TechEdu Htila
Education Study Services for high school students
15/02/2026
Visit TikTok to discover videos! Watch, follow, and discover more trending content.
15/02/2026
Summer Computer Basic Class for Kid
🌞🌞နွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့ အိမ်မှာပျင်းမနေရအောင် နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်စေမယ့် Summer Computer Basic Class လေးကို စတင်ဖွင့်လှစ်လိုက်ပါပြီ။
🧑💻ဘာတွေသင်မလဲ?
✅Typing (လက်ကွက်ရိုက်ခြင်း) - မြန်မာ/အင်္ဂလိပ်
✅ Computer အခြေခံအသုံးပြုနည်း (Windows & Files)
✅ Typing (မြန်မာ/အင်္ဂလိပ် လက်ကွက်ရိုက်ခြင်း)
✅ Microsoft Word (စာစီစာကုံးနှင့် စာရွက်စာတမ်းပြုလုပ်နည်း)
✅ Microsoft PowerPoint (Slide show လှလှလေးများ ဖန်တီးနည်း)
✅ Internet & Email အသုံးပြုနည်း (လုံခြုံစိတ်ချစွာ အသုံးပြုခြင်း)
✅Paint & Creative Design - ပုံဆွဲခြင်းနှင့် ဖန်တီးမှုစွမ်းရည်မြှင့်တင်ခြင်း
သင်တန်းအသေးစိတ် -
📅 စတင်မည့်ရက်: ဖေဖော်ဝါရီလ နောက်ဆုံးအပတ် (February Last Week)
⏰ သင်တန်းအချိန်: မိဘများနှင့် ကလေးများ အဆင်ပြေမည့်အချိန်ကို ညှိနှိုင်းတက်ရောက်နိုင်ပါသည်။
💰 သင်တန်းကြေး: ၁၀၀,၀၀၀ ကျပ် (တစ်ဦးချင်းစီကို သေချာဂရုစိုက်သင်ကြားပေးပါမည်)
ဘာကြောင့် ကျွန်တော်တို့ဆီမှာ တက်သင့်တာလဲ?
ကလေးများအတွက် နားလည်လွယ်သော သင်ရိုးညွှန်းတမ်းဖြစ်ခြင်း။
လက်တွေ့ (Practical) ကို အဓိကထား သင်ကြားပေးခြင်း။
အေးချမ်းပြီး သင်ကြားမှုကောင်းမွန်သော ပတ်ဝန်းကျင်ရှိခြင်း။
📍 သင်တန်းနေရာ: (ပုလဲငွေရောင်လမ်း၊အောင်ဇေယျာ 13၊ မိတ္ထီလာ)။
👉မိမိကလေးသည် mouse ကိုင်တတ်ပြီး typing အနည်းငယ် တတ်ပါက Online မှလည်းသင်ကြားနိုင်ပါသည်။
📞 စုံစမ်းမေးမြန်းရန်: (09972142156)
💢💢ကလေးတစ်ဦးချင်းစီရဲ့ အရည်အချင်းကို မြှင့်တင်ပေးဖို့ ကလေးတစ်ဦးချင်းစီကို သေချာဂရုစိုက်သင်ကြားပေးမှာဖြစ်လို့ လူဦးရေကန့်သတ်ထားတာ
မို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 🏃♂️🏃♀️
26/01/2026
19/01/2026
Computer Knowledge Sharing တွေ သိရအောင် အမြဲ စောင့်ကြည့်ပေးနော်၊ သိချင်တာရှိရင် comment မှာရေးခဲ့ပေးပါ
TikTok · TechEdu Htila Check out TechEdu Htila’s video.
#2026ကို အတူ လက်တွဲလျှောက်လှမ်းဖို့ခွန်အား ယူကြရအောင်
ကျွန်တော်တို့အားလုံး အဆင်မပြေမှုတွေ အခက်အခဲတွေကို တွေ့ကြုံခံစားဖူးမှာပါ….။ ဒီလိုကြုံလာရတဲ့အခါ လဲကျသွားမှာလား ပြန်ထကြမာလား ဆိုတာကို ရွေးချယ်နိုင်ဖို့လိုပါတယ်။ အဆင်မပြေမှုတွေ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပုံချင်းတော့ တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာအရရော ခံနိုင်ရည်ရှိပုံခြင်း မတူညီကြလို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အခက်အခဲ တွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်အားရှိတဲ့လူက မြန်မြန်ဆန်ဆန်ပဲ မိမိကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ပြီး လဲကျသွားဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။ မိမိကိုယ်တိုင်က “Resilience” အားကောင်းအောင် တည်ဆောက်ထားနိုင်မယ်ဆိုရင် စိတ်ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ စိုးရိမ်ပူပန်မှုလွန်ကဲတာတွေ၊ စိတ်ဓါတ်ကျတာတွေ စတဲ့ ခံစားမှုတွေကနေ သက်သာရာရအောင် လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ လဲကျအရှုံးမပေးဖို့အတွက် ကျွန်တော်တို့ ဘဝမှာ” Resilience” ရှိဖို့လိုအပ်သလို မရှိခဲ့ရင်လည်း ကြိုးစား တည်ဆောက်ယူနိုင်ပါတယ်။
ကျွန်တော်တို့ဟာ ဘဝရဲ့ အလှည့်အပြောင်းတွေအပေါ်မှာ လိုက်လျောညီထွေမှုနဲ့ အသားကျအောင်နေထိုင်နိုင်ဖို့ လည်းအရေးကြီးပါတယ်။ အဆင်မပြေမှုတွေ အခက်အခဲတွေဆိုတာ မိမိတစ်ဦးတစ်ယောက်ထဲမှာ ကြုံတွေ့နေရတာ မဟုတ်ဘဲ လူသားအားလုံးမှာ မတူညီတဲ့ အခက်အခဲတွေကို တစ်ချိန်မဟုတ်တစ်ချိန် ရင်ဆိုင်နေကြ ရတာကို သတိရပေးဖို့ အရေးကြီးပါတယ်။ ဒီလိုနားလည်လက်ခံတတ်ခြင်းဟာလည်း “Resilience” ရှိခြင်းတစ်မျိုးပါပဲ။ ဒါ့အပြင် ကျွန်တော်တို့ ကိုယ်တိုင်လည်း အတိတ်မှာ အခက်အခဲတွေကို ကြုံခဲ့ဖူးပါလိမ့်မယ်။ အဲ့ဒီအချိန်တုန်းက ဘယ်လိုကြိုးစား ဖြတ်ကျော်ခဲ့တယ် ဆိုတာတွေကို မမေ့လိုက်ခြင်းအားဖြင့် အနာဂတ်မှာ ဘယ်လိုပုံစံတွေနဲ့ အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်မယ်ဆိုပြီး သင်ခန်းစာယူနိုင်ပါသေးတယ်။ Learn From The Past (အတိတ်ကနေသင်ယူခြင်း) ဟာလည်း “Resilience” ကိုတည်ဆောက်တဲ့နေရာမှာ အသုံးဝင်ပါတယ်။
တချို့က “Resilience” ရှိတယ်ဆိုတာကို တစ်ယောက်ထဲ ကြိတ်မှတ်ခံစားဝာာလို့ တွေးထင်ကြပါတယ်။ တကယ်တော့ Healthy Relationships (ကောင်းမွန်တဲ့ ဆက်ဆံရေး) တွေတည်ဆောက်ထားနိုင်ခြင်းက မိမိကိုယ်တိုင်ရဲ့ “Resilience” ကို ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခင်မင်ရင်းနှီးရတဲ့သူတွေအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုလေးတွေ၊ လူသားပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ ကူညီမှုလေးတွေလိုမျိုး အသေးအဖွဲကိစ္စ ရပ်လေးပဲ ဖြစ်ဖြစ် မိမိတတ်နိုင်တဲ့အားနဲ့ ဆောင်ရွက်ပေးလိုက်ခြင်းဟာလည်း မိမိကိုယ်တိုင်ပြုစုပျိုးထောင်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။
နောက်ထပ်အနေနဲ့ အခက်အခဲတွေကြုံလာတဲ့အခါ မျှော်လင့်ချက်ထားတတ်ဖို့ အရေးကြီးပါတယ်။ အတိတ်တွေကို ပြင်ဆင်လို့ မရတော့ပေမယ့် အနာဂတ်ကို ပွင့်လင်းစွာ ပုံဖော်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ဒီအဆင်မပြေမှုတွေ ကုန်လွန်သွားရင် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပြီးသွားရင် ကိုယ်ဘာတွေလုပ်ချင်တယ်၊ ဘယ်တွေသွားချင်တယ် အစရှိသဖြင့် မိမိရဲ့ မပြီးမြောက်သေးတဲ့ ဆန္ဒလေးတွေကို စိတ်ကူးယဉ်ကြည့်လို့ ရပါတယ်။ ကျွန်တော်တို့ဟာ ပျော်ရွှင်မှုတွေကို ရှာဖွေကြည့်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ စိတ်၊ ခန္ဓာ နှစ်ခုလုံး ကျန်းမာကြံ့ခိုင်နေစေဖို့ မိမိရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ကိုယ်နှစ်သက်တဲ့ ဝါသနာပါတဲ့ ကိုယ့်စိတ်ကိုပျော်ရွှင်စေတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ထည့်သွင်းလုပ်ဆောင်သွားဖို့လည်းလိုအပ်ပါတယ်။ ဥပမာ စာဖတ်တာမျိုး၊ ကိုယ်ကြိုက်တဲ့ Entertainment လေးတွေကြည့်တာမျိုး၊ Yoga ကစားတာမျိုး ဒါမှမဟုတ် ညဘက် အိပ်ရာမဝင်ခင်အချိန်မျိုးမှာ တစ်ယောက်ထဲ စိတ်အေးလက်အေးနဲ့ ဘယ်လိုအတွေးမျိုးမှ မတွေးဘဲ လမ်းလျှောက်ကြည့်တာမျိုး၊ အစရှိသဖြင့် မိမိနဲ့ အဆင်ပြေရာတစ်ခုခုကို အချိန်ပေးလုပ်ဆောင်ခြင်းဟာလည်း ရေရှည်မှာ မိမိရဲ့ စိတ်တည်ငြိမ်မှုနဲ့ ကိုယ်ခန္ဓာ ကျန်းမာမှုတို့ကို အထောက်အပံ့ပေးပြီး “Resilience” အားလည်းကောင်းလာစေနိုင်ပါတယ်။
ဘဝဆိုတာ ခန့်မှန်းလို့မရပါဘူး။ ကျွန်တော်တို့တွေ ဂရုတစိုက်နဲ့ စီစဉ်ထားလည်း မျှော်လင့်မထားတဲ့ အခက်အခဲတွေက ကျွန်တော်တို့ကို စိန်ခေါ်နေမှာ ဖြစ်ပါတယ်။ အရာအားလုံးကို ကျွန်တော်တို့ တားဆီးလို့မရ ထိန်းချုပ်လို့မရပေမယ့် မည်သို့မည်ပုံ ရင်ဆိုင်ဖြတ်ကျော်သွားမယ်ဆိုတာကတော့ ကျွန်တော်တို့အပိုင်းဖြစ်တဲ့အတွက် ဒီနေရာမှာ Resilience ရှိခြင်းက အရေးပါလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ ကြံ့ကြံခိုင်ရင်ဆိုင်နိုင်စွမ်းတွေကို မြှင်တင်ပြီး အကောင်းဆုံးပုံစံနဲ့ ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားလိုက်ကြရအောင်ပါ✨🥳

ခုလို Knowledge Sharing video တွေ မျှဝေပေးမှာမို့ သိချင်တဲ့အကြောင်းအရာတွေ comment မှာရေးေခဲ့ လို့ ရပါတယ်
#နောက်တစ်ပုဒ်ကဘာတင်ပေးရမလဲ🥰
#မင်မင်ရဲ့ 2025 တမ်းချင်း
🥰ဒီ page လေးဟာလဲ 2025 မှာပဲ စတင်အသက်သွင်းခဲ့တဲ့ မင်မင် ရဲ့ အမှတ်တရတစ်ခုမို့ မင်မင်ရဲ့ တမ်းချင်းလေးကို copy & paste
👇👇
#2025 ဟာ ကိုယ့်ဘဝရဲ့ မေ့လို့မရတဲ့နှစ်
🌹ဘဝမှာ 2025 ဆိုတဲ့ ခုနှစ်က မမေ့သင့်တာ မေ့လို့မရတာတွေ အများကြီးကြုံခဲ့ရတဲ့နှစ်
✊အကြီးမားဆုံးသော အပြောင်းအလဲတွေ ကောင်းခြင်း၊ဆိုးခြင်းတွေ ပြည့်နေတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့လို့ Memory အနေနဲ့ မှတ်ထားချင်ရုံပါ
🌀2025 ဟာ ငလျင်နဲ့ စခဲ့တယ် ဖိနပ်တောင်မပါဘဲ အသက်ဘေးကပြေးခဲ့ရတယ် ကွင်းပြင်ထဲ အိပ်ခဲ့ရတယ်။ ဒါပေမယ့် ကျော်ဖြတ်နိုင်ခဲ့တယ် အပြန်အလှန်ကူညီခဲ့ကြတဲ့ မိတ်ဆွေတွေ ရခဲ့သလို ကိုယ့်ကို စိတ်ပူပေးတဲ့ မိတ်ဆွေတွေကြောင့်လဲ ဝမ်းသာရတယ် ကျေးဇူးတင်ခဲ့ရတယ်။
💢 5 လပိုင်းမှာ ဆေးရုံတောင်တစ်ခါမှ မတက်ဖူးတဲ့ကိုယ်က Operation လုပ်ခဲ့ရတယ် 10 စုနှစ် တစ်ခုစာလောက်နီးပါး ခံစားနေရတဲ့ ဝေဒနာအတွက် ဆုံးဖြတ်ချက်ချခဲ့ရတယ် 4 နာရီကြာခွဲခန်းဝင်ပြီး အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့တယ် အားလုံးကတော့ ကောင်းဖို့ဖြစ်လာတာပါပဲ
💻2025 ၊5 လပိုင်းဟာ အရမ်းအမှတ်တရများခဲ့တာပေါ့၊ 13 နှစ်လောက် လုပ်ခဲ့တဲ့ ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့တယ်၊
ဘာ Plan မှမရှိဘဲ ခွဲစိတ်ထားလို့ နားနေရတဲ့အချိန် အလုပ်ပါထွက်ခဲ့တော့ စိတ်တွေကိုတော်တော် ထိန်းချုပ်ခဲ့ရတယ်
*အဆိုးတွေဆက်တိုက်ကိုကျော်ဖြတ်ခဲ့ရတယ် ကျော်ဖြတ်နိုင်ခဲ့တယ်
(ရင်ဖွင့်သမျှ နားထောင်ပေးတဲ့ နားတွေအများကြီးရှိလို့ ကျေးဇူးတင်ပါတယ်)
အားပေးခဲ့တဲ့သူတွေ မျှဝေခံစားပေးခဲ့တဲ့သူတွေ ကိုယ့်ကိုစိတ်ပျက်ခဲ့တဲ့သူတွေ အားလုံးကျေးဇူးတင်ပါတယ်
💚2025 ကို အားတင်းပြီးဖြတ်ကျော်ခဲ့ပါပြီ
အကောင်းတွေကိုပြောရရင် အသစ်အသစ်သော လေ့လာမှုတွေကလဲ 2025 မှာပဲ ရှိခဲ့တယ် ကိုယ့်ရဲ့
Resilience ကိုလဲ 2025 မှာ မြင်ခဲ့ရတာပဲ
🌟 ဘဝမှာ အခက်ခဲဆုံးနှစ်လို့ပြောလို့ရသလို စိတ်ဓါတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတွေ အများကြီးရခဲ့လို့ကျေးဇူးတင်ရတဲ့နှစ်ပါ။
🎊အကြီးမားဆုံး အောင်မြင်မှုက ကိုယ်သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အသက်အပိုင်းအခြားတစ်ခုမှာ ကိုယ်ရည်ရွယ်ထားသလို မွေးရပ်မြေမှာ ပြန်နေရတာပဲ ( ဝင်ငွေမရှိတာရှိတာတော့မပြောတော့ဘူး 😁)
✊2026မှာတော့ ဒီထက်မကပိုပျော် ပိုရင့်ကျက်ဖို့ကြိုးစားမှာပါ။ I can do it
Excel Data လွယ်လွယ်သွင်းလို့ရမယ့်နည်း
ဒီလို video လေးတွေ အမြဲ တင်ပေးမှာမို့ page ကို like & follow ပေးနော်
🛑 "Laptop မရှိလို့" ဆိုတာ ဆင်ခြေ သက်သက်ပဲ
Software Engineer ဖြစ်ဖို့ MacBook Pro M3 မလိုပါဘူး။ Gaming Laptop ကြီးတွေ မလိုပါဘူး။ ခင်ဗျားရဲ့ ဘောင်းဘီအိတ်ထဲမှာရှိတဲ့ Phone က လွန်ခဲ့တဲ့ ၁၀ နှစ်က Computer တွေထက် ပိုမြန်နေပြီဆိုတာ သိရဲ့လား? Code ရေးဖို့အတွက် Hardware က အဓိကမဟုတ်ဘူး။ "Mindset" က အဓိက။ "Laptop ဝယ်နိုင်မှ စမယ်" ဆိုပြီး အချိန်ဆွဲနေတာက ခင်ဗျားကိုယ်ခင်ဗျား သတ်နေတာနဲ့ အတူတူပဲ။
ဘာလို့ Phone တစ်လုံးတည်းနဲ့ လုံလောက်လဲဆိုတာ Technical ကျကျ ပြောပြမယ်။
၁။ Termux ဆိုတာ Toy မဟုတ်ဘူး၊ Linux Kernel အစစ်ပါ
Android ဆိုတာ Linux ပေါ်မှာ တည်ဆောက်ထားတာ။ Termux သုံးလိုက်တာနဲ့ ခင်ဗျားဖုန်းက Server အသေးစားလေး ဖြစ်သွားပြီ။ pip install လုပ်မလား၊ Git push မလား၊ Python Backend Server run မလား။ အကုန်ရတယ်။ ခင်ဗျား Laptop နဲ့လုပ်လို့ရတာရဲ့ ၉၀% ကို Termux ပေါ်မှာ Command Line နဲ့ လုပ်လို့ရတယ်။ ဒါကို မသုံးတတ်ဘဲ Laptop မရှိလို့ပါလို့ ပြောနေတာက "Tool ကို အပြစ်ပုံချ" နေတာပဲ။
၂။ Acode က Mobile ဖုန်းရဲ့ VS Code ပဲ
Phone နဲ့ Code ရေးရတာ လက်ဝင်တယ်ဆိုတာ ဟိုးအရင်ခေတ်က စကား။ အခု Acode Editor မှာ Syntax Highlighting, File Management, Terminal Integration အကုန်ပါတယ်။ အပြင်သွားရင်း ကားပေါ်မှာ၊ လက်ဖက်ရည်ဆိုင်မှာ အချိန်ရတိုင်း Code ရေးလို့ရတဲ့ Advantage က Laptop သမားတွေမှာ မရှိဘူး။
၃။ ကန့်သတ်ချက်တွေက Creativity ကို မွေးဖွားပေးပါတယ်
Screen သေးသေးလေးမှာ Code ရေးရတာ ခက်တာမှန်တယ်။ ဒါပေမဲ့ အဲ့ဒီ အခက်အခဲက ခင်ဗျားကို ပိုပြီး Focus ဖြစ်စေတယ်။ Logic ကို ပိုမြင်စေတယ်။ Copy-Paste လုပ်ရခက်တဲ့အတွက် ကိုယ်တိုင် Code ပိုရိုက်ရတယ်။ Phone နဲ့ Project အကြီးကြီးတွေ ပြီးအောင်ရေးနိုင်ခဲ့တဲ့သူက Laptop ရောက်သွားတဲ့အချိန်မှာ "Flywheel" လိုပဲ ဘယ်သူမှ လိုက်မမီတော့ဘူး။
🎯 အချိန်မဆွဲပါနဲ့၊ အခုစပါ
ခင်ဗျား ဆင်ခြေပေးပြီး ထိုင်စောင့်နေတဲ့အချိန်မှာ တခြားသူတွေက Phone တစ်လုံးနဲ့ Project တွေပြီးပြီး Deploy လုပ်နေကြပြီ။
👉 Termux + Python Setup လုပ်နည်းမသိရင် MCY မှာ လာသင် Computer မလို၊ ဖုန်းသီးသန့် သင်ရိုး (Mobile-First Curriculum) နဲ့ သင်ပေးနေတာ MCY တစ်ခုပဲ ရှိတယ်။
👉 အပြင်မှာ Python သင်တန်း ၃ သိန်းပေးမလား? MCY မှာ ၃ သောင်းခွဲ (35,000 MMK) နဲ့ Life-time access ယူမလား?
Laptop မရှိတာ ခင်ဗျားအပြစ်မဟုတ်ဘူး။ ဒါပေမဲ့ Laptop မရှိတာကို အကြောင်းပြပြီး ဘာမှမလုပ်ဘဲ နေတာကတော့ ခင်ဗျားအပြစ်ပဲ။
03/01/2026