Inspire Mind

Inspire Mind

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inspire Mind, ครีเอเตอร์ดิจิทัล, .

~~~~~~~~~~~~~~~~~~~~~~~~~~~~
Don't say extra word to live.......

�1% Extra word say = 99.9% Fail
� Effort 1% = 99.9% Done
~~~~~~~~~~~~~~~~~~~~~~~~~~~~

12/02/2024

👑အောင်မြင်ရေးလမ်းစက လုပ်ချင်စိတ်ရှိခြင်းကစမယ်👑

👑လူတစ်ယောက်အတွက် အောင်မြင်ရေးရှိဖို့လိုအပ်တယ်။ အောင်မြင်ရေးရှိမှ အောင်မြင်မှုဆိုတာဖြစ်လာမှာ။ အောင်မြင်မှုဆိုတာ နေထိုင်စားသောက်သွားလာရုံမျှနဲ့ အသေအချာရလာတာမှမဟုတ်တာ။ နေထိုင်စားသောက်သွားလာပြီး အမြင်အာရုံနဲ့ နှလုံးသားတို့ပေါင်းစပ်ခံစားပြီး ဖြစ်ပေါ်လာတဲ့ အတွေးအဆင့်ဆင့်ကနေ ရုပ်ဝတ္ထုတွေအဖြစ် ဖန်တီးတည်ဆောက်မှုတစ်ခုဆိုတဲ့ အောင်မြင်မှုကို ဖြစ်ပေါ်လာတာပါ။ လူသည် တခြားသောသတ္တဝါတွေနှင့် ခြားနားခြင်းမှာ အသိဉာဏ်ကြွယ်ဝစွာ တွေးခေါ်နိုင်ခြင်းကို အပိုရရှိတဲ့ နို့တိုက်သတ္တဝါဖြစ်တယ်။ အသ်ိဉာ ဏ်ကြွယ်ဝတဲ့ လူသားဖြစ်တည်မှုခြင်းအတူ တူ ဘာကြောင့် တစ်ဦးနှင့်တစ်ဦး အောင်မြင်မှုရရှိတယ် မရရှိတယ်ဆိုတာ ကွာခြားနေသေးတာလဲ။ ကွာခြားမှုတိုင်းမှာ ဘာလို့သိသိသာသာနဲ့ တစ်ဦးနဲ့တစ်ဦးမတူညီကြပြန်တာလည်း။

👑လူချင်းအတူတူ အဆင့်အတန်းမတူညီကြတဲ့ နေ ထိုင်မှုတွေ စသည်ဖြင့်ကွဲပြားနေကြသေးတာလည်း။ အဖြစ်ပြောရလျှင် အတွေးအမြင်(Idea Issue) တွေ ကွဲပြားသွားကြလို့ပါပဲ။ အတွေးအ မြင်တွေတူညီကြတဲ့ သူတွေလေ့လာကြည့်ကြည့်ရအောင်ပါ။ ပြောရလျှင် အောင်မြင်သူတွေပေါ့။ တစ်နေ့တာကုန်ဆုံးတာခြင်းအတူတူ သူတို့ကအောင်မြင်မှုကိုရရှိသွားကြတာ မှာ တစ်ခုပဲရှိပါတယ်။ သူတို့တွေတွေးတောခြင်းမှာ သာမန်ထ က်အဆင့်မြင့်တဲ့ တွေးတောကြလို့ပါပဲ။ လုပ်ငန်းတူနှစ်ခု တစ်မြို့တည်းမှာ စတင်လုပ်ကိုင်ကြတ ယ်။ လုပ်ငန်းစုနှစ်ခုရဲ့ လမ်းကြောင်းကအ တူတူ ။ ထိုလုပ်ငန်းကို ဦးစီးတဲ့ပဲ့ကိုင်ရှင်နှစ်ဦးရဲ့ အ မြ င်အတွေးသည် ငါးနှစ်ဆိုတဲ့ကာလအတွင်းမှာ
သိသာကွဲပြားလာတာကို ရလဒ်တစ်ခုအနေနဲ့ အထင်းသားပေါ်လာမှာပါ။ ‌အတွေးအခေါ်အမြင်
ရဲ့ရလဒ်တွေပါ။

👑အတွေးမရှိပဲ လမ်းစပေါ်လာမှာမဟုတ်ပါ။အ စပထမ တွေးတောနိုင်ရမည်။ လမ်းသွားရင်း မိမိဝါသနာပါတဲ့ လုပ်ငန်းတစ်ခုကို မြင်တွေ့မိရာကနေ စတင်တွေးခေါ်တတ်လာပြီလို့ဆိုရမှာပါ။
စတင်တွေးမိရာကနေ ကိုယ်တိုင်ပဲ့ကိုင်ချင်ရာကနေ ကြီးမားတဲ့ လုပ်ငန်းကြီးဖြစ်လာတာပါ။ လုပ်ငန်းတစ်ခုပဲ့ကိုင်သူတစ်ယောက်မှာ တစ်ခြားသူတွေထက် ထူးခြားတဲ့ အတွေးအ မြင် (Idea Sense)တွေ မတူထူးခြားစွာ အမြဲပေါ်
လွင်နေရမှာပါ။ အဲ့လုပ်သည် လေ့ကျင့်ယူဖို့ထက် မိမိရဲ့ ပတ်ဝန်းကျင်(Environment)အပေါ်မှာ ရှုမြင်တတ်မှုသည် စိတ်ခံစားမှုနဲ့များစွာသက်ဆိုသ်သည်။ အောင်မြင်သူတွေမှာတွေ့ရတဲ့
ထူးခြားချက်တွေက ရှင်းရှင်းလင်းလင်း ရှိနေတယ်။ အောင်မြင်သူတွေရဲ့ အစကထမခြေ လှမ်းတိုင်းသည် Physco ဆန်ဆန်တွေးတောတတ်သူတွေဆို လက်ခံပါသလား။ အရူးတွေလို့ဆိုရမှာပါ။ အရူးတွေပဲ ကမ္ဘာမှာ ကျော်ကြားနေကြတာပဲမဟုတ်လား။ အောင်မြင်ရေးလမ်းစက
အတွေးအခေါ်ရှိခြင်းကစသလို အတွေးအခေါ်ကနေတစ်ဆင့် လုပ်ချင်စိတ်ကနေ‌ ဖြစ်ပေါ်လာခြင်းပါ။
mind

Photos from Inspire Mind's post 29/01/2024

ကျွန်မတို့က အာဂအမျိုးသမီးတွေပါ
~~~~~~~~~~~~~~~~~~~~~~~

0️⃣လောကကြီးကို ကျွန်မတို့တွေက အစပထမ‌‌
ခြေလှမ်းကတည်းက ကံကောင်းခြင်းတွေနဲ့ဝင်လာတဲ့သူတွေမဟုတ်ပါဘူး။

1️⃣ကျွန်မတို့တွေဟာ လောကအလယ်မှာ လူ ဖြစ်ခွင့်ဆိုတဲ့အခွင့်အရေးတစ်ခုကို အကောင်းဆုံးအသုံးချပြီးလောကြီးနဲ့ညှိယူဖို့တစ်ခုပဲစဉ်း စားလာတာပါ။

3️⃣ကျွန်မတို့ကိုပေးထားတဲ့ အရာတစ်ခုစီတိုင်းက ကျွန်မတို့ဘဝတစ်ခုလုံးဖြတ်ကျော်နိုင်ဖို့ အင် အားအကြီးမားဆုံးအစိတ်အပိုင်းတွေပါပဲ။

4️⃣အကြောက်တရားကင်းမဲ့စွာနဲ့ ရှင်သန်ဖို့ မွေးဖွားစကတည်းကဖြစ်တည်လာမှုကို ကျွန်မတို့တွေလက်ခံလာဖို့ မွေးဖွားပြီးနောက်ဆယ်စုနှစ်တစ်ခုကြာခဲ့ကြရတယ်။

5️⃣ကျွန်မတို့ခြေတွေလက်တွေမရှိခြင်းသည် ကျွန်မတို့ရဲ့ထူးခြားတဲ့စိတ်စွမ်းအားကိုမြှင့်တင်ပေးနိုင်ဖို့ခွန်အားတစ်ခုအဖြစ်တွေ့မြင်နိုင်လာသည်။

Mind

coach
give up⚠️

26/01/2024

💻နည်းပညာနဲ့လူမှုဘဝ📱

🔗ယနေ့ခေတ် နည်းပညာသည် အရှိန်အဟုန်မြင့်စွာ ကမ္ဘာတစ်ဝှမ်းကို လွှမ်းမိုးလာသည်ကို မြင်တွေ့လာသည်။ လူနေမှု့ဘဝသည်လည်း တစ်ဆစ်ချိုးသိသာကြီးပြောင်းလည်းလာသည်။ အရာရာက နည်းပညာနဲ့စက်စပ်နေသည်ကို အားလုံးမြင်တွေ့ကြမိမှာပါ။
🔗လူမှု့ဘဝများစွာကို ‌နည်းပညာက မြန်ဆန်စွာ ပြောင်းလည်းပေးနိုင်သလိုမြန်ဆန်စွာ နဲ့ဘဝတစ်ခုလုံးကိုလည်း ဖျက်ဆီး‌နိုင်သည့်စွမ်းအားရှိသည်။

Photos from Inspire Mind's post 25/01/2024

Jack Ma နှင့် Alibaba
••••••••••••••••••••••••••••

အစပထမအနေနှင့်

Alibaba ကိုတည်ထောင်သူလို့ ကြော်ကြားတဲ့ JackMa သည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး။။။

JackMa ကို တရုတ်နိုင်ငံ ShengZhengမြို့မှာမွေးဖွားပြီး မိဘမျိုးရိုးကလည်း ဆင်းရဲတဲ့ မိသားစုလို့မိတ်ဆွေတို့ကြားဖူးကြမှာပါ။

မိတ်ဆွေတို့သည် Jack Ma ဆိုတာနဲ့ Alibaba ဆိုတာမြင်ယောင်မိကြမှာပါ။ ဟုတ်ပါတယ်...

ဒါပေမယ့် JackMa သည် Alibaba ကိုတည်ထောင်သည့်နိုင်ငံသည် တရုတ်နိုင်ငံမှာမဟုတ်ပဲ America ဖြစ်နေပါသည်။ Jack Ma ရဲ့မွေးဖွားရာဒေသသည် တရုတ်နိုင်ငံ ဖြစ်ပြီး Jack Maရဲ့အောင်မြေသည် America ဖြစ်သည်မှာ မြန်မာစကားပုံအရဆိုလျှင် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ စာဆိုနဲ့ ကိုက်ညီနေသည်ကိုတွေ့မိပါသည်။

တကယ်တော့ Jack Ma ဆိုတာ အသက်30‌ေကျာ်မှ Billionaires သူဌေးကြီးဖြစ်လာတဲ့ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူနဲ့ စကားပြောတဲ့နေရာမှာ အတုယူလောက်စရာကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ဘာလို့JackMaသည် တရုတ်န်ိုင်ငံမှာ မနေပဲ America ကို သွားရလဲဆိုရင် America ကသည် Jack Ma ရဲ့ကြီးမားတဲ့တစ်ခုတည်း‌ေသာအိပ်မက်လို့ဆိုရမှာပါ။

အဖြေကရှင်းလှပါတယ်။ Jack Ma သည် သူ့ရဲ့ဘူမိနတ်သန်‌ေအာင်‌ေမြသည် America ဖြစ်နေလို့ဆိုတာ‌ေလှနံဓားထစ်တွက်ဆခဲ့ပုံ‌ေပါ်ပါတယ်။

လူသားများအောင်မြင်ကြီးပွားရာ America ဟာ ခေတ်သစ်ဘေဘီလုံပမာကြီးကျယ်ခမ်းနားထည်ဝါလှသည်ကို Jack Ma တစ်ယောက် ဘယ်အရွယ်ကစပြီး သတိထားမိလည်းဆိုတာကို မိတ်ဆွေတို့ရောသိချင်ပါသလား။ကျွန်တော်ကတော့သိချင်တဲ့အဖွဲ့က ပထမဆုံးတစ်ယောက်ပါ။

အကယ်၍ မိတ်ဆွေရဲ့ဘူမိနက်သန်အောင်မြေသည်လည်း Jack Ma နည်းတူ America ဖြစ်တယ်ဆိုရင် မိတ်ဆွေရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ နည်းလမ်းများစွာရှိတယ်ဆိုတာကို ဒီvideoလေးကနေတိုက်တွန်းလိုက်ပါတယ်နော်။

ဒါပေမယ့်မိတ်ဆွေက အနာဂတ်အိမ်မက်သည် မကြိီးကျယ်မခမ်းနားဘူးဆိုချေက မိတ်ဆွေအနေနဲ့ ဘယ်ဒေသရောက်ရောက် ဘူမိနတ်သန်သည်ဖြစ်လာမည်မဟုတ်ဆိုတာ သတိချပ်မိစေချင်သည်။

America ရောက်ပြီးတန်းပြီးအောင်မြင်သွားတဲ့လူသားတွေထဲမှာ Jack Ma တစ်ယောက်မပါဝင်ခဲ့ပါဘူး။

Jack Ma အကြောင်းပြောရလျှင် KFCမှာ အလုပ်လျောက်ရာမှာ အကြိမ်များစွာပယ်ချခံရဖူးသလို Harvest တက္ကသိုလ် ဝင်ခွင့်လည်းအကြိမ်ကြိမ်ပယ်ချခံရသူတစ်ယောက်ဖြစ်ပါတယ်။

ပြီးတော့ Jack Ma သည် လူငယ်တွေကို အနာဂတ်အတွက်အမြဲ အားပေးပြီး millionaire, billionaires သူဌေးဖြစ်ဖို့အမြဲတိုက်တွန်းအားပေးစကားပြောတဲ့ နေရာမှာ ပြိုင်စံရှားအားကျအတုယူစရာ လူပုဂ္ဂိုလ်ပါ။

အားကျအတုယူစရာကောင်းလောက်အောင် Jack Ma သည် ရုပ်ပိုင်းဆိုင်ရာ မပြေပြစ်ပါ။ ဒီနေရာမှာ ကျွန်တော်ဆိုလိုချင်တာသည် အောင်မြင်မှုသည် ရုပ်ရည်နှင့်မဆိုင်တဲ့သဘောကိုဆိုလိုခြင်းဖြစ်သည်။အိမ်မက်နှင့်သာ သက်ဆိုင်သည်ကို ကျွန်တော်အားပေးပါရစေ။

Jack Ma ရဲ့ဘဝဖြတ်သန်းပုံကို ကာယကံရှင် JackMa
သာ အသိဆုံးဖြစ်မည်။

Jack Ma ကသာမန်ဘဝကနေ ဘာလို့ billionaires သူဌေးတစ်ဦးဖြစ်လာလဲဆိုတာကို မိတ်ဆွေတို့အနေနဲ့ သိချင်နေမှာပါ။ အထူးသဖြင့် လူငယ်တွေအနေနဲ့ သိချင်စေချင်သည်။

ဟုတ်ပါတယ်...
Jack Ma သည် သူ့ရဲ့ဘဝအာရုံတစ်ခုလုံးကို တစ်နေ့တချိန်မှာ Billionaires သူဌေးဖြစ်ဖို့ သန်ဒိဌာန်ချပြီး လောကကို ရင်ဆိုင်နိုင်ခဲ့သူလို့ ကမ္ဘာမှာ မှတ်ကျောက်တင်ခံခဲ့ရသူတစ်ဦးဖြစ်နေပါပြီ။

မိတ်ဆွေတို့အနေနဲ့ရော မိမိရဲ့ဘဝကို ဘယ်လိုဘဝဖြစ်တည်မှုမျိုးဆက်လက်ကြိုလင့်ဖို့ သန်ဒိဌာန်ချထားပါသလဲ။

အခုမှသိရင်အခုကစလိုက်ဆိုတဲ့စကားအတိုင်း အရင်ကမသိသေးရင် အခုသိသွားပြီဖြစ်သည့်အလျောက် မိမိရဲ့အနာဂတ်ကို အိပ်မက်မက်လိုက်ပါလို့တိုက်တွန်းပါရစေ။

အိမ်မက်တွေရှင်သန်စေဖို့ အာရုံမိုးသောက်ရောင်နီထွန်းတောက်တဲ့အချိန်အခါကစပြီး မိမိရဲ့စိတ်အာရုံထဲမှာ မိမိဖြစ်လိုသည့် အိမ်မက်တွေကို ရေရွတ်လိုက်ပါမိတ်ဆွေ။

ငါသည် တစ်နေ့မှာ jackma လိုbillionarသူဌေးတစ်ဦးဖြစ်ရမယ်ဆိုပြီး မိတ်ဆွေဖြစ်လိုသည့်အရာကို အကြိမ်ကြိမ်နှုတ်ကနေတိုးတိုးရေရွှတ်လိုက်စမ်းပါမိတ်ဆွေ။

မိတ်ဆွေရဲ့အိမ်မက်တို့သည် ကြိးကျယ်ခမ်းနားဖို့လိုပါသည်။ သေးငယ်သောအိမ်မက်တို့ကို မက်ဖို့ ကျွနိတော် မတိုက်တွန်းပါ။ မိတ်ဆွေရဲ့အိမ်မက်သည် တခြားသူနှင့်တူနေနိုင်သည်။ တူတာခြင်းအတူတူဖြစ်သည့်အလျောက် မိတ်ဆွေရဲ့အိမ်မက်သည် တခြားသူထက် ကြိးကျယ်ရမည်။သာလွန်ရမည်။ ခမိးနားထည်ဝါပါမှ မိတ်ဆွေရဲ့အိမ်မက်ဟာအကောင်အထည်ဖော်ဖို့ လွယ်ကူလာမှာပါ။

ဒီနေ့ ကမ္ဘာလောကမှာ Jack Ma နှင့်သက်တူရွယ်တူအရွယ်များစွာ လေ့လာကြည့်လိုက်ပါ။ JackMa ကဘာလို့ ထိုသူတွေထက် သာလွန်ပြီးbillionerသူဌေးဖြစ်သွားရတာလည်းဆိုတဲ့ မတူကွဲပြးမှုကြိီးကိုမိတ်‌ေဆွအ‌ေနနဲ့ တွေ့ရှိခံစားမိမှာပါ။

အဖြေသည် ရိုးရှင်းလှပါသည်။ Jack Ma သည် ကြိးကျယ်ခန်းနားထည်ဝါသောအိမ်မက်ရှိနေခြင်းကို တွေ့မိမှာပါ။

အောင်မြင်မှုရဲ့လမ်းစသည် ကြိးမားသောအိမ်မက်ရှိနေခြင်းကစပါသည်။

Jack Ma သည် billionaires ဖြစ်ဖို့အိမ်မက်ကို သွားရာလမ်းကြောင်းတစ်‌ေလျှာက်မှာ ထီးမပါဖိနပ်မပါ ဘဝကိုပတ်ဝန်းကျင်အလယ်မှာ ရိုးရှင်းစွာ ဖြတ်သန်းရဲသည့် စိတ်ဓါတ်သည်ပင် Jack Ma ရဲ့ လေးစားစရာစိတ်ဓါတ်‌ေရးရာဖြစ်သည်။

လူသည် ပတ်ဝန်းကျင်၏ခလုတ်ကန်သင်းကြားမှာ လဲကျတတ်သည်။ မိမိအလိုရှိသည့် အိမ်မက်ပန်းတိုင်သွားရာလမ်းသည် လေးကခွင်းသည့်များတစ်စင်းပမာ ပန်းတိုင်သည်သာအဓိက သွားဖို့လိုအပ်လှသည်။

ဒီနေ့လောကအလယ်မှာ လူငယ်တွေသည် respect ဆိုတဲ့စကားလုံးရဲ့အနှစ်သာရကို အပြည့်အဝလိုလားတောင်းတကြသည်။

အောင်မြင်တဲ့ဘဝတစ်ခုကိုရောက်ဖို့ တကယ်လိုအပ်ခြင်းသည် အများပေးတဲ့ respect မဟုတ်ပါ။ မိမိရဲ့အိမ်မက်ကို မျက်ခြေမပျက် လျောက်လှမ်းဖို့သည်သာပဓာနကျလှသည်။

အေးအတူပူအမျှဘဝထက် ပူလောင်မှုဒဏ်ကို ခံနိုင်ရည်ပိုရှိသူသည် ရေရှည်တွင်လောကအလယ် ဝင့်ကြွားတင့်တယ်ပေမည်။

ဒီနေ့ပြောပြတဲ့ Jack Ma သည် ကမ္ဘာမှာ မှတ်ကျောက်တင်ခံရသူ billionaires တစ်ဦးဖြစ်သည်မှာ Jack Ma ရဲ့ အိမ်မက်ကြိးကျယ်ခမ်းနားမှု၏ ရလဒ်ဖြစ်သည်။

မိတ်ဆွေအနေနှင့်လည်း Jack Ma ရဲ့ဘဝကို လေ့လာပြီး မိမိဘဝအတွက်မဖြစ် နိုင်စေခဲ့ရင်တောင်မှ မိမိရဲ့မ‌ျိုးဆက်တွေအတွက် အကြံဉာဏ်ကောင်းများပေးနိုင်ဖို့ Jackma ကိုအတုယူပြီး အဓိပ္ပာယ်ရှိသာဘဝကို ဖြတ်သန်းဖို့ ခွန်အားသစ်များမွေးမြူခြင်းဖြင့် မိတ်ဆွေတို့ရဲ့အနာဂတ်ကို ပုံဖော်လိုက်ပါ..

နိဂုံးချုပ်အနေနဲ့ ပြောရလျှင် မိတ်ဆွေအနေဖြင့် Google မှာ J A C K M A - B I O G R A P H Y ဆိုပြီး search box မှာရိုက်ရှာကြည့်ပါလို့ တိုက်တွန်းပါတယ်။ ပြိးတာနဲ့ Wikipedia မှာ Jack Ma ရဲ့အထုပ္ပတ္တိကို မြန်မာဘာသာနဲ့ဖတ်ရှူလို့ ရနိုင်တယ်ဆိုတာကို အကြံပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။
🧩Inspire Mind🧩

Photos from Inspire Mind's post 25/01/2024

Steve Jobs ရဲ့ Apple Products
******************************
ယ္ခုလက်ရှိ ကမ္ဘာပေါ်မှာ လူသားတိုင်း ထိတွေ့ကိုင်တွယ်ချင်တဲ့ Apple Products📱 များစွာကို Steve Jobs တည်ဆောက်ခဲ့ရတာ ဘယ်လောက်များစွာခက်ခဲမလဲ။

Steve Jobs တစ်ယောက် ရူးများသွားပြီလားလို့ ပတ်ဝန်းကျင်က လေသံတွေကို Steve Jobs တစ်ယောက် ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းခဲ့သလဲ။

ပြန်တွေးကြည့်ရင် ယ္ခုလက်ရှိ ကိုယ်ရေးနေတဲ့စာတွေကို ရှေးယခင်က ပေရွက်၊ ကျောက်သင်
ပုန်းကနေတစ်ဆင့် စာရွက်တွေပေါ်မှာ မှတ်သားလို့ပဲရတယ်။

ဒါပေမယ့် Steve Jobs ကသူတို့ခေတ်မှာ စာရိုက်လို့ရတဲ့စက်တွေနဲ့ စတင်ထိတွေ့သုံးစွဲခွင့် ရခဲ့တယ်။ Steve Jobs တစ်ယောက် ဒီလောက်နဲ့ရပ်တန့်မသွားချင်တဲ့ စိတ်ထားရှိပုံပေါ်တယ်။

Steve Jobs က Keypad(ခလုတ်နှိပ်)ဖုန်းကနေတစ်ဆင့် Touch Screen ဖုန်းကို Steve Jobs တစ်ယောက် ကြီးကြီးမားမားအိမ်မက်တစ်ခုအဖြစ် ဖန်တီးနိုင်ဖို့ ဘယ်လိုဘယ်ပုံစိတ်ကူးရမိလဲ။

အလားတူစွာ Steve Jobs နည်းတူ ပုံတူအိမ်မက်သမားတွေလည်းအဲ့ဒီကာလတွေမှာ မရှိနိုင်ဘူးလို့ ပြောလို့ရပါမလား။

ဒါပေမယ့် အိမ်မက်တွေ ဘယ်လိုအနေအထားတွေနဲ့ပုံစံတူနိုင်နေပါစေ လောကအလယ်မှာ Touch Screen ဖုန်းတစ်လုံးကို Steve Jobs တစ်ယောက်သည်သာ ရဲရဲဝံ့ဝံ့ စင်မြင့်ထက်မှာ စတင်မိတ်ဆက်နိုင်ခဲ့သည်ကို ကြည့်လျှင် Steve Jobs အနေဖြင့် နှစ်ပေါင်းမည်မျှကာလကြာရှည်စွာ အားထုတ်ကြိုးပမ်း ခဲ့ရလဲဆိုတာကို သာမန်လူသားတစ်ယောက်အနေနဲ့မတွေးခေါ်နိုင်စရာ။

နောက်တစ်ခုက Steve Jobs အနေနဲ့ ကြားကာလတွေမှာ Touch Screen ဖုန်းဆိုတဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘယ်လိုမျိုးသော ယုံကြည်မှုနဲ့ နေ့ရက်တိုင်းကိုဖြတ်ကျော်ခဲ့ရသလဲ။

ဒီနေရာမှာ ကျော်ကြားသူတို့ရဲ့အတိတ်ကို ကြည့်မိတိုင်း ပုံစံတူတာကို အချက်အလက်နဲ့ပြောရရင် များများစားစားမတွေ့ရပါ။

ကျော်ကြားသူတိုင်းသည် မိမိရဲ့အိမ်မက်ကိုပုံစံဖော်ဖို့ ယုံကြည်တဲ့နေရာမှာ မျက်ကန်းယုံကြည်မှုပုံစံမျိုးမဟုတ် ဝါကြွားလိုသော စိတ်ဆန္ဒနဲ့ အိမ်မက်ကို အကောင်အထည်ဖော်လိုခြင်းမရှိသည်ကို ထပ်တူညီစွာ တွေ့ရပါသည်။

အလားတူစွာ Steve Jobs သည်လည်း Touch Screen ဖုန်းကို ဖန်တီးတည်ဆောက်ခြင်းအိမ် မက်သည် မျက်ကန်းလမ်းလျှောက်ပုံစံမျိုးမဟု
တ်ပဲ ခိုင်မာတိကျသော စိတ်ကူးစိတ်သန်းများစွာကို နာရီစက်ကန့်မလပ် တွေးတောဈာန်ဝင်ပြီး အောင်မြင်စွာတည်ဆောက်ခဲ့သည်။

Steve Jobs သည် မှန်သားပြင်ပေါ်မှာ ထိတွေ့လို့ရမည့် နည်းပညာကို စတင်တွေ့ရှိပြီးမိမိယုံကြ ည် ရာလမ်းကို လျှောက်လှမ်းခဲ့သည်။

Steve Jobs သည်အနာဂတ်ကိုတွေးတောမျှော်မြင်သည့်နေရာမှာ စူပါဝမ်းလူသားတွေထည်းက
တစ်ဦးတစ်ယောက်လို့ဆိုရမှာပါ။

Steve Jobs ကသူ့အလုပ်ကိုတန်ဖိုးတက်ဖို့ပဲစဉ်းစားတယ်။ Apple ရဲ့တန်ဖိုးသည်နှစ်တစ်နှစ်ပြောင်းသွားရင် ယမန်နှစ်ထက် တန်ဖိုးတက်အောင်စွမ်းဆောင်ဖို့ဆိုတာ Steve Jobs ရဲ့ကမ္ဘာမှာသာ ဖြစ်တည်လာတယ်လို့ဆိုရမှာပါ။

နောက်တစ်ခုက Steve Jobsက Apple Products
တွေအပေါ်မှာ ထုဆစ်ထားတဲ့ Architecture တွေသည် လူသားတစ်ဦးချင်းဆီရဲ့ အာရုံကို ရူးသွပ်စေနိုင်လောက်အောင်ပြောင်မြောက် သည်။

Steve Jobs ရဲ့ကမ္ဘာသည် ပြိုင်စံရှားသည်။ Steve Jobs ကို ပြိုင်လို့ရနိုင်သည်။ ပြိုင်ပွဲအားလုံး‌၏ မူလပထမလားရာစံပြုရာသည်လည်း Steve Jobs ရဲ့ ဦးဆောင်မှုကို အားလုံးလက်ခံထားကြရသည်။

လူငယ်တိုင်းအတုယူစရာကောင်းသော Steve Jobs ရဲ့ ပြိုင်စံရှား System ကို ‌လေ့လာကြည့်ပါလို့ တိုက်တွန်းပါရစေ.....

🧩 Inspire Mind 🧩
page,YouTube Channel

22/01/2024

🥇အနာဂတ်သည် သင့်ရဲ့အတွေးအမြင်နှင့် သင့်ရဲ့ဖြစ်တည်မှုတိုင်းကို ထပ်တူစွာ လုပ်ဆောင်မှုနဲ့ သက်ဆိုင်သည်......

22/01/2024

📖လူတစ်ယောက် ဘာကြောင့် ပတ်ဝန်းကျင်ကို အရေးတယူမကြည့်တော့တာလဲဆိုရင် အဲ့ဒီလူတစ်ယောက်ဟာ သူ့ဖြတ်ကျော်လာခဲ့တဲ့ အရွှေ့တိုင်းမှာ ခါးသီးမှုအသီးသီးကို နေထွက်နေဝင်ရင်ဆိုင်လာရပြီးနောက်ပိုင်းမှာ အမှန်နဲ့အမှားကို သူ ကောင်းကောင်းဝေဖန်လာနိုင်လို့ဆိုပြီး ခန့်မှန်းကောက်ချက်ချနိုင်သည်။
📖ပတ်ဝန်းကျင်ဆိုတဲ့သဘောကတော့ သင်ဘာတွေအကောင်းမွန်ဆုံးဖန်တီးနေပါစေ သင့်ကိုကြိုက်သူမကြိုက်သူဆိုပြီး အသင်းကွဲနေဦးမှာပါ။ သင့်အနေနဲ့ ပတ်ဝန်းကျင်ဟာ လမ်းဘေးက ခြုံတန်းသဖွယ်သဘောထားနိုင်မှ လမ်းခရီးတစ်ခုကို ရောက်ရှိမှာပါ။
📖စစ်မှန်တဲ့ ဘဝပန်းတိုင်တစ်ခုကို မသတ်မှတ်ခင် လူသားတိုင်းသည် ရှေ့ပိုင်းဖြစ်ရပ်အနေနဲ့ ပန်းတိုင်သေးသေးလေးတွေသတ်မှတ်ကြပြီး လက်တွေ့မှာ မိမိရဲ့စိတ်သဘောသဘာဝနှင့် မကိုက်ညီသောအခါ ပြောင်းလည်းသတ်မှတ်ပန်းတိုင်တွေဟာ နွေဦးလေရူးထသလို တိုးတိုက်သံတို့နဲ့ တစာစာမြည်တမ်းနေဦးမှာပါ။
📖လူငယ်တစ်ယောက် ဒုတိယအရွယ်အရောက်မှာ ကြွယ်ဝဖို့ဆိုရင် သူ့မှာ ကြွယ်ဝမှုနဲ့ညီမျှတဲ့ဝမ်းစာပြည့်နေဖို့ လိုသည်။ မိမိသွားချင်သည့် နေရာတစ်ခုရောက်နိုင်ဖို့ အသိပညာဗဟုသုတသည် တွေးခေါ်နိုင်စွမ်းပြီး ထိုအသိပညာတို့သည် လောကလူသားတွေထံမှ ဆည်းပူးနိုင်သလို စာအုပ်စာပေဖတ်ရှုပြီး ဆုံးဖြတ်ချက်ချနိုင်လျှင်ပိုမို၍ ခရီးပေါက်ဖို့ အလားအလာကောင်းများရနိုင်သည်။

21/01/2024

🏷️အေးချမ်းတဲ့ဘဝဆိုတာ လူတိုင်းမှာ မရှိကြ ဘူးလို့တွေး မိတယ်။
🏷️လူတိုင်းကိုယ်စီမှာ မတူညီကြတဲ့အပူအပင်ဆိုတာ ရှိကြတာပါပဲ။
🏷️ဒါပေမယ့် ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေကြတဲ့ မိသားစုတွေရှိတယ်ဆိုတာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့မြင်ရပါတယ်။
🏷️ကိုယ့်ကိုယ်ကို ပြန်မေးမိတာက ကိုယ့်ဘဝက အေးချမ်းတဲ့ဘဝလား...ဒါမှမဟုတ် အေးချမ်းစွာနေထိုင်နေတဲ့ ဘဝလားဆိုတာကို မေးမိပြီးကိုယ့်အတွက်တော့ ဘယ်တစ်ခုမှမဟုတ်သလို အေးချမ်းတဲ့ဘဝကို ဖြစ်လည်းမဖြစ်နိုင်သလို ရလည်းမရနိုင်ပါဘူး......
🏷️ဘာလို့လဲဆိုရင် ကိုယ်ကိုယ်တိုင်ကဘဝကိုအေးချမ်းစွာ နေထိုင်ဖို့ထက်ကိုပတ်ဝန်းကျင်တစ်ခုလုံးအေးချမ်းစွာ အမြဲနေထိုင်နိုင်ရေးအမြဲတွေးတောနေသူမို့ကိုယ့်ဘဝက ရိုးရှင်းနေပါတယ် မရနိုင်သလို လိုချင်မှုလည်းမရှိတော့ပါဘူး...
🏷️အခုတော့အဲဒီမလိုချင်မှုတွေကပဲ ကိုယ့်အတွက်တော့အေးချမ်းမှုအစစ်ပါပဲ💌💌💌

Mind


⚠️

Telephone

Website