Daddy Tote's Daddy Notes
A Daddy's simple notes
ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်
အိမ်မှာ ဝိုင်ဖိုင် မီးနီလင်းနေလို့ ..
Live ကို ခနလေးပဲ ဖုန်းနဲ့လွှင့်လိုက်ရတာဆောရီးပါဗျာ 🥴✌️
တော်သေးတယ် ဘသူမှလဲ သိပ်တော့
ရောက်မလာကြလို့ 😅
အမှန်တော့ သေချာ ကျကျနနလေး
စကားပြောကြမယ်ဆိုပြီး
OBS studio တွေရော
Driodcam ဘာညာတွေရော
Stream ပုံ Stream နည်းတွေ စာတွေသင်ထားတာ 😅😂
See u next weeks guys ❤️🫰
ကိုယ်တိုင်က အေးချမ်းမှုကို
အရင်ကထက် ပိုနှစ်သက်လာလို့လားမသိဘူး
ဒုက္ခတွေဆို တခြားသူတွေကို လိုက်ပေးချင်တဲ့စိတ်ပဲ ရှိတော့တယ်
09/01/2023
A : ဟုတ်တာပေါ့ဗျာ .. ကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ရတယ်ဆိုတာက နည်းစနစ်ကျဖို့သိပ်လိုတာပေါ့ ... 😌
B : ဟုတ်
A : ကလေးတွေဆိုတာက အရာရာကို ..
(ဖေဖေ့ .. ဖေဖေးးး .. Paw Patrol ထဲက ဒီအကောင်က အညိုဖြစ်သွားတယ်တွေ့လား .. )
A : 😒 ... ကလေးတွေဆိုတာက အရာရာကို စူးစမ်းခါစဖြစ်သလို သူတို့ သိကြောင်းတတ်ကြောင်းကိုလဲ တအားပြန်ပြီး sharing လုပ်ချင်ကြတာလေ ..
B : ဟုတ်တယ်နော် ...
A : ဒါကို ကျနော်တို့ လူကြီးဖြစ်တဲ့ မိဘတွေက နားလည်ထားရမယ်ဗျ .. 😌
( ဖေဖေ့ .. Huggie Weggie တွေက မကောင်းဘူးနော် သမီးမကြည့်ဘူးသိလား .. သူတို့က ဘာလို့မကောင်းတာလဲ မေ့သွားပြီ သမီးကို ပြန်ပြောပြဦး .. ဖေဖေ့ ... )
A : 🤨 အဲ .. အဲ့ .. ဆက်ပြောရရင်ဗျာ .. သူတို့လေးတွေက မသိလို့ မေးလာတာလေးတွေကို ပြန်မဖြေတာ .. အဖတ်မလုပ်တာ .. ဒါမှမဟုတ် ပြီးပြီးရော ဖြေလိုက်တာတွေက သူတို့ရဲ့ တွေးခေါ်ယူဆပုံတွေကို အများကြီး အကျိုးသက်ရောက်နိုင်တာကိုးဗျ သိလား ...
( ဖေဖေ .. ဖေဖေ့ ဒီမှာကြည့်လို့ဆို .. သမီးအရောင်ခြယ်ထားတာလှလား .. ဒါက Pink color .. ဒါက Purple လေး .. )
B : အင်း .. ဟုတ်တာပေါ့
A : ဒါပေါ့ဗျ .. ဟုတ်ဆို သူတို့အရွယ်လေးတွေက အသိအမှတ်ပြုပေးတာ .. သူတို့ရဲ့ လုပ်နိုင်စွမ်းကို လက်ခံပေးတာကို တအားလိုအပ်တာလေ .. အဲ့တာကို နားလည်မပေးဘဲ .. စိတ်ရှုပ်လာလို့ အော်ငေါက်ပစ်လိုက်တာမျိုးက .. ကလေးတွေရဲ့ Thinking ရော Creativity တွေရောကို ရိုက်ချိုးပစ်လိုက်တာနဲ့အတူတူပဲ .. ကလေးက သူ့ခံစားချက်တွေကို မပြောရဲတော့တာ .. တစ်ခုခုဆိုရင် ပြန်မငြင်းရဲတော့တာ .. လူကြောက်တတ်လာတာမျိုးတွေထိ ဖြစ်လာနိုင်တယ်လေ ...
( ဖေဖေ့ ... ဒီကားက ဘယ်လိုပြန်ပြီး သံပတ်ပေးရတာလဲ .. ဖေဖေ့ ... ဖေဖေးးး .. ဒီမှာကြည့်လို့ .. )
A : သမီးးးး !!!! 😡😡 ဒီမှာ ဖအေ စကားပြောနေတာမမြင်ဘူးလား ..??? ဘာတွေအရေးကြီးနေလဲ အဲ့တာက .. လူကြီးစကားပြောနေရင် ဖြတ်မပြောရဘူးလို့ ပြောထားတယ်မဟုတ်ဘူးလား .. !! ဒါလေးတောင် မှတ်မထားဘူးလား .. သမီးက လူဆိုးလား .. နောက်တစ်ခါ အဲ့လို လာဖြတ်ပြောရင် * #& #%%+×÷÷×>
ပြောဆိုသွားတဲ့အကြောင်းအရာလေး
တော်တော်ချောလို့ .. အဲလေ .. တော်တော်ကောင်းလို့
တင်ပေးလိုက်တာပါ .. အားပေးကြပါဦးနော် .. 🥰🙏✌️
ပိုမိုကောင်းမွန်သော Resolution နဲ့
ပိုမိုသောရွေးချယ်စရာတွေအတွက်ကတော့
ဂီတပီကေ page နဲ့
TMP Recording You Tube Channel 👇
https://youtu.be/Lgy0BArYam8
မှာဝင်ရောက်အားပေးနိုင်ပါတယ်ခင်ဗျ .. 😉❤️✌️
Host - သုသိ | Program - Gita PK -ဂီတပီကေ
https://fb.watch/gUIau1fVxS/
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
11051