Melody Buddy

Melody Buddy

Share

Trust & Authenticity Guaranteed
Direct imports from Thailand official stores.🇹🇭✨
100% genuine products, no refurbished items. Shop with confidence 😎

Photos from Melody Buddy's post 20/05/2026

Looking for a cute mini fan? 🤔 ဒါလေးကတော့ ဒီဇိုင်းတင်မကဘဲ Quality ပါ ရှယ်မိုက်တဲ့ Aconatic x Shin-chan ပါဗျာ

Aconatic X Caryon Shin Chan တို့ collaboration လုပ်ပြီး ထွက်ထားတဲ့ fan လေး
Aconatic X Crayon Shin-chan ရဲ့ high-speed ပန်ကာအမိုက်စားလေးတွေ ရောက်ဖို့ရှိတယ်‌နော်။ 🌟 ဒီဇိုင်းကလည်း ချစ်စရာ၊ လေအားကလည်း cyclone လိုပဲရှယ်ပြင်း။
ကျန်တာတွေ ဆက်မပြောခင် Aconatic Brand အကြောင်းကို လေ့လာကြည့်ရအောင် !!!!

Aconatic ဆိုတာ ထိုင်းနိုင်ငံအခြေစိုက် အိမ်သုံးလျှပ်စစ်ပစ္စည်းနဲ့ နည်းပညာထုတ်ကုန် အမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး 1992 ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာမို့ သက်တမ်း ၃၀ ကျော်ရှိပြီဖြစ်တဲ့ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်း စျေးကွက်မှာ အထူးသဖြင့် TV နဲ့ Audio ပစ္စည်းပိုင်းမှာ ထိုင်းပြည်သူတွေယုံကြည်မှုအခိုင်အမာရထားတဲ့ အမှတ်တံဆိပ်တစ်ခုလဲဖြစ်ပါတယ်။ Aconatic ရဲ့ ထုတ်ကုန်တွေက (အထူးသဖြင့် smart TV, Android TV, google TV) တွေက မြန်မာပြည်သူတွေနဲ့ မစိမ်းသလို ယုံကြည်မှု အပြည့်ရထားပြီးသား Reliable Brand တစ်ခုကထုတ်ထားတာမို့ တရုတ် Brand အညံ့စားတွေလို မဟုတ်ဘဲ Quality ခိုင်ခံ့စိတ်ချရပြီး တာရှည်ခံပါတယ်။

✨ High-Speed လေအား: သေးသေးလေးဆိုပေမယ့် လေထွက်နှုန်းက တကယ့်ကို အမိုက်စား၊ လေအားရှယ်ပြင်းတာနော်
🔋 Digital Display: ဘက်ထရီ ဘယ်လောက် ရာခိုင်နှုန်း ကျန်သေးလဲဆိုတာ အလွယ်တကူ ကြည့်လို့ရတဲ့ display screen လေးလဲပါတော့ အထာကျတယ်
👜 Portable & Handy: အိတ်ထဲ ထည့်ရလွယ်ကူပြီး လည်ပွဲကြိုးလေးပါ ပါလို့ အပြင်သွားရင် အဆင်ပြေဆုံးပဲ။
ဒီဇိုင်းလှလှ၊ ပစ္စည်းကောင်းကောင်းနဲ့ ဈေးနှုန်းသင့်တင့်တာကိုမှ ရှာနေတယ်ဆိုရင်တော့ ဒါလေးက Perfect ပါပဲ။ ကိုယ်တိုင်သုံးမလား၊ အသည်းကျော်လေးတွေကို လက်ဆောင်ပေးမလား အဆင်ပြေတာမို့...
25.5.2026 ရောက်မယ့် အသုတ်မှာ အရေအတွက် အများကြီးမပါတာမို့ စိတ်ဝင်စားရင် အမြန် Hi လိုက်တော့နော်။ 📥✨
Price - 89,000

Photos from Melody Buddy's post 15/05/2026

လူတိုင်းနဲ့ မတူချင်ဘဲ... အချင်းတူပေမယ့် အသွေးမတူတဲ့ Style မျိုးကိုမှ ရှာနေတာဆိုရင်တော့...😎🔥

📣📣Only 1 Unit left 📣📣

ထိုင်းမှာ မူရင်းဈေးကိုက မြန်မာထက်များပါတယ် ဒါကြောင့်မလို့ Admin တို့လဲ အများကြီးမှာပြီး ရောင်းပေးဖို့က Limit တွေ Risk တွေရှိပါတယ်
‌ဒါပေမယ့် ဒီတစ်ခေါက်အတွက်က လူတိုင်းအတွက် မဟုတ်ဘဲ အချင်းတူပေမယ့် အသွေးမတူချင်တဲ့၊ Unique ဖြစ်တာကိုမှ ကြိုက်နှစ်သက်တဲ့ Customer များအတွက်သာ သီးသန့် ရည်ရွယ်တာကြောင့် Stock အနည်းငယ်ပဲ ယူထားပေးဝာာပါ
ယုံကြည်မှုအပြည့်နဲ့ အားပေးသွားတဲ့ အစ်မကို ကျေးဇူးအများကြီး တင်ပါတယ်။ လူတိုင်းနဲ့ မတူတဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့လို့ Admin တို့ အရမ်းဝမ်းသာရပါတယ်ခင်ဗျာ။ 🙏✨

15/05/2026

တစ်ခုခုလောပီဆို ကျိုင်ရင် ကျိုင်ရင် ပြောနေကျ ခွန်ထိုင်းတို့ရဲ့ သဘာဝအတိုင်း ခုလဲ အအေးဆေးဆေး warranty claim တာ 20 to 30 days ဆိုတော့ ကိုယ့် Customer တွေကိုလဲ အေးအေးဆေးဆေး ကျိုင်ရင် ကျိုရင် ပါလို့
ထိုင်းဖက်မှာ Warranty Claim တာလေးတွေပြန်ရလို့ မြန်မာ ပစ္စည်းအသင့် In stock ရှိနေတဲ့ item တွေဆို Admin တို့ မြန်မာဖက်မှာချက်ချင်း အစားထိုးပြန်ပေးပါတယ်လို့

Photos from Melody Buddy's post 14/05/2026

ကမ္ဘာ့အကြမ်းဆုံး Case အဖြစ် CNET ဆုကို (4) နှစ်ဆက်တိုက် ရရှိထားတဲ့ Supcase !!! 🛡️
ကိုယ့်ဖုန်းကို ကာကွယ်ပေးနိုင်တယ်ဆိုတာ စကားလုံးတွေထက် လက်တွေ့ သက်သေပြနိုင်ဖို့က ပိုအရေးကြီးပါတယ်။ Supcase ဆိုတာ စျေးကွက်ထဲက သာမန် Case တစ်ခုမဟုတ်ဘဲ၊ ကမ္ဘာကျော် Drop Test ပွဲစဉ်တိုင်းမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရပ်တည်နေတဲ့ Brand တစ်ခုမို့ ဒါဟာ သင့်ဖုန်းအတွက် "သံချပ်ကာ" ဆိုလဲမမှားဘူးနော်
ဘာကြောင့်ဝယ်သင့်လဲ ???
Legendary Protection: အမြင့်ပေ 20 ကနေ ပစ်ချရဲတဲ့အထိ အကြမ်းခံတယ်။
Elite Look: ကိုင်လိုက်တာနဲ့ တခြားသူတွေကြားမှာ ထင်ပေါ်စေမယ့် Rugged Design။
Zero Regret: တစ်ခါဝယ်ထားရုံနဲ့ ဖုန်းလဲတဲ့အထိ စိတ်အေးရမယ်။

✨ Pre-order မှာယူနိုင်မည့် Legendary Series များ:
🍎 iPhone:
• UB Pro / UB Pro Mag
• UB Mag XT
• UB Grip / UB Grip Pro

Galaxy Samsung:
• UB PRO / UB PRO Mag
• UB Mag XT
• UB Grip

Supcase က လူတိုင်းအတွက် မဟုတ်ဘူးနော်... အကောင်းဆုံးကိုမှ လိုချင်တဲ့သူတွေအတွက်ပဲမလို့"
အကောင်းကြိုက်တဲ့သူတွေအခုပဲ Melody Buddy ရဲ့ Messenger (Chatbox) မှာ ကိုယ့်ဖုန်း Model လေးပြောပြီး ရနိုင်မယ့် series အရောင် နဲ့ စျေးနှုန်းမေးမြန်းလိုက်တော့နော် ......

⚠️Pre-order Only⚠️ (🕦 Waiting Time 3 Weeks)

⚠️50% Deposit⚠️

Melody Buddy - Your Gadget, Our Care.

Photos from Melody Buddy's post 14/05/2026

Orange 🍊🍊🍊 လေးနှစ်လုံးဦးထားပေးတယ်နော်
ဈေးကတော့ ဒီမှာရောင်းတဲ့ဈေးကိုကမြန်မာမှာရောင်းတဲ့ဈေးထက်များတာရယ် သယ်ခပို့ခတွေနဲ့ ရယ်ဆိုတော့ ဈေးများပါတယ်ဗျ။
ဒါပေမယ့် Limited Quantity Orange လေးမို့ တန်တယ်လို့သဘောထားရင်လဲ တန်ပါတယ်ဗျ
မြန်မာအရောက်ဈေး - 850,000 ကို လက်ခံနိုင်ရင်တော့ စရံ 100,000 နဲ့ Reserve လုပ်ထားလို့ရပါပြီဗျ

12/05/2026

အံဝင်ခွင်ကျဖြစ်ဖို့က အဓိကပဲလေ... 😉

အရွယ်အစား အကြီးအသေးမရွေး စိတ်ကြိုက်ရွေးလို့ရသလို၊ တပ်စွပ်လိုက်ရင်လည်း တစ်သားတည်းဖြစ်နေမှ အကာအကွယ်ပေးတာ ပိုထိရောက်မှာပါ။

မတော်တဆ ဖြစ်သွားမှ 'ဟာ... သွားပြီ' ဆိုပြီး နောင်တရနေလို့ မထူးတော့ဘူးလေ။

ကျွန်တော်တို့ Melody Buddy ကနေ အသစ်ချပြမယ့် အကာအကွယ်ပစ္စည်းအစွပ်က ဘာဖြစ်မလဲ?
အစွပ်လေးရဲ့ နာမည်က S နဲ့စပြီး E နဲ့ဆုံးတယ်... (တခြားဟာ မတွေးကြနဲ့ဦးနော်) 😂

Comment မှာ ထင်တာလေးတွေရေးပေးခဲ့အုံးနော်

11/05/2026

Social Media ဆိုတာ လူတိုင်း လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ နေရာတစ်ခုဖြစ်ပေမယ့် အဲဒီလွတ်လပ်မှုရဲ့ နောက်ကွယ်မှာ အခြေခံရှိရမယ့်အရာကတော့ Social Media Ethics ပဲ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုရဲ့ Page Comment Section ဆိုတာ အဲဒီလုပ်ငန်းရဲ့ သီးသန့်နေရာ (Private Space) ဖြစ်ပါတယ်။ Public Group တွေမှာ မဟုတ်ဘဲ အခြားလုပ်ငန်းတစ်ခုရဲ့ Page Comment Section ထဲအထိ အခွင့်ကောင်းယူပြီး ဈေးဝင်ရောင်းတာ လုပ်တာမျိုးဟာ Professional မပီသရုံတင်မကဘဲ အခြေခံကျင့်ဝတ် Business Ethics ကိုပါ ချိုးဖောက်တာဖြစ်ပါတယ်။

စီးပွားရေးလောကမှာ လုပ်ကိုင်နေကြသူတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့အတူ ကိုယ်စားပြုရာ အဖွဲ့အစည်းရဲ့ ပုံရိပ်ကိုပါ သယ်ဆောင်ထားကြသူတွေ ဖြစ်ပါတယ်။

တကယ်လို့ မိမိရဲ့ ဝန်ဆောင်မှုအပေါ် ယုံကြည်မှုရှိတယ်ဆိုရင် Business Page တစ်ခုရဲ့ comment section မှာ လာပြီး comment ပေးနေမယ့်အစား မိမိရဲ့ Private Chat Box ကနေတစ်ဆင့် အဆင့်အတန်းရှိရှိ သွားရောက်ပြောဆိုရှင်းပြနိုင်ရမှာမဟုတ်လား? အခုလို ပြုမူတာဟာ မိမိကိုယ်တိုင်ရဲ့ အဆင့်အတန်းနဲ့ မိမိကိုယ်စားပြုတဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကိုပါ လူအများရှေ့မှာ ကိုယ်တိုင် ဖျက်ဆီးနေသလိုပါပဲ။

ကျွန်တော်တို့ Melody Buddy ဟာ စတင်ပျိုးထောင်ကာစ လုပ်ငန်းအသေးလေးတစ်ခု ဖြစ်ပေမယ့် ကျွန်တော်တို့ အလေးအနက်ဆုံး ထားရှိတဲ့အရာကတော့ Business Ethics, Social Media Ethics ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့ကို ယုံကြည်တဲ့ Customer တွေကို ယုံကြည်မှုအပြည့်နဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ကျင့်ဝတ်နဲ့အညီ သန့်ရှင်းစွာ ယှဉ်ပြိုင်တဲ့ မည်သူ တစ်ဦးတစ်ယောက်ကိုမဆို ကျွန်တော်တို့ အမြဲတမ်း လေးစားလျက်ရှိပါတယ်။

10/05/2026

ဒီနေ့ သွားရင်းလာရင်း Display ပြထားတာတွေ့ရတော့ စမ်းခဲ့ကြည့်တာ Admin သွားရည်ကျသွားတယ် 🤤
ဝယ်ဖို့စိတ်ကူးရှိရင် Do သာ Do ပါ ညိုကီတို့

Photos from Melody Buddy's post 10/05/2026

Soundcore Space series ရဲ့ Next Gen Space 2 က Global မှာ ပြီးခဲ့တဲ့လကတည်းက Launch လုပ်ထားတာ admin တို့ ထိုင်းမှာက ဘယ်ဆီဘယ်ဝယ်မှန်း မသိသေးရသေးပါလား
Global မှာတော့ $130 ဆိုတော့ exchange Rate 4500 ‌ခန့်မှန်းနှုန်းနဲ့ဆို 585,000 သယ်ခပို့‌တွေနဲ့ဆို 🤔

Photos from Melody Buddy's post 06/05/2026

Huawei ရဲ့ Watch Fit 5 Series ကတော့ Thai မှာ 7 May 2026 မှာ Officially Launch လုပ်တော့မယ်နော်
ဈေးနှုန်းကလဲ အဲ့နေ့ကျမှာပဲ အတိအကျသိရပါမယ်။ တကယ်လို့ စိတ်ဝင်စားရင် CB မှာ Huawei Watch 5 လို့ ပို့ထားပေးပါဗျ။ ဈေးသိရတာနဲ့ မြန်မာအရောက်‌ဈေးတွက်ပြီး ပြန်ပို့ပေးပါမယ်ဗျ။ ဒီမှာစစချင်း Launch တဲ့အချိန်ဆို Gift တွေက ရှယ်ကြမ်းတတ်တယ်ဗျ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00