လိုပဲ ရှေ့နောက်ထားသုံးပါစေ ဆပ်ပြာကလည်း ဆပ်ပြာအလုပ် လုပ်စမြဲ ဖြစ်သလို၊ scrub ကလည်း exfoliation အာနိသင် ပေးနိုင်တုန်းပဲ။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး။
ကိုယ်သုံးတဲ့ scrub က သုံးပြီးရင် ဆီအရမ်းကျန်တယ်။ ဆပ်ပြာပြန်မသုံးလို့ကို မရဘူးဆို သုံးသာသုံး။ မလိုအပ်တဲ့ residue တွေ ခန္ဓာကိုယ်ပေါ်ကျန်မှသာ ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေထွက်လာမယ်။
အဲ့လိုမဟုတ်ဘဲ ကိုယ်က dove လို အနံ့အရမ်းမွှေးတဲ့ scrub မျိုးသုံးတယ်။ အဲ့အနံ့လေးကို ခန္ဓာကိုယ်ပေါ်စွဲစေချင်ရင်တော့ ဆပ်ပြာတိုက်ပြီးမှ scrub သုံး။ ကိုယ်က ဘယ်လိုခံစားချက်မျိုးကိုကြိုက်လဲ၊ ဘယ်လိုမျိုးသုံးရတာက ကိုယ့်အတွက်ပိုအဆင်ပြေမလဲဆိုတာပေါ် မူတည်ပြီးသာ ရှေ့နောက်ထားသုံးပါ။
ဂျူလီကတော့ ဆီကျန်ကျန်မကျန်ကျန် Scrub တိုက်ပြီးရင် ရေချိုးဆပ်ပြာပြန်သုံးမှ နေသာထိုင်သာရှိပြီး အသားအရေက သန့်စင်သွားသလို ခံစားရတာကြောင့် အမြဲ scrub ကိုအရင်သုံးတယ်။ ပြီးမှ ရေချိုးဆပ်ပြာထပ်သုံးပါတယ်။ reader တွေရော ဘယ်လိုသုံးဖြစ်ကြလဲ။
Let’s care with
Juliee,
ပုံတွေနဲ့စာသားများအား ပြန်လည်ကူးယူတင်တာ ဆင်တူရိုးမှားပုံတွေစာတွေ copy တာမျိုးလုံးဝမှခွင့်မပြု။
25/12/2025
Merry Christmas to you All !
🎄🪅❄️⛄️🧑🏻🎄🎅🏻
15/10/2025
Uniqlo mini shoulder bag
လွယ်ရတာရိုးလာပြီဆို
ဒါလေးက နောက်တစ်မျိုးပေါ့ 😍😍
15/10/2025
Baggy look ကြိုက်တဲ့သူတွေအတွက် 💓
14/06/2025
Brand များစွာထဲကမှ
Uniqlo ကို SG directly
ရောင်းခဲ့လို့
Authentic ဝတ်ရတဲ့
စျေးဝယ်သူတွေ စိတ်ကျေနပ်မယ်လို့
ယုံကြည်ပါတယ် 💓💓💓
"Uniqlo" ဖက်ရှင်လောကရဲ့ သိပ္ပံပညာရှင် 🔵
Uniqlo က သာမန် သက်တောင့်သက်သာရှိတဲ့ နေ့စဉ်ဝတ်တွေ ထုတ်လုပ်နေတဲ့ Company ပဲ မဟုတ်ဘူး။ Elon Musk ကို အနာဂတ်အတွက် Mad Visionary လို့ပြောမယ်ဆိုရင် Uniqlo က ဖက်ရှင်လောကရဲ့ Mad Visionary ပဲ။ ဂျပန်ဖက်ရှင်လောကကို အဆင့်မြှင့်ဖို့ ရည်ရွယ်ချက်နဲ့ Uniqlo Lab မှာ စမ်းသပ်ပြီး လူသုံးကုန်တွေဖြန့်ချီတာ။ ရှင်းရှင်းပြောရရင် သူတို့ရဲ့ ထုတ်ကုန်အများစုက သိပ္ပံပညာနဲ့ လူမှု့ဘဝကြားကို ပေါင်းစပ်ထုတ်ထားတာမျိုး။ အသုံးလည်းကျမယ်၊ ဝတ်ရတာလည်းပျော်မယ်။
🟠 ဒီတော့ နေ့စဉ်ဖက်ရှင်ဘက်မှာဆို စွန့်ဦးတီထွင်ဦးဆောင်နေတဲ့သူပဲ။
ဘာလို့ စွန့်ဦးတီထွင်သူလဲဆိုတော့ ထုတ်ထားတာတွေလည်း ကြည့်ဦး။
➡️ Heattech: အနွေးထည်တွေရဲ့ iPhone လိုပဲ။ ခန္ဓာကိုယ်က ထွက်တဲ့ ရေငွေ့နဲ့ အပူကို ပြန်လည်စုပ်ယူ၊ အနွေးဓာတ်အဖြစ် ပြောင်းလဲပေးတဲ့ ဆံချည်မျှင်နည်းပညာကို သုံးပြီး Uniqlo lab မှာ စမ်းသပ်၊ ထုတ်လုပ်ပေးထားတာ။ ဆောင်းရာသီရောက်တာနဲ့ "Heattech ဝတ်ရမယ်" ဆိုတာမျိုး လူတိုင်းလိုလို သုံးနေကြတဲ့ အရာတစ်ခုဖြစ်နေပြီ။
➡️ AIRism: ပုံမှန်အဝတ်တွေထက် လေဝင်လေထွက်ပိုကောင်းလို့ ပေါ့ပါးအေးမြတဲ့ အဝတ်မျိုး။ အတော်လေးကို ပါးပြီး ချောမွေ့တဲ့ Microfibers တွေနဲ့ လုပ်ထားတာမို့ ချွေးစုပ်လည်းမြန်၊ အခြောက်လည်းမြန်လို့ ချွေးတအားထွက်ရင်တောင် အနံ့ဆိုးထွက်တာလည်းမရှိ။ ဝတ်ရတာလည်း ခြောက်သွေ့ပေါ့ပါးနေရော။
➡️ Ultra Light Down Jacket: နာမည်အတိုင်းပဲ။ "Ultra Light - အရမ်းပေါ့ပါး" ပြီး "Down - ငှက်မွှေးနု" နဲ့လုပ်ထားတဲ့ Jacket။ ခရီးသွားသွား၊ ဘယ်သွားသွား လေးလည်းမလည်းဘဲ သေးသေးလေးခေါက်ထားလို့ရတယ်၊ အရမ်းနွေးလို့ အေးတဲ့နေရာတွေကို သွားရင်တောင် သူ့ကိုပဲ ဝတ်ထားရုံနဲ့ရတာမျိုး။
➡️Basic T-shirts & Jeans: Uniqlo အကြောင်းပြောရင် ဒါတွေကိုလည်း မေ့လို့မရဘူး။ Basic but Best ဆိုသလို သူ့ရဲ့ T-Shirts တွေ Jeans တွေက ရိုးရှင်းပေမယ့် အကြာကြီးအသုံးခံတဲ့အပြင် Quality ကလည်း အမြင့်ထဲကမို့ ဗီရိုထဲ မဖြစ်မနေထည့်ထားဖို့လိုမယ် ဆိုတာမျိုး။
အကြိုက်ဆုံးပြောရရင် AIRism ပဲ။ မြန်မာပြည်လို ရာသီဥတုအတွက်ဆို မရှိမဖြစ်လို့တောင် ပြောရမယ်။
- အသားက ထိလိုက်တာနဲ့ အေးတယ်
- ချွေးစုပ်တာမြန်တယ်၊ ရေခြောက်တာလည်းမြန်တယ်။
- အနံ့ဆိုးတွေ ဖယ်ပေးတဲ့ နည်းပညာလည်း ပါတယ်။
- ကိုင်လိုက်ရင် ချောမွေ့နူးညံ့နေတာ။
- ဆွဲသားလည်းပါလို့ ပျော့ပျော့လေး။
- အကြိုက်ဆုံးအချက်ကတော့ လေဝင်လေထွက်ကောင်းတာပဲ။
🔵 Uniqlo လို့ လူတိုင်းခေါ်နေကြပေမယ့် တကယ်က "Unique Clothing Warehouse” ။ ပထမဆုံး "Fast Retailing" လို့ (၁၉၈၈)မှာ ပြောင်းပြီးမှ (၁၉၉၁)မှာ "Unique Clothing Warehouse” ရဲ့အတိုကောက် "UNIQLO" ဖြစ်လာတာ။
🔵 Uniqlo ရဲ့အစက (၁၉၄၉)ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Ogori Shoji လို့ခေါ်တဲ့ ယောကျ်ားလေးအဝတ်အထည်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ချည်ထည်အဓိကရောင်းတဲ့ ဂွမ်းဆိုင်တစ်ဆိုင်ပါ။
🔵 (၁၉၉၈) ခုနှစ်လောက်တုန်းက Uniqlo က Fleece Jacket တွေကို ¥1,900 လောက်နဲ့ ရောင်းပေးခဲ့တာ။ အဲ့အချိန်တုန်းက အတော်လေး ရောင်းအားကောင်းခဲ့တဲ့အပြင် ပထမဆုံးအနေနဲ့ Uniqlo လို့ ပြည်တွင်းပြည်ပ လူသိလာစေတဲ့ အစ ဆိုလည်းမမှားဘူး။
🔵 Uniqlo က ဖက်ရှင်လောကရဲ့ သိပ္ပံပညာရှင်ဆိုတော့ သူတို့ရဲ့ R&D (Research & Development) ကို ဖက်ရှင်ဒီဇိုင်းထက် ပိုဦးစားပေးတယ်။ Heattech, AIRism, Ultra Light Down စတဲ့ နည်းပညာတွေက ဒီ R&D ရဲ့ ရလဒ်တွေပါ။ Quality နဲ့ Comfort ကို အဓိကထားတာဖြစ်ပြီး နေ့စဉ်ဝတ်ကနေ တစ်သက်တာဝတ်ဆိုတဲ့ Concept ကို ဖန်တီးခဲ့တာ။
🔵 (၂၀၀၃)ခုနှစ်မှာ HeatTech, (၂၀၀၄) မှာ AIRism, (၂၀၀၆)မှာ Ultra Light Down Jacket ဆက်တိုက် launch လုပ်ပြီး ကမ္ဘာကျော်လာခဲ့တာပါ။
ဒီနေ့ချိန်ထိ "LifeWear" ဆိုတဲ့ Concept နဲ့ ဦးဆောင်နေနိုင်တာက Quality အတွက်ဆို စိတ်ချရတယ်၊ စျေးသက်သာတယ်၊ နည်းပညာအသစ်တွေရှိတယ်၊ ရိုးရှင်းပြီး outfit မရွေးဘူး၊ ဝယ်သူတွေလိုအပ်ချက်ကို အမြဲလေ့လာနေတာတွေပဲ။
UNIQLO ကို အကြိုက်ဆုံးအချက်က အသစ်တွေလည်းထုတ်တယ်၊ ဒါပေမယ့် အဟောင်းကိုလည်းပြစ်မထားဘူး။ ရှိပြီးသားထုတ်ကုန်တွေကို ပြန်ပြန်ပြီး အသစ်သစ်တိုးတက်အောင်လုပ်တယ်။
Uniqlo ရဲ့ ပိုင်ရှင် Tadashi Yanai ကိုယ်တိုင်က "အနုပညာနဲ့ ဒီဇိုင်းက ကောင်းမွန်တဲ့ ဂျင်းတစ်ထည်ကို ဖန်တီးလို့မရဘူး။ ကောင်းမွန်တဲ့ ဂျင်းတစ်ထည်ကို ဖန်တီးဖို့က သိပ္ပံနဲ့ နည်းပညာပဲ လိုတာ" လို့ ပြောခဲ့ဖူးတယ်။ Uniqlo အောင်မြင်မှုနောက်ကွယ်က အတွေးအခေါ်လို့ပြောရမယ်။
ဒီတော့ မေးစရာရှိလာပြီ။
🟠 "Uniqlo က ဖက်ရှင်လောကကို နည်းပညာနဲ့ ပြောင်းလဲခဲ့တာလား၊ ဒါမှမဟုတ် တကယ်ကို ရိုးရှင်းတဲ့ အဝတ်အစားတွေပဲ ထုတ်နေတာလား"
➡️➡️⬇️⬇️🔵
Supplements & Skin Care တွေကို
ကောင်တာကအစစ်ပဲ
Admin တွေကိုယ်တိုင်
ဝယ်ရောင်းခဲ့တော့
Sales မရှိတဲ့အချိန် ငွေစျေးမငြိမ်တဲ့အချိန်မို့အရောင်းကပြတ်သလိုဖြစ်ခဲ့ရတယ်
တည်ငြိမ်တဲ့တစ်နေ့တော့
Noble ရဲ့ထုံးစံအတိုင်း
အစစ်တွေတင်ရောင်းပါအုံးမယ် 💓💓
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |