Honest Hour

Honest Hour

Share

Mental, Physical, Spiritual Wellbeing တွေအတွက် တစ်နေရာတည်းမှာဆွေးနွေး၊ ကုစား၊ ပြောင်းလဲနိုင်မယ့် Honest Hour Application

Photos from Honest Hour's post 03/06/2026

Honest Hour အနေနဲ့ Mahaland ကအဖွဲ့သားတွေအတွက် "Resilience with Clarity" training ကို အောင်မြင်စွာ ပို့ချပေးခွင့်ရခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။

စစ်မှန်တဲ့ ခေါင်းဆောင်မှုဆိုတာ မရေရာမှုတွေကို ရှောင်လွှဲဖို့ မဟုတ်ဘဲ၊ အခက်အခဲတွေကို တည်ငြိမ်မှု၊ အာရုံစိုက်မှုနဲ့ ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခြင်း ဖြစ်ပါတယ်။

ဒီ training ဟာ ဖိအားတွေကြားထဲကနေ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိန်းသိမ်းပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီပေးတဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။

✅ လုပ်ငန်းခွင်ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို စီမံခန့်ခွဲခြင်း။

✅ စိတ်ဖိစီးမှုတွေက ခေါင်းဆောင်မှုပိုင်းနဲ့ ပြောဆိုဆက်ဆံရေးတွေအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာ သိရှိခြင်း။

✅ စိတ်ခံစားချက်ကို ထိန်းညှိခြင်းနဲ့ စိတ်ဖိစီးမှု လျှော့ချခြင်းဆိုင်ရာ လက်တွေ့နည်းလမ်းများ။

✅ အဖွဲ့အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ခြင်း။

ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖြစ်လာဖို့ စိတ်အားထက်သန်စွာနဲ့ ပွင့်ပွင့်လင်းလင်း တက်ရောက်ခဲ့ကြတဲ့ Mahaland အဖွဲ့သားအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🤝

သင့်အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် Honest Hour က ကူညီပံ့ပိုးပေးဖို့ အမြဲအသင့်ရှိနေမှာပါ။

ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများအတွက် Honest Hour ဆက်သွယ်လိုပါက:
📞 09 79 282 4522 | 📧 [email protected]

02/06/2026

"ဒီနေ့ရော... အဆင်ပြေရဲ့လား?" 💭

မနက်မိုးလင်းတာနဲ့ ဖုန်း screen ကို ကြည့်တယ်၊ အလုပ်ကိစ္စတွေ၊ သတင်းတွေ၊ တခြားသူတွေရဲ့ ဘဝတွေကို ငေးမောရင်း တစ်နေ့တာကို ဖြတ်သန်းတယ်။

တစ်ခါတလေ ကိုယ့်ရဲ့ အတွင်းစိတ်က မောပန်းနွမ်းနယ်နေတာကို သိရဲ့နဲ့ "ငါ အဆင်ပြေပါတယ်" လို့ ကိုယ့်ကိုယ်ကိုယ် ညာပြီး ရှေ့ဆက်တိုးနေမိသလား...

ကျွန်မတို့တွေဟာ တခြားသူတွေကို ဂရုစိုက်ဖို့၊ အလုပ်တွေကို အချိန်မီပြီးဖို့ ကြိုးစားရင်း... ကိုယ့်ရဲ့ စိတ်ခန္ဓာက ပေးနေတဲ့ အချက်ပြသံတွေကို လျစ်လျူရှုမိတာမျိုး ခဏခဏ ရှိတတ်ပါတယ်။

တကယ်တော့ ကိုယ့်ရဲ့ စိတ်ဝိညာဉ်က ကိုယ့်ဆီကနေ အချိန်ခဏလေးပဲ တောင်းဆိုနေတာပါ။

အဲဒီလို မောပန်းနေတဲ့ ကိုယ့်ရဲ့ အတွင်းစိတ်လေးကို နွေးထွေးစွာ ထွေးပွေ့ပေးဖို့နဲ့ စွမ်းအင်အသစ်တွေ ပြန်လည်ဖြည့်တင်းပေးဖို့အတွက် Honest Hour မှ (၁၅) ရက်ဆက်တိုက်ပြုလုပ်မယ့်….
🌟 "15-Day Mind-Body-Connection Challenge" 🌟 ကို ဖိတ်ခေါ်ချင်ပါတယ်။

ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဆိုင်ရမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ ကိုယ့်နှလုံးသားနဲ့ ကိုယ် ပြန်လည် ချိတ်ဆက်ရမယ့် "အေးချမ်းတဲ့ ခရီးစဉ်လေးတစ်ခု" သာ ဖြစ်ပါတယ်။

✨ဘဝရဲ့ ဆူညံသံတွေကို ခဏပိတ်ပြီး မိမိကိုယ်ကိုယ် ပြန်လည် နားထောင်တတ်လာမယ်။ စိုးရိမ်ပူပန်မှုတွေ လျော့ကျပြီး တည်ငြိမ်ခြင်းကို ရှာတွေ့လာပါလိမ့်မယ်။

✨နေ့စဉ် ပေးမယ့် ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွေကတစ်ဆင့် အတိတ်က နောင်တတွေ၊ အနာဂတ်က စိုးရိမ်မှုတွေထဲကနေ ရုန်းထွက်ပြီး "လက်ရှိပစ္စုပ္ပန်" မှာ ပျော်ရွှင်တတ်လာမယ်။

✨စိတ်ရော၊ ခန္ဓာပါ ဟန်ချက်ညီညီနဲ့ ရှင်သန်နိုင်ဖို့ အိပ်စက်ခြင်း၊ အသက်ရှူခြင်းနဲ့ စိတ်စွမ်းအင် စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းတွေ ရရှိသွားပါမယ်။

✨ဒီခရီးစဉ်မှာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ့်လိုပဲ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ရှာဖွေနေတဲ့ အဖော်မွန် Community တစ်ခုလုံးနဲ့အတူ လျှောက်လှမ်းရမှာပါ။

‼️ဒီ 15 Days Challenge လေးစမည့်ရက်ကတော့ 👉 15th June, 2026 (Monday) ဖြစ်ပါတယ်။‼️

ဒီ Challenge လေးမှာပါဝင်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အောက်ပါ Form Link ကနေ အခမဲ့ စာရင်းသွင်းပြီး မိမိကိုယ်ကိုယ် အချိန်ပေးဖို့ ပထမဆုံး ခြေလှမ်းကို စတင်လိုက်ပါ။

Registration Link: https://forms.gle/tSULAzS5jVRNpjc76

ဒီ 15 Days Challenge ကို အတူတူလျှောက်လှမ်းကြမယ်ဆိုရင်တော့…

1. Honest Hour ရဲ့ TikTok () ကို Follow လုပ်ထားပြီး ၁၅ ရက်တိုင်တိုင် ဆက်တိုက် တင်ပေးမယ့် Daily Tips နဲ့ Challenge ဗီဒီယိုလေးတွေမှာပြောပြထားတဲ့အတိုင်း (ဥပမာ - အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်စကားပြောခြင်း) ဒါတွေကို အဲဒီနေ့မှာ လက်တွေ့လိုက်လုပ်ပါ။

2. လုပ်ပြီးတိုင်းမှာလည်း သက်ဆိုင်တဲ့နေ့ရဲ့ ဗီဒီယိုအောက်မှာ ကိုယ်တိုင် Challenge လုပ်နေတဲ့ ပုံ/စာ စသဖြင့် သက်ဆိုင်တဲ့နေ့ရဲ့ Activities လေးတွေကို နေ့အလိုက် သက်ဆိုင်ရာ Video လေးတွေရဲ့အောက်မှာ comment ပေးခဲ့ရမှာဖြစ်ပါတယ်။ ဒါမှ ပါဝင်သူတွေရဲ့ နေ့စဉ်မပျက်မကွက်ပါဝင်မှုကို မှတ်တမ်းတင်လို့ရမှာဖြစ်ပါတယ်။

3. (၁၅) ရက်လုံး စည်းကမ်းချက်နဲ့အညီ ပြီးဆုံးအောင်လုပ်နိုင်သူတွေထဲကမှ Radom ရွေးချယ်ပြီး ဆုလက်ဆောင်တွေ နဲ့ ပါဝင်သူအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာ (E-certificate) တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

‼️စည်းကမ်းချက်

"ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်နော်။ ဒီ Challenge တွေက တစ်ရက်နဲ့တစ်ရက် မတူဘဲ ထူးခြားနေမှာဖြစ်လို့ နေ့စဉ် Challenge ကို “နေ့မကူးစေဘဲ အဲဒီရက်အတွင်းမှာပဲ အပြီးလုပ်ပေးဖို့” လိုပါမယ်။

ရက်ကျော်သွားမှ အဟောင်းတွေကို စုလုပ်လို့မရပါဘူးနော်။ ဒါမှလည်း ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ အလေ့အထလေးတွေက ၁၅ ရက်အတွင်းမှာ တကယ်ကို သိသိသာသာ ပြောင်းလဲလာမှာ ဖြစ်လို့ပါပဲ။

တစ်နေ့တာ Activity ပြီးမြောက်ကြောင်းကို သက်ဆိုင်ရာဗီဒီယိုအောက်မှာ တင်ပေးမှသာ ကျွန်မတို့ Honest Hour ဘက်က နေ့စဉ်စာရင်း (Attendance) ထည့်တွက်ပေးနိုင်မှာ ဖြစ်ပါတယ်ရှင်။

"ပြီးပြည့်စုံတဲ့နေ့ ဆိုတာထက်... ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတဲ့ နေ့ရက်တွေ ဖန်တီးဖို့ ဒီ ၁၅ ရက်မှာ အတူတူ ဆုံကြမယ်နော်။"🤍

30/05/2026

💖မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ချစ်ရသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို မြှင့်တင်ပြီး Healthy Relationship တွေတည်ဆောက်နိုင်စေဖို့…

ကျန်းမာပျော်ရွှင်တဲ့ လူမှုဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့အတွက် Communication (ဆက်သွယ်ပြောဆိုမှု)၊ Boundaries တွေနဲ့ Emotional Awareness (စိတ်ခံစားမှုဆိုင်ရာ သိမြင်နားလည်မှု) တို့က အဓိက အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။

ဒီ Workshop video ကနေ သင့်ရဲ့ ဆက်ဆံရေးတွေကို ပိုမိုခိုင်မာလာစေမယ့် Effective Communication ကိုတည်ဆောက်ဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးသွားမှာပါ။

ဒီ workshop လေးမှာ Honest Hour ရဲ့ counsellor တစ်ဦးဖြစ်တဲ့ Ma Myat Noe Pwint မှ ဆွေးနွေးပေးထားတာဖြစ်ပါတယ်။

Workshop Video လေးကို Honest Hour Youtube Channel ကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။

Healthy Relationship Workshop:
https://youtu.be/sOjhP9OHY7U?si=iaIPz30LAa79Jczd

Ma Myat Noe နဲ့ appointment booking ရယူလိုပါက Honest Hour Application မှာ C15 အနေနဲ့ ရယူနိုင်ပါတယ်။
Honest Hour Application ကို comment မှာ ရယူနိုင်ပါတယ်။

Photos from Honest Hour's post 29/05/2026

ဘားအံရဲ့ မိုးရာသီအလှကြားမှာ စိတ်ရောလူပါ ‘Slow Down’ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်ကြမယ့် Retreat ခရီးစဉ်။" 🌿🌧

Honest Hour ရဲ့ Retreat ခရီးစဉ်တွေမှာ အတူတူ ဆုံတွေ့ဖူးပြီးသား Inner Circle ထဲက သူတွေရော၊ အခုမှ အတူတူ လိုက်ပါဖို့ ပြင်ဆင်နေတဲ့သူတွေပါ အားလုံးပဲ မင်္ဂလာပါရှင်။

ကျွန်မတို့ အမြဲတမ်း သွားနေကျ Retreat ခရီးစဉ်လေးအတွက် ဒီတစ်ခေါက် မိုးရာသီမှာတော့ Honest Hour ကနေ သင့်ကို ဖားအံမြို့ရဲ့ စိမ်းစိုဆိတ်ငြိမ်တဲ့ သဘာဝတရားကြီးဆီ ခေါ်ဆောင်သွားချင်ပါတယ်။

🧘‍♀️စိတ်ဖိစီးမှုတွေကို လျော့ချပြီး လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အေးချမ်းစွာ နေထိုင်တတ်စေမယ့် Mindful Connection.
🌿သဘာဝတရားကြီးရဲ့ ကုထုံးနဲ့အတူ စိတ်ရောလူပါ Refresh ဖြစ်စေမယ့် Nature Therapy Activity များ။
💬 ဘယ်အရာကိုမှ စိုးရိမ်စရာမလိုဘဲ မိမိကိုယ်မိမိ နားလည်မှုအပြည့်နဲ့ ရင်ဖွင့်ဆွေးနွေးနိုင်မယ့် Honest Hour ရဲ့ နွေးထွေးတဲ့ Safe Space တစ်ခု။

🌿Slow Living Retreat

📅 Retreat Date: July 3,4,5 2026 (2 nights 3 days)
📍 နေရာ: ဘားအံမြို့ (Hpa-An)
🎟 Limited Slots Only

မိုးရာသီ ဖားအံရဲ့ အလှတရားကြားမှာ စိတ်ဝိညာဉ်ကို ‘Reset’ လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အခုပဲ နေရာဦးထားလိုက်ပါဦးရှင်။ 💚

Retreat ရဲ့ Activities အသေးစိတ်ကို သိရှိလိုတယ်ဆိုရင်တော့ 📞09 79 282 4522 သို့ဖြစ်စေ Honest Hour Page ရဲ့ Chat Box ကဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

28/05/2026

လစာထုတ်ရက်မှာ ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်ကြည့်ရအောင်။ 🌱

နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ သောကတွေကို တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်နေရလို့ ပင်ပန်းနေပြီလား? မိမိကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ဖို့နဲ့ စိတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် Honest Hour ရဲ့ June Payday Promotion က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

Honest Hour ရဲ့ ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ ရယူနေကျ Client ဟောင်းများရော၊ ပထမဆုံးအကြိမ် စတင်ဆွေးနွေးလိုတဲ့ Client အသစ်များအတွက်ပါ Individual Counseling Sessions (တစ်ဦးချင်းဆွေးနွေးမှု) အားလုံးကို 10% OFF ပေးသွားမှာ ဖြစ်ပါတယ်။

📅 ပရိုမိုးရှင်း အသေးစိတ်
Duration: ၅ ရက်တာသာ (မေလ၃၀ ရက် မှ ဇွန်လ ၃ ရက်၊ ၂၀၂၆ အထိ)
Session Type: တစ်ဦးချင်းဆွေးနွေးမှု (Individual Sessions) အားလုံး
Promotion: Client သစ်နှင့် Client ဟောင်းများအားလုံး အတွက် 10% Discount

"စိတ်ကျန်းမာရေးကို အလေးထားဂရုစိုက်ခြင်းက သင့်ဘဝအတွက် အထိရောက်ဆုံးနဲ့ အမြော်အမြင်အရှိဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။"

၅ ရက်တာသာ ပြုလုပ်မယ့် Limited-time Offer ဖြစ်တာကြောင့် Mental Health Professionals တွေနဲ့ စနစ်တကျတိုင်ပင်ဆွေးနွေးပြီး စိတ်ပေါ့ပါးတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Booking ရယူလိုက်ပါ။

💬 အသေးစိတ်စုံစမ်းရန်နှင့် Booking ရယူရန်:

Honest Hour Page Messenger မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်သလို၊

📞 ဖုန်းနံပါတ် 09 79 282 4522 သို့လည်း ဆက်သွယ်မေးမြန်းကာ Booking ရယူနိုင်ပါတယ်ရှင်။

Application ကနေလည်း Appointment Booking ရယူနိုင်ဖို့ comment မှာ application download link ကို ရယူနိုင်ပါတယ်။

Photos from Honest Hour's post 26/05/2026

Honest Hour အနေနဲ့ Future English Language Center တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအတွက် "Mental Health Awareness Session" ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီ session လေးမှာ စိတ်ကျန်းမာရေးကို ပိုမိုအလေးထားလာစေရန်၊ နေ့စဉ်ကြုံတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကြိုတင်သတိပြုမိစေရန်၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမြင်မှားတွေကို လျှော့ချရန်နှင့် နေ့စဉ်လူမှုဘဝမှာ စိတ်အပန်းပြေစေမည့် လက်တွေ့ကျသော နည်းလမ်းကောင်းများကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဦးစားပေးပြီး၊ တစ်ဦးကိုတစ်ဦး ဖေးမကူညီတတ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးခဲ့ကြတဲ့ Future English Language Center အား Honest Hour မိသားစုမှ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိအပ်ပါသည်။

ယခုခေတ်ကာလတွင် စိတ်ကျန်းမာရေးအကြောင်း ဆွေးနွေးတိုင်ပင်ခြင်းက ပိုမိုအရေးပါလာသည်နှင့်အမျှ လုပ်ငန်းအဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် မိမိတို့၏အဖွဲ့သားများအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများနှင့် စောင့်ရှောက်မှုအစီအစဉ်များကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပိုမိုကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ လူမှုဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အလားတူ session မျိုး သင့်ရဲ့အဖွဲ့အစည်း၊ လုပ်ငန်းခွင်များတွင်လည်း အောက်ပါအစီအစဉ်များကို ပြုလုပ်လိုပါက —

✅ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ (Mental Health Awareness Sessions)

✅ လုပ်ငန်းခွင် စိတ်အေးချမ်းသာယာရေး အစီအစဉ်များ (Workplace Wellbeing Programs)

✅ စိတ်ဖိစီးမှု စီမံခန့်ခွဲမှု ဆွေးနွေးပွဲများ (Stress Management Workshops)

✅ အလုပ်ကြောင့် စိတ်အားကုန်ခမ်းခြင်း (Burnout) ကာကွယ်ရေး သင်တန်းများ (Burnout Prevention Training)

✅ ဝန်ထမ်းများ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု အစီအစဉ်များ (Employee Assistance Programs - EAP)

အစီအစဥ်များအတွက် Honest Hour အနေနဲ့ အမြဲတမ်းအသင့်ရှိနေပါတယ်။

Honest Hour ရဲ့ corporate wellness session အသေးစိတ်ကို ရုံးဖုန်း 09 79 282 4522 ကိုဖြစ်စေ email - [email protected]. ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ်ရှင်။

24/05/2026

Volunteer Emotional Supporter တစ်ယောက်အနေနဲ့ Community ကို စိတ်ပိုင်းဆိုင်ရာအရ
အားပေးကူညီချင်ပါသလား❓

သင်က Psychology Background ရှိထားပြီး သူတစ်ပါးကို ကူညီဖို့ စိတ်အားထက်သန်သူတစ်ယောက်ဆိုရင် အခုပဲ Emotional Supporter အဖြစ် အခုပဲ လျှောက်ထားလိုက်တော့နော်။

ဘာလုပ်ရမှာလဲဆိုတော့❗️
Emotional Supporter တွေအနေနဲ့ အနည်းဆုံး
တစ်ပတ်ကို 6 hours (6 Months) ဆောင်ရွက်ပေးရမှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးမှု အကူအညီလိုအပ်နေတဲ့သူတွေကို ဆွေးနွေးနှစ်သိမ့်ပေးရမှာ ဖြစ်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲဆိုတော့ ❗️
☀️ Emotional Support အတွက် လိုအပ်တဲ့ Skills Training
☀️ Honest Hour ရဲ့Recommendations Letter
☀️ Honest Hour ရဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုသင်တန်းတွေကို FOC တက်ရောက်ခွင့်
လျှောက်ထားဖို့ စိတ်ဝင်စားသူတိုင်း

[email protected]
[email protected] ကို CV ပေးပို့ထားနိုင်ပါတယ်။

Shortlisted ပါတဲ့သူတိုင်းအတွက် Information Session ပြုလုပ်ပေးမှာဖြစ်ပြီး အဲ့ထဲကမှ ပြန်လည်ရွေးချယ်သွားမှာဖြစ်လို့ စိတ်ဝင်စားတဲ့သူတိုင်း အချိန်မစောင့်ဘဲ Email ပေးပို့လျှောက်ထားလိုက်တော့နော်။

23/05/2026

👉🏻 Relationship မှာပါ သက်ရောက်မှုရှိနေနိုင်တဲ့ Burnout (စိတ်အားကုန်ခမ်းခြင်း) နဲ့ပတ်သတ်တဲ့ အကြောင်းအရာများ

Part - 2

🎙Speaker : Tr. Su Zar Mon (Counselling Psychologist)

Tr. Su Zar Mon နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှု counselling session ရယူလိုပါက Honest Hour Application မှာ CP01 နဲ့ appointment booking ရယူနိုင်ပါတယ်။

Honest Hour Application ကို download ရယူဖို့ comment မှာ ကြည့်ရှုနိုင်ပါတယ်။

22/05/2026

Seats are Officially Filled🎉
Honest Hour ရဲ့ "ခိုလှုံရာလေး" မှာ အတူတူ အနားယူဖို့ စိတ်ဝင်တစားနဲ့ စာရင်းပေးသွင်းကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။
Dr. Soe Lwin နဲ့အတူ ဖိစီးမှုတွေ လွှတ်ချပြီး စိတ်ခွန်အားပြန်ဖြည့်ကြမယ့် မနက်ဖြန် In-person Monthly Event လေးဟာ အခုဆိုရင် သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားခဲ့ပါပြီ။
Honest Hour အနေနဲ့ ဒီလို နွေးထွေးတဲ့ In-person Event လေးကိုလစဉ် ပုံမှန်ပြုလုပ်သွားဖို့ ရှိတာမို့ နောက်လတွေမှာ ဒီတစ်ခေါက်မလာဖြစ်တဲ့သူတွေလည်း နောက်လတွေမှာ အတူတူဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်ရှင့်။
မနက်ဖြန်ပွဲအတွက် စာရင်းပေးသွင်းထားတဲ့သူလေးတွေကတော့...
ပင်ပန်းသမျှတွေကို ခဏချထားခဲ့ပြီး မွန်းလွဲ (၂) နာရီမှာ စိတ်ချင်းနီးနီးကပ်ကပ်နဲ့ အနားယူဖို့ အရောက်လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤍
မနက်ဖြန် တွေ့ကြပါမယ်ရှင်!

Telephone

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00