James ED

James ED

Affordable Price and High quality education for everyone.

23/01/2024

“နှစ်သစ်မှာ Intake အသစ် Join ပြီး Ready Test ပါ Free ယူရင်း Academic Comeback ကိုအခုပဲ စတင်လိုက်ရအောင်” 🤓
……………………………………………………………………………………………………………

မနှစ်တုန်းက Eddies တို့ ရည်မှန်းထားခဲ့တဲ့ Educational Goal တွေဆီကို အရောက်သွားနိုင်ခဲ့ကြပြီလား ?
GED ဖြေဖို့စဉ်းစားထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြေဖြစ်လိုက်ဘူးလား ?

စဉ်းစားရင်း စဉ်းစားရင်းနဲ့ အချိန်တွေထပ်မကုန်ရလေအောင် နှစ်သစ်ကို Goal အသစ်တစ်ခုနဲ့ စဖွင့်လိုက်ကြရအောင် Eddies တို့ရေ။ ၂၀၂၄ မှာ GED ဖြေဖို့ကြိုးစားနေတဲ့ Eddies တို့အတွက် ထုံးစံအတိုင်း January Intake လေးကို New Year Scholarship လေးနဲ့အတူ James ED က ယူဆောင်လာပါပြီ။

“Teacher တွေက စာသင်ကောင်းတယ်၊ မသိတာ နားမလည်တာတွေဆို အချိန်မရွေးမေးလို့ရပြီး မေးတိုင်းလဲ ဂရုတစိုက်နဲ့ နားလည်တဲ့အထိ ရှင်းပြပေးတယ်။”

“Study Room လေးပါ လုပ်ပေးခဲ့လို့ စာတော်တော်လေး သေချာ လိုက်လုပ်ဖြစ်ခဲ့တယ်။”

“လစဉ်စစ်ပေးတဲ့ စာမေးပွဲတွေ၊ Practice တွေကြောင့်လဲ တကယ်ဖြေတဲ့အခါ အများကြီး အထောက်အကူ
ဖြစ်ခဲ့ရပါတယ်။”

“Exam ဖြေခါနီး အသုံးဝင်မဲ့ Flashcard တွေ၊ GED နဲ့ပတ်သက်တဲ့ EBook တွေကိုပါ Share ပေးတာကို ကျေးဇူးတင်ပါတယ်။”

“ဘာသာတိုင်းကဆရာတွေက သေချာလေး စိတ်ရှည်လက်ရှည် သင်ပြပေးပါတယ်။”

အခုလိုမျိုး Honest Review တွေကို Intake တစ်ခုပြီးသွားတိုင်း James ED ရဲ့ Student တွေဆီကနေ လှိုက်လှိုက်လှဲလှဲ ပြန်ကြားရတတ်ပါတယ်။

-အခု Intake လေးကတော့ Online System ဖြစ်တာကြောင့် Zoom ကနေတစ်ဆင့် Eddies တို့ရဲ့ အိမ်ကနေ သက်တောင့်သက်သာနဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

-Google Classroom လေးပါ ထားပေးထားမှာမလို့ မသိတာ နားမလည်တာရှိရင် Teacher တွေကို အချိန်မရွေး မေးလို့ရတာပေါ့။

-သင်တန်းကာလကတော့ ၄လ ကြာမြင့်မှာဖြစ်ပါတယ်။

-Tutoring proficiency ပြည့်ဝတဲ့ Teacher တွေနဲ့အတူ အချိန်တိုင်း စာကိုသာ အဓိက ဦးတည်သင်ကြားတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ Knowledge တွေကိုပါ Sharing လုပ်ပေးတာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ Classroom တစ်ခုဖြစ်နေမှာပါ။

-Exam Format နဲ့မစိမ်းရလေအောင် Tutorial တွေ၊ Practice တွေနဲ့လေ့ကျင့်ပေးသွားမှာဖြစ်တာကြောင့် တကယ့်စာမေးပွဲဖြေတဲ့အခါ Exam anxiety မရှိဘဲ စိတ်အေးအေးနဲ့ ဖြေဆိုနိုင်မှာ သေချာပါတယ်။

-Teacher တွေရဲ့ Teaching Method တွေဟာ Student တွေအတွက် အထောက်အကူဖြစ်တာကြောင့် James ED ရဲ့ Student တွေဟာ Result ကောင်းတွေကို အမြဲလိုလို ရတတ်ကြပါတယ်။ အောက်က Link လေးမှာတော့ Student တွေရဲ့ Result လေးတွေကို ဝင်ကြည့်လို့ ရပါတယ်။

https://m.facebook.com/story.php?story_fbid=300897522792341&id=100086162853124&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=293209646894462&id=100086162853124&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=281012204780873&id=100086162853124&mibextid=Nif5oz

James ED ရဲ့ ရည်ရွယ်အတိုင်း လူတိုင်းတတ်နိုင်တဲ့ဈေးနှုန်းနဲ့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးတစ်ခုကို ရရှိစေနိုင်ဖို့အတွက် တစ်ဘာသာကို မြန်မာငွေ ၃၅၀၀၀ကျပ်နဲ့ ဒီ Intake လေးကို တတ်ရောက်လို့ရနေပါပြီ။ Intake လေးမှာတက်ရောက်ကြတဲ့ Student တိုင်းကို GED နဲ့ပတ်သက်တဲ့ Account ဖွင့်တာ၊ Form တင်တာ အပြင် လိုအပ်တာတွေအကုန်လုံးကို အခကြေးငွေမယူဘဲ ကျောင်းဘက်နေ ကူညီပေးပါသေးတယ်။

နှစ်သစ်မှာ စာကြိုးစားကြတော့မဲ့ Eddies တို့အတွက် Motivation ပေးနဲ့အနေနဲ့ Scholar တစ်ခုကိုပါ စီစဉ်ထားပါသေးတယ်။ သင်တန်းကာလတစ်လျှောက်လုံးရဲ့
-Attendance
-Tutorial Result
-Assignment
-Homework စတာတွေကို ကြည့်ပြီး သင်တန်းပြီးသွားတဲ့အခါ ၃ယောက်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ‌ရွေးချယ်ခံရတဲ့ ၃ယောက်ကိုတော့ GED Subject အားလုံးအတွက် Official GED Ready Test တွေကို 100% Free ထောက်ပံ့ပေးသွားမှာပါ။ GED Exam မဖြေခင် ဒီလို Ready Test တွေဖြေထားတာဟာ အများကြီး အထောက်အကူပြုတာကြောင့် Eddies တို့အတွက် အသုံးဝင်မဲ့ Scholar တစ်ခုပဲဖြစ်ပါတယ်။

မနှစ်ကမရောက်ခဲ့တဲ့ ကိုယ့်ရဲ့ Educational Goal ဆီကို ဒီနှစ်မှာ အရောက်သွားနိုင်ဖို့အတွက် အချိန်မဆွဲဘဲ James ED ရဲ့ January Intake မှာ Enroll လုပ်ပြီး စတင်လိုက်ရအောင် Eddies တို့ရေ။ အသေးစိတ် သိချင်တာလေးတွေကို ဖြေပေးဖို့ Admin အချောလေးတွေက စောင့်ကြိုနေတာမလို့ အားမနာတမ်း လာမေးလို့ရပါတယ်ဗျ။💕✨

22/01/2024

“နှစ်သစ်မှာ Academic Comeback ကို James ED နဲ့အတူစတင်ဖို့အတွက် Ready ဖြစ်ကြပြီလား” ❓
……………………………………………………………………………………………………..

Ready Test ပါ Free ရမဲ့ GED January Intake ကို စတင်ဖို့အတွက် ၁ပတ်သာ လိုတော့တယ်ဆိုတာ သိပြီးကြပြီလား Eddies တို့ရေ။ ၂၉ ရက်နေ့မှာ စတင်တော့မှာမလို့ ဘာသာတိုင်းကို အမှတ် ၁၅၀ကျော်၊ ၁၆၀ကျော် Result ကောင်းကောင်းလေးတွေနဲ့အတူ ၂၀၂၄ ကို Motivation အပြည့်နဲ့ စတင်နိုင်ဖို့အတွက် လူမပြည့်ခင်လေး လာအပ်ထားဖို့ပဲ လိုတော့တယ်နော်။ ✨💕

January Intake နဲ့ပတ်သက်ပြီး Eddies တို့သိချင်တာလေးတွေကို အောက်က Link လေးမှာ အသေးစိတ်ဖတ်ကြည့်လို့ရပြီနော်။ 🤓

https://m.facebook.com/story.php?story_fbid=335425969339496&id=100086162853124&mibextid=Nif5oz

21/01/2024

“Work On လုပ်ဖို့ အချိန်တွေ အများကြီး ကျန်အုံးမဲ့ Scholarship”
============================================

Scholarship ရာသီ ရောက်တာနဲ့အညီ Admission Deadline တွေကလဲ နီးကပ်လာပြီမို့ Requirement တွေအတွက် Prepare လုပ်ဖို့ အချိန်မရှိတော့ဘူးလား။ ❓

But it’s okayy!
KMUTT Scholarship ကျန်ပါသေးတယ်နော်။ Scholarship Deadline လဲ လိုသေးတာမို့ အပေါ်က ပြောခဲ့တဲ့အတိုင်း Requirement တွေအတွက် Prepare လုပ်ဖို့ အချိန်မရှိတော့တဲ့ ပြဿနာလဲ မကြုံရတော့ပါဘူး။ နောက်ပြီး Scholarship ပေးတဲ့ အဓိက ပင်တိုင် University ကလဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တည်ရှိတဲ့ King Mongkut’s University of Technology Thonburi (KMUTT) ဖြစ်တာကြောင့် ဒီ Scholarship ဟာ မက်လောက်စရာ ကောင်းလောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် အတော်လေး အားထားရတဲ့ Scholarship လေးလဲ ဖြစ်ပါတယ်။

James ED က စုဆောင်းထားရသလောက် Scholarship ရဲ့ Information တွေကို ပြောရမယ်ဆိုရင်တော့ KMUTT ဟာ THE PETCHRA PRA JOM KLAO Undergraduate Scholarship, Multi-intellectual Scholarship နဲ့ KUMTT International Scholarship Program ဆိုပြီး Scholarship 3 မျိုးပေးအပ်တာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ James ED က THE PETCHRA PRA JOM KLAO Undergraduate Scholarship နဲ့ Multi-intellectual Scholarship အကြောင်းကို အဓိက ပြောပြပေးသွားမှာပါ။

THE PETCHRA PRA JOM KLAO Undergraduate Scholarship

THE PETCHRA PRA JOM KLAO Undergraduate Scholarship ကတော့ GPAX 3.5 အနည်းဆုံး ရရှိထားတဲ့ Student တွေကို အဓိက ထားပြီး ပေးတဲ့ Bachelor Program Scholarship လေးပဲဖြစ်ပါတယ်။

GPAX ဆိုတာကတော့ ကျောင်းသားတစ်ယောက်ရဲ့ High School Last Year Program တစ်ခုလုံးပေါ် Overall Grade Point Average တွက်တဲ့ စနစ်မျိုးပဲဖြစ်ပါတယ်။ GPA နဲ့ မတူတဲ့ အချက်က Semester တစ်ခုတည်းကို တွက်တာ မဟုတ်ဘဲ Whole Program တစ်ခုလုံးကို တွက်တာ ဖြစ်တာကြောင့် Academically Talented ဖြစ်တာမျိုးဆိုမှ ပိုအဆင်ပြေစေမှာပါ။

ဒီ Scholarship ရဲ့ Benefits တွေကတော့

- Tuition Fee
- Monthly living expenses 4,000 THB Per Month and
- Study equipment 30,000 THB တို့ ရရှိမှာ ဖြစ်ပါတယ်။

KMUTT ရဲ့ နောက်ထပ် Scholarship ဖြစ်တဲ့ Multi-Intellectual Scholarship ကတော့ Vietnam, Lao, Myanmar နဲ့ Cambodia က Student တွေအတွက် အဓိက ပေးအပ်တဲ့ Scholarship ဖြစ်ပြီး Master Degree နဲ့ Bachelor Degree တွေအတွက် အကျုံးဝင်ပါတယ်။

Scholarship Benefits တွေအနေနဲ့

- Tuition Fee
- Monthly living expenses (Bachelor degree 8,000 THB Per Month and Master degree 10,000 THB Per Month)
- Study equipment 10,000 THB Per Year
- Health and Accident Insurance 2,000 THB Per Year ရရှိမှာ ဖြစ်ပါတယ်။

Scholarship အတွက် Requirement တွေကတော့ အခြား Scholarship တွေလိုပဲ

- GED Test Result and English Proficiency Test Score
- Transcript
- Portfolio
- Statement of Purpose
- Recommendation Letter
- Passport
- CV or Resume တို့သာ လိုအပ်မှာ ဖြစ်ပါတယ်။

ကိုယ့်ဘက်က Scholarship လျှောက်ထားနိုင်တဲ့ International Program တွေကတော့ KMUTT မှာ အများကြီးရှိပါတယ်။

Engineering ပိုင်းမှာဆိုရင်

- Automation Engineering
- Civil Engineering
- Electronic and Infocommunication Engineering
- Chemical Engineering
- Computer Engineering
- Environmental Engineering တို့ရှိပြီး

School of information technology မှာဆို

- Computer Science Major ရှိပါတယ်။

အဲတာအပြင် School of Architecture and Design ပိုင်းမှာဆိုလဲ

- Architecture
- Design Innovation
- Landscape Architecture
- Communication Design
- Interior Architecture
- Multiple Intelligence for Design Integration ဆိုပြီး 6 မျိုးတောင် ရှိပြီး Overall ပြန်တွက်ကြည့်တဲ့အခါ Major ပေါင်း 13 ခုတောင် ရှိပါတယ်။ ဒါကြောင့် Eddies လေးတို့အနေနဲ့ ကြိုက်တဲ့ Major ကို ခေါင်းခေါက်ပြီး တက်လို့ရပါတယ်။

Scholarship Deadline ကတော့ များသောအားဖြင့် May လလောက်မှသာ ပိတ်တာဖြစ်တာကြောင့် Scholarship အတွက် Requirement တွေကို Prepare လုပ်ဖို့ အများကြီး အချိန်ရပါသေးတယ်။ ဒါကြောင့် Eddies တို့လဲ KMUTT Scholarship ကို စိတ်ဝင်စားတယ်ဆို အချိန်ဆွဲမနေတော့ဘဲ အခုပဲ Requirement တွေအတွက် ပြင်ဆင်လိုက်တော့နော်။ Goodluck, eddiessss! ✨🩷

KUMTT Scholarship Official Website Link - https://www.kmutt.ac.th/en/education/scholarships/

James ED Telegram - https://t.me/JamesEDstudygroup

19/01/2024

Happy Birthday to Our January Born Eddies” 🥳🫶🏻

2024 ရဲ့ ပွဲဦးထွက်နှစ်စ January မှာ မွေးကြတဲ့ James ED Team က Member တွေ အားလုံးပဲ Happy Birthday ပါနော်။ James ED ကို Join ခဲ့ကြတဲ့အတွက်လဲ အများကြီး ကျေးဇူးတင်သလို မွေးဖွားလာခဲ့ကြတဲ့အတွက်လဲ ကျေးဇူးတင်ရှိပါတယ်ဗျို့။ ဒီနှစ်မွေးနေ့တင်မက နောက်နှစ်ပေါင်းများစွာတိုင်တဲ့ မွေးနေ့တွေအထိ လိုရာဆန္ဒပြည့်ဝပြီး ကိုယ်ချစ်ရတဲ့ လူတွေနဲ့အတူ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။ James ED Team ကို မုန့်ဝယ်ကျွေးဖို့လဲ မမေ့ကြပါနဲ့အုံး။ ကဲ...ပျော်ရွှင်စရာ မွေးနေ့လေးတွေ ဖြစ်ကြပါစေဗျို့။

18/01/2024

ပုံမှန် Thursday Quiz လေးမှာ Blank လေးဆိုရင်ရောဖြည့်ကြည့်ကြမလား?🤔

ဒီနေ့ကြာသပတေးနေ့လေးမှာတော့ ပုံမှန် Quiz လေးတင်ပေးနေကြကို ဒီနေ့ Duolingo မှာ အသုံးဝင်စေမဲ့ Blank Time လေးတင်ပေးလိုက်ပါတယ်နော်။

အဖြေလေးတွေ ရရင် comment မှာ ရေးခဲ့ကြဖို့လည်း မမေ့နဲ့နော်။ အဖြေမှန်လေးကို ည 9:00PM(MMT) မှာ တိုက်လို့ရပါတယ်ဗျ့။

နောက်လည်း James ED page လေးကနေ ဗဟုသုတ ရစရာတွေ အများကြီးတင်သွားပေးမှာဖြစ်လို့ like and follow လုပ်ထားဖို့လည်း မမေ့နဲ့နော်။ 🤓

Photos from James ED's post 17/01/2024

Congratulations Eddie from One on One section 🥳

One on one section ကနေ အခုလို ဆရာ၊ဆရာမတွေရော ကျောင်းသား၊ကျောင်းသူတွေရောရဲ့ ကြိုးစားအားထုတ်မှုအတွက် အလွန်အမင်းဂုဏ်ယူပါတယ်ဗျို့။

James ED ကို ယုံယုံကြည်ကြည် ရွေးချယ်ပေးခဲ့ကြလို့လည်း အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ထူးထူးချွန်ချွန် အောင်မြင်သွားတဲ့ Eddies လေးတွေကို congrats လုပ်ရင်း energy လေးတွေ မျှယူပြီးသူတို့ရဲ့ Honest Reviews လေးတွေဖတ်ကြည့်ရအောင်လား။ 🫰🏼

15/01/2024

“"Darkness cannot drive out darkness; only light can do that.
Hate cannot drive out hate; only love can do that." Martin Luther King Jr
…………………………………………………………………………………...........................................

ဒီနေ့ဟာတော့ လူ့အခွင့်ရေးဆိုတာ “ဘာလဲ” သိအောင် ကျွန်တော်တို့ကို အလင်းပြပေးခဲ့တဲ့ လူထုလှုပ်ရှားမှု ခေါင်းဆောင်ကြီး Martin Luther King Jr. ရဲ့ မွေးနေ့ဖြစ်သလို Martin Luther King Jr Day လဲဖြစ်ပါတယ်။ Martin Luther King Jr ကို အမေရိကန်နိုင်ငံ Georgia ပြည်နယ်၊ America မြို့မှာ January 15, 1929 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်ဘဝမှာကတည်းက လူမှုရေး၊ ဘာသာရေးနဲ့ ပညာရေး တို့မှာ အဖက်ဖက်က ခွဲခြားဆက်ဆံခဲ့ရတာကြောင့် သူ့အဖေရဲ့ ဗီဇကို အမွေရထားသလိုမျိုး လူအခွင့်ရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Martin Luther King Jr ဟာ အသားရောင်ခွဲခြားမှု၊ လူ့အခွင့်ရေး ချိုးဖောက်မှုတို့ကို အကြမ်းမဖက်ဘဲ ဆန့်ကျင်လှုပ်ရှားခဲ့ပါတယ်။ သူ့ရဲ့ ဘဝတစ်လျှောက်လုံး တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် ကောင်းမွန်တဲ့ အရွေ့များစွာရဲ့ အစဖြစ်ခဲ့ပါတယ်။ သမိုင်းထဲက ထင်ရှားတဲ့ အဖြစ်ပျက်တချို့ကတော့

-The Montgomery Bus Boycott
Alabama ပြည်နယ် Montgomery မြို့မှာ ပြဌာန်းထားတဲ့ Public bus တွေပေါ်မှာ Black passengers တွေက white passengers ရဲ့နောက်ပိုင်းမှာ ထိုင်ရပြီး ရှေ့ပိုင်းက white passengers တွေရဲ့ ထိုင်ခုံပြည့်သွားတဲ့အခါ သူတို့က နေရာဖယ်ပေးရမယ်ဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ ဥပဒေကြောင့် အစပြုခဲ့တာဖြစ်ပါတယ်။ December 1ရက်နေ့၊ 1955 ခုနှစ်မှာတော့ Rosa Parks ဆိုတဲ့ အမျိုးသမီးက ထိုင်ခုံကနေ ထပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို တုံ့ပြန်ဖို့အတွက် Montgomery Improvement Association (MIA) ကို Martin Luther King Jr ကဦးဆောင်ခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ၃၈၁ ရက် ကြာခဲ့ပြီး December 20 ရက်နေ့၊ 1956 ခုနှစ်မှာတော့ တရားရုံးချုပ်က ကို Bus Company ရဲ့ ဥပဒေကို အခြေခံဥပဒေနဲ့ မညီတာကြောင့် ဖျက်သိမ်းခဲ့ပါတယ်။ Montgomery Bus Boycott ဟာ တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ဖို့အတွက် အားပေးစေခဲ့ပါတယ်။

-"I Have a Dream" Speech
African Americans တွေရဲ့ အလုပ်အခွင့်ရေးနဲ့ စီးပွားရေးဆိုင်ရာ မမျှတမှုများအတွက် August 28 ရက် 1963 ခုနှစ်မှာ Washington မြို့တော်ဆီ ချီတက်ခဲ့ကြတဲ့ The March on Washington လှုပ်ရှားမှုဟာလဲ အတော်လေးထင်ရှားခဲ့ပါတယ်။ အသားရောင်မျိုးစုံ၊ လူတန်းစားပေါင်းစုံ ပါဝင်ခဲ့ပြီး လူပေါင်း ၂၀၀,၀၀၀ ကျော်ပါဝင်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာဟောပြောခဲ့တဲ့ Martin Luther King Jr ရဲ့ "I Have a Dream" speech ဟာ လူတိုင်းရဲ့ စိတ်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လူအခွင့်အရေးဆိုင်တာ တရားမျှတမှုမရှိတဲ့ အခြေနေတွေကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

“I have a dream that my four little children will one day live in a nation where they will not be judged by the color of their skin, but by the content of their character." ဆိုတဲ့စာသားလေးကတော့ ကျွန်တော့်ရဲ့ ရင်ထဲမှာ အမြဲတမ်းကျန်နေခဲ့ပါတယ်။

သူ့ရဲ့ လူအခွင့်ရေးဆိုင်ရာ စွန့်စားခန်းတွေအကြောင်း ဆွေးနွေးရမယ်ဆိုရင် ကုန်နိုင်မယ်တောင် မထင်မိပါဘူးဗျ။ Mahatma Gandhi ရဲ့ Nonviolent Resistance Philosophy တစ်ခုဖြစ်တဲ့ Satyagraha အတိုင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို လက်ကိုင်ထားတဲ့ Martin Luther King Jr ရဲ့ လှုပ်ရှားမှုတွေကြောင့် လူမျိုးရေးခွဲခြားမှုကို တားမြစ်ထားတဲ့ ၁၉၆၄ ခုနှစ် နိုင်ငံသားအခွင့်အရေးအက်ဥပဒေနှင့် ၁၉၆၅ ခုနှစ် မဲပေးခွင့်အက်ဥပဒေလိုမျိုး အရေးကြီးတဲ့ ဥပဒေတွေကို ပြဌာန်းပေးခဲ့ကြပါတယ်။

Martin Luther King Jr ဟာ April 4 ရက်နေ့ 1968 ခုနှစ်မှာတော့ မသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ နှစ်တွေဘယ်လောက်ပဲကြာကြာ ကျွန်တော်တို့တွေ အခု ရရှိနေကြတဲ့ လူ့အခွင့်ရေးတွေ၊ နိုင်ငံသားဆိုင်ရာ လွတ်လပ်ခွင့်တွေ၊ သာတူညီမျှရပိုင်ခွင့်တွေ အားလုံးရဲ့ လားရာ အစဟာ သူ့ကြောင့်ဆိုတာ အမြဲတမ်း အမှတ်ရနေမှာပါ။ လူ့အဖွဲ့အစည်းတိုင်းရဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်တာကြောင့် Eddies တို့အတွက် လုပ်ပေးလိုက်တာဖြစ်ပါတယ်။ ✌️🤓

13/01/2024

“It’s Okay to Question Yourself Sometimes” 🫂
=====================================

Eddies တို့အနေနဲ့ တစ်ခါတလေမှာ ‘ငါက ဘာကြောင့် အသက်ရှင်နေရတာလဲ’ ဆိုပြီး ကိုယ့်ရဲ့ ရှင်သန်မှု၊ ဖြစ်တည်မှုအပေါ် သံသယဝင် မေးခွန်းထုတ်ပြီး စိတ်ရှုပ်ထွေးလေ့ရှိကြလားဗျို့။ အဲတာအပြင် တစ်ခါတလေ စိတ်ညစ်တဲ့အခါမျိုးတွေမှာလဲ ‘ငါက ဘာလို့ စိတ်ညစ်နေရတာလဲ၊ တကယ်ဆို သူများတွေလို သန်မာကြံ့ခိုင်နေရမှာ မဟုတ်ဘူးလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားမလို၊ အားမရဖြစ်တဲ့အခါတွေရော ရှိကြသေးလား။ တကယ်လို့ ကိုယ်က ခုနက ပြောခဲ့တဲ့ အရာတွေကို ကောင်းကောင်းကြီး Relate လုပ်နိုင်ပြီဆိုရင်တော့ အခု James ED က ဆက်ပြီး ပြောပြမဲ့အရာတွေအပေါ် အသေအချာလေး နက်နက်နဲနဲ တွေးကြည့်စေချင်ပါတယ်နော်။

ကျွန်တော်တို့ အကုန်လုံးဟာ အသက်အရွယ်တစ်ခုခုမှာ ကိုယ့်ရဲ့ ဖြစ်တည်မှု (Existence) နဲ့ ပတ်သက်လို့ အများကြီး သံသယဝင်လာလေ့ရှိကြပါတယ်။ ဥပမာ - ကိုယ်က ဘာကြောင့် အသက်ရှင်နေရတာလဲတို့၊ ကိုယ့်ဘဝရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲတို့၊ ကိုယ့်ရဲ့ ဘဝက တကယ်ရော အဓိပ္ပာယ်ရှိရဲ့လားတို့ စသဖြင့် မေးခွန်းထုတ်လာတာကို ဆိုလိုတာဖြစ်ပါတယ်။ ရှေ့တလောကမှ ထွက်ရှိထားတဲ့ Barbie Movie (2023) မှာဆိုရင် အဲဒီ Existential နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီးတော့ Billie Eilish ရဲ့ ‘What was I made for?’ ဆိုတဲ့ သီချင်းမှာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ Existential Crisis အကြောင်းကို ထိထိမိမိ ထည့်သွင်းထားပါသေးတယ်။ နောက်ပြီး မြန်မာ့စာပေလောကရဲ့ နာမည်ကြီး စာရေးဆရာမကြီး တစ်ဦးဖြစ်တဲ့ ဆရာမကြီး ‘ကြည်အေး’ ရဲ့ ဝတ္ထုတိုတွေကအစ လုံးချင်းဝတ္ထုရှည်တွေအဆုံး အဲဒီ Existential Crisis နဲ့ ပတ်သက်တာတွေကို အများကြီး ချဲ့ထွင် ရေးသားပေးထားပါတယ်။ ဒါတွေကို James ED က ဘာကြောင့် ပြောပြနေရလဲဆိုရင်တော့ Eddies တို့အနေနဲ့ အဲလို ကိစ္စမျိုးတွေဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ပါ။ ဒီလိုကိစ္စတွေက လူတိုင်းနီးပါးမှာဖြစ်တဲ့ ကိစ္စတွေဖြစ်ပြီး ကိုယ့်ဘဝရဲ့ ရည်မှန်းချက်နဲ့ အဓိပ္ပာယ်ရှိမှု၊ မရှိမှုတွေကို ကိုယ်ကိုယ်တိုင် ကိုယ့်စံနှုန်းနဲ့ သတ်မှတ်ထားရမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ တစ်ဖက် Society ရဲ့ Standard တွေနဲ့ စည်းတွေ ဘောင်တွေထဲကို ကိုယ်တိုင်က တိုးဝင်ဖို့ ကြိုးစားရင်း ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်တွေ လျော့ရဲသွားတတ်ပါတယ်။ နောက်ပြီး ကိုယ်က ကိုယ့်ရဲ့ ဘဝကို ဒဿနိကဗေဒကျကျ တွေးခေါ်တတ်လာတဲ့အခါလဲ ဒီလို မေးခွန်းပေါင်းစုံကို ထွက်ပေါ်လာစေပြီး ဒီမေးခွန်းတွေအပေါ် Based လုပ်ထားတဲ့ ခံစားချက်တွေဖြစ်တဲ့ Existential Dread ကို ခံစားလာရစေနိုင်ပါတယ်။

ဒါကြောင့် အကယ်လို့ ကိုယ်က အဲလို မေးခွန်းတွေနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် လက်ခံပေးလိုက်တာက အရှင်းဆုံးအဖြေပါပဲ။ It’s okay to question yourself and we all face the existential crisis ပါနော်။ ကိုယ့်ကိုယ်ကိုယ်လက်ခံပြီး ဆက်မတွေးလိုက်ခြင်းက ဒီပြဿနာတွေအားလုံးရဲ့ အဖြေဖြစ်နိုင်ပြီး ပိုပြီး Accurate ဖြစ်တဲ့ Calm Situation တစ်ခုကို လိုလားရင်တော့ ကိုယ်ယုံကြည်ရာအရာတစ်ခုခုကို လုပ်လိုက်စေချင်ပါတယ်။ ဥပမာ - Religion နဲ့ ပတ်သက်တဲ့ Activity တွေပဲဖြစ်ဖြစ်၊ ကိုယ့်စိတ်ထဲက ပေါ်လာတဲ့ Self-harm မဖြစ်တဲ့ ယုံကြည်ရာ ဘယ်အရာကိုမဆို လက်လှမ်းပြီး လုပ်လိုက်စေချင်ပါတယ်။ Eddies တို့ အားလုံးပဲ Existential Crisis နဲ့ Face လုပ်ရတာမျိုးကနေ ကျော်ဖြတ်နိုင်ကြပါစေနော်။ It’s okay to question yourself sometimes and you can set your own meaning for your life ပါဗျ။ နောက်ထပ် Post တွေမှာ ပြန်တွေ့ကြပါမယ်နော်။ 💗🏹

James ED Telegram - https://t.me/JamesEDstudygroup

12/01/2024

“Voice Of Our Students” 💕✨
…………………………

September Intake မှာ Full Scholar ရသွားတဲ့ ညီမလေး ရွှန်းလဲ့ဝေက သူကိုယ်တိုင်ကျော်ဖြတ်ခဲ့ရတဲ့ အခက်ခဲလေးတွေ၊ Study Method လေးတွေနဲ့အတူ GED တက်နေရင်းနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တာလေးတွေကိုပါ Eddies တို့အတွက် ဘယ်လိုမျိုး သေသေချာချာလေး Sharing လုပ်ပေးထားမလဲဆိုတာ တူတူကြည့်လိုက်ကြရအောင်နော်။ 💗✌

11/01/2024

“ကရင်နှစ်သစ်ကူးနေ့ အမှတ်တရဆုတောင်း” 💕
……………………………………………

ဒီနေ့လေးကတော့ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ကရင်တိုင်းရင်းသား ညီကိုမောင်နှမများရဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့လေးပဲ ဖြစ်ပါတယ်။ ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်မှာ ကျရောက်တဲ့ ၈၆ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့လေးမှာ ဘေးအန္တရာယ်ကင်းဝေးပြီး မိသားစုဝင်များနဲ့အတူ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့ James ED မိသားစုမှ ဆုမွန်ကောင်း တောင်းဆုပြုလိုက်ပါတယ်ဗျ။ တိုင်းရင်းသားညီကိုမောင်နှမတွေအားလုံး ဒီနေ့လေးကို ပါဝင်ဆင်နွှဲရင်း အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါစေ။ 💗

Photos from James ED's post 10/01/2024

“အမြဲ High Marks တွေနဲ့ ပွဲဦးထွက်နေရတဲ့ James ED” 🥳

ကဲ...Eddies တို့ရေ...နှစ်သစ်မှာလဲ James ED ရဲ့ ကျောင်းသား/သူတွေက High Marks တွေချည်းနဲ့ပဲ ပွဲဦးထွက်နေပြန်ပါပြီနော်။ ဒီတစ်ခါ ဂုဏ်ပြုပေးရမဲ့ Student တွေကတော့ GED Maths ဘာသာရပ်ကို အမှတ်ပေါင်း 182 မှတ်နဲ့ အောင်မြင်သွားတဲ့ ညီမလေး Hsu Myat နဲ့ အမှတ်ပေါင်း 174 မှတ်နဲ့ အောင်မြင်သွားတဲ့ ညီမလေး Amelia တို့ပဲဖြစ်ပါတယ်။ Congratulations ပါနော်။ Eddies တို့ နှစ်ယောက်လုံး ဘဝတစ်လျှောက်လုံး ရှေ့ဆက်မဲ့ လမ်းခရီးမှာ ထူးချွန်မှုတွေနဲ့အတူ အောင်မြင်မှုတွေချည်းသာ ရရှိပါစေလို့ James ED က ဆုတောင်းပေးလိုက်ပါတယ်။ James ED ကို ရွေးချယ်တက်ရောက်ပေးခဲ့တဲ့အတွက်ခဲ ကျေးဇူးအများကြီး တင်ရှိပါတယ်နော်။ 💕🫶🏻

09/01/2024

“Student အကြိုက် အကုန်လိုက်မဲ့ James ED ရဲ့ Guide Service” 👩🏻‍🏫
===============================================

Hi…hi…hi! This is James ED.
ဒီနေ့ James ED ကနေ နှစ်သစ် သတင်းကောင်းလေးတစ်ခု ပြောပြဖို့ရှိပါတယ်။ အဲတာကတော့ မကြာခင် GED ဖြေဖို့ စီစဉ်ထားတဲ့ Student တွေအတွက် ပိုနေတဲ့ အချိန်တွေ အလဟဿမဖြစ်အောင် James ED မှာ Intensive Guide Service ယူလို့ ရနေပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ နောက်ပြီး Guide ယူတဲ့အခါမှာလဲ ကိုယ်ယူချင်တဲ့ ဘာသာရပ်ကိုပဲ ရွေးချယ်ယူလို့ရပြီး Timetable ကိုလဲ ပြောင်းလွယ်ပြင်လွယ် Flexible ဖြစ်အောင် ပြုလုပ်ပေးထားပါသေးတယ်။ Guide Teacher ရွေးတဲ့အချိန်လဲ ကိုယ်သင်ချင်တဲ့ Teacher ကို ကိုယ်တိုင်ရွေးလို့ရတာကြောင့် Headline က အတိုင်း Student အကြိုက် အကုန်လိုက်ထားတဲ့ James ED လေးပါ။ ကဲ…စိတ်ဝင်စားပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်က Post လေးမှာ ဝင်ဖတ်ပြီး Page Messenger မှာ အခုပဲ Guide Service လာယူလိုက်တော့နော်။ 👇🏻

https://www.facebook.com/100086162853124/posts/331469839735109/?

Page Messenger မှာ Seen ပြပြီး စာမပြန်ဘူးဆိုရင်လဲ Admin တွေကို စိတ်မဆိုးပါနဲ့နော်။ Facebook New Policy အရ စာပြန်လို့ မရတာဖြစ်တာကြောင့် James ED ရဲ့ Telegram Channel လေးမှာ သိလိုတာမှန်သမျှကို လာရောက်မေးမြန်းလို့ရပါတယ်။ 💕

Telegram Channel Link - https://t.me/JamesEDstudygroup

07/01/2024

“Year Planner တွေ အလုပ်မဖြစ်တဲ့အခါ” ☹️🗒
=================================

အရင်နှစ်တွေလိုပဲ Year Planner စာအုပ်ကြီးတွေ ဝယ်ပြီး Task တွေ၊ Goals တွေကို ချရေးထားကြအုံးမလို့လား။ ❓

တကယ်တော့ ရည်းစားက ပစ်သွားတာထက် နှစ်ကုန်ခါနီး ကိုယ်နှစ်စက ရေးထားတဲ့ Year Planner Book ကြီးကို ပြန်ဖတ်ရတာက ပိုနာကျင်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့… Year Planner တွေ အလုပ်မဖြစ်ခဲ့လို့ပါ။

ဒါပေမဲ့ ဒီ 2024 မှာတော့ အဲလိုဖြစ်လို့ မရတော့ဘူးနော်။ ပိုရင့်ကျက်ရတော့မဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ကိုယ့်ရဲ့ အိပ်မက်တွေ၊ Goals တွေအတွက် Year Planner မလိုတဲ့ Well-strategized Plan လေးတစ်ခု ရှိသင့်ပါပြီ။ ဒါကြောင့် အခု နှစ်သစ်မှာ Year Planner မလိုဘဲ ကိုယ့်ရဲ့ Goals တွေ၊ အိပ်မက်တွေကို ဘယ်လို Achieve ဖြစ်အောင် လုပ်ကြရမလဲဆိုတာ အခု James ED က ပြောပြပေးသွားပါ့မယ်။ 👇🏻💕

1. Be Flexible

ကျွန်တော်တို့ရဲ့ အချိန်အပိုင်းအခြားတစ်ခုမှာ ဖြတ်သန်းရမဲ့ အဖြစ်အပျက်တွေ၊ ကြုံတွေ့ရမဲ့ အရာတွေအားလုံးလုံး Flawless ဖြစ်မနေဘူးဆိုတာကို Eddies တို့အနေနဲ့ သတိထားသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို မကောင်းတဲ့အရာ၊ ကျရှုံးမှုတွေလို့ မြင်နေတာထက် အဲဒီ အရာတွေကနေ ပိုပြီး ခံနိုင်ရည်ရှိလာတယ်၊ Adapt လုပ်လာနိုင်တယ်လို့ တွေးပေးလိုက်တာက ကိုယ့်ရဲ့ တစ်နှစ်တာလုံးကို ရင့်ကျက်မှုကနေ စတင်စေနိုင်ပါတယ်။

2. Set Realistic Goals

Realistic Goals တွေကိုပဲ ချမှတ်ခြင်းက ကိုယ့် Year Planner စာအုပ်ရဲ့ တစ်ဝက်လောက်ကို မလိုအပ်ဘူးလို့ ပြောလိုက်သလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ Archive လုပ်ချင်တဲ့ Goals တွေဟာ တကယ် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် Honest ဖြစ်နေဖို့ လိုအပ်ပါတယ်။ အရမ်းကြီးမားပြီး Realistic မဖြစ်တဲ့ Overly Ambitious Goals တွေဟာ ကျွန်တော်တို့ကို စိတ်ဖိစီးတာတွေဖြစ်စေနိုင်သလို၊ Burnout လဲဖြစ်စေနိုင်ပါတယ်။ နောက်ပြီး တစ်ဖက်မှာ ကိုယ်လိုချင်တဲ့ Outcomes တစ်ခုကို ပြန်မရလာတဲ့အခါမှာလဲ စိတ်ဓာတ်ကျတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Goals တွေကို တကယ် ဖြစ်ချင်တယ်ဆိုရင် Realistic ဖြစ်တဲ့ Goals တွေ ချတာက ပိုပြီး အဆင်ပြေစေပါတယ်။

3. Prioritize Tasks

ကျွန်တော်တို့ လုပ်ရမဲ့ Task တွေ အကုန်လုံးကို လုပ်သင့်တဲ့ Task နဲ့ လုပ်ရမဲ့ Task ဆိုပြီး နှစ်ခု ခွဲထားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ Task တွေအကုန်လုံးဟာ Equally Created လုပ်ထားတာ မဟုတ်တာကြောင့် ကိုယ့်ဘက်ကနေ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံး Task တွေကို Identify လုပ်ထားမှသာ တော်ကာကျမှာဖြစ်ပါတယ်။ အကယ်၍များ ကိုယ့်ဘက်က တစ်ခုခု လွဲချော်သွားခဲ့တာကြောင့် Task တွေ အကုန်လုံးကို ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ဘူးဆိုရင်တောင် တကယ်အရေးကြီးတဲ့ အရာတွေအကုန်လုံးကို Tackle လုပ်ထားနိုင်စေမှာဖြစ်ပါတယ်။

4. Plan Weekly

Yearly Plan လုပ်ထားတဲ့အရာတွေက ရေရှည်မှာ အဆင်ပြေနိုင်တယ်ဆိုပေမဲ့ ပိုပြီး အဆင်ပြေစေနိုင်မှာကတော့ Weekly or Monthly Plan လုပ်တာမျိုးတွေပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ Task တစ်ခုခုကို တစ်နှစ်လုံးစာအတွက်ဆိုပြီး Plan ချလိုက်တဲ့အခါ အများကြီးလို့ ထင်ရစေနိုင်ပြီး စမလုပ်ရသေးခင်ကိုပဲ လုပ်ချင်စိတ် ပျောက်သွားမှာစိုးတာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး Weekly Plan လုပ်တာမျိုးက Yearly Plan လုပ်တာမျိုးထက် Manageable ပိုဖြစ်တဲ့အပြင် Task တွေ ပြီးမြောက်ဖို့ကိုလဲ ရာခိုင်နှုန်း ပိုများစေပါတယ်။

5. Reflect Regularly

နောက်ဆုံးအချက်ဖြစ်တဲ့ ဒီအချက်ကတော့ တစ်နှစ်လုံးစာကောင်းမွန်ဖို့အတွက် အမြဲမဖြစ်မနေလုပ်သင့်တဲ့အချက်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Task တစ်ခုပြီးသွားတိုင်း၊ Plan တစ်ခု အောင်မြင်သွားတိုင်းမှာ Reflection Time တစ်ခု ရှိကို ရှိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲလို Reflection Time မှာမှ ကိုယ်လုပ်ထားတဲ့ အရာတွေမှာ ဘယ်ဟာက Well-done ဖြစ်တယ်၊ ဘယ်ဟာကတော့ Adjustment လေး လိုနေသေးတယ်ဆိုပြီး Detail ကျကျ ပြန်သုံးသပ်နိုင်မှာဖြစ်ပါတယ်။ အမှားပါသွားခဲ့ရင်တောင် အဲအမှားကနေ ပြန်လေ့လာပြီး နောက်တစ်ခါ ထပ်မမှားမိအောင် ပြင်ဆင်လို့ ရပါတယ်။

ဒါတွေကတော့ 2024 ခုနှစ်ကို Year Planner Book ကြီး မလိုဘဲ ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့ Effective ဖြစ်စေမဲ့ Tips and Tricks လေးတွေပဲဖြစ်ပါတယ်။ 2023 မှာလဲ အများကြီး ကြုံတွေ့ခဲ့ရပြီးပြီ၊ Glow Up ခဲ့ရပြီးပြီမို့ အခု 2024 ခုနှစ်မှာလဲ ပိုပြီး လှလှပပနဲ့ ဘဝကို သေသေသပ်သပ်ဖြစ်အောင် ဖြတ်သန်းကြရအောင်နော် Eddies တို့ရေ။ ကဲ…စာလဲရှည်နေပြီမို့ နောက်ထပ် Post တွေမှာ ပြန်တွေ့ကြပါမယ်။ Page လေးကို Like and Follow မလုပ်ရသေးရင်လဲ လုပ်သွားကြဖို့ မမေ့ကြနဲ့အုံးနော်။ 💘

James ED Telegram - https://t.me/JamesEDstudygroup

05/01/2024

ထိုင်းလေးတွေနဲ့ နည်းလမ်း မှန်မှန် flirt ချင်တယ်ဆို James ED-Language School ကို သတိရလိုက်နော် 🫵🏼🤓

04/01/2024

တော်တော်များများ GED try ဖို့စဉ်းစားနေကြသလို
GED ဖြေဖို့ လိုတယ် မလိုဘူး အငြင်းပွါးနေရတယ်ဆိုရင် GED ဖြေပီး ဘာဆက်လုပ်လို့ရမလဲ ဆိုတဲ့ post လေး ပြန် sharing လုပ်ပေးလိုက်တာပါခင်ဗျာ။

GED ပြီးရင် ဘာတွေဆက်လုပ်လို့ရမလဲ။ ❓

Life after GED
----------------------

Hello James ED again ❤️
ဒီနေ့မှာတော့ James ED ကနေပြီး GED ပြီးရင် ဘာလုပ်လို့ရမလဲဆိုတာ‌ကို ပြောပြပေးသွားပါမယ်။

ပညာရေးတစ်ပိုင်းတစ်စ ဖြစ်နေတဲ့အချိန် GED အောင်သွားရင်ရော ဘာတွေ လုပ်နိုင်မှာလဲဆိုတဲ့ မေးခွန်းလေးကို အရင်ဖြေပေးပါ့မယ်။

- အလယ်တန်း ပညာရေးတစ်ပိုင်းတစ်စ ဖြစ်နေတဲ့အချိန် GED ဖြေပြီး အောင်သွားရင်တော့ Thai, US, Canada, Australia, Malaysia စတဲ့ နိုင်ငံတွေရဲ့ University တွေ၊ College ‌တွေမှာ GED လက်မှတ်ပြပြီး ကျောင်းတက်လို့ ရနိုင်ပါတယ်။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေကို GED လက်မှတ်ပြပြီး ၉၈ ရာခိုင်နှုန်း တက်ရောက်နိုင်ပါတယ်။

ဘယ် University တွေကရော GED ကို လက်ခံလဲ။

- Penn State University, University of Memphis, Colorado State University, Southern New Hampshire University, University of Maryland, Point Park University, University of Cincinnati စတဲ့ US, Canada, Australia, Malaysia, Thai နိုင်ငံတွေရဲ့ တက္ကသိုလ်များဟာ လက်ခံ GED ကို လက်ခံပါတယ်။ 🇺🇲🇨🇦🇹🇭🇲🇾🇦🇺

GED အပြီး တက္ကသိုလ် တန်းမတက်ဘဲ အလုပ်ရနိုင်လား။

- သေချာတာပေါ့။ အလုပ်ရနိုင်ပါတယ်။ GED ပြီးသွားတဲ့အခါ GED လက်မှတ်လေး ပြပြီး James ED မှာ Guide ဝင်လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ GED အပြီး တက္ကသိုလ်တန်းမတက်ချင်လဲ မပူရတော့ဘူးနော်။ 🥰❤️

ကဲ...အခွင့်အလမ်းတွေ အများကြီး ရမှာကို တွေဝေနေအုံးမှာလား။ အခုပဲ James ED မှာ GED သင်တန်း လာတက်လိုက်တော့နော်။ 💓

GED ဆိုတာ ဘာလဲ သိချင်ရင်တော့ 👇🏻

https://m.facebook.com/story.php?story_fbid=122179680664127&id=100086162853124

03/01/2024

“Woohoo! Congratulations to our Student” 💕❕

James ED ရဲ့ Student လေးဖြစ်တဲ့ Ko Hong Khawng ကတော့ ထူးချွန်ပြီးရင်း ထူးချွန်ပါပဲဗျို့။ James ED က ပေးတဲ့ Scholarship ကို ရယူနိုင်သွားရုံမက အခု အတန်းပြီးသွားတဲ့အခါမှာလဲ GED ရဲ့ ဘာသာရပ်တိုင်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်သွားပါပြီ။ Ko Hong Khawng ရဲ့ ဘဝမှာလဲ အခုလိုပဲ အရာရာကို အမြဲထူးချွန်ပြောင်မြောက်အောင် ဆက်လက်လုပ်ဆောင် နိုင်ပါစေလို့ James ED က ဆုတောင်းပေးလိုက်ပါတယ်နော်။ James ED ကို ရွေးချယ်တက်ရောက်ပေးခဲ့တဲ့အတွက်လဲ ကျေးဇူးအများကြီး တင်ပါတယ်။ 🙌🏻💕

02/01/2024

“Create Your Dream Specific Classroom with James ED” 👨🏻‍🏫
================================

အမြဲတမ်း ဆရာမသင်တဲ့ စာတွေကိုပဲ နားထောင်ပြီး Learning လုပ်ရတာကို မကြိုက်တဲ့ Eddies တို့ ရှိကြလား။ တကယ်တော့ ဒါမျိုးဖြစ်တယ်ဆိုတာ ကိုယ့်အတွက် Specific ဖြစ်တဲ့ Classroom တစ်ခုကို ကိုယ်တိုင်မဖန်တီးရသေးလို့ပါ။

မယုံမရှိပါနဲ့နော်။ James ED ရဲ့ Guide Program လေးက ဒီလို ပျင်းစရာကောင်းတဲ့ Learning Style ကြီးက ရုန်းထွက်နိုင်ဖို့ ဖြေရှင်းပေးနိုင်ပါတယ်။ ကျောင်းသားနဲ့ ဆရာနှစ်ယောက်တည်းပဲ သင်ကြားရတာမို့ ကိုယ်နားမလည်တာတွေ၊ သိချင်တာတွေကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပြီး ကိုယ့်ရဲ့ Teacher ကိုလဲ မောင်နှမတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး စာမေးပွဲနဲ့ ပတ်သက်တာမှန်သမျှကို နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းနိုင်ပါသေးတယ်။ အဲတာအပြင် ဆရာနဲ့ စကားလေး ပြောလိုက်၊ စာလေးလုပ်လိုက်နဲ့ဆိုတော့ မပျင်းရတော့ဘူးပေါ့။ နောက်ပြီး ပိုကောင်းတဲ့အချက်တစ်ခုက Timetable ကိုလဲ ကျောင်းသားနဲ့ ဆရာကြား အဆင်ပြေမဲ့အချိန်တွေ ညှိယူပြီး သင်လို့ရတာကြောင့် စာနောက်ကျမှာလဲ မပူရတော့သလို တစ်ခုခု အရေးကြီးကိစ္စရှိလို့ အတန်းပျက်ခဲ့ရင်တောင်မှ စာတွေ လွတ်သွားတာမျိုး မရှိတော့ပါဘူး။ ကဲ…ဒီလောက်ကောင်းပြီး အဆင်ပြေလွန်းလှတဲ့ Service တွေကို တစ်ဘာသာ တစ်သိန်းမကျော်တဲ့ သင်တန်းကြေးဈေးနှုန်းနဲ့ ရရှိနိုင်အုံးမှာပါနော်။ Demand လဲ များလွန်းတဲ့ Program လေးဖြစ်တာကြောင့် စိတ်ဝင်စားတယ်ဆိုရင်တော့ James ED ရဲ့ Page Messenger မှာ အခုပဲ လာရောက်ပြီး Register လုပ်လိုက်ဖို့ အကြံပြုလိုပါတယ်ဗျို့။

Eddies တို့အတွက် Guide Teacher ချောချောလေးတွေက စောင့်ကြိုနေပါ့မယ်နော်။ 👋🏻💗

James ED Telegram - https://t.me/JamesEDstudygroup

01/01/2024

ဒီည ၉:၀၀နာရီ James ED-Language School မှာ new year pocket money ပေးဖို့ရှိဖို့ရှိပါလို့ ဟိုဘက် page လေးကို like လုပ်ထားပီး စောင့်ပေးကြပါဦးနော်။ 😍

31/12/2023

Happy New Year 🎆​🗓️​
==================

ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းစရာတွေကို အချိန်ခဏလေးအတွင်းမှာပဲ အမျိုးစုံကြိုးခုန်ပြီးနောက်မှာ 2023 ခုနှစ်ကြီးကလဲ ကုန်သွားခဲ့ပြီဟုတ် Eddies တို့ရေ။ တစ်နှစ်တာလုံး ကိုယ့်အနားရှိပေးခဲ့တဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကိုယ်ချစ်ရတဲ့ လူတွေကို ကျေးဇူးတင်ရင်း 2024 ခုနှစ်ကို စတင်ကြရအောင်နော်။ အချိန်တွေက မြန်လွန်းတာမို့ ကိုယ့်ဘက်က မှားခဲ့တာတွေ ရှိခဲ့ရင်လဲ 2023 မှာပဲ ချန်ထားခဲ့ရင်း သင်ခန်းစာအသစ်တွေ၊ ဘဝရဲ့ ပျော်ရွှင်စရာကဏ္ဍအသစ်တွေနဲ့ 2024 ကို ဖြတ်သန်းကြရအောင်ပါ။ တစ်နှစ်ပတ်လုံး ကျွန်တော်တို့ James ED ရဲ့ အနားမှာ အတူတူရှိပေးခဲ့တဲ့ Eddies တို့ကိုလဲ ကျေးဇူးအများကြီးတင်ရှိပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ 💖

31/12/2023

“Bingo Bingo” ❕
=============

2023 လဲ ကုန်ပြီဆိုတော့ 2023 မှာ ကိုယ်လုပ်ခဲ့တဲ့ အရာတွေ၊ ကိုယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး James ED ရဲ့ Bingo Chart မှာ Recap ပြန်လုပ်ကြည့်ရအောင်နော် Eddies တို့ရေ။ ပျော်ရွှင်စရာတွေနဲ့အတူ ဝမ်းနည်းစရာတွေလဲ အများကြီး ဖြတ်သန်းခဲ့ရလောက်မှာမို့ ပင်ပန်းသွားကြပါပြီ။ ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ခုနှစ်လေး တစ်ခုဖြစ်အောင် Bingo Chart လေးနဲ့ မှတ်ထားဖို့ မမေ့ကြနဲ့နော်။ ✨

Post လေး Share, Bingo Chart လေး ဖြည့်ပေးပြီး Comment မှာ ‌မန့်ထားပေးရုံနဲ့လဲ Eddies တို့အတွက် New Year K Pay မုန့်ဖိုး အစီအစဉ်လေး ရှိပါတယ်။ ကဲ…နှစ်သစ်မှာ မုန့်ဖိုးတွေ အများကြီး ရကြပါစေဗျို့။ 💕😛

29/12/2023

“၂၀၂၄ ကို ဘာတွေယူသွားပြီး၊ ၂၀၂၃ မှာ ဘာတွေ ချန်ခဲ့ကြမလဲ” 🤔
………………………………………………………………..
ရုန်းရင်းကန်ရင်း စိတ်ဓာတ်ကျလိုက်၊ ငိုလိုက်၊ ရယ်လိုက်နဲ့ တစ်နှစ်ကုန်သွားပြန်ပြီနော် Eddies တို့ရေ။ မနှစ်တုန်းက ၂၀၂၃ မှာ လုပ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာတွေကို ဘယ်နှခုလောက် လက်တွေ့ အကောင်ထည်ဖော်ဖြစ်ခဲ့ကြလဲ။ ❓
၂၀၂၄ မှာရော ဘာတွေ ဆက်လုပ်ကြမယ်လို့ ရည်ရွယ်ထားကြလဲ။ ❓
အရေးအကြီးဆုံးကတော့ နှစ်သစ်ကို ကိုယ့်အတွက်ကောင်းတာတွေ သယ်ဆောင်သွားပြီး၊ ကိုယ့်အတွက်မကောင်းတာတွေကို နှစ်ဟောင်းမှာ ချန်ခဲ့ကြဖို့ပါပဲ။
ဒါဆို ဘာတွေထားခဲ့ပြီး၊ ဘာတွေသယ်သွားကြမလဲ။ ❓

⭐ Toxic Relationships
Relationship ဆိုတာမျိုးက ကိုယ်ချစ်ရတဲ့လူနဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေဖန်တီးရင်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပေးမှ အဓိပ္ပါယ်ပြည့်ဝပြီး Healthy ဖြစ်တာပါ။ တစ်ယောက်ပေးနိုင်တာနဲ့ တစ်ယောက်လိုချင်တာ မညီမျှတဲ့အခါ ကိုယ့်ရဲ့ Relationship က အရင်ကလိုမဟုတ်တော့ဘဲ ပျော်ရွှင်စရာတွေ ပျောက်ဆုံးလာပြီး ဘဝရည်မှန်းချက်တွေမတူတော့ဘဲ သဘောထားမတိုက်ဆိုင်တာတွေများလာတတ်ပါတယ်။ ဒီလိုမျိုး ခံစားနေရတယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် သေချာစကားပြောသင့်ပါတယ်။ Relationship တစ်ခုကို အဆုံးသတ်ရတာ အရမ်းကိုခက်ခဲပေမဲ့ ကိုယ့်စိတ်ထဲမှာ Toxic ဆန်တယ်လို့ ခံစားလာရတဲ့အခါမှာတော့ ကိုယ်ချစ်ခဲ့တဲ့လူကို တခြားလူတစ်ယောက်ဖြစ်လာတယ်လို့တောင် ခံစားရတတ်ပြီး အရမ်းကို ပင်ပန်းပါတယ်။ ကိုယ့်အပေါ်နားလည်မှုအပြည့်နဲ့ တန်ဖိုးထားချစ်ပေးမဲ့ လူတစ်ယောက်ကတော့ အချိန်တန်ရင် ကိုယ့်ဆီကို တန်းတန်းမတ်မတ် ရောက်လာမှာပါ။

⭐Unhealthy Habits
အစားကိုအချိန်မှန်မစားတာ၊ အိပ်ရေးဝဝမအိပ်တာ၊ Exercise မလုပ်တာ၊ အလုပ်တစ်ခုလုပ်မယ်ဆို အချိန်အရမ်းဆွဲတာ၊ အရက်တွေ ဆေးလိပ်တွေ အလွန်အကျွံ သောက်တာ၊ ကိုယ့်ရဲ့ Mental Health ကို လျစ်လျူရှုထားတာ၊ အလုပ်အရမ်းလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အနားမပေးတာ စတဲ့ ကျန်းမာရေးတဲ့ မညီညွတ်တဲ့ အကျင့်တွေကို နှစ်ဟောင်းမှာ ထားခဲ့လိုက်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပြီး အကောင်းမြင်စိတ်လေးတွေနဲ့ အလေ့အကျင့်ကောင်းလေးတွေကို နှစ်သစ်ဆီကို ယူသွားလိုက်ကြရအောင်။

⭐Regrets
လူတိုင်းအမှားနဲ့ မကင်းကြပါဘူး Eddies တို့ရေ။ အမှားတွေကြောင့် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ကြပြီး ပိုကောင်းတဲ့ အခွင့်ရေးတွေကို ရခဲ့ကြတာကြောင့် ပြန်တွေးပြီး နောင်တမရပါနဲ့တော့။ နှစ်ဟောင်းမှာ ပြီးခဲ့တာတွေကို နှစ်သစ်ဆီ သယ်မသွားတော့ဘဲ ပြီးခဲ့တာတွေ ပြီးပါစေတော့။ သင်ခန်းစာယူစရာရှိတာယူပြီး မလိုတာတွေကို စိတ်ဒုက္ခခံပြီး မတွေးပါနဲ့တော့။ နှစ်သစ်မှာ ပိုကောင်းတဲ့ အခွင့်ရေးတွေ ရလာမှာမလို့ အမိအရဖမ်းဆုပ်နိုင်ဖို့ ကြိုးစားလိုက်ကြရအောင် Eddies တို့ရေ။

⭐Develop Emotional Intelligence
Mood မကောင်းတဲ့အခါ ဘာလုပ်လုပ် အဆင်မပြေပါဘူးနော်။ တစ်ခါတလေ ကိုယ်ဘာဖြစ်နေမှန်းတောင် ကိုယ်မသိပါဘူး။ တစ်ခုခုတော့ အဆင်မပြေတာ သိပေမဲ့ ဘာမှန်းမသိတဲ့အခါ ဘာလုပ်လုပ် အဆင်မပြေသလို သူများနဲ့စကားပြောတဲ့အခါမှာလဲ စိတ်မရှည်ဘဲ ဘူနေတတ်ပါတယ်။ ကိုယ့်ရဲ့ Mental Health ကို အမြဲဂရုစိုက်ပြီး ကိုယ့်ရဲ့ Emotion တွေကို ပိုပြီးနားလည်လာအောင် ကြိုးစားကြည့်သင့်ပါတယ်။ နောက်တစ်ခုကတော့ သူများတွေကိုလဲ နားလည်အောင် ကြိုးစားကြည့်ပြီး သူတို့တွေ စိတ်အဆင်မပြေဖြစ်နေတဲ့အခါ တတ်နိုင်သလောက် အားပေးကူညီပေးပါ။

⭐Time Management
မနှစ်ကထက် ဒီနှစ်ပိုပြီး အချိန်အကျိုးရှိရှိ အသုံးချတတ်အောင် ကြိုးစားကြည့်ပါ။ Time Management ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် Productivity တိုးတက်ပြီး လုပ်စရာရှိတာတွေကို Stress မပိဘဲ အကောင်းဆုံး အပြတ်ဖြတ်နိုင်မှာပါ။ အလုပ်ကိုပဲ ၂၄ နာရီ လုပ်နေတာမျိုးမဟုတ်ဘဲ ကိုယ်စိတ်ဝင်စားတာလေးတွေကိုပါ အချိန်ပေးပြီး လုပ်ကြည့်ပါ။ Time Management ကောင်းမယ်ဆိုရင်တော့ Personal Life မှာသာမက Professional Life မှာပါ ပျော်ရွှင်လာမှာဖြစ်ပြီး ၂ခုလုံးမှာ Balance ကျနေမှာပါ။

⭐Personal Development
Eddies တို့တွေ အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၃ မှာ မဖြည့်ဖြစ်ခဲ့တဲ့ Skill တွေကို ၂၀၂၄ မှာ သေချာလေး အလေးထားပြီး ကြိုးစားဖြည့်သင့်ပါတယ်။ ဒီနှစ်ထဲမှာ အကောင်ထည်ဖော်ချင်တဲ့ Goal တွေကို ချရေးကြည့်ပါ။ ဒီလို ချရေးလိုက်တဲ့အခါ ကိုယ့်အတွက်အရေးကြီးတယ်လို့ သတ်မှတ်ထားတာတွေ ထွက်လာပါလိမ့်မယ်။ Eddies တို့ သွားချင်တဲ့ Goal ကို သေသေချာချာ သိသွားတာဟာ ဒီခရီးကို တစ်ဝက်လောက်လျှောက်လိုက်တာနဲ့ တူပါတယ်။ ကျန်တဲ့တစ်ဝက်ကို ဆက်လျှောက်ဖို့အတွက် ဘယ်လို Skill Set တွေလိုလဲဆိုတာ အချိန်ယူပြီး စဉ်းစားကြည့်ပါ။ ပြီးရင်တော့ Skill တစ်ခုချင်းကို ဖြည့်ပြီး ကိုယ်ဖြစ်ချင်တာတွေကို တဖြည်းဖြည်း အကောင်ထည်ဖော်ကြည့်ပါ။ နောက်နှစ် ဒီလိုအချိန်ရောက်ရင် ခုနက Goal တွေ ချရေးထားတဲ့ စာရွက်လေးကို ပြန်ကြည့်ပြီး ဘယ်နှခုလောက် ရအောင်လုပ်နိုင်ခဲ့လဲဆိုတာ ပြန်ပြောကြတာပေါ့ Eddies တို့ရေ။

ဒီလောက်ဆိုရင်တော့ ဘာတွေကတော့ ကိုယ့်အတွက်ကောင်းပြီး ဘာတွေကိုတော့ ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့ အတွေးလေးတစ်ခု ဝင်သွားမယ်လို့ ထင်ပါတယ်။ Eddies တို့အားလုံး နှစ်သစ်ဆီကို သယ်စရာရှိတာတွေ သယ်ပြီး၊ နှစ်ဟောင်းမှာ ချန်စရာရှိတာတွေကို ချန်ခဲ့ရင်း ၂၀၁၄ မှာ အခုထက်ပိုကောင်းတဲ့ Version ကို Upgrade လုပ်နိုင်ကြပါစေ။ 🤞💖

Videos (show all)

ပုံမှန် Thursday Quiz လေးမှာ Blank လေးဆိုရင်ရောဖြည့်ကြည့်ကြမလား?🤔ဒီနေ့ကြာသပတေးနေ့လေးမှာတော့ ပုံမှန် Quiz လေးတင်ပေးနေကြကိ...
“Voice Of Our Students” 💕✨………………………… September Intake မှာ Full Scholar ရသွားတဲ့ ညီမလေး ရွှန်းလဲ့ဝေက သူကိုယ်တိုင်ကျော်ဖြတ...
“Thursday Quiz Time With James ED” 🤔❓ Hello Eddies ! James EDရဲ့ “Thursday Quiz Time” လေးပြန်ရောက်လို့ လာပါပြီ။ အောက်က Q...
“Quiz Time With James ED” 🤔❓ Hello Eddies ! မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ James EDရဲ့ “Quiz Time” လေးပြန်ရောက်လို့ လာပါပြီ။ အ...
Eddie လေးတို့ရေThursday Quiz time ‼️‼️ဒီအပတ် quiz လေးကတော့ GED ရဲ့ RLA မှာ အသုံးဝင်တဲ့ comma လေးဖြစ်ပါတယ်နော်။ကိုယ်ရတဲ့ ...
Hii guys James ED Thursday Quiz video is back again 🤓🫶🏼ဒီအပတ် quiz လေးကတော့ GED ရဲ့ အရှည်ကောက်ကို ပေါ့ပေါ့ပါးပါးလေး ရွေး...
Thursday Quiz is here !Hello အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ Thursday လေးမှာ ထုံးစံအတိုင်း quiz လေးလာပါပြီခင်ဗျာ။  comment မှ...
Thursday Quiz is here !Hello အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ Thursday လေးမှာ ထုံးစံအတိုင်း Thursday quiz လေးလာပါပြီခင်ဗျာ။  c...
Thursday Quiz id back again!Hello အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ Thursday လေးမှာလည်းတင်ပေးနေကြဖြစ်တဲ့ Thursday quiz လေးလာပါပ...
Thursday quiz လေး ထပ်လာပီဗျို့။ ဒီနေ့ quiz လေးကတော့အထောက်အကူဖြစ်စေတဲ့ quiz လေးဖြစ်လို့ comment မှာ အတူတူခန့်မှန်းကြည့်ကြ...
Thursday Quiz is again!Hi hiဒီနေ့ Thursday လေးမှာလည်းထုံးစံအတိုင်းThursday quiz လေးလာပါပြီခင်ဗျာ။  အထောက်အကူဖြစ်စေတဲ့ qu...
Thursday Quiz is back!Hello Hello ဒီနေ့လေးမှာလည်းထုံးစံအတိုင်း Thursday quiz လေးလာပါပြီခင်ဗျာ။  ကိုယ်ရတဲ့ အဖြေလေးကို com...

Telephone

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00