MEtech Engineering Group
Electrical Design, Supply and Installation
01/01/2026
၂၀၂၆နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ဘေးဘရာဝေးကွာ၍ ပဒုမ္မာရွေကြာပန်းကဲ့သိုလန်းဆန်းရွှင်လန်းပွင့်လန်းနိုင်ကြပါစေ
သွားလေရာ လာလေရာ ဘေးဥပါတ်အန္တရာယ်ရန်အသွယ်သွယ်ကင်းဝေး၍ ခလုတ်မထိဆူးမငြိဘဲ တုတ် ဓါး လက်နက်ခဲယမ်း အသက်ပေးမှလွတ်ကင်း၍ ၉၆ပါးအနာရောဂါ ဝေဒနာမှန်သမျှ မစွဲငြိမခိုကပ်ဘဲ ကင်းစင်လွင့်ပျောက်ပါစေ
လုပ်ကိုင်လျက်ရှိသော လုပ်ငန်းကိုင်ငန်းဟူသမျှ အဆင်ပြေချောမွေ့၍ အထက်လူကြီးများနှင့်အဆင်ပြေချော့မွေ့ပါစေ
လုပ်ဖော်ကိုင်ဖက်များအဆင်ပြေ၍ ရာထူးလာဘ်လာဘများပေါကြွယ်ဝ၍ အလုပ်အကိုင် အခွင့်အလမ်းမှန်သမျှတို့တွင် ပိတ်ပင်တားဆီးအနောက်အယှက်မရှိစေဘဲ ရရှိပါစေ
စိတ်တွင်ကြံဆ လုပ်ကိုင်သမျှ အရာဟူသမျှမခေါ်ဘဲလာ၍ သိဒ္ဓိဆယ်ပါး ပြည်စုံတော်မူသော ဝိဇ္ဇာမိုရ်အပေါင်းမှ ကူညီကယ်ဆယ်စောင့်ရှောက်၍ အောင်ခြင်းဟူသော နိုင်ခြင်းဟူသော ပိုင်ခြင်းဟူသော အရာတို့နှင့်ပြည့်စုံ၍ အောင်စေ နိုင်စေ ပိုင်ကြပါစေ
ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတို့မှလွတ်ကင်း၍ဆင်းရဲခပ်သိမ်း လွတ်ကင်းနိုင်ကြပါစေ
ပြုခဲ့သမျှဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ကြောင့် သာသနာစောင့်နတ်မင်းကြီး၄ပါးနှင့်တကွ သမ္မာဒေဝနတ်မြတ်နတ်ကောင်းနတ်အပေါင်း ဝိဇ္ဇာဓိုရ်အပေါင်းနှင့်နတ်ဝိဇ္ဇာအပေါင်း ဝိဇ္ဇာရှစ်သောင်းအရိယာသူတော်စင်အပေါင်းတို့မှကူညီကယ်ဆယ်စောင့်ရှောက်၍သာသနာတော်၂၅၆၉ ခုနှစ်၂၀၂၆နှစ်သစ်မှာ သာသနာအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်၍ သာသနာတော်အားစောင့်ရှောက်နိုင်သော ပါရမီဖြည့်ဆည်းပေးနိုင်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်ကြပါစေ
🙏🙏🙏🙏🙏စိတ်နှလုံးရွှင်ပြုံး၍ဘေးဘရာဝေးကွာပြီးအနာကင်းမဲ့သက်ရာကျော်ရှည်ပါစေ🙏🙏
ဣစ္ဆိတံ ပတ္ထိတံ တုသျှံခိပ္ပမေဝ သမိဇ္စျတု
အလိုရှိအပ်သော တောင်းတအပ်သော ဆုသည်လျှင်မြန်စွာသာလျှင်ပြည်စုံပါစေ🙏
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ စန္ဒော ပန္နရသော ယထာ
လပြည့်နေညထွက်ပေါ်လာသောလမင်းကဲ့သို့ အလုံးစုံကုန်သော စိတ်အလိုဆန္ဒ ပြည့်ဝပါစေ🙏🙏🙏ကြောင်း
MEtech Engineering Group မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🙏🙏
Telephone
Website
Alerts
Be the first to know and let us send you an email when MEtech Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.