Khant the Rider
ဆိုင်ကယ်နှင့်ပတ်သက်သည့် Blog/Vlogများ၊ဓာတ်ပုံများအား မျှဝေပေးပါမည် Freestyle Blogger
Fz ပုံပြောင်း V5 ဆိုလားပဲ
Post မတင်ရတာကြာတော့ ဘာမှကိုမတင်ချင်တော့ဘူး😝
24/08/2025
ကျနော့်ရဲ့ ယူကျု့ Short မှာ တင်ထားပါတယ်
22/08/2025
Yamaha ရဲ့ အသစ်ထွက်လာတဲ့ Fz150 Hybrid အကြောင်း ကျနော့ရဲ့ ယူကျု ချန်နယ်မှာ သွား ရောက်ကြည့်ရှူ ဝေဖန် ထောက်ပြ နိုင်ပါတယ်ဗျ
10/08/2025
ဒီနေ့တော့ အရှေ့နဲ့အနောက်နိုင်ငံတွေက Scrambler ဆိုင်ကယ် 2စီးကို ယှဉ်ပြီး ဖော်ပြပေးသွားပါမယ်
ပထမက Royal Enfield ရဲ့ Bear 650 ပါ 648cc ဆိုပေမယ့် oil-cooled စနစ်နဲ့ပါ
အလတ်စား အင်ဂျင်စွမ်းအားနဲ့ Torque ပိုကောင်းပါတယ်
နည်းပညာပိုင်းကောင်းတယ် TFT ဒိုင်ခွက်၊ မြေပုံ၊ Bluetooth၊ USB စတာတွေပါတယ်
ရှင်းလင်းတဲ့ ဒီဇိုင်းနဲ့ ခိုင်ခံ့ပြီး classic ဆန်တဲ့ Dual Shock တွေတပ်ဆင်ထားတယ်
ဒုတိယတစ်စီးကတော့ Triumph ရဲ့ Scrambler 400 X ပါ 398cc ကို Liquid-cooled စနစ်နဲ့ပါ
အလေးချိန်ပေါ့တယ် Suspension ပိုကောင်းမယ် Handling လည်းကောင်းမယ်
Traction Control စနစ် နဲ့ Tubeless တာယာတို့ကြောင့် Safety နဲ့ Duality ပိုကောင်းမယ်
ဒီဇိုင်းပိုင်းမှာလည်း ပိုသာတာ တွေ့ရပါလိမ့်မယ်
Bear 650 က ဈေးပိုပါလိမ့်မယ် $6,849 USD / Rs 3.46 L (India) မြန်မာငွေ သိန်း270 နဲ့ Scrambler 400X က $5,795 USD / Rs 2.94 L (India) တို့ပဲ ဖြစ်ပါတယ်
ကျေးဇူးပါဗျ
Photos_Credit
Myaungmya to Pathein_part-2
20/07/2025
ပုံမှန် ခရီးထက် ပိုတဲ့ ခံစားမှု...
ဟိမဝန္တာ က စိတ် နဲ့ ဝိဉာဉ် ချိတ်ဆက်ဖို့ နေရာတစ်ခု။
ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေ ဖို့ အချိန်တစ်ခု၊နေရာတစ်ခု လိုအပ်နေသူတွေ အတွက်
ဟိမဝန္တာ ရဲ့ နှင်းတောင်တွေ ကြားမှာ ဆိုင်ကယ်စီးရင်း သဘာဝ ကို ထိတွေ့ခံစားရမယ့်
Ladakh Biking Tour plan လေးပါ။
ဒီနေရာက အိန္ဒိယနိုင်ငံ🇮🇳၊ လေမြို့မှာရှိတဲ့ ကမ္ဘာ့ အမြင့်ဆုံးလမ်းမတွေ ထဲက နေရာလေးတစ်ခုပါ။
အဆုံးမဲ့ ကောင်းကင်အောက်က လမ်းမကြီးတွေရဲ့အလှ
ဟိမဝန္တာ နှင်းတောင်တန်းတွေရဲ့ အလှ၊
ပြာလဲ့ ကြည်လင်နေတဲ့ ရေကန်တွေရဲ့ အလှ၊
အေးချမ်းဆိတ်ငြိမ်နေတဲ့ သဲကန္တာရတွေရဲ့ အလှ
တွေက
သင့်ရဲ့ စိတ်အတွင်းပိုင်း ငြိမ်းအေးမှုကို ပုံရိပ် ထင်စေမယ့် အရာတွေပါ။
ပုံမှန် သွားနေကျ ခရီးပုံစံနဲ့ မတူပါဘူး။
အေးအေးဆေးဆေး ဖြေးဖြေးနှေးနှေး နဲ့ ဟိမဝန္တာ တောင်တန်းတွေကြားက လေထုကို ရှုသွင်းရင်း....
စိတ် နဲ့ ဝိဉာဉ် အတွင်းပိုင်းထိအောင် သင့်ကို သင့် ပြန်လည် ရှာဖွေ ချိတ်ဆက် ဖို့ အခွင့်အရေးတစ်ခုပါပဲ။
🏍️ ဆိုင်ကယ်နဲ့ သွားမယ်ဆိုပေမယ့် ကိုယ်တိုင် မောင်းတတ်စရာမလိုပါဘူး။ ကျွမ်းကျင်မောင်းနှင်သူတွေ ထားရှိပေးထားပါတယ်။
📆 August လကုန် (၆ညအိပ် ၇ရက် ခရီးစဉ်)
👥 လူဦးရေ အနည်းငယ် ဖြင့်သာ သွားမည်ဖြစ်လို့ အစောဆုံး စာရင်းပေးထားဖို့လိုပါမယ်။
📍Lakes, mountains, high-altitude passes, and unforgettable moments await.
Let Act.Joy Travels turn your dreams into real, life-changing memories.
📩 DM us now to book or ask anything!
FMOTO ရဲ့ 500SR အနေအထား
Haojue က ယိုးဒယားဘီးတွေ နေရာကို အစားထိုးနိုင်လား